Sunday, May 30, 2010

အစာအိမ် နာရီ

အရင် ပုံလေးတွေ ပြချင်တယ်။ ယောဂကျင့်တဲ့ ခွေးလေးတွေ တဲ့.း))








Source: http://dogblog.dogster.com

တကယ်ပြောပြချင်တာ လာတော့မယ်။ ညလည် ထမင်းစားတတ်တဲ့ သယ်ရင်းလေးတွေအတွက် သတင်းတစ်ခု ဖတ်မိလို့..။ အဲဒါက ၀မ်းဗိုက်မှာ stomach watch ဆိုတာ ရှိတယ်။ အဲဒါက သူက အစာခြေယန္တရားကို အချိန်နဲ့ တပြေးညီ ဆောင်ရွက်တဲ့သူဖြစ်တယ်။ တို့တွေလို ပျင်းလည်း အိပ်နေလို့ မရဘူးပေါ့နော်။

အသက် သုံးဆယ်ကျော်ရင် ၀တတ်တယ်။ ဒါကြောင့် အစာလျော့ပြီး diet လုပ်တယ်။ ဒါပေမယ့် ၀ိတ်မကျသူများရှိတယ်။ အစာလျော့ရဲ့သားနဲ့ ၀ိတ်မကျတာကက အဲဒါ ၀မ်းဗိုက်တွင်းက အစာအိမ်နာရီကြောင့် ဖြစ်တယ်တဲ့..။

သူအချိန်မှန်လုပ်နိုင်ဖို့အတွက် ကိုယ် အိပ်ရာက နိုးတာနဲ့ 2နာရီအတွင်း မနက်စာကို စားဖြစ်အောင် စားရမယ်။ ၂ နာရီအတွင်း မစားပဲ နေ့လည်စာနဲ့မှ ပေါင်းစားသူဟာ စားသမျှကယ်လိုရီ ရဲ့ ၆၀ %ကိုပဲ အစာအိမ်က ချေဖျက်ပြီး ကျန်တဲ့ ၄၀ရာခိုင်နှုန်းဟာ အာဟာရအဖြစ် မချေနိုင်တော့ဘူး။ အစာအိမ် နာရီရဲ့ အလုပ်လုပ်ချိန် နှောင့်နှေးစေမှုကြောင့် ယန္တရားပတ်နှုန်း အချိန်အဆ လွဲစေလို့ ဖြစ်တယ်။ (တချိန်မှာ မလိုတဲ့နေရာတွေမှာ စုပြီး ၀ိတ်တက်စေတယ်)


မနက်စာ စားပြီး ၁၀ နာရီ မှ ၁၂ နာရီအတွင်း ညစာကို စားဖြစ်အောင် စားရတယ်တဲ့..။ ဥပမာ မနက် ၆ နာရီ အိပ်ရာက နိုးသူဟာ (မနက် ၆နာရီ+ ၁၀နာရီ= ၁၆ နာရီ=>) ညနေ ၄ နာရီ မှ ညနေ ၆ နာရီအတွင်း ညစာကို စားမှ စားသမျှ ကောင်းကောင်းချေဖျက်ပြီး ခန္တာကိုယ်အတွက် အာဟာရဓါတ်ကို ယူနိုင်တယ်။ မနက် ၈ နာရီ အိပ်ရာထသူဆိုရင် ည ၆ နာရီကနေ ၈နာရီအတွင်း ညစာ စားရမယ်လို့ ဆိုလိုတယ်။ နေ့လည်စာကတော့ အဆင်ပြေသလို ဒီကြားထဲမှာ စားနိုင်တယ်။ တကယ်လို့ အဲဒီအချိန်ထက် နောက်ကျစားမယ်ဆိုရင် စားသမျှရာခိုင်နှုန်းရဲ့ ၅၀ ရာခိုင်နှုန်းက အပိုအဖြစ်ဖြစ်သွားပြီး ဗိုက်စတဲ့ နေရာတွေမှာ သွားစုစေတယ်။

မနက်စာကို နေ့လည်စာနဲ့ ပေါင်းစားပြီး ညစာကို အိပ်ရာက နိုးပြီး ၁၂ နာရီအတွင်းစားတယ်ဆိုရင် လူက ၂ နပ်ပဲ စားသလိုဖြစ်တော့ ဗိုက်က မတင်းတိမ်ဘူး။ ဒါကြောင့် ညလည်စာ စားဖြစ်တယ်။ ဒီလိုစားတယ်ဆိုရင်တော့ စားတဲ့ အစားအစာရဲ့ ၆၀%ဟာ အပိုဖြစ်ပြီး မလိုတဲ့နေရာတွေမှာ အဆီစုသွားလိမ့်မယ်တဲ့..

ဒါကြောင့် ၀ိတ်လျော့တယ်လို့ ဆိုပြီး ၀ိတ်မကျတဲ့အခါ ကိုယ့်ရဲ့ စားချိန်ကို ပြန်စစ်ပြီး အိပ်ရာနိုးပြီး ၂ နာရီအတွင်း မနက်စာ စားမိရဲ့လား။ အိပ်ရာနိုးပြီး ၁၂ နာရ်ီအတွင်း ညစာ စားဖြစ်ရဲ့လား။ ညလည်စာတွေ များနေသလား ဆိုတာ ပြန်စစ်ဖို့ လိုတယ်တဲ့..

မ ၀ သော သူများ၊ ပိန်တဲ့သူများကျတော့ရော? ပိန်တဲ့သူကျတော့လည်း နေ့တိုင်းလည်း စားနေရဲ့သားနဲ့ အားနည်းတာဟာ အဲဒါ.. ကိုယ့်အစားစားချိန်က ချိန်သားမကိုက်လို့၊ ကိုယ် စားလိုက်တဲ့ အစာတချို့ရဲ့ အားတွေ အလဟဿ ဖြစ်သွားလို့ တဲ့..

ဟဲဟဲ ဒါကတော့ ၀ိတ်လျော့ပေမယ့် ဗိုက်ခေါက်ထွက်ချင်သော အကြောင်းကို လသာည သိချင်လို့ ရှာဖတ်ထားတာတဲ့ သတင်းလေး ဝေမျှတာပါ။ အမုန်းမရှိတဲ့ ကမ္ဘာမှ လက်ရှိသူများကတော့ အနေတော် လှလှလေးတွေမို့ မလိုလောက်ပါဘူးး))။ တခြားတခြားသော သယ်ရင်းများထဲက လက်ရှိမှာ ၀ နေသော၊၊ ၀ လတ္တံသော၊ ပိန်နေဆဲ၊ ပိန်နေသော သယ်ရင်းများရှိနေရင် တဆင့်ဖောက်သည်ချလိုက်ပါနော်။

အားလုံးအတွက်..... လသာည ဖြစ်ပါတယ်း))

Saturday, May 29, 2010

သီချင်းလေးတွေနဲ့အတူ....

သီချင်းလေးတွေနဲ့အတူ....ပုံပြောမယ်ကွဲ့..နားထောင်..း)))
( ဝါသနာပါလို့ပါ..ကြည့်ပြီးသားဆိုရင်ဘွာတေးနော်........း)
ပုံပြင်လေးကတော့...Mamma Mia...တဲ့။
အဓိပ္ပါယ်ကOh My Goodness!!!/ Oh My Mom!!!(အီတာလီယံအသုံးလေးပါတဲ့..)။

ဇာတ်လမ်းတပုဒ်လုံးကိုတေးသီချင်းလေးတွေနဲ့.သရုပ်ဖော်သွားတာ................
ဇာတ်လမ်းထက်....နှစ်သက်မိတဲ့သီချင်းလေးတွေ..မျှဝေပေးချင်တာ...အဓိကပါ..။

ကဲ..ဇာတ်ဝင်တေးသီချင်းလေးတပုဒ်နဲ့ဇာတ်လမ်းလေးကိုမိတ်ဆက်ပါရစေ.......။

ဟိုးဝေးခေါင်လှတဲ့ကျွန်းလေးတကျွန်း.......။
ဒီကျွန်းကလေးမှာ.ဟိုတယ်လေးနဲ့အသက်မွေးဝမ်းကြောင်းပြုနေတဲ့.စင်ကယ်မာမား..ဒိုနာ။
ပြီးတော့..ချစ်သူနဲ့လက်ထပ်တော့မယ့်သမီးလေး..ဆိုဖီယာ.....။

အဲဒီ..ဆိုဖီယာလေးမှာ..အိပ်မက်ကလေးတခုရှိပါတယ်တဲ့......
အဲဒါကတော့...လက်ထပ်ပွဲမှာ..ဖခင်တယောက်တက်ရောက်စေလိုခြင်းရယ်ပါ......
မိခင်ရဲ့ဒိုင်ယာရီအဟောင်းလေးအရ...ဒိုနာမှာ..ချစ်သူက၃ယောက်ကြီးတောင်ရယ်....
ဆမ်းမ်....... ဘေလ်....ပြီးတော့....ဟာရီ.....
ကဲ..ဆိုဖီယာ့ဖေဖေ..ဘယ်သူလဲ...

ဒီလိုနဲ့..ဆိုဖီယာရဲ့အိပ်မက်ကလေးတခု..တိတ်တဆိတ်စတင်အကောင်အထည်
ဖော်ဖို့စလိုက်တာကတော့.........



I Have A Dream....ပါတဲ့...။


Ref: Wikipedia, Internet Movies Database, You tube


Friday, May 28, 2010

မဖျားရအောင် သတိဆောင်၍ ---

ရာသီအပြောင်းအလဲ (ပူလာလိုက် အေးလိုက်) ဖြစ်နေတဲ့အတွက် အခန်းထဲမှာ ချွဲကျပ်သံ ချောင်းဆိုးသံ နှာစေးသံတွေ အတော်ကြားနေရပါသဖြင့် မင်းနစံ ကျမ်းမာရေး ဂရုစိုက်ကြပါစေလိုကြောင်း။

အာဟာရပြည့်ဝအောင် ကြိုးစားပြီးစားကာ နှစ်ခြိုက်စွာ အိပ်စက်ပြီး ပျော်ရွှင်စွာ နေပါစေလိုကြောင်း။ အလုပ်လုပ်နေကြရသော်လည်း ....

ဝ-- မှာထက် ကျန်းမာဖို့ ဒီအချိန်မှာ အရေးကြီးတာကြောင့် စားကြပါစေလိုကြောင်း။

လိုအပ်ပါက အားဆေးများကူပါစေလိုကြောင်း။ (ဗီတာမင်များ၊ သွေးအားကောင်းစေသော ဆေးများကို ကလေးများစားသည့် ၀ါးစားသည့် ပုံစံလေးဖြင့် သစ်သီးအရသာများဖြင့်လည်း ရနိုင်ပါသဖြင့် ထမင်းစားပြီးသည့်အခါ အချိုတည်းသည့် သဘောဖြင့် ငုံစားလို့ကောင်းပါကြောင်း။)

ကျမ်းမာမှ အလုပ်လုပ်နိုင်မည်.. ကျောင်းတက်နိုင်ပါမည်။ ... စိတ်မှာတွေး .. ကျမ်းမာရေး... အဓိက အရေးဖြစ်သည်.. တို့ယုံ ကြည်....

Thursday, May 27, 2010

ကျမ..ညစ်မိ..အပြစ်ရှိ၏




ကျမတို့မြို့နယ်စာမေးပွဲသွားဖြေတိုင်း…အဲဒီအိမ်မှာတည်းလေ့ရှိပါတယ်…
ဖေဖေ့လုပ်ဖော်ကိုင်ဖက်ဆရာမကြီးအိမ်မှာပါ….
ဖေဖေရယ်…ကျမတို့ညီမ၃ယောက်ရယ်……….

တညမှာ..ဖေဖေက…သူ့ဆရာမကြီးနဲ့ကျောင်းကိစ္စတွေဆွေးနွေးနေတယ်…
ကျမတို့ကတော့..သူတို့စကားအပြတ်ကို(နားထောင်ချင်ယောင်ဆောင်ရင်း)
စောင့်နေရတယ်…….တကယ်က.အိပ်ချင်လှပြီလေ…။

အဲ့အချိန်…အိမ်ရဲ့တထောင့်တနေရာမှာ….ကျမတို့ကိုတခုခုခိုင်းဘို့ချောင်းနေတဲ့..
ဦးလေးတယောက်ရှိနေလေရဲ့…..သူလည်းမအောင့်နိုင်တော့ဘူးထင်တယ်…
ကျမတို့အငယ်၂ယောက်ကိုလှမ်းခေါ်ပြီး..နင်းပေးဘို့ပြောပါလေရော…..။

အို့….ကျမစိတ်ထဲနည်းနည်းတင်းသွားတယ်..ဒီကအိပ်ဖို့ချောင်းနေတာကို..
နောက်ပြီး…..တစိမ်းလူတယောက်ကိုနင်းပေးချင်စိတ်မရှိပါဘူး..
အိမ်ကလူတွေကိုသာချစ်တဲ့စိတ်နဲ့နင်းပေးလေ့ရှိတာ....
ဖေဖေကိုကြည့်တော့.....သွားနင်းပေးလိုက်ပါဆိုတဲ့သဘော…။

ဒီလိုနဲံညီမ၂ယောက်သားသွားနင်းပေးရပါတယ်..
အမကတော့နဂိုတည်းကခပ်အေးအေးသမား..နင်းဆိုနင်းပေးလိုက်တာပဲ။
ကျမသာကြိတ်မနိုင်ခဲမရစိတ်နဲ့နင်းနေတာလေ….
ကျမနင်းပေးချင်စိတ်မရှိပါဘူးလို့..ပြောခွင့်မှမရတာ.....။

ဒါပေမယ့်..လုပ်ခွင့်ရတာကိုတော့လုပ်ဖြစ်အောင်..လုပ်သေးတာ...ဟဲဟဲ....
ကိုယ်က..သူ့ကိုယ်ပေါ်မှာနင်းနေရတာလေ.....
ဒီတော့..မနိုင်နိုင်ရာ..သူ့ကျောပြင်ကို..ကျမခြေထောက်သေးသေးလေးနဲ့..
ကြိတ်ကြိတ်ချတော့တာ…
ဘယ်ရမလဲ...Tင်Tင်.ညစ်တဲ့...တညစ်တည်းရှိသနော်.................

ဟုတ်ကဲ့............ရလဒ်ကတော့……..
............................................
အကြီးမလေး…ဆင်း..ဆင်း…။

အငယ်မလေးပဲဆက်.......

အနင်းကောင်းတယ်တဲ့…..း(

ဟုတ်ကဲ့….ကျမညစ်မိ..အပြစ်ရှိပါ၏။

Wednesday, May 26, 2010

အကြံဥာဏ်လေး တောင်းပါရစေ

ထား.. သူငယ်ချင်းတို့ကို အကြံဥာဏ်လေး တောင်းပါရစေနော်။ သမီးလေးက စာရေးရင် ဘယ်လက်ကရေးနေပါတယ် ညာလက်ကရေးရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာလေး ပြောပြပေးကြပါနော်။

နောက်ပြီး သားသားရဲ့ ပညာရေးလေးပါ ပြောပါရစေ။ သားသားကဒီနှစ် ၅တန်းတက်နေပါပြီ။မြန်မာ-ဂျပန် အတန်း အတူတူပါ။သံရုံးမှာ ၁နှစ် ၂ခါ စာမေးပွဲဖြေနေပါတယ်။ အမှန်မတိုင်းပြောရရင် အခြေခံဘာမှ မပါသလို မိဘတွေဖြေခိုင်းလို့သာ ဖြေနေရပါတယ်။ သူ့ရဲ့ရှေ့ရေးကို စဉ်းစားရင် ဂျပန်မှာပဲ ကျောင်းပြီးရမှာလိုလို မြန်မာပြည်ပဲ ပြန်ထားရမလိုလိုနဲ့ စဉ်းစားရခက်နေ လို့သူငယ်ချင်းရဲ့အကြံဥာဏ်ကို အမှန်တစ်ကယ်လိုအပ်နေလို့ အခုလိုပြောပြရတာပါ။

ကျေးဇူးပြုပြီး မေးလ်လေးနဲ့အကြံပေးစေလိုပါတယ်နော်။ :108: သူငယ်ချင်းတို့ မအားတဲ့ကြားက ဒီလိုပြောရတာ စိတ်မရှိကြပါနဲ့နော်။ မေးလ်နဲ့မဟုတ်လဲစီဘောက်ကနေ ပြောလို့လဲ ရပါတယ်။ မျှော်နေမယ်နော်။

ထား..

(ထား ကိုယ်စား အမုန်းမရှိတဲ့ကမ္ဘာမှ အဖွဲဝင်တစ်ဦးမှ ပိုစ်လုပ်အကူအညီတောင်းပါတယ်။ အားလုံး အချိန်ရရင် ကူညီစဉ်းစားပေးကြပါဦးနော်။ )

Tuesday, May 25, 2010

Feeling 2



အခုတလော..စိတ်ထဲမှာ..တဝဲလည်လည်...


သူ့ကိုပဲ..တမ်းတ......နေပါတယ်........,.........

..................................................................

..................................................................

မန်းနီး မန်းနီ မန်းနီး...မာစ့်ဘီဖန်နီ.....း)))))





ကျွန်မသူငယ်ချင်းဆိုးပေကြီးများ

သုမောင် ကိုအားကျလို့ ဆိုးပေးကြီးများလို့ တင်စားထားသော်လည်း တကယ်တော့ 

ကျွန်မရဲ့ ရင်ဘတ်မိတ်ဆွေတွေပါ။


၁) မိဆိုးကြီး

မိဆိုးကြီးနဲ့ ကျွန်မက တစ်ကျောင်းတည်း။အားလုံးသိတဲ့ အတိုင်း သူကရွာလယ်သူဆို တော့  မာနက

ခပ်ကြီးကြီးပဲ။ သူ့ အပြုံးကို တွေ့ ရခဲတယ်။ ကျွန်မကလည်း မာနမကြီးသော်လည်း

မခင်မိရင် အနေအေးချင်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အော်တို စာအုပ်ထဲ မှာတော့ မိဆိုးကြီး

က ထိပ်ဆုံးကရှင့်  (နောက်ဆုံးနှစ်ပြီးခါနီးမှာ ကျွန်မအော်တိုရူး ရူးလိုက်သေးတယ်) သူရေးထားတာက

ရေစက်မကုန်ရင် ပြန်ဆုံကြတာပေါ့ တဲ့ မကွေးရောက်ရင်သူ တို့ ဇာတိမြေကမဝေးတော့ တာမို့ ဝင်ခဲ့ ပါ

ခင်တဲ့ မမမြင့် တဲ့  ။ အခုကျွန်မတို့ ရေစက်ဆုံလို့ တစ်ကျောင်းတည်းမှာ ပြန်လာဆုံတာပေါ့လေ။

မိဆိုးကြီး ကတော်တော်စိတ်ရင်းကောင်းတယ် ကျွန်မငိုရင်သူပါလိုက်ငိုတယ် ကျွန်မက

ပျင်းလို့ အစ်မရီစရာပြောစမ်းပါလို့ ဆိုရင် လူများရီစရာကျ

လို့ တဲ့ ဟဲဟဲ။သူကပြောတယ်ကျွန်မဟာစကားကြီး၁၀မျိုးကိုတော်တော်ကျွမ်းကျင်တာပဲတဲ့ ။


၂) မိဆိုးလေး

မိဆိုးလေးကို ဂျပန်လာဖို့ ဆေးစစ်ခါနီး မန္တလေးမြို့ မှစတွေ့ တယ်။ သုံးဘီးကားလေးပေါ်မှာ အချင်းချင်း

မိတ်ဆက်ခဲ့ ကြတယ်။ ပြီးတော့ ရန်ကုန်တက္ကသိုလ် ရတနာဆောင်မှာ

ကျွန်မ သူတို့ နဲ့ လိုက်တည်းတော့ ညအိပ်လည်းအတူတူ ဆေးရုံတွေသွားလည်း

အတူတူဆိုတော့  (အဲဒီတုန်းကတော့ ရှိုးမထုတ်တာလည်းတူသေးတယ်ရှင့် )အချိန်တိုလေးမှာ

ကျွန်မတို့  ရင်းနှီးခဲ့ ကြတယ်။ မှတ်မှတ်ရရ ကျွန်မက

တိမ်တမာန် သီချင်းလေးတောင် ဆိုပြလိုက်သေးတယ်။ ညအိပ်ယာမ၀င်ခင်မှာ

နေ့ ခင်းက ကြုံခဲ့ သမျှတွေကို ပြန်စမြုံ့ ပြန်ရင်း တ၀ါးဝါးနဲ့ ဝါးလုံးကွဲ မတတ်လည်းရီခဲ့ ကြတယ်။

သူက တခါတခါ ကျွန်မကို ကလေးလေးလို့ ခေါ်တတ်ပြီး တခါတလေလည်းဟေ့ ကောင်မယ်အိတဲ့ ။

ချစ်တတ်လွမ်းတတ်တဲ့ နေရာမှာတော့ ၂ယောက်မရှိဘူး….သူဖုန်းဆက်မရလို့ လွမ်းနေရင်

ကိုယ်ပါလိုက်လွမ်းမိတယ် အဟိ........အိရေ ဖုန်းဆက်လို့ ရပြီဆိုရင် ၀မ်းသာလိုက်တာ။


၃) မလတ် (ဗက်ဆာ)

ဗက်ဆာဆိုတာမိုးတဲ့ လေ။ ကျွန်မတော့ မလတ်ဆို တဲ့ နာမည်လေးကိုပိုသဘောကျမိတယ်။

နာမည်အရင်းကတော့ ဟိုးအရင်ခေတ်တုန်းက ခပ်စွာစွာခပ်ထက်ထက်

မြန်မာအမျိုးသမီးတွေရဲ့ နာမည်နဲ့ အတူသား။ စမြင်လိုက်ချင်းပဲ ဒီအမျိုးသမီးတော်တော်ချောတာပဲပေါ့ နော်

ယဉ်ယဉ်လေး။ ကျွန်မ ဘ၀ရဲ့ အတက်အကျတွေကို အိရေကြိုးစားနော် ဘ၀ဆိုတာဒီလိုပဲဆိုပြီး

သုတ်သုတ်လာသုတ်သုတ်ပြော အားပေးတတ်တဲ့ မိတ်ဆွေကြီးပါ။ရွှေအိက အပြင်ထွက်တော့ လည်း

သွက်သားပဲတဲ့  တိုကျိုလာတုန်းကမှတ်ချက်ချသွားတယ်။


၎) လသာည (အယ်ဒစ်တာချုပ်)

ကျွန်မတို့ တစ်တွေဆေးစစ်ကြတော့ ရန်ကုန်အဖွဲ့ နဲ့ မန်းတလေးအဖွဲ့ ဆိုပြီး ၂ဖွဲ့ ရှိတယ်။ လသာညက

မန်းလေးကပေမဲ့ ရန်ကုန်အဖွဲ့ တွေနဲ့ ဘော်ဒါလေ။မှတ်မိသလောက် သူက

အကျီ ပိတောက်ခြောက်ရောင်လေး ၀တ်ထားတယ် လက်က

ဆလင်းဘက်အိတ်လေးကိုလည်း ချိတ်ထားလိုက်သေးတယ်ရှင့် ။သူရဲ့ ရှူဂျင်ကိုလည်း

ဆေးစစ်တဲ့ဆီ ခေါ်လာတယ်။ကျွန်မတို့ကိုတွေ့ တော့ အသက်တွေမေးပြီး

သူထက်ငယ်တယ်ဆိုရင် ဒါကညီမလေး၊ အသက်တူတယ်ဆိုရင်တော့ ဒါဆိုရင်သူငယ်ချင်းတဲ့ ။

မူနွဲ့ နွဲ့ လေးနဲ့။ နိဟွန်းရောက်တော့ ကျွန်မရဲ့ရောင်းရင်းကြီး ဖြစ်လာတယ်။

စနေသမီးဆိုတော့ လည်းစွာတယ်ရှင့် ။


၅) မထား

အိရေ မမထားကလေဆိုပြီး ဖုန်းဆက်ရင်းနဲ့ ရင်းနှီးလာတဲ့ မိတ်ဆွေပါ။ ရေစက်လေလားပဲ။

လူချင်းမမြင်ဖူးဘဲနဲ့ စိတ်ထဲမှာရင်းနှီးမိတယ်။တွေ့ လိုက်တော့ ကလေးလေးချီလို့ ။


(သူငယ်ချင်းအားလုံးအမှားပါရင်စိတ်မဆိုးနဲ့ နော်ပြန်ပြင်ပေးမယ်)

အားလုံးကိုချစ်တဲ့ အိစံ

Monday, May 24, 2010

နံရံများနှင့် ကျနော်

တနင်္လာနေ့၊ မေလ ၂၄၊ ၂၀၁၀
နံရံအားလုံး..♪.. နားတွေ ရှိရင်♪♫..... ဘ၀ကို.♪. သီချင်းလုပ်.♪. ဆိုချင်တယ် ♪♪♪♪

♫ . ...................................................X ........................................

Sunday, May 23, 2010

ကလေးများဖို့။

ဇူးဇူးလေးနဲ့ ထားညီမ သမီးလေး အပါအ၀င် ကလေးများ ဆော့ဖို့။

http://www.hello-world.com/

အန်တီ ဗက်ဆာ။



မှတ်ချက်။ လူကြီးများ မပါရ။

Saturday, May 22, 2010

သေခွင့်ပေးပါ

အသွေးကိုယူပါ အသားကိုယူပါ.. ဒါပေမယ့် ငါ့ကို သေခွင့်ပေးပါ :'(




လသာည ဖြစ်ပါတယ်

Wednesday, May 19, 2010

လူကိုများ.........................


ဟိုးငယ်ငယ်တုန်းကအဖြစ်ကလေးပါ……အဲဒီတုန်းက..ကျမအသက်ရှိလှ၆နှစ်၇နှစ်ပေါ့….

အဲဒါလေး..မပြောခင်…ကျမတို့နေထိုင်ရာဝန်းကျင်လေးကို..နည်းနည်းထိတို့ပါရစေ….......
ကျမတို့ရွာက..အကြမ်းဖျင်း.အပိုင်း၂ပိုင်းကွဲနေတာ…အရှေ့ပိုင်း၊ အနောက်ပိုင်းပေါ့…………..
( ဟဲဟဲ..စည်းလုံးတဲ့သဘော…း)..အဲဒီမှာမှ..ကျမတို့နေတာက…အရှေ့ပိုင်းဘက်ပါပေမယ့်
ရွာရဲ့ဗဟိုအလယ်နေရာမှာရှိနေတဲ့အတွက်..ရွာလယ်ပိုင်းလို့ပဲ..ခေါ်လေ့ရှိတယ်……………..
ကျမတို့ကတော့..အဲဒီရွာလယ်မှာနေတဲ့..ရွာလယ်သူတွေပေါ့ရှင်…………………………….....

ရွာလယ်သူတွေက..အခြားပိုင်းကသူတွေထက်..သွေးကြီးတယ်ရှင့်…(ဘာဖြစ်လို့လဲစဉ်းစားမရဘူး)….ဖြစ်နိုင်တာကတော့..ဒီလမ်းနေအစဉ်အဆက်က…..........
အိမ်ကြီးအိမ်ကောင်းနဲ့လူကြီးလူကောင်းတွေဖြစ်မှာပေါ့ရှင်(ဟုတ်မဟုတ်တော့မသိ..း)။
ကျမမှတ်မိတဲ့အရွယ်က….စပြီးကျတော့..မီးဘေးကြောင့်..အားလုံးဘဝကို….ဝ..ကပြန်စခဲ့ရတာပါ။
ဒါပေသိ..ရွာလယ်သူတွေ…သွေးကြီးတာတော့….ဆက်လက်ထိန်းသိမ်းလျှက်…….း)

မာနကြီးတယ်လို့နာမည်ရတဲ့ရွာလယ်သူတွေက..တကယ်တော့…တခြားသူတွေနဲ့ထူးမခြားနားပါပဲ….
တောဓလေ့..ထုံးစံ….ကျောင်းအားချိန်..ထင်းခွေ၊ ရေခပ်၊ဟင်းရွက်ရှာ…ပေါ့။
အဲ..ထူးတယ်လို့ထငိရတာကတော့.…ဘယ်သွားသွား…အုပ်စုလိုက်ပဲသွားလေ့ရှိတော့…...
ရွာလယ်သူတသိုက်ဆိုရင်..အလကားနေရင်းလူရှိန်နေပါတယ်….ကာလသားတွေဆိုမနောက်ပြောင်ဝံ့ပါဘူး။

ဒီလိုနဲ့နွေရာသီကျောင်းပိတ်ရက်တနေ့…ကျမတို့တသိုက်....ဆပ်ပြာမှုန့်သွားကြုံးကြစို့…တိုင်ပင်ကြတယ်…
ထုံးစံအတိုင်း……အပျိုခေါင်းအပါအဝင်..၉ယောက်၊၁၀ယောက်လောက်ရှိမယ်ထင်တယ်.………................
ပါလေရာကျမကအငယ်ဆုံးပေါ့….တကယ်ကအပျော်တမ်းလိုက်တာ..ကြုံးတတ်ဘူး…..ထားပါ။
...ဒီလိုနဲ့..အဖွဲ့လိုက်..ကိုယ့်တပိုင်တနိုင်တောင်းလေးတွေပိုက်လို့ထွက်ကြပြီပေါ့..မနက်စောစော…
မော့မော့..မော့မော့..ကျော့ကျော့....ကျော့ကျော့နဲ့….။

ဆပ်ပြာပွင့်ရာနေရာက…..တကယ်တော့..ရွာနဲ့နည်းနည်းလှမ်းပါတယ်…ချောင်းကူးပြီး…….
ဟိုဘက်နယ်ဘက်သွားရတာ……နောက်ပြီး..ဆပ်ပြာဆိုတာ..နေပွင့်(နေပူ)မှ...အချပ်လိုက်ကလေးတွေ.....
ွပွင့်တာ(ပေါ်တာ)…..အဲဒီတော့..နေအမြင့်ခံပြီး…စောင့်ကြုံးရပါတယ်။….ဒီလိုနဲ..နေကပူ..ဗိုက်ကဆာ…
ဟော…ဆပ်ပြာတွေလည်းရသင့်သလောက်ရဆိုတော့…ပြန်လာကြပြီပေါ့…တောင်းလေးတွေ...............
ကိုယ်စီိရွက်လို့....။

အပြန်လမ်းပေမယ့်…နေအပူဒဏ်ကြောင့်..အားလုံးဟာနွမ်းလို့ပေါ့..ခြေလှမ်းတွေလည်း..ခပ်ယိုင်ယိုင်.။
….ဟော..ရှေ့မှာ…သစ်ပင်အကြီးကြီး။အိုး…ဘာပြောကောင်းမလဲ………..ကျမတို့တသိုက်..မတိုင်ပင်ပဲ...
ပြေးလိုက်ကြတာ…။…ဟူး…အမောကိုပြေသွားတာပဲ…...သစ်ပင်ရိပ်ကလည်းအကြီးကြီး…..................
ပါလာတဲ့ရေလေးသောက်..အမောဖြေနေရင်း…….အပေါ်မော့ကြည့်လိုက်တော့…လားလား…..............
သရက်သီးတွေ..သရက်သီးတွေ..အပြွတ်လိုက်။ ရွက်ပုန်းသီးတွေရယ်….။

ဘာပြောကောင်းမလဲ….စောစောကမောနေတာတွေမေ့...အလုအယက်ခူးဖို့ပြင်တော့တာပဲ..။.............
...သူတို့အပျိုလေးတွေကခူးဖို့မှီပေမယ့်…ကျမကဂျပိလေ…ဘယ်လောက်ခုန်ခုန်မှီဘူး…….ဆိုတော့......
သူများကိုအားကိုးရတာ..ငိုသံတောင်ပါတယ်။.....…လက်ညှိးလေးထိုးထိုးပြီး…...ဟိုအသီး....ခူးပေး၊.....
…ဒီအသီးခူးပေးနဲ့..အော်ရတာ..အာခေါင်တွေကိုနာလို့။..ဒါပေမယ့်..သူတို့ခူးပေးမှရတာလေ။…........
အဲဒီလိုနဲ့ကျမတို့တသိုက်..သစ်ပင်အောက်မှာ.......မျောက်တွေလို..ဆူညံသောင်းကျန်းနေသခိုက်…....
ဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး…….….ဆိုပြီးအသံကြီးကိုကြားလိုက်ရတော့တာပါပဲ…..။

အားလုံးဟာ..ပထမတော့ကြောင်သွားတယ်..နောက်တော့..အဖွဲ့ထဲကအပျိုခေါင်းမမလေးက…..........
ဒါပိုင်ရှင်ရှိတဲ့အပင်ကြီးထင်တယ်ဆိုပြီး…“ဖွက်ဖွက်ခူးပြီးသားတွေ”ဆိုပြီး…တချို့ကို....တောင်းထဲက.....
ဆပ်ပြာမှုန့်ထဲထိုး…ကျန်တာဟိုထဲထိုး..ဒီထဲထိုးလုပ်ပြီး..ဟန်ကို့ဘို့ပြင်တော့တာပေါ့….....................
ဒါပေမယ့်..အားလုံးဟာ...ရင်တွေလည်းခုန်….ဒူးတွေလည်းဆတ်ဆတ်တုန်…ရှူးတွေလည်းထွက်နဲ့..…..
ဘာမှအဆင်သင့်မဖြစ်ခင်......အဖွားကြီးတယောက်ဒုတ်ကလေးကိုင်လို့...ရောက်ချလာပါရောလား……။

ခေါင်းပေါ်မှာ...ဆပ်ပြာတောင်းတွေဖရိုဖရဲနဲ့....ပြေးမယ်ပြင်ထားတဲ့ကျမတို့ခြေထောက်တွေဟာ.........
နေရာမှာတင်..ဘယ်လိုမှ..မရွေ့နိုင်တော့ပါဘူး။…နောက်ပြီး......အယုတ္တအနတ္တတွေနဲ့မိုးမွန်အောင်ဆဲပြီး.
.စွပ်စွဲနေတဲ့......အဖွားကြီးကို…အားလုံးပြူးကြည့်ပြီး..ဘာတုံ့ပြန်ရမှန်းကိုမသိတော့အောင်ပါပဲ။............
.နဖူးတွေ့ဒူးတွေ့ဆိုတာ....ဒါကိုပြောတာဖြစ်မှာ…နေရာတကာစွာတဲ့..အပျိုခေါင်းမမလေးဆီကလည်း....
အာစေးထည့်ထားသလို.....ဘာသံမှကိုထွက်မလာတော့ပါဘူး။…….ကျမတို့တတွေပဲ..ပြူးအကြည့်ကောင်း
လို့လား၊.....တယောက်တည်းဆဲဆိုနေရတာပဲ…..အာညောင်းသွားလို့လားမသိဘူး….ပိုင်ရှင်အဖွားကြီးဟာ
.....ရှေ့ဆက်တိုးမလာပဲ....ရပ်နေပါတော့တယ်.......။
(တကယ်တော့အဖွားကြီးဟာ…မျက်စေ့မှုန်ပုံရပါတယ်..တောင်းလေးတွေပေါ်က........
ထိုး၂ထောင်၂သရက်သီးတွေကိုမြင်ပုံမရတော့...သူမှားပြောမိတယ်ထင်ပြီး....ခေတ္တကြောင်တောင်တောင်
ဖြစ်နေတယ်..ထင်တယ်)

အဲဒါကိုအခွင့်ကောင်းယူပြီး.....နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ထုံးနလုံးမူပြီး…အားလုံးဟာ…........
ရွာအပြန်လမ်းဆီ............ခပ်တည်တည်နဲ့မျက်နှာမူလိုက်ပါတယ်…………ပြီးတော့တုန်နေတဲ့ခြေထောက်ကို
အနိုင်နိုင်ထိန်းရင်း...........လောလောဆယ်တော့…ဒီအပင်ကြီးနဲ့ဝေးရာ..ဒီအဖွားကြီးနဲ့ဝေးရာဆီ။

မပြေးရုံတမယ်လှမ်းနေတဲ့ခြေလှမ်းတွေနဲ့အတူ..တောင်းထဲမသေမသတ်....ထိုးဖွက်ထည့်ထားတဲ့…............
သရက်သီးလေးတွေကလည်း..ဘုတ်ဘုတ်...ဘုတ်ဘုတ်..နဲ့..ပြုတ်ကျလို့..။..ဒါပေသိ.......အားလုံးဟာ......
မှင်တေတေနဲ့.....တချက်ကလေးတောင်..မရပ်ရဲတောာ့ပါဘူး.။.......ခပ်လှမ်းလှမ်းလဲရောက်ကရော...........
.မတိုင်ပင်ပဲ....ကျမတို့တတွေဆီက....နာနာကျည်းကျည်းနဲ့ထွက်လာတဲ့အသံကတော့……………………….
ဟီး..ဟီး…ရွတ်..အီး…...လူကိုများ…...............
အီး….ဟီး…..ဟီး.....လူကိုများ…..
အင့်..ဟင့်…..လူကိုများ....
သူ……ခိုးတဲ့။

သရက်ပင်ပိုင်ရှင်အဖွားကြီးကတော့…ကျမတို့အဖွဲ့..အား..ထူးဆန်းစွာငေးကြည့်နေမှာတော့…အသေအချာပင်။

(Breaking News) သံဝေဂပွါးများရန်။

(နှစ်ပါတ် မတင်ဖူးပြောထားပေမဲ့ ---- )

(မင်္ဂလာသတင်းတွေပဲ ဗက်ဆာလဲ တင်ချင်ပါတယ်။ ဘ၀က မင်္ဂလာတွေနဲ့ ချည်း ဖွဲ့ စည်းထားပုံမပေါ်တော့ -- သံဝေဂ ပွါးများနိုင်ကြပါစေရန်နှင့် မိသားစု ဆရာသမား မိတ်ဆွေများကို ပိုမိုဂရုစိုက် သတိပေးနိုင်ကြ ပါစေရန်။ )

ယနေ့ဗုဒ္ဓဟူးနေ့ မြန်မာပြည်ဖုန်းသတင်းအရ အောက်မြန်မာပြည် (အမည်တွင် --မ--ဖြင့်ဆုံးသော)တက္ကသိုလ် ဓါတုဗေဒဌာနမှ ဆရာမကြီး ဒေါ် H. T သည် အထက်မြန်မာပြည် --(အမည်တွင် -- မ-- ဖြင့်ဆုံးသော)- တက္ကသိုလ်သို့ External Examiner အနေဖြင့်စာစစ် သွားရောက်ရန် ခရီးထွက်ခွါစဉ်တွင် မန္တလေး ဘူတာကြီး၌ --- ဘ၀တစ်ပါးသို့ ပြောင်းရွှေ့  ကွယ်လွန်ခဲ့ပါကြောင်း၊ ယူဆောင်သွားသော လက်ကိုင်တယ်လီဖုန်းဖြင့် သက်ဆိုင်သူများကို သတင်းပေးခံ ခဲ့ရပါသည်။ (၀တ်ဆင်ရန်) ယူဆောင် သွားသော ရွှေထည်များ ကိုလဲ ပြန်ရပုံပေါ်သည်ဟု သတင်းများကို ထောက်ရှုသုံးသပ်ရပါသည်။

(တီချယ်မှာ ဗက်ဆာ တို့ အဆောင်မှူး ဖြစ်ခဲ့ဖူး ပါသည်။ ၀မ်းနည်းကြောင်းဖော်ပြအပ်ပါသည်။
သံဝေဂ လကာင်္လေးလဲ ရေးပေးချင်ပေမဲ့ အစ အဆုံးမရလို့ ဗက်ဆာကို ခွေးလွှတ်လိုက်ပါရန်။)

စာရှည်တစ်စောင်

တနေ့ကမီးမီးလေး (မူကြိုကျောင်းနာမည် Jasmine) ရေးပေးလိုက်တဲ့ စာရတယ်။ ၄ နှစ်သမီးဆိုတော့ စာသိပ်မရေးတတ်သေးဘူး။ ပုံရယ် စာလုံး တစ်လုံးနှစ်လုံးစရယ်ရေးပြီး သူပြောတတ်သလို ပြောလိုက်တာပါ။ ဒါပေမယ့် ရင်ကို ထိရှစေတဲ့ သူ့စာကို တစ်ညနဲ့လည်း ဖတ်လို့ မပြီးဘူး။ ၂ ည နဲ့လည်း ဖတ်လို့ ပြီးမှာမဟုတ်ဘူး။ သူ့စာထဲမှာ စကားတွေ အများကြီးပြောထားသလို အရှည်ကြီးမို့ပါ..။ အခုလည်း အိပ်ရာထဲမှာ ဖတ်ရင်း..... ................

Monday, May 17, 2010

ပျင်းကွက်ကိုရှာ

ပျင်းတယ်ဆိုတာ နာမည်သာဆိုးတာ လူသက်သာတယ်နော်။ အားလုံး အဆင်သင့်ရနေတဲ့ အဆင့်မြင့် နည်းပညာခေတ်ကြီးမှာတောင် တခါတလေ တစ်ထွာတစ်မိုက် လမ်းမလျှောက်ချင်အောင်၊ မလှုပ်ချင်အောင် ပျင်းမိတတ်တယ်။ အဲဒီအချိန်မျိုးမှာ ကိုယ့်ကိုကိုယ် အရမ်းအပြစ်မတင်လိုက်နဲ့၊ ပျင်းတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဖူးရယ်.. သူများတွေလည်း ကိုယ့်လို ပျင်းကြတယ်။

ဟော..မယုံဘူးလား?? ကဲ.. သက်သေအထောက်အထား အဖြစ် .အောက်က ကိုယ့်လို ပျင်းဖော်ပျင်းဖက်လေးများရဲ့ အပျင်းထူပုံများကို ကြည့်သွားပါဦး.. :D

တီဗွီရမု သွားယူဖို့အထိ အန်နာဂျီ အကုန်မခံနိုင်ဘူး..

ထိုင်ခုံနဲ့ ထိုင် ထုတ်ရတာ ဆိုတော့ ပိုအဆင်ပြေပုံပဲ..

ကားမောင်းတဲ့ဘက်ခြမ်းက မြင်ရရင် တော်ပြီပေါ့...


မားမား လည်း ညောင်းတယ် သမီးရယ်..
ဖ၀ါးထပ်ချပ် လိုက်ပါရစေ အဲလေ.. မင်းပျံသန်းရပ် ခိုလိုက်ပါရစေ..

စိတ်ဝင်စားစရာ ပုံလေးတွေ တွေ့လို့ မျှဝေလိုက်တာပါ..း))
source from http://www.dailycognition.com/

လသာည ဖြစ်ပါတယ်။

Sunday, May 16, 2010

ဆလုံ၊ ဆူနာမီ နဲ့  ဖွားပိုက်ဟင်း

မိုကန်း (ထိုင်းအခေါ်) သို့ ဆလုံ (မြန်မာအခေါ်) လူမျိုးတစ်ယောက် ၏ ၂၀၀၄ ဆူနာမီ နှင့် ပါတ်သတ်ပြီး အင်တာဗျူးဖြစ်ပါသည်။ Salone သို့ Moken လူမျိုးများအကြောင်းကို ၀ီကီ ပီးဒီးယားတွင် အကျယ် ကြည့်ရှုနိုင်ပါသည်။ အကျဉ်းအားဖြင့် ဆိုလျှင် ဆလုံလူမျိုးများသည် မြန်မာနိုင်ငံ မြိတ်ကျွန်းစုဖက်တွင် နေထိုင်ကြသော Sea Gypsies ဟုခေါ်ကြသော ပင်လယ်ပျော်လူမျိုးစု ဖြစ်ကြပါသည်။ လှေကို အိမ်လုပ်ခါ ပင်လယ်ကို နိုင်ငံပြု၍ နေထိုင်ကြသော လူမျိုးများဖြစ်ကြပါသည်။ ယခုအခါ နည်းပါးလာသော လူမျိုးစုလည်း ဖြစ်ကြပါသည်။

ဘယ်လို နည်းပညာမျိုးမှ မရှိပဲ ပြိုင်ဘက်မဲ့သော ပင်လယ်ပြင် ဗဟုသုတများဖြင့် ဆူနာမီလာမည်ကို သိနိုင်သော တစ်ခုတည်းသော လူမျိုးစုဖြစ်သည့် မိုကန်း (ဆလုံ) လူမျိုးစုဝင်ထဲမှ အဖိုးအို တစ်ယောက် ဖြစ်ပါသည်။
http://www.youtube.com/watch?v=0o6GvKtAst0
(လတာညရေ။ ခပ်ဖျင်းဖျင်းပဲ ဒီလိုလုပ်လိုက်တယ်။ အမြင်မတော်ရင် ဘယ်လိုလုပ်ရတာ ပြန်ပြောပြ။)

(ဘာသာပြန်ချင်တာပြန်ပြီး မပြန်ချင်တာ ပစ်ထားခဲ့ပါတယ်။ အစီအစဉ်လဲ ဗရမ်းပတာ ပြန်ထားပါတယ်။ )

----- အင်း။ ဗမာပြည်ဘက်က မလိကျွန်းဘက်မှာ (ဒီလို အဖြစ်ကို) ငါတစ်ခါ ဆုံခဲ့တယ်။ ပြီးတော့ မကျဉ်း ကျွန်းဖက်မှာပါ။ အဲဒီတုန်းက ငါ့အသက်လား။... ငါ့အသက် ငါမမှတ်မိဘူး။ ကလေးတော့ မဟုတ်တော့ဘူး။ --- ခုထက်ထိလဲ ငါ့အသက်ကို ငါမသိပါဘူး။

---- လေမတိုက်ပါဘဲနဲ့ ပင်လယ်ရေတွေက (ဆုတ်)ကျသွားခဲ့တယ် ။ပင်လယ်ဟာ ငြိမ်နေတယ်။ လှိုင်းလဲမလာဖူး ။ လေလဲမတိုက်ဖူး။ ကမ်းခြေကသဲတွေ ဟာ ခြောက်သွေ့နေတယ်။ (စကားချပ်။ ဒီအကျနဲ့ မမှားစေလိုပါ။) ဘာများဖြစ်မလဲ လို့ ငါလျှောက်စဉ်းစားခဲ့တယ်။ ဟိုးနား (ပင်လယ်ထဲကို လက်ညှိုးထိုးပြပြီး) ထိ ကုန်းက ပေါ်ခဲ့တယ်။ တောင်ကုန်းပေါ်ကို တက်ကြည့်ခဲ့တယ်။ အဲဒီမြေက ကွေးပေါ်လာခဲ့တာလား။ မဟုတ်ခဲ့ဘူး။ ကုန်းက ဘာမှ မဖြစ်ခဲ့ ဘူး။ ဒါဆိုရင်တော့ ပင်လယ်က မှားနေပြီ။ မိန်းမကို ငါ့တူနဲ့ စားစရာတွေ (တောင်ကုန်းပေါ်ကို) ခေါ်သွား၊ ယူသွားဖို့ ပြောခဲ့တယ်။ မိန်းမကလဲ မယုံခဲ့ဘူး။ သူမက ငါ့ထက်ငယ်တာကို။

ငါ့သမီးက ပန်းကန်တွေဆေးနေခဲ့တယ်။ --- ရေတွေ လာတော့မယ်။ တောင်ကုန်းပေါ်ကို ပြေးလို့ ပြောခဲ့ပေမဲ့ သမီးက မယုံခဲ့ဘူး။ ငါလဲ ဆဲဆဲ ဆိုဆိုနဲ့ပဲ ပြောရတာပဲ။ မဟုတ်ရင် ဒင်းတို့ သေနေလောက်ရောပေါ့။ --- ကမ်းခြေက အရာရှိတွေရော၊ နိုင်ငံခြားသားတွေရော၊ သေမှာပေါ့။ ဟုတ်တယ်။ မနက်ခင်းကြီးလေ။

အဲဒီတုန်းက ငါ့တူရော ငါရော ဘာမှ မစားကြရသေးဘူး။ အင်း။ (ရိုးရာ) ပုံပြင်တွေထဲမှာ ကြားခဲ့တယ်။ ပင်လယ်ရေဟာ ကျသွားခဲ့ရင် လှိုင်းလုံးကြီးတွေ လာတော့မယ်။ ပုံပြင်ထဲက ကြားဖူးခဲ့တဲ့ လှိုင်းလုံးကြီးတွေ လာတော့မယ်လေ။
ငါတော့ သေပြီလို့ပဲ ထင်ထားတာ။ မိန်းမက (ငါပြောတာကို) မယုံဘူးခဲ့ရယ်။ သူက လှေသွားပြီး ဟင်းချက်ဖို့ လုပ်နေသေးတယ်။

ငါက လှေကို သွားယူဖို့ လုပ်ခဲ့သေးတယ်။ (တောင်ကုန်းပေါ်ကို ဆွဲတင်ဖို့) ဒါပေမဲ့ ကျောက်တုံးကြားထဲ ခြေထောက်က ညှပ်သွားခဲ့တယ်။ ငါ အချိန်မှီ လှေ ကိုမယူနိုင်ခဲ့ဘူး။ နိုင်ငံခြားသားဧည့်သည်တွေက ဓါတ်ပုံလာရိုက်ကြတယ်။ (လှေတွေက ကုန်းပေါ်ရောက်လောက်အောင် ရေကျသွားပုံပေါ်ခဲ့ပါတယ်။ ဗက်ဆာ) ငါစဉ်းစားခဲ့တယ်။ သူတို့ ရူးများနေကြတာလား။ ဓါတ်ပုံရိုက်ရလောက်အောင်) အင်း။ နောက်တော့ လှိုင်းက ရောက်လာခဲ့ပြီး အားလုံးကို ခေါ်သွားပါတော့တယ်။

ငါလား။--- ဘာမှ မယူနိုင်ခဲ့ဘူး။ နောက်ကိုလဲ လှည့်မကြည့်နိုင်ခဲ့ဘူး။ ပြေးခဲ့တာပဲ။ လှိုင်းလာတာ သိပ်မြန်တယ်လေ။ လှေထဲမှာ ကျန်နေရင် ငါသေနေခဲ့ပြီပေါ့။ အင်း... ညဘက်ဆိုရင်တော့ အားလုံး သေကုန်ကြမှာပေါ့ (ရေကျတာကို မသိလိုက်လို့) ။ ဒါမျိုးက ညဘက်မလာဖူးလေ။ နေ့ဘက်သာလာတတ်တာ။ (ညဘက်လာတာသိသူတွေကတော့ သေကုန်တော့ ဘယ်သိမှာလဲ ။ ဗက်ဆာ) အင်း။ မလိကျွန်းမှာလဲ နေ့လည်ကြီး ဖြစ်တာ။ မကျဉ်း ကျွန်းမှာလဲ နေ့ဘက်ပဲလေ။

ငါ အခု အလွမ် မှာနေတယ်။ (ထိုင်းအစိုးရက သူတို့(ဆလုံလူမျိုးစုတွေ) ကို အခြေချပေးဖို့ ကြိုးစားနေခဲ့တယ်။ဗက်ဆာ) ဟင့်အင်း။ ငါမပျော်ပါဘူး။ လှေထဲမှာပဲ နေရတာ ပိုကောင်းတယ်။ မိုးရွာနေတောင် လှေထဲမှာပဲ ငါနေချင်တယ်။ (ဗက်ဆာ့အမျိုးများလားတောင်ပဲ။ အဲသလောက် ပျော်ရာနေချင်တာ။) ငါ့နောင်လာ နောက်သားတွေတော့ ---- အင်း။ ----- (လှေပေါ်မှာ နေရတဲ့ ဘ၀ကို ဆုံးရှုံးရတော့မယ် ထင်တာပဲ။)

---- အပိုဆာဒါး --------

ထားဝယ်သူအမေက ချက်ကျွေးတဲ့ ဗက်ဆာ အလွန်ကြိုက်တဲ့ လှေသမားဟင်း ကိုတည်ခင်းပါမယ်။
အမေက ဖွားပိုက်ဟင်းလို့ ခေါ်ပါတယ်။ ထားဝယ်သူလဲ ဖြစ်၊ လှေသမား မျိုးရိုးတွေလဲ ဖြစ်ကြလေ တော့ ဖွားပိုက်ဟင်းကတော့ အမေက မကြာခန ချက်စားသလို ဗက်ဆာကလဲ ကြိုက်တဲ့ အတွက် ပင်လယ်ငါး လတ်လေတဲ့ ဂငယ်မှာ မကြာမကြာချက်စားပါတယ်။

အေးဆေး ကျောင်းပိတ်ရက်မှာ (ဗက်ဆာကတော့ အလုပ်ဆက်တိုက်ပင်ပန်းပြီးခဲ့ပြီဆို အဲဒီ အလုပ်ပြီးရင်) ချက်စားပါတယ်။ လတာညရဲ့ ပစ်ထည့်ဟင်း ပုံစံပါ။

လိုတာတွေက

-ပင်လယ်ငါး၊ (ဆာလမွန်တွေ နဲ့ မချက်ပါနဲ့။ ကောင်းတာက အိဝရှိ (ဆာဒင်း) ဒါမှမဟုတ် အဂျိ- (jack mackerel ငါးကွမ်းရှပ်မျိုးနွယ်) လို ပင်လယ်ငါးသေး ငါးလတ်တွေနဲ့ပဲ ကောင်းပါတယ်။) ရေဆေး တုံးတစ်လိုက်ပါ။ အကောင်သေးရင် ၂ ပိုင်းပိုင်းပေါ့လေ။
-နနွင်းမှုံ့၊
-စိမ်းစားငပိ၊
-ဆားအချိုမှုန့် (အချိုမှုန့်မထည့်ချင်လဲရပါတယ်။)
-ကြက်သွန်နီ အလုံးကြီးဆို ရှစ်စိတ် ထိုး။
-ကြက်သွန်ဖြူ ထည့်ချင်ထည့် မထည့်ချင်နေ။
-မိုးမျှော်သီး။ (သို့ ) ငရုတ်သီး အကြမ်းဖတ် ၊
-ဆန်ရှာလကာရည် (ပင်လယ်ဘက်နဲ့ ဗက်ဆာတို့ အိမ်မှာတော့ ပအုံးရည်နဲ့  ချက်ပါတယ်။) ဓနိခိုင်ဖူးကို ထိပ်ဖြတ်ပြီး ကျလာတဲ့ အရည်ကို ခံထားတဲ့ အရည်က ချိုပါပေတယ်။ ပုလင်းထဲထည့်ပြီး နေပူလှမ်းကာ သိမ်းထားလိုက်ရင် ပအုံးရည်ပေါ့။) ဂငယ်နိုင်ငံတော်က ဆန်ပုန်းရည်နက်လေးလဲ ကောင်းပါပေတယ်။
-ဆား။
-ဆီ (အမေ့အပြော၊ တစ်စက် နှစ်စက်)
-(၀ါသနာပါရင် ကြက်သွန်မြိတ်အုပ်လို့ရပါတယ်။ ဗက်ဆာတော့ ၀ါသနာမပါဘူး)

ပုံမှန်ချက်တာကတော့ ပစ်ထည့်ချက်ပါ။ အကုန်လုံးရောတည်၊ (မိုးမျှော်သီး မဟုတ်ခဲ့ဘူးဆိုရင်)။ ဆူလာရင် မြည်းပြီးလိုချင်တာာ ထပ်ထည့်။ နောက်ဆုံးမှာ မိုးမျှော်သီးလေး အုပ်ထည့်။ Well done ဖြစ်အောင် မချက်နဲ့။ ကျက်တယ်ဆိုရုံလေး ကျက်တယ်ဆိုတာနဲ့ ချပြီး ပူပူလောလောလေး စားရတာရော။

ဗက်ဆာက အဲဒါကို ထမင်းနဲ့ မစားပဲနဲ့ မုန့်တီဖတ်လေးနဲ့ သောက်ဆမ်းလေးစားပါတယ်။ အူး... စားချင်လာပြီ။

( တော်ပြီ။ ဒီတစ်ပို့စ်ရေးပြီးရင် ၂ ပါတ်တိတိ ဘာမှ အရေးဘူး။ ချာကြိုးစားမယ်။ ဗက်ဆာတို့ ၀ါသနာ သိပ်မပါရှာဘူး။ စာရေးတာကို။ ဟင်း....)

Saturday, May 15, 2010

လွမ်းမိတဲ့ဒီအခေါ်


အခုတလော....တယောက်နဲ့တယောက်..အခေါ်အဝေါ်အသုံးအနှုံးလေးတွေအကြောင်း.............
အတွေးခေါင်နေမိတယ်.............။
------------------------------------------------------------------------------------------------
ကိုယ့်ကိုယ်ကိုသုံးနှုံးတတ်ပုံလေးကတော့…အထူးအထွေသိပ်မရှိမိဘူးထင်တာပဲ…
.အချင်းချင်းတွေ့ဆုံစကားပြောကြရင်…အစိမ်းအကျက်၊အရွယ်၊အခြေအနေပေါ်မူတည်ပြီး…
ငါက(ရိုင်းတယ်ထင်ရပေမယ့်ရင်းနှီးတဲ့ခံစားမှု)၊ကျမက၊ကျုပ်က၊တချို့ကလည်း...ကိုယ့်နာမည်လေးနဲ့
.....ကလေ၊…..ကလေဆိုပြီး၊ဟော…အကြောင်းအရာတခုကိုစာရေးပြောမယ်ဆိုပြန်တော့…
ကိုယ်၊ကျမ၊ကျွန်မ၊……က…နဲ့ ကိုယ်ကြိုက်သလိုလှည့်ပတ်ဖလှယ်ပြီး၊သုံးလေ့ရှိကြတာ..
ဓမ္မတာပဲမဟုတ်လား…...။
 
ဒီနေရာမှာ….ကိုယ့်ကိုဘယ်လိုအခေါ်ခံထိတယ်ဆိုတာလေးကို..ပိုစိတ်ဝင်စားမိတယ်။
အဲဒါလေးက…ကိုယ်ကရွေးချယ်လို့ရတာဟုတ်ဘူးလေ..။…တချို့က..နာမည်အတိုင်းအစအဆုံး၊
တချို့ကတဝက်တပျက်၊တချို့က..နာမ်စားလေးနဲ့..အမ၊ညီမပေါ့။ဟောတချို့ကျ..အရပ်ဒေသအလိုက်..
လူတွေ့ရင်ကြီးသောငယ်သော..မလေး..မလေးနဲ့…၊တချိုဒေသလေးက..နာမည်ရဲ့အလျှင်းသင့်ရာတလုံး
လုံးကို၂ခါထပ်..ထပ်ပြီး..အခေါ်ခံထိတာ…။ ဟော..ဒီမှာကြ.....စံ၊....စံ နဲ့။  
 
ကိုယ်ရောက်တဲ့နေရာဒေသအလိုက်..အခေါ်ခံထိတာလေးတွေ…အမျိုးမျိုးဆိုတော့…
ဘာပဲဖြစ်ဖြစ်..စကြားစတော့….ခပ်ထောင့်ထောင့်လေးဖြစ်မိတဲ့အခါလည်းရှိ၊..
တခါတလေနှစ်ခြိုက်တဲ့..ခံစားမှုလေး..ဖြစ်မိတာလည်းရှိ၊..ရယ်ချင်စိတ်ဖြစ်မိတာလည်းရှိပေါ့။
အင်း...အခေါ်အဝေါ်တွေအကြောင်းတွေးနေမိရင်း...ကိုယ်တွေနယ်မှာနေတုန်းက
သူများတွေဟားတဲ့….ကိုယ်တို့အသုံးအနှုန်းလေးကို…သတိရလွမ်းမိတယ်.......
.....................................................................................................................................
” ကျော်ကျော်တို့…နေကောင်းကြတယ်မဟုတ်လား”
“ထွေးထွေး…ဈေးသွားမလို့..ဘာမှာဦးမှာလဲ”
“ကျင်ကျင်....ဒါလေး..လူကြုံပေးလိုက်လို့” 

အမှန်တော့လဲ..ဒီလိုနာမည်လေး၂ခါဆင့်ခေါ်တာ..တခြားနယ်တွေမှာလဲတွေ့ရတတ်တော့..
အဆန်းမဟုတ်ပါပေမယ့်……ကိုယ်တွေကိုတော့တကယ်အဟားခံထိခဲ့ကြတာ..။ 
 
ဘာလို့လဲဆိုတော..ကိုယ်ကအဲဒီလိုနှုတ်ဆက်တာခံရတဲ့သူတွေပာာ...ကိုယ့်အဘအရွယ်၊အဘွားအရွယ်၊
အမေရွယ်တွေ..ဖြစ်နေတာကြောင့်ပေါ့.။....ကိုယ်တွေအချင်းချင်းတော့..ဟိုးအစဉ်အဆက်ကတည်းက
ခေါ်နေကျဖြစ်နေတာလေ...ဒါပေမယ့်တခြားလူတွေအနေနဲ့ကျ..ဘယ်နယ့်..ဘကြီးဘယ်သူ..
ဒေါ်လေးဘယ်ဝါ..လို့မခေါ်ကြပဲ....နားထဲကြားရတာတမျိုးကြီးပဲဆိုပြီး.....ရယ်တော့တာပါပဲ.......
စဉ်းစားကြည့်ပေါ့ရှင်..ကိုယ့်အဘအရွယ်လူကြီးကို..ဘ...တပ်မခေါ်ပဲ..သူ့နာမည်တလုံးကို၂ခါထပ်
သုံးလိုက်တာ....တစိမ်းသူတွေနားထဲရိုင်းနေတော့တာပေါ့ရှင်...။  
 
အော်မေ့လို့..အဲဒါက..ကိုယ်တို့နေတဲ့လမ်းတလမ်းတည်းသာသုံးတတ်တဲ့..အရွယ်ကြီးတာကိုလည်း
ဂရုမစိုက်၊ ဒေသလည်းကိုယ်စားမပြုတဲ့....အလေ့လေးပါ။  
 
အင်း.....တကယ်လို့သာ.......ကိုယ့်နယ်ဆီအလည်တခေါက်အရောက်ပြန်ဖြစ်ခဲ့ရင်... ကိုယ်တို့လမ်းလေးနေ..ကလေးပေါက်တိပေါက်စလေးတွေက...သူတို့ဒေါ်လေးအရွယ်(အဲဒီအချိန်...
အဘွားလေးအရွယ်လည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်..း)ကိုယ့်ကို...ညှင့်ညှင့်...ညှင့်ညှင့်နဲ့....
အရိုင်းဆန်ဆန်ခေါ်ဝေါ်နှုတ်ဆက်ကြဦးမှာလား...ဒီအလေ့လေးအဲဒီအချိန်ထိရှိနေဦးမှာလား....
အတွေးပွားရင်း.................................................................................................
သေချာတာတခုကတော့...ကိုယ်ဟာအဲဒီခေါ်သံတွေအပေါ်..နားဝင်ချိုမြနေမှာတော့............း)

(pic from Google)

အမြင်မှားတတ်တယ်

စိတ်အခံကြောင့် အမြင်တွေ မှားတတ်တယ်တဲ့..။ ဒါက စိတ်ပညာက နာမည်ကြီးတဲ့ ပုံလေးတွေပေါ့..


ဒီပုံကို တွေ့ရင် တချို့က မိန်းမပျိုလေးတစ်ဦးက ကိုယ့်ကို မကြည့်ပဲ တခြားတဖက်ကို ငေးနေတဲ့ပုံလို့ ဖြေကြသလို တချို့ အဖွားကြီးတစ်ဦး စိတ်ဓါတ်ကျနေတဲ့ပုံလို့လည်း ဖြေတတ်တယ်။ သယ်ရင်းတို့ မင်းတို့ကော ဘယ်လိုမြင်သလဲ..။ ဒီပုံကိုလည်း ချက်ချင်းပြပြီး ချက်ချင်ပြန်သိမ်းလိုက်ပြီး ဘာပုံလဲလို့ မေးရင် တချို့က ယောက်ျားပုံလို့ ဖြေတယ်၊ တချို့က မိန်းမပုံလို့ ဖြေတယ်။ အဖြေမတူကြဘူး။ ကြည့်သူဟာ ဓါတ်ပုံကို မြင်မြင်ချင်း လျက်တပြတ်နဲ့ ပုံအလယ်ကို သာ မှန်းကြည့်လိုက်သူဟာ ချက်ချင်းပဲ အောက်ဆုံးက မိန်းမပျိုပုံကို မမြင်ပေမယ့် မိန်းမပုံဆိုတာကို အမြင်ထဲမှာ ဆက်စပ်တွေးမြင်သွားတယ်။ ဦးနှောက်ရဲ့ functionတစ်ခု ကြောင့် ဖြစ်ပါတယ်။ (အဲဒီfunction အကြောင်းတော့ နောက်မှပြောတော့မယ်)။ အစကတဲက ပုံတစ်ပုံတွေ့ရင် အစအလယ်အဆုံး အသေးစိတ်ြ့ကည်တတ်သူကတော့ ယောကျာ်းပုံကိုစပြီး သတိထား ကြည့်မိတဲ့အတွက် ယောကျာ်းပုံလို့ ဖြေလိုက်တာ ဖြစ်နိုင်ပါတယ်။

စိတ်အခံကြောင့် မျက်လုံးအမြင်မှားတတ်သလို အလေ့အထကြောင့် အမြင်မှားတတ်တယ်။ အမြင်မှားတယ်ဆိုတော့ ဘယ်အမြင်မှန်သလဲလို့ လာမေးရင် နှစ်ခုလုံးက အမြင်မှားဖြစ်နိုင်သလို နှစ်ခုလုံးက အမြင်မှန်ဖြစ်နိုင်တယ်။ ကိုယ့်မြင်တာ အမှန်ဖြစ်နိုင်တယ်။ ဒါပေမယ့်သူများမြင်တာလည်း အမှန်ဖြစ်တယ်လို့ လက်ခံပေးလိုက်နိုင်ရင် အမြင်မှားတာ ရှိတော့ဘူးတဲ့... :D

လသာည.. ဖြစ်ပါတယ်

Thursday, May 13, 2010

Feeling-1


အဟဲ..စိုးမြတ်သူဇာရဲ့ဖီလင်-၃၅(ဖတ်ဖူးသေးဘူး)ဟုတ်ဖူးနော်..
ခုဟာက..မိဆိုးရဲ့ဖီလင် ၁.......း)
သိကြတဲ့အတိုင်း..ဖီလင်ဆိုတာ..အမျိုးမျိုးလေ...

ဖီလင်ချင်းတာကွာမယ်..ဟိုဖီလင်..ဒီဖီလင်ပေါ့.....း)
အခုပြောချင်တဲ့ဖီလင်ကတော့........

...................
...........
ဟင်း...ကြာလိုက်တာကွာ.....
ခုထိမပြီးကြသေးဘူးလား.......*-*
တော်ပြီ.....ကွာ..စိတ်ရှည်တော့ဘူး......#@*#.....
နေပါဦးလေ....နည်းနည်းလေးတော့သည်းခံမှပေါ့.......
ဟောဟော....
..........
........
.....
...
(ခလောက်...ဟုတ်ကဲ့.....)
အော်..ဟို..အိမ်ကို.....
(ခလောက်)
ဟေး)း)း)း)း)......ညလေး..လား....
(..............)
ဟွန်း..ညီးတို့ဆီကလည်းအေ....အမြဲတမ်းပဲ.......
(...........)
အင်း..ကောင်းပါတယ်....ဒီလိုပါပဲ
(.......)
ဘာရယ်ဟုတ်ပါဘူး......
(....)
အေးပါ..ဘာမှမဟုတ်တဲ့အကြောင်းလှမ်းပြောတာပါ..အဟဲ
(ခွက်)

ခဏလေးပါ..တခါပြောရင်..ကြာလှ၁၀မိနစ်၊၁၅မိနစ်......
ဟိုဘက်ကတော့မသိ....မိဆိုးအဖို့တော့....
I Feel Great!!!!!!!!!!!!!!!!!!!!!!!!!!!!!!
အင်း..နာမည်ဘယ်လိုပေးရပါ့..
ကဲ..စဉ်းစားနေတော့ပါဘူးလေ......
ဖုန်းဖီလင်လို့ပြောရင်ရတယ်ဟုတ်.....း)
pic from Google

May 14-အိစံ မွေးနေ့



I’m so blessed to have a friend like u.
This comes with many
Loving thoughts & warm wishes
I send to you,
May your day be filled with laughter.
On this your special day,
May the finest things
In life always come your way.
Happy birthday!!!

Sunday, May 9, 2010

ဘယ်သူ့ကိုပိုချစ်သလဲ


ဘယ်သူ့ကိုပိုချစ်သလဲ…..??????
ဒါဟာကလေးငယ်ဘဝမှာမေးခံရလေ့ရှိတဲ့စကားလေးပေါ့…

ကျမကတော့ငယ်ငယ်လေးက..“ဖေဖေကြီး..ဖေဖေကြီး…ဖေဖေကြီးကိုချစ်…တယ်၊ မေမေကြီး..မေမေကြီး..မေမေကြီးကိုချစ်..တယ် ”ဆိုတဲ့တေးလေးဆိုပြီး...
ဖေကောမေကောရဲ့အချစ်ကိုသိမ်းပိုက်ထားသူလို့ဆိုကောင်းဆိုနိုင်ပါတယ်။ ဘယ်သူ့ကိုဘယ်ဝါ့ကိုပိုတယ်လို့မပြောမိဘူးအောင်းမေ့တာပဲ…း)

အရွယ်လေးရလာတော့…အမေ့ကိုပိုမိလာတယ်…ဒါဟာလည်းအဖေဟာအဲဒီအချိန်ကကိုယ့်ဆရာလေ…
ဒီတော့အဖေဆိုတာထက်..ဆရာလို့ပဲပိုထင်နေတယ်..ဆန်ရင်းနာနာဖွတ်ဆိုပြီး..ဆူစရာရှိရင်ကိုယ်တွေပဲ..
ပိုအဆူခံထိတာလေ…အဲဒီတော့တဖြည်းဖြည်းနဲ့အဖေနဲ့ဝေးလာပြီး၊ အမေနဲ့နီးနီးလာမိတယ်။

အမေဆိုတော့….အမေကသာမာန်အိမ်ရှင်မလေးပါ။ ဒါပေသိ…အမေဟာသူ..၇..တန်းနှစ်ကစလို့ကျမတို့မွေးပြီးအရွယ်ရောက်လူလားမြှောက်ထိတိုင်အောင်..
စက်ချုပ်ပြီးအိမ်ရဲ့စီးပွားရေးကိုတဘက်တလမ်းကနေထောက်ပံပေးခဲ့သူပါ။..ကျမတက္ကသိုလ်တတိယနှစ်မှ...
အမေဟာစက်ချုပ်တဲ့ဒဏ်နဲ့အိပ်ယာထဲလဲပြီး၊လုံးဝရပ်နားခဲ့ရတယ်။

စက်ချုပ်ခဲ့စဉ်တုန်းက..အမေဟာသိပ်ကိုအလုပ်လောဘကြီးပါတယ်…မိုးလင်းမိုးချုပ်တကုပ်ကုပ်ဆိုတာ..
အမေမှအစစ်ပါ။…စက်ချုပ်နေလို့အိမ်အလုပ်လစ်ဟင်းမယ်မထင်နဲ့…အမေဟာသိပ်ကိုထောင့်စေ့လွန်းပါပေတယ်….
ဒါပေသိ..အမေ့ကိုကြည့်လိုက်ရင်ပင်ပန်းရုပ်မပေါ်ဘူး…အမြဲတမ်းသနပ်ခါးနံလေးတသင်းသင်းနဲ့..
လုပ်စရာရှိတာကုပ်လုပ်နေတာပဲ…..

ဒီတော့ဘာဖြစ်လာလဲဆိုတော့…အမေ့ကိုသတိထားမိလေလေ…
အဖေ့ကိုအမြင်ကတ်လာလေလေ..(အဟဲ..ဖားသားကြီး..ကန်တော့နော်..း)..စိတ်ထဲမှာလဲဖြစ်မိတယ်..
အဖေဟာဘာလို့ဒီလောက်ဇိမ်ကျနေတာလဲ..အမေ့ကိုနည်းနည်းပါးပါးသနားပါအုံးလား….အမယ်..ကိုယ်ကကိုယ်က.(တကယ်ဆိုအမေကလဲ..ကျမတို့ကိုသိပ်မကူခိုင်းဘူး..ကျောင်းစာလစ်ဟင်းမှာကြောက်လို့ထင်ပါတယ်..)…

မနက်ဆိုအဖေကအမေပြင်ပေးတဲ့ရေနွေးကြမ်းလေးသောက်၊ထမင်းပူပူလေးစားပြီးတော့..ကျောင်းကို၊ အဖေ့စိတ်ထဲမှုာကျောင်းကိစ္စအရေးကလွဲရင်..ဘာမှမရှိ၊.တခြားစီးပွားရေးလည်းမလုပ်တတ်၊
ယုတ်စွအဆုံး..စာတောင်ပြမစားဘူး…ဟဟ။..ဒါပေသိ..ကျောင်းကပြန်လာရင်..ကျောင်းသားတွေ...
တရုန်းရုန်းနဲ့ပါလာတယ်..အဲဒီအချိန်တုန်းက..မြို့နယ်လူရည်ချွန်ပြိုင်ပွဲတွေရှိတယ်လေ..
အဖေကကိုယ့်နယ်ကကျောင်းသားတွေ...ထွန်းထွန်းပေါက်ပေါက်ဖြစ်စေ့ချင်တယ်လေ..
ဒီတော့ကျောင်းသားတွေကိုဒုတ်မိုးပြီးtrainingသွင်းတော့တာပဲ…

အကျိုးဆက်ကတော့..စေတနာဆရာဆိုပြီး..ပီတိစားပြီး..ခါးချိ..အဲ..အားရှိနေတာ..ဖေဖေလေ။..
ဒီတော့ပါရမီဖြည့်ဖက်မေမေခမျာ...ကျမတို့တွေရဲ့ရှေ့ပညာရေးချောမွတ်စေဖို့အရေး...
စက်ကိုကုန်းပြီးနင်းယုံမှတစ်ပါး..အခြားမရှိလေပြီ။

အဲဒီလိုစေတနာရှင်အဖေဆရာနဲ့မေတ္တာရှင်အမေအိမ်ရှင်မကနေ..ဘယ့်နယ့်ဂျစ်ကန်ကန်ကျမ
ဖြစ်နေရတာလဲဆိုပြီး..အဟီး…။ဒါကလဲအရာရာကိုကိုယ့်ရှိတဲ့တထွာတမိုက်ဥာဏ်လေးနဲ့သုံးသပ်ပြီး
၊မှားတယ်ထင်ရင်ပြန်ပြောတတ်တဲ့၊ဘာသိဘာသာမနေတဲ့တတ်တဲ့ဗီဇလေးကြောင့်ပေါ့….တကယ်တော့..
အမေမေတ္တာ၊အဖေ့စေတနာတွေဟာအတိုင်းအတာတစ်ခုထိကောင်းပေမယ့်...တစ်ချို့တစ်ချို့တွေဟာ..
အဲဒါတွေနဲ့မထိုက်တန်ပါဘူး...ရှိတုန်း၊အားကိုးရတုန်းဆရာဆရာဖြစ်နေပေမယ့်၊နောက်ကျောဓားနဲ့ထိုးဖို့
အဆင့်သင့်စောင့်နေသူတွေ....တွေ့ခဲ့ကြုံခဲ့ရတယ်လေ...။အဲဒီအချိန်ဆိုရင်...ကိုယ်ဟာလူကြမ်းကြီးပါပေါ့လေ....အဟဲ။
...ဒီလိုနဲ့အဖေ့အယူအဆနဲ့ကျမအတိုက်အခံတွေဖြစ်၊...အဖေကလည်းငါဆရာဆိုတဲ့မာန်နဲ့ပေါ့....
ဒီလိုနဲ့တဖြည်းဖြည်းအဖေနဲ့ပိုပိုဝေးဝေးလာ။

ဒီလိုနဲ့တနေ့..အဖေ့ကိုချောက်ထဲဆွဲချခံရမယ့်..တနေကြုံလာပါလေရော....လောကဓံ..လောကဓံ။
အဲဒီအချိန်မှာ...ဗြုန်းဆို..မေမေဟာ...မိသားစုရဲ့အရေးမားမားမတ်မတ်ထွက်ရပ်လို့...စိတ်ဓာတ်ရေးရာအရ..
ဖေဖေ့ကိုအားပေးလို့...ကြုံဆုံလာတဲ့လောကဓံကိုအံတုလို့ပေါ့။...တကယ်ပါ..စိက်ထက်တဲ့ကျမကတော့...
ကိုင်းခုတော့ဘယ့်နဲ့ရှိစပေါ့..ဟုတ်တယ်လေ....။..ဒီလိုနဲ့မိသားစုရှေ့ရေး..ပခုန်းပြောင်းရပြီလေ..။

ကျမကတော့နာနေတဲ့..ကျားတကောင်လို..ပေါ့..။..ကိုယ်ကစီးပွားစလုပ်ရအောင်လည်း..ပညာတပိုင်းတစနဲ့.။
ဆိုတော့..ကဲ..စာသင်မယ်...ဖေဖေလိုတော့အလကားပဲတင်းမဟုတ်ဘူး..ပိုက်ဆံအတွက်ဆိုပြီး..
ကိုယ့်ကိုယ်ကို..အသပြာဆရာဘွဲ့ခံပြီး...တလောကလုံးကိုခပ်တင်းတင်းနဲ့မျက်နှာပြောင်တိုက်တော့တာပဲ...။
..မျက်နှာတင်းတာ..အဲဒီကတည်းကအကျင့်ပါသွားတာ..အဟီး(တကယ်ပါ..ငယ်ငယ်ကမျက်နှာတော်တော်ချိုပါတယ်တဲ့..
အဟတ်)။

ဒါပေမယ့်အောင်မြင်ခဲ့ပါတယ်...တကယ်ကျ..အဖေ့ရဲ့စရိုက်ကပါတော့...သေသေချာချာကိုစေတနာထားပြီး၊
အပင်ပန်းခံသင်ပေးတာပါ။..အဲဒီအချိန်.ကျမဘေးကနေ..ကျမစိတ်ခံကိုနားလည်ပေးပြီး၊.ဖြောင်းဖျပေးတဲ့၊
..ထောက်ပံ့ပေးသူကတော့...မေမေရယ်လေ။...တချိန်တညှ်းမှာပဲ...စိတ်ကျနေတဲ့ဖေဖေ့ကိုနားလည်ပေးဖို့အကြောင်း၊
ကျမရဲ့အောင်မြင်မှုတွေဟာဖေဖေရဲ့အရှိန်အဝါတွေလည်းပါဝင်နေတဲ့အကြောင်း...တဖြည်းဖြည်းနားသွင်းပါတော့တယ်။
..ကျမလဲ..ဖခင်တစ်ယောက်ရဲ့တည်ရှိမှု၊..အရှိန်အဝါ၊..ပြီးတော့..ကိုယ်တိုင်ကြုံတွေ့တဲ့အခါ..ခံစားသိလာရတဲ့..
ကျမဟားခဲ့တဲ့စေတနာ....ဒါတွေကို..တဖြည်းဖြည်း..နားလည်လက်ခံမိလာတယ်။

ဒီလိုနဲ့ပဲ...လောကဓံအတက်အကျမှာ..တစ်ယောက်ကိုတစ်ယောက်ဖေးမရင်း၊ နားလည်မှုတွေတည်ဆောက်ရင်း...၊တဦးနဲ့တဦးလည်းပိုပိုပြီးနီးစပ်လာကြတာ.....ဟော..အခုတော့...
အဖေနဲ့လည်း..တယ်ချင်းတွေလိုဖြစ်...အမေကိုလည်းချစ်စနိုးနဲ့စနောက်...ကျမတို့အိမ်သားအားလုံးဟာ...
မိသားစုလိုတသွယ်..မိတ်ဆွေလိုတဖုံနဲ့ပေါ့။..ဖေဖေ့ရဲ့စေတနာ၊မေမေ့ရဲ့မေတ္တာလက်နက်တွေဟာ...
ကိုယ်တို့အိမ်လေးကိုတော့..ထာဝစဉ်လှုံခြုံအေးမြစေတာ..ဂျစ်ကန်ကန်ကျမ..ခြွင်းချက်မရှိ..လက်ခံယုံကြည်သွားပါပြီ...။
. . . . . . . .
. . . . .
. .
.
ခုနေခါ..တစုံတယောက်က..ဘယ်သူ့ပိုချစ်သလဲမေးခဲ့ရင်...ယုန်ငယ်လေးလို..ကျမနှာစေးနေပါမည်။

(အမေနေ့အမှတ်တရ..း)