Showing posts with label မှတ်တမ်း. Show all posts
Showing posts with label မှတ်တမ်း. Show all posts

Monday, November 22, 2010

လသာည ချစ်သော လသာည.....။



လပြည့်ညလေးတွေကို အရမ်းချစ်သတဲ့။
မိဆိုးလေးတို့ က လပြည့်ညကို ချစ်တဲ့ လသာညကို ချစ်ကြတယ်။
ဒီနေ့ က  တိုက်တိုက်ဆိုင်ဆိုင် လရဲ့ ဆွဲအားအများဆုံး လပြည့်နေ့ 
ဖြစ်နေခဲ့တယ်။ 
တန်ဆောင်တိုင်ကိုလွမ်းတယ်....။
မယ်ဇလီဖူးသုပ်ကိုလွမ်းတယ်..။
မြန်မာပြည်ကိုလွမ်းတယ်....။
မိဆိုးလေး (၂၂.၁၁.၂၀၁၀) ၀၁:၄၈



Sunday, May 9, 2010

ဘယ်သူ့ကိုပိုချစ်သလဲ


ဘယ်သူ့ကိုပိုချစ်သလဲ…..??????
ဒါဟာကလေးငယ်ဘဝမှာမေးခံရလေ့ရှိတဲ့စကားလေးပေါ့…

ကျမကတော့ငယ်ငယ်လေးက..“ဖေဖေကြီး..ဖေဖေကြီး…ဖေဖေကြီးကိုချစ်…တယ်၊ မေမေကြီး..မေမေကြီး..မေမေကြီးကိုချစ်..တယ် ”ဆိုတဲ့တေးလေးဆိုပြီး...
ဖေကောမေကောရဲ့အချစ်ကိုသိမ်းပိုက်ထားသူလို့ဆိုကောင်းဆိုနိုင်ပါတယ်။ ဘယ်သူ့ကိုဘယ်ဝါ့ကိုပိုတယ်လို့မပြောမိဘူးအောင်းမေ့တာပဲ…း)

အရွယ်လေးရလာတော့…အမေ့ကိုပိုမိလာတယ်…ဒါဟာလည်းအဖေဟာအဲဒီအချိန်ကကိုယ့်ဆရာလေ…
ဒီတော့အဖေဆိုတာထက်..ဆရာလို့ပဲပိုထင်နေတယ်..ဆန်ရင်းနာနာဖွတ်ဆိုပြီး..ဆူစရာရှိရင်ကိုယ်တွေပဲ..
ပိုအဆူခံထိတာလေ…အဲဒီတော့တဖြည်းဖြည်းနဲ့အဖေနဲ့ဝေးလာပြီး၊ အမေနဲ့နီးနီးလာမိတယ်။

အမေဆိုတော့….အမေကသာမာန်အိမ်ရှင်မလေးပါ။ ဒါပေသိ…အမေဟာသူ..၇..တန်းနှစ်ကစလို့ကျမတို့မွေးပြီးအရွယ်ရောက်လူလားမြှောက်ထိတိုင်အောင်..
စက်ချုပ်ပြီးအိမ်ရဲ့စီးပွားရေးကိုတဘက်တလမ်းကနေထောက်ပံပေးခဲ့သူပါ။..ကျမတက္ကသိုလ်တတိယနှစ်မှ...
အမေဟာစက်ချုပ်တဲ့ဒဏ်နဲ့အိပ်ယာထဲလဲပြီး၊လုံးဝရပ်နားခဲ့ရတယ်။

စက်ချုပ်ခဲ့စဉ်တုန်းက..အမေဟာသိပ်ကိုအလုပ်လောဘကြီးပါတယ်…မိုးလင်းမိုးချုပ်တကုပ်ကုပ်ဆိုတာ..
အမေမှအစစ်ပါ။…စက်ချုပ်နေလို့အိမ်အလုပ်လစ်ဟင်းမယ်မထင်နဲ့…အမေဟာသိပ်ကိုထောင့်စေ့လွန်းပါပေတယ်….
ဒါပေသိ..အမေ့ကိုကြည့်လိုက်ရင်ပင်ပန်းရုပ်မပေါ်ဘူး…အမြဲတမ်းသနပ်ခါးနံလေးတသင်းသင်းနဲ့..
လုပ်စရာရှိတာကုပ်လုပ်နေတာပဲ…..

ဒီတော့ဘာဖြစ်လာလဲဆိုတော့…အမေ့ကိုသတိထားမိလေလေ…
အဖေ့ကိုအမြင်ကတ်လာလေလေ..(အဟဲ..ဖားသားကြီး..ကန်တော့နော်..း)..စိတ်ထဲမှာလဲဖြစ်မိတယ်..
အဖေဟာဘာလို့ဒီလောက်ဇိမ်ကျနေတာလဲ..အမေ့ကိုနည်းနည်းပါးပါးသနားပါအုံးလား….အမယ်..ကိုယ်ကကိုယ်က.(တကယ်ဆိုအမေကလဲ..ကျမတို့ကိုသိပ်မကူခိုင်းဘူး..ကျောင်းစာလစ်ဟင်းမှာကြောက်လို့ထင်ပါတယ်..)…

မနက်ဆိုအဖေကအမေပြင်ပေးတဲ့ရေနွေးကြမ်းလေးသောက်၊ထမင်းပူပူလေးစားပြီးတော့..ကျောင်းကို၊ အဖေ့စိတ်ထဲမှုာကျောင်းကိစ္စအရေးကလွဲရင်..ဘာမှမရှိ၊.တခြားစီးပွားရေးလည်းမလုပ်တတ်၊
ယုတ်စွအဆုံး..စာတောင်ပြမစားဘူး…ဟဟ။..ဒါပေသိ..ကျောင်းကပြန်လာရင်..ကျောင်းသားတွေ...
တရုန်းရုန်းနဲ့ပါလာတယ်..အဲဒီအချိန်တုန်းက..မြို့နယ်လူရည်ချွန်ပြိုင်ပွဲတွေရှိတယ်လေ..
အဖေကကိုယ့်နယ်ကကျောင်းသားတွေ...ထွန်းထွန်းပေါက်ပေါက်ဖြစ်စေ့ချင်တယ်လေ..
ဒီတော့ကျောင်းသားတွေကိုဒုတ်မိုးပြီးtrainingသွင်းတော့တာပဲ…

အကျိုးဆက်ကတော့..စေတနာဆရာဆိုပြီး..ပီတိစားပြီး..ခါးချိ..အဲ..အားရှိနေတာ..ဖေဖေလေ။..
ဒီတော့ပါရမီဖြည့်ဖက်မေမေခမျာ...ကျမတို့တွေရဲ့ရှေ့ပညာရေးချောမွတ်စေဖို့အရေး...
စက်ကိုကုန်းပြီးနင်းယုံမှတစ်ပါး..အခြားမရှိလေပြီ။

အဲဒီလိုစေတနာရှင်အဖေဆရာနဲ့မေတ္တာရှင်အမေအိမ်ရှင်မကနေ..ဘယ့်နယ့်ဂျစ်ကန်ကန်ကျမ
ဖြစ်နေရတာလဲဆိုပြီး..အဟီး…။ဒါကလဲအရာရာကိုကိုယ့်ရှိတဲ့တထွာတမိုက်ဥာဏ်လေးနဲ့သုံးသပ်ပြီး
၊မှားတယ်ထင်ရင်ပြန်ပြောတတ်တဲ့၊ဘာသိဘာသာမနေတဲ့တတ်တဲ့ဗီဇလေးကြောင့်ပေါ့….တကယ်တော့..
အမေမေတ္တာ၊အဖေ့စေတနာတွေဟာအတိုင်းအတာတစ်ခုထိကောင်းပေမယ့်...တစ်ချို့တစ်ချို့တွေဟာ..
အဲဒါတွေနဲ့မထိုက်တန်ပါဘူး...ရှိတုန်း၊အားကိုးရတုန်းဆရာဆရာဖြစ်နေပေမယ့်၊နောက်ကျောဓားနဲ့ထိုးဖို့
အဆင့်သင့်စောင့်နေသူတွေ....တွေ့ခဲ့ကြုံခဲ့ရတယ်လေ...။အဲဒီအချိန်ဆိုရင်...ကိုယ်ဟာလူကြမ်းကြီးပါပေါ့လေ....အဟဲ။
...ဒီလိုနဲ့အဖေ့အယူအဆနဲ့ကျမအတိုက်အခံတွေဖြစ်၊...အဖေကလည်းငါဆရာဆိုတဲ့မာန်နဲ့ပေါ့....
ဒီလိုနဲ့တဖြည်းဖြည်းအဖေနဲ့ပိုပိုဝေးဝေးလာ။

ဒီလိုနဲ့တနေ့..အဖေ့ကိုချောက်ထဲဆွဲချခံရမယ့်..တနေကြုံလာပါလေရော....လောကဓံ..လောကဓံ။
အဲဒီအချိန်မှာ...ဗြုန်းဆို..မေမေဟာ...မိသားစုရဲ့အရေးမားမားမတ်မတ်ထွက်ရပ်လို့...စိတ်ဓာတ်ရေးရာအရ..
ဖေဖေ့ကိုအားပေးလို့...ကြုံဆုံလာတဲ့လောကဓံကိုအံတုလို့ပေါ့။...တကယ်ပါ..စိက်ထက်တဲ့ကျမကတော့...
ကိုင်းခုတော့ဘယ့်နဲ့ရှိစပေါ့..ဟုတ်တယ်လေ....။..ဒီလိုနဲ့မိသားစုရှေ့ရေး..ပခုန်းပြောင်းရပြီလေ..။

ကျမကတော့နာနေတဲ့..ကျားတကောင်လို..ပေါ့..။..ကိုယ်ကစီးပွားစလုပ်ရအောင်လည်း..ပညာတပိုင်းတစနဲ့.။
ဆိုတော့..ကဲ..စာသင်မယ်...ဖေဖေလိုတော့အလကားပဲတင်းမဟုတ်ဘူး..ပိုက်ဆံအတွက်ဆိုပြီး..
ကိုယ့်ကိုယ်ကို..အသပြာဆရာဘွဲ့ခံပြီး...တလောကလုံးကိုခပ်တင်းတင်းနဲ့မျက်နှာပြောင်တိုက်တော့တာပဲ...။
..မျက်နှာတင်းတာ..အဲဒီကတည်းကအကျင့်ပါသွားတာ..အဟီး(တကယ်ပါ..ငယ်ငယ်ကမျက်နှာတော်တော်ချိုပါတယ်တဲ့..
အဟတ်)။

ဒါပေမယ့်အောင်မြင်ခဲ့ပါတယ်...တကယ်ကျ..အဖေ့ရဲ့စရိုက်ကပါတော့...သေသေချာချာကိုစေတနာထားပြီး၊
အပင်ပန်းခံသင်ပေးတာပါ။..အဲဒီအချိန်.ကျမဘေးကနေ..ကျမစိတ်ခံကိုနားလည်ပေးပြီး၊.ဖြောင်းဖျပေးတဲ့၊
..ထောက်ပံ့ပေးသူကတော့...မေမေရယ်လေ။...တချိန်တညှ်းမှာပဲ...စိတ်ကျနေတဲ့ဖေဖေ့ကိုနားလည်ပေးဖို့အကြောင်း၊
ကျမရဲ့အောင်မြင်မှုတွေဟာဖေဖေရဲ့အရှိန်အဝါတွေလည်းပါဝင်နေတဲ့အကြောင်း...တဖြည်းဖြည်းနားသွင်းပါတော့တယ်။
..ကျမလဲ..ဖခင်တစ်ယောက်ရဲ့တည်ရှိမှု၊..အရှိန်အဝါ၊..ပြီးတော့..ကိုယ်တိုင်ကြုံတွေ့တဲ့အခါ..ခံစားသိလာရတဲ့..
ကျမဟားခဲ့တဲ့စေတနာ....ဒါတွေကို..တဖြည်းဖြည်း..နားလည်လက်ခံမိလာတယ်။

ဒီလိုနဲ့ပဲ...လောကဓံအတက်အကျမှာ..တစ်ယောက်ကိုတစ်ယောက်ဖေးမရင်း၊ နားလည်မှုတွေတည်ဆောက်ရင်း...၊တဦးနဲ့တဦးလည်းပိုပိုပြီးနီးစပ်လာကြတာ.....ဟော..အခုတော့...
အဖေနဲ့လည်း..တယ်ချင်းတွေလိုဖြစ်...အမေကိုလည်းချစ်စနိုးနဲ့စနောက်...ကျမတို့အိမ်သားအားလုံးဟာ...
မိသားစုလိုတသွယ်..မိတ်ဆွေလိုတဖုံနဲ့ပေါ့။..ဖေဖေ့ရဲ့စေတနာ၊မေမေ့ရဲ့မေတ္တာလက်နက်တွေဟာ...
ကိုယ်တို့အိမ်လေးကိုတော့..ထာဝစဉ်လှုံခြုံအေးမြစေတာ..ဂျစ်ကန်ကန်ကျမ..ခြွင်းချက်မရှိ..လက်ခံယုံကြည်သွားပါပြီ...။
. . . . . . . .
. . . . .
. .
.
ခုနေခါ..တစုံတယောက်က..ဘယ်သူ့ပိုချစ်သလဲမေးခဲ့ရင်...ယုန်ငယ်လေးလို..ကျမနှာစေးနေပါမည်။

(အမေနေ့အမှတ်တရ..း)


Saturday, May 8, 2010

တိုကျိုက ရွှေရောင်ရက်များ

ဒီနေ့တော့ ဘလော့ဂင်းနေ့ပါ :D အိပ်မယ်လို့ နှုတ်ဆက်ပြီးမှ စိတ်မဖြောင့်တော့ စာထကြည့်တာ ကြည့်မရဘူး။ ဒါနဲ့ လသာညမှာပိုစ်ရေးပြီး ပေါက်ကရဖြီးဖြန်းလိုက်တယ်။ ဟိုဘက်က စာသံပေသံတွေ များတာမို့ ဒီဘက်တော့ အဲဒါကို ကော်ပီမကူးတော့ပဲ တိုကျိုခရီးအကြောင်း အပြီအပြင်ပြောတော့မယ်။ ဟုတ်တယ်လေ သူများတွေက ဖူဂျီအကြောင်းတွေနဲ့ ကြွားတော့ ကိုယ်ကတစ်ခုခုတော့ ပြန်ပြောမှ အပြန်အလှန် အကြွားကျေသွားမှားP

ဒီတခါ တိုကျိုသွားရတာ ခရီးတအားပန်းတယ်။ တိုကျိုကို ဈေးချိုတဲ့ ညကားကို ရွေးသွားတော့ လူက ပင်ပန်းလိုက်တာ၊ ဟိုရောက်တော့ ဘာမှကို မလုပ်ချင်တော့ဘူး။ အဲဒါနဲ့ သူချက်ပေးတာလေးပဲ စားဖို့ ဖြစ်သွားတယ် (နာ..ပျင်းလို့ ဟုတ်ဖူးနော် သဘောပေါက် ;)

တကယ်ပဲ ခြေထောက်တွေရောင်နေခဲ့တယ်။ ဒါနဲ့လည်း မနားဖြစ်ပဲ လုပ်စရာ ကိစ္စလေးတွေ တနေကုန် လျှောက်သွားပြီး အပြီးလုပ်လိုက်တယ်။ လုပ်ပြီးလို့ ညနေပြန်ရောက်တော့ ခဏနားလိုက်တော့မှ တိုကျိုကလူတွေ ကိုယ့်ကိုနှု့တ်မဆက်ကြဘူးလို့ သတိထားမိသွားတယ်။ ဒီကောင်တွေ မအားလို့ထင်တယ်လို့ တွေးရင်းကနေ “ဟင်း.. ငါက ဧည့်သည်၊ ငါ့ကို စဆက်မှပဲ ပြန်ဆက်မယ်”လို့ ကိုယ့်ဘက်က ဦးအောင် ခပ်တည်တည်နေဖို့ ဆုံးဖြတ်တုန်း ppsဆီက မက်စေ့ ၀င်လာတယ်။ “ရောက်နေတယ်လို့ ပြောသံကြားတယ် အားရင်လာလည်ပါ”တဲ့။ အင်း.. ဖုန်းမဟုတ်သေးဘူး။ မကျေနပ်သေးဘူး။ ညကျရင်တော့ ဖုန်းဆက်ရမယ်လို့ ကြိမ်းဝါးနေလို့ သိပ်မကြာပါဘူး အိစံရဲ့ဖုန်းဝင်လာတယ်..။

အောင်မငေး ..အိုးး မိုင်ဂေါ့...လို့ ထအော်ရအောင် စွာတေးလန်နေတာပဲ...ဟားဟား။ သူ့ကို စပြီး ဖုန်းဆက်မခေါ်လို့တဲ့..။ အဲဒါနဲ့ ဒီက စနေသမီးကလည်း မခံဘူး၊ ပြန်အော်တာပေါ့..။ “ဟေ့ ငါက ဧည့်သည်နော်၊ အိမ်ရှင်တွေ အေးစက်တာကို ငါက ပြန်စိတ်ဆိုးပစ်ရမလားလို့လေ.”.ဟင်း...ဟင်း ရဘူး ရဘူး။ ဒါကို ကြားထဲကနေ shujin က “မင်းတို့ပြောကြတာ ဖုန်းတောင်ပူနေပြီ တော်ပါတော့”လို့ ၀င် စေ့စပ်သေးတယ်။ ဒီလိုနဲ့ ပြောချင်တာ ပြောကြပြီး နိဂုံးချူပ်မှာ နောက်တစ်နေ့ အိမ်မှာ ထမင်းအတူစားဖို့ အစီစဉ်ကို အတိအကျ ရေးဆွဲဖြစ်သွားတယ်။

နောက်တနေ့ကျတော့ pps က သူ့အိမ့်မှာ ၀က်ခြေထောက်ဟင်းချက်ထားကြောင်း ထမင်းစားဖိတ်တယ်။ ppsရဲ့ ၀က်ခြေထောက်ဟင်းကတော့ တကယ်စားကောင်းတာမို့ မငြင်းဘူး။ သွားစားလိုက်တယ်။ စားကောင်းလား မပြောနဲ့ အားလုံးကို မေ့သွားတာပဲ ဓါတ်ပုံလေးတောင် မရိုက်ဖြစ်ဘူး ဟိ။ နောက်ပြီး ချဉ်ပေါင်နဲ့ မျှစ်ကြော်တာမျိုးတွေ့လို့ စားနေတာ သူက ပြောတယ် အဲဒါ ဂျင်းသုတ်တဲ့.. ဟီး တိဘူးလေ သူ့ဟာ က..။ (အခုမှ အတင်းပြောတာ။) ဒါပေမယ့် စားကောင်းတယ်။

ညနေကျတော့ သူ့ကို ကိုယ့်အိမ်မှာ ပြန်လိုက်လည်ဖို့ ခေါ်ခဲ့တယ်။ အိုခရာမကို လာတုန်းက မီးငယ်လေး သင်ပေးသွားတဲ့ ကြက်သားပေါင်း လုပ်စားလို့ပါ။ လုပ်နည်းအဆင့်ဆင့်ကို သူက ကင်မရာနဲ့ မှတ်တမ်းတင်တယ်..
အဲဒီနေ့က အိမ်နားနီးချင်း အိုခါးစံ အိမ်မှာ ထမင်းစုံစားဖြစ်တယ်။ ppsကို ထမင်းစားဖိတ်ပေမယ့် မအားလို့ပါ ဆိုပြီး (အတင်းပြန်သွားတယ်၊)အတင်းလိုက်ခေါ်လို့ “အစ်မက ကိုယ့်လူကို မနိုင်ပဲ ပြောတာကိုး..”တဲ့။ အီး.. ဟုတ်ပဟုတ်ပ ဗူးဆို ဖရုံမသီးတာ သိသော်လည်း လိုက်၍ခေါ်မိ အပြစ်ရှိသွားတာပေါ့နော် :"(

နောက်နေ့တော့ အိစံတို့ ရောက်လာပါတယ်။ ၁၀နာရီကတဲ့က သူအိမ်က ထွက်တော့မယ် ဖုန်းဆက်သော်လည်း ရောက်ချိန်၊ တကယ်ကိုယ့်အိမ်ကို ရောက်လာချိန် ၂ နာရီပါ။ သူက ပြောတော့ပြောပါသေးတယ်.. အစ်မကို ပါတီလုပ်ပေးဖို့ ကိတ်ဝင်ဝယ်နေလို့ပါတဲ့..။
ကိတ်မုန့်ကြောင့် သူ့ကို စိတ်မဆိုးလိုက်ပါဘူးး) တကယ်လည်း အိစံရဲ့ ချိစ်ကိတ်ကလေး တော်တော်စားကောင်းတယ်..။ အိစံကသူ့လက်ရာ ဂျင်းသုပ်လည်း လုပ်ကျွေးပါသေးတယ်။ နောက်တော့ pps ရယ်၊ အိစံရယ် သုံးယောက်သား စကားတွေ ပြောကြတယ် (နားထောင်သူမရှိ၊ ပြောသူပဲ ရှိတယ်း)၊ သုံးယောက်လုံးမှာ မုန့်စားရ၊ ပြောရနဲ့ ပါးစပ်ခမြာ တော်တော်ညောင်းသွားသေးတာ။ နောက်တော့ အချိန်ရတယ်ဆိုပြီး ကင်မရာမင်း pps ဦးဆောင်လို့ ပန်းခြံကို ဓါတ်ပုံရိုက်ထွက်ကြတယ်။ နေရောင်သိပ်မရလို့ ကင်မရာမင်းက စိတ်ပူနေသေးတာ။ အိစံကတော့ နေရောင်ရမရကို စိတ်မ၀င်စားပါဘူး။ အရိုက်ခံရဖို့ပဲ စိတ်စောနေတယ်။ တို့လည်း သူ့ကို တော်တော်ရိုက်ချင်နေတာ (ဓါတ်ပုံ၊ ဓါတ်ပုံ )။ သူက ကင်မရာမင်းတွေကို အစ်မတို့ အချဉ်စားဦမလားလို့ မျက်နှာလုပ်ပါသေးတယ်။ ဒါပေမယ့် တကယ်ထုတ်ကျွေးမသွားပါ...
မောဒယ်များ ဖြစ်ပါတယ်။ လုပ်ချင်တာလုပ်နေတာကို စိတ်ပေါက်ပေါက်နဲ့ ရိုက်ချင်သလို ရိုက်ပစ်လိုက်တာပေါ့ :D

ညမှောင်မှ အိမ်ပြန်ရောက်မှ ကြက်သားပေါင်းကို ထပ်လုပ်စားကြတယ်။ ကြက်ကကြီးလွန်းတော့ ပေါင်းအိုးမဆန့်တော့ ကြက်က ပုံမလှဘူးရယ်။ အဲ အနှုးလည်း လိုတယ်ထင်ပါ့ အဟဲ.. ခွင့်လွှတ်ကြပါ။ shujin က ပြောင်ဖူး တန်ပူရာလုပ်ကျွေးသေးတယ်။ သူတို့က သိပ်မကြိုက်ဖူးထင်ပါတယ်။ အိုးက ဆယ်ချလိုက်တာနဲ့ ၅မိနစ်အတွင်း ကုန်ကုန်သွားတာ အကြော်သည် လက်မနိုင်တောင် ဖြစ်တယ်..။ ထမင်းက ပဲကုလားဟင်း၊ အချဉ်နဲ့ ကြက်သားပေါင်းနဲ့ ထမင်းစားကြတယ်။ ပုံကတော့ တိုကျိုက အပေါင်းအသင်းသယ်ရင်းများနဲ့ ထမင်းလက်စုံ ကြုံတုန်း ရိုက်ထားတာလေးပါ။ တကယ်ပဲ အရမ်းကို ပျော်ဖို့ကောင်းတယ်..။ အားလုံးကို လာရောက်တဲ့အတွက် ကျေးဇူးအထူးပဲ တင်မိတယ်။

အဲ.. နောက်တစ်ခု ချန်လို့ မရသေးဘူး။ အိစံတို့ ဖူဂျီသွားတော့ အားကျမခံ ဘုရားကို တူစုံနွဲလို့ လွတ်လွတ်လပ်လပ် သွားဖူးဖြစ်ပါတယ်..

(လွတ်လွတ်လပ်လပ် လို့ ပြောရတာက အရင်အကြိမ်တွေတုန်းက pps ဖြစ်ဖြစ် အိစံဖြစ်ဖြစ် အတူတူပါပြီး ကလေးတွဲလောင်းနဲ့ သွားရသလို သူတို့က တန်းလန်းတန်းလန်းမိုလို့ပါ..။အခုတော့ သူတို့ မပါပဲ သွားရတော့ လွတ်လပ်စွာ စိတ်တိုင်းကျ ဘုရားမှာ ဆုတောင်းခဲ့တယ်..။ ဘာဆုတောင်းမလဲ သိတယ်ဟုတ်?

လသာည... ဖြစ်ပါတယ်

Friday, May 7, 2010

ရောက်ဖူးတယ်

အခုတစ်လောရေးချင်စိတ်ကလေးရှိနေတုန်းရေးပါဦးမယ်.....း)
မရေးခင်..ကိုယ့်ကိုယ်ကိုနည်းနည်းချင်းစီမိတ်ဆက်ပါရစေ...။
မိဆိုးက..ကြွားတတ်တယ်နော်....(သူများမပြောခင်..အဟဲ)။
ကြွားတယ်ဆိုတာထက်...ကိုယ်သိခဲ့မြင်ခဲ့တာလေးတွေကိုပြန်ပြောပြခြင်းပါ။
အဲဒါ..ဟိုးငယ်ငယ်လေးထဲက....။ အပြင်မှာတွေ့ခဲ့တာတွေကို...အထူးသဖြင့်မေမေ့ကိုပြန်ပြောပြတတ်တာ....။
မေမေကတနေလုံးတကုပ်ကုပ်နဲ့အိမ်မှုကိစ္စတွေနဲ့ပဲလုံးပမ်းနေတာ...အပြင်ထွက်ခဲတယ်လေ....။
အဲဒီတော့...ကိုယ်က..မေမေလေး..သနားပါတယ်၊ သူလဲသိချင်မှာပဲလေဆိုပြီး...အပြင်မှာကြုံခဲ့ဆုံခဲ့တာတွေကိုတလုံးမကျန်ကိုပြန်ပြောပြတာ..ဟေးဟေး...။
မေမေ..ဆန်ဆေးနေရင်ဆန်ဆေးတဲ့နေရာ၊ မေမေ..စက်ချုပ်နေရင်စက်ချုပ်တဲ့နေရာ..၊
ယုတ်စွအဆုံး...အိမ်သာနားထိ...အဟိ။ အိမ်ကညီအစ်မတွေဆို....အမြင်တောင်ကပ်တယ်။
အတူတူကြုံတွေ့ခဲ့တာချင်းအတူတူ... ဒီက..တမှူးပိုရှူတယ်ဆိုပြီး...။

ကဲ..အခုလဲ..တမှူးပိုရှူပါတော့မယ်...း)...တလုံးမကျန်တော့မဟုတ်ပါဘူး..နားထောင်မယ့်သူ(စာဖတ်မယ့်သူ)က..ကိုယ့်အမေလိုဘယ်သည်းညည်းခံပြီး..နားထောင်ပါ့မလဲနော်.....ကဲ..စပါပြီ။

အားလပ်ရက်မှာစာမလုပ်ချင်လို့ယောင်ချာချာဖြစ်နေတုန်း...သူငယ်ချင်းတစ်ယောက်က..တောင်တက်သွားမလို့..လိုက်ဦးမလားဆိုတော့...ဘာဘာညာညာကြာကြာစဉ်းစားမနေပဲ..လိုက်ဖြစ်တယ်..။ တောင်တက်ဆိုပေမယ့်တကယ်ဆို...ဒီကတောင်သိပ်တက်နိုင်တာမဟုတ် (အရွယ်ကစကားပြောခြင်း..း)။
ရောက်ဖူးရင်တော်ပြီလေ....အဟဲ။ ဒီလိုနဲ့တောင်တက်ပါသွားတယ်။ ဘူတာတစ်ခုမှာဆုံကြတယ်..။ တစ်ချို့ကအခုမှတွေ့တာဆိုတော့...ထုံးစံအတိုင်း..အချင်းချင်းမိတ်ဆက်ပြီး၊ ငှားထားတဲ့ကားပေါ်တက်။ ညကမအိပ်လိုက်ရလို့...မိဆိုးတို့ကတော့..အိပ်ဖို့ပဲချောင်းတော့တာပဲ။ ဒီလိုနဲ့တငြိမ့်ငြိမ့်နဲ့ကားသံရောတေးသံပါနားဆင်ရင်း၊ နားဆင်ရင်း..မှေးကနဲဖြစ်သွားလိုက်၊နိုးလာလိုက်။ တေးသံဆိုတာက...ကာရာအိုကေကနော်..။
ကားထဲမှာ..ဝါသနာပါရင်ဇာတ်ကလို့ရလောက်အောင်..ချောင်ချောင်ချိချိလေး။
လောလောဆယ်တော့..ကာရာအိုကေပဲပါတော့......ဟောဒီလို...ဟောဒီလို.....း)

ဒီလိုနဲ့...ဆိုလိုက်..စားလိုက်..သောက်လိုက်..ပေါက်လိုက်နဲ့..တောင်ပေါ်ရောက်သွားတယ်..ကားနဲ့..ကားနဲ့..ဟဲဟဲ။

ဒီလိုနဲ့အနီးအနားကနှင်းခဲတွေပေါ်တက်..တောင်တက်တဲ့စတိုင်နဲ့..အပြတ်ပဲတွေပေး၊ ဓာတ်ပုံတွေတဖျတ်ဖျတ်ရိုက်။

ဒီလိုနဲ့ပဲ..အတူပါလာတဲ့သူတွေနဲ့အဖွဲ့တွေကျလာ၊

ီဒီလိုနဲ့ပဲအဖွဲ့ဝင်အချင်းချင်း..စလိုက်နောက်လိုက်...စောင့်လိုက်..ရိုက်လိုက်( ဓာတ်ပုံ..ဓာတ်ပုံ)။

ဒီလိုနဲ့ပဲ............................................

ဒီလိုနဲ့ပဲ................................................

ကဲ..ကဲ..အချိန်စေ့ပြီတဲ့....အဟိ။

ကိုင်း...ကြွားမယ်....

မိဆိုးတို့ဖူဂျီတောင်.................ရောက်ဖူးတယ်း)




(မှတ်ချက်။ ။ကိုယ့်ကိုယ်ကိုအသုံးအနှုံးနဲ့ပတ်သတ်ပြီး..ငယ်ငယ်လေးက..
နာမည်ထည့်ပြောတတ်တာအမှတ်တရ...မိဆိုး..က...ဟုအသွင်ပြောင်းရေးကြည့်သည်။)
pic. from Google except Mount. Fuji

(ဖူဂျီတောင်တက်အဖွဲ့လေးအားအမှတ်တရရေးဖွဲ့ပါသည်။)