Saturday, May 8, 2010

တိုကျိုက ရွှေရောင်ရက်များ

ဒီနေ့တော့ ဘလော့ဂင်းနေ့ပါ :D အိပ်မယ်လို့ နှုတ်ဆက်ပြီးမှ စိတ်မဖြောင့်တော့ စာထကြည့်တာ ကြည့်မရဘူး။ ဒါနဲ့ လသာညမှာပိုစ်ရေးပြီး ပေါက်ကရဖြီးဖြန်းလိုက်တယ်။ ဟိုဘက်က စာသံပေသံတွေ များတာမို့ ဒီဘက်တော့ အဲဒါကို ကော်ပီမကူးတော့ပဲ တိုကျိုခရီးအကြောင်း အပြီအပြင်ပြောတော့မယ်။ ဟုတ်တယ်လေ သူများတွေက ဖူဂျီအကြောင်းတွေနဲ့ ကြွားတော့ ကိုယ်ကတစ်ခုခုတော့ ပြန်ပြောမှ အပြန်အလှန် အကြွားကျေသွားမှားP

ဒီတခါ တိုကျိုသွားရတာ ခရီးတအားပန်းတယ်။ တိုကျိုကို ဈေးချိုတဲ့ ညကားကို ရွေးသွားတော့ လူက ပင်ပန်းလိုက်တာ၊ ဟိုရောက်တော့ ဘာမှကို မလုပ်ချင်တော့ဘူး။ အဲဒါနဲ့ သူချက်ပေးတာလေးပဲ စားဖို့ ဖြစ်သွားတယ် (နာ..ပျင်းလို့ ဟုတ်ဖူးနော် သဘောပေါက် ;)

တကယ်ပဲ ခြေထောက်တွေရောင်နေခဲ့တယ်။ ဒါနဲ့လည်း မနားဖြစ်ပဲ လုပ်စရာ ကိစ္စလေးတွေ တနေကုန် လျှောက်သွားပြီး အပြီးလုပ်လိုက်တယ်။ လုပ်ပြီးလို့ ညနေပြန်ရောက်တော့ ခဏနားလိုက်တော့မှ တိုကျိုကလူတွေ ကိုယ့်ကိုနှု့တ်မဆက်ကြဘူးလို့ သတိထားမိသွားတယ်။ ဒီကောင်တွေ မအားလို့ထင်တယ်လို့ တွေးရင်းကနေ “ဟင်း.. ငါက ဧည့်သည်၊ ငါ့ကို စဆက်မှပဲ ပြန်ဆက်မယ်”လို့ ကိုယ့်ဘက်က ဦးအောင် ခပ်တည်တည်နေဖို့ ဆုံးဖြတ်တုန်း ppsဆီက မက်စေ့ ၀င်လာတယ်။ “ရောက်နေတယ်လို့ ပြောသံကြားတယ် အားရင်လာလည်ပါ”တဲ့။ အင်း.. ဖုန်းမဟုတ်သေးဘူး။ မကျေနပ်သေးဘူး။ ညကျရင်တော့ ဖုန်းဆက်ရမယ်လို့ ကြိမ်းဝါးနေလို့ သိပ်မကြာပါဘူး အိစံရဲ့ဖုန်းဝင်လာတယ်..။

အောင်မငေး ..အိုးး မိုင်ဂေါ့...လို့ ထအော်ရအောင် စွာတေးလန်နေတာပဲ...ဟားဟား။ သူ့ကို စပြီး ဖုန်းဆက်မခေါ်လို့တဲ့..။ အဲဒါနဲ့ ဒီက စနေသမီးကလည်း မခံဘူး၊ ပြန်အော်တာပေါ့..။ “ဟေ့ ငါက ဧည့်သည်နော်၊ အိမ်ရှင်တွေ အေးစက်တာကို ငါက ပြန်စိတ်ဆိုးပစ်ရမလားလို့လေ.”.ဟင်း...ဟင်း ရဘူး ရဘူး။ ဒါကို ကြားထဲကနေ shujin က “မင်းတို့ပြောကြတာ ဖုန်းတောင်ပူနေပြီ တော်ပါတော့”လို့ ၀င် စေ့စပ်သေးတယ်။ ဒီလိုနဲ့ ပြောချင်တာ ပြောကြပြီး နိဂုံးချူပ်မှာ နောက်တစ်နေ့ အိမ်မှာ ထမင်းအတူစားဖို့ အစီစဉ်ကို အတိအကျ ရေးဆွဲဖြစ်သွားတယ်။

နောက်တနေ့ကျတော့ pps က သူ့အိမ့်မှာ ၀က်ခြေထောက်ဟင်းချက်ထားကြောင်း ထမင်းစားဖိတ်တယ်။ ppsရဲ့ ၀က်ခြေထောက်ဟင်းကတော့ တကယ်စားကောင်းတာမို့ မငြင်းဘူး။ သွားစားလိုက်တယ်။ စားကောင်းလား မပြောနဲ့ အားလုံးကို မေ့သွားတာပဲ ဓါတ်ပုံလေးတောင် မရိုက်ဖြစ်ဘူး ဟိ။ နောက်ပြီး ချဉ်ပေါင်နဲ့ မျှစ်ကြော်တာမျိုးတွေ့လို့ စားနေတာ သူက ပြောတယ် အဲဒါ ဂျင်းသုတ်တဲ့.. ဟီး တိဘူးလေ သူ့ဟာ က..။ (အခုမှ အတင်းပြောတာ။) ဒါပေမယ့် စားကောင်းတယ်။

ညနေကျတော့ သူ့ကို ကိုယ့်အိမ်မှာ ပြန်လိုက်လည်ဖို့ ခေါ်ခဲ့တယ်။ အိုခရာမကို လာတုန်းက မီးငယ်လေး သင်ပေးသွားတဲ့ ကြက်သားပေါင်း လုပ်စားလို့ပါ။ လုပ်နည်းအဆင့်ဆင့်ကို သူက ကင်မရာနဲ့ မှတ်တမ်းတင်တယ်..
အဲဒီနေ့က အိမ်နားနီးချင်း အိုခါးစံ အိမ်မှာ ထမင်းစုံစားဖြစ်တယ်။ ppsကို ထမင်းစားဖိတ်ပေမယ့် မအားလို့ပါ ဆိုပြီး (အတင်းပြန်သွားတယ်၊)အတင်းလိုက်ခေါ်လို့ “အစ်မက ကိုယ့်လူကို မနိုင်ပဲ ပြောတာကိုး..”တဲ့။ အီး.. ဟုတ်ပဟုတ်ပ ဗူးဆို ဖရုံမသီးတာ သိသော်လည်း လိုက်၍ခေါ်မိ အပြစ်ရှိသွားတာပေါ့နော် :"(

နောက်နေ့တော့ အိစံတို့ ရောက်လာပါတယ်။ ၁၀နာရီကတဲ့က သူအိမ်က ထွက်တော့မယ် ဖုန်းဆက်သော်လည်း ရောက်ချိန်၊ တကယ်ကိုယ့်အိမ်ကို ရောက်လာချိန် ၂ နာရီပါ။ သူက ပြောတော့ပြောပါသေးတယ်.. အစ်မကို ပါတီလုပ်ပေးဖို့ ကိတ်ဝင်ဝယ်နေလို့ပါတဲ့..။
ကိတ်မုန့်ကြောင့် သူ့ကို စိတ်မဆိုးလိုက်ပါဘူးး) တကယ်လည်း အိစံရဲ့ ချိစ်ကိတ်ကလေး တော်တော်စားကောင်းတယ်..။ အိစံကသူ့လက်ရာ ဂျင်းသုပ်လည်း လုပ်ကျွေးပါသေးတယ်။ နောက်တော့ pps ရယ်၊ အိစံရယ် သုံးယောက်သား စကားတွေ ပြောကြတယ် (နားထောင်သူမရှိ၊ ပြောသူပဲ ရှိတယ်း)၊ သုံးယောက်လုံးမှာ မုန့်စားရ၊ ပြောရနဲ့ ပါးစပ်ခမြာ တော်တော်ညောင်းသွားသေးတာ။ နောက်တော့ အချိန်ရတယ်ဆိုပြီး ကင်မရာမင်း pps ဦးဆောင်လို့ ပန်းခြံကို ဓါတ်ပုံရိုက်ထွက်ကြတယ်။ နေရောင်သိပ်မရလို့ ကင်မရာမင်းက စိတ်ပူနေသေးတာ။ အိစံကတော့ နေရောင်ရမရကို စိတ်မ၀င်စားပါဘူး။ အရိုက်ခံရဖို့ပဲ စိတ်စောနေတယ်။ တို့လည်း သူ့ကို တော်တော်ရိုက်ချင်နေတာ (ဓါတ်ပုံ၊ ဓါတ်ပုံ )။ သူက ကင်မရာမင်းတွေကို အစ်မတို့ အချဉ်စားဦမလားလို့ မျက်နှာလုပ်ပါသေးတယ်။ ဒါပေမယ့် တကယ်ထုတ်ကျွေးမသွားပါ...
မောဒယ်များ ဖြစ်ပါတယ်။ လုပ်ချင်တာလုပ်နေတာကို စိတ်ပေါက်ပေါက်နဲ့ ရိုက်ချင်သလို ရိုက်ပစ်လိုက်တာပေါ့ :D

ညမှောင်မှ အိမ်ပြန်ရောက်မှ ကြက်သားပေါင်းကို ထပ်လုပ်စားကြတယ်။ ကြက်ကကြီးလွန်းတော့ ပေါင်းအိုးမဆန့်တော့ ကြက်က ပုံမလှဘူးရယ်။ အဲ အနှုးလည်း လိုတယ်ထင်ပါ့ အဟဲ.. ခွင့်လွှတ်ကြပါ။ shujin က ပြောင်ဖူး တန်ပူရာလုပ်ကျွေးသေးတယ်။ သူတို့က သိပ်မကြိုက်ဖူးထင်ပါတယ်။ အိုးက ဆယ်ချလိုက်တာနဲ့ ၅မိနစ်အတွင်း ကုန်ကုန်သွားတာ အကြော်သည် လက်မနိုင်တောင် ဖြစ်တယ်..။ ထမင်းက ပဲကုလားဟင်း၊ အချဉ်နဲ့ ကြက်သားပေါင်းနဲ့ ထမင်းစားကြတယ်။ ပုံကတော့ တိုကျိုက အပေါင်းအသင်းသယ်ရင်းများနဲ့ ထမင်းလက်စုံ ကြုံတုန်း ရိုက်ထားတာလေးပါ။ တကယ်ပဲ အရမ်းကို ပျော်ဖို့ကောင်းတယ်..။ အားလုံးကို လာရောက်တဲ့အတွက် ကျေးဇူးအထူးပဲ တင်မိတယ်။

အဲ.. နောက်တစ်ခု ချန်လို့ မရသေးဘူး။ အိစံတို့ ဖူဂျီသွားတော့ အားကျမခံ ဘုရားကို တူစုံနွဲလို့ လွတ်လွတ်လပ်လပ် သွားဖူးဖြစ်ပါတယ်..

(လွတ်လွတ်လပ်လပ် လို့ ပြောရတာက အရင်အကြိမ်တွေတုန်းက pps ဖြစ်ဖြစ် အိစံဖြစ်ဖြစ် အတူတူပါပြီး ကလေးတွဲလောင်းနဲ့ သွားရသလို သူတို့က တန်းလန်းတန်းလန်းမိုလို့ပါ..။အခုတော့ သူတို့ မပါပဲ သွားရတော့ လွတ်လပ်စွာ စိတ်တိုင်းကျ ဘုရားမှာ ဆုတောင်းခဲ့တယ်..။ ဘာဆုတောင်းမလဲ သိတယ်ဟုတ်?

လသာည... ဖြစ်ပါတယ်

6 comments:

မိဆိုးလေး said...

တို့ များလဲ အားကျပါရဲ့  မင်းလိုပုံနှယ်...။ အဲ့ ဟယ် အဲ့ဟယ်..။အမွှာနဲ့ တူတယ်နော် ရုပ်တော်တော်ဆက်တာပဲ...။

pps said...

ယုံပါပြီ..ယုံပါပြီ..တော်ပါတော့ပြောရမလိုဖြစ်နေပြီ..ဟင်း၊
မလင့်ခ်ရတာနဲ့ပဲ..ပုံတွေအကုန်တင်နေတယ်......ဟင်း၊
ချဉ်ပေါင်ကြော်တဲ့........................ဟင်း၊
တဟင်းဟင်းနဲ့ပြန်သွားသည်။

လသာည said...

အဟားဟားဟား :D

Anonymous said...

လာပြီ အိစံတို့ ကို ဒီလိုလုပ်လို့ ဘယ်ရမလဲ။ အင်း..အထင်ပြောရရင် လသာည ကဒီတခေါက်လူကြီးနဲ့ တော်တော်အဆင်ပြေတော့ စွာချင်နေတယ်။ အားကိုးနဲ့ လေ။

ကိုကတစ်ယောက်တည်းသမားဆို တော့ သည်းခံရတယ်လေ....

ဗက်ဆာ said...

လတာည တိုးတက်လာပြီပဲ။ ပဲကုလားမဟင်းလို့မပြောတော့ဘူး။ :D :D :D ကြက်သားလဲပေါင်းတတ်သွားပြီ ဆိုတော့ ဗက်ဆာ့ထက် အဆင့်မြင့်ပြီး စူပ့ါစူပါ စားဖိုမှူးဖြစ်သွားပြီ။ -- သိပြီမဟုတ်လား။ အိစံ။ အူတို့က အဲလို လွတ်လွတ်လပ်လပ်တွားချင်နေတာ။ နောက်တစ်ခေါက်ဆို အလွတ်ကို မပေးနဲ့။ ---- လတာည ပို့စ်ရေးရင်း သွားကြီး ဖြီးနေမှာ မြင်ယောင်သေး။ ---- :D :D ဗက်ဆာတော့ ကော်မန့်ကို သွား၁၂ချောင်းပေါ်အောင် ပြုံးဖြီး---ပြီး ရေးသွားပြီ။

ထား said...

“တို့များလဲ အားကျပါရဲ့ နုလိုပုံနှယ်” ဟေမာနေဝင်း တော့မဟုတ်ပါဘူး။ ကြက်သားပေါင်း အိစံ ချိစ်ကိတ် နောက် မော်ဒယ်လ်လေးများရဲ့အလှ အားလုံးကို ခံစားသွားပါတယ်။