Showing posts with label ထား. Show all posts
Showing posts with label ထား. Show all posts

Wednesday, May 26, 2010

အကြံဥာဏ်လေး တောင်းပါရစေ

ထား.. သူငယ်ချင်းတို့ကို အကြံဥာဏ်လေး တောင်းပါရစေနော်။ သမီးလေးက စာရေးရင် ဘယ်လက်ကရေးနေပါတယ် ညာလက်ကရေးရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာလေး ပြောပြပေးကြပါနော်။

နောက်ပြီး သားသားရဲ့ ပညာရေးလေးပါ ပြောပါရစေ။ သားသားကဒီနှစ် ၅တန်းတက်နေပါပြီ။မြန်မာ-ဂျပန် အတန်း အတူတူပါ။သံရုံးမှာ ၁နှစ် ၂ခါ စာမေးပွဲဖြေနေပါတယ်။ အမှန်မတိုင်းပြောရရင် အခြေခံဘာမှ မပါသလို မိဘတွေဖြေခိုင်းလို့သာ ဖြေနေရပါတယ်။ သူ့ရဲ့ရှေ့ရေးကို စဉ်းစားရင် ဂျပန်မှာပဲ ကျောင်းပြီးရမှာလိုလို မြန်မာပြည်ပဲ ပြန်ထားရမလိုလိုနဲ့ စဉ်းစားရခက်နေ လို့သူငယ်ချင်းရဲ့အကြံဥာဏ်ကို အမှန်တစ်ကယ်လိုအပ်နေလို့ အခုလိုပြောပြရတာပါ။

ကျေးဇူးပြုပြီး မေးလ်လေးနဲ့အကြံပေးစေလိုပါတယ်နော်။ :108: သူငယ်ချင်းတို့ မအားတဲ့ကြားက ဒီလိုပြောရတာ စိတ်မရှိကြပါနဲ့နော်။ မေးလ်နဲ့မဟုတ်လဲစီဘောက်ကနေ ပြောလို့လဲ ရပါတယ်။ မျှော်နေမယ်နော်။

ထား..

(ထား ကိုယ်စား အမုန်းမရှိတဲ့ကမ္ဘာမှ အဖွဲဝင်တစ်ဦးမှ ပိုစ်လုပ်အကူအညီတောင်းပါတယ်။ အားလုံး အချိန်ရရင် ကူညီစဉ်းစားပေးကြပါဦးနော်။ )