Tuesday, November 23, 2010

အိုဘယ့်..သံယောဇဉ်

ကျမကတိရိစ္ဆာန်ချစ်တတ်သူပေမယ့်..ကြောင်ကိုတော့သိပ်စိတ်ထဲမှာမရှိလှခဲပါ့ဘူး...။

ကြောင်ဆိုတဲ့အမျိုးကလည်း..မွေးရင်မနေတတ်ဘူးဆိုလား..။
သူ့အလိုလို..သခင်အိမ်ရွေးတယ်ဆိုလား..။
နောက်ပြီး..အိမ်ပူလဲမခံဘူးဆိုလား...။
ဟုတ်မဟုတ်မသိပါဘူး...အိမ်မှာက.အခြားအိမ်မွေးတိရိစ္ဆာန်လေးတွေ..မွေးတတ်ပေမယ့်
ကြောင်ကိုတော့..တခုတ်တရမမွေးဖြစ်ခဲ့တော့။
ဒါပေမယ့်....ဘေးအိမ်ကကြောင်တကောင်ကောင်..အိမ်မှာလာ.လာနေတတ်
တာတော့ရှိတယ်။သူက..စားချိန်တွေပဲလာတတ်လို့..အိမ်ကြောင်လို့သတ်မှတ်လို့
ရဘူးလေ...။နောက်ပြီး..ဗိုက်ဝရင်အကိုင်တောင်ခံတာမဟုတ်တော့..ကြောင်ပါးကြီးဆိုပြီး
စိတ်ထဲတောင်ခုမိတယ်.အိမ်မှာမွေးထားတဲ့ရှဥ့်ကလေးတွေ..ငှက်ကလေးတွေဆို..
သူပဲအစဖျောက်ပစ်တာကများတာ...။ဒီတော့ကာ..တိရိစ္ဆာန်တွေနဲ့..လက်ပွန်းတတီး
နေတတ်တဲ့ကျမကကြောင်ဆိုတဲ့သတ္တဝါနဲ့တော့..ခပ်စိမ်းစိမ်းပဲနေပါ့မယ်ပေါ့ရှင်...။

တိရိစ္ဆာန်လေးတွေမွေးမြူရတာ...ပျော်သလောက်..သူတို့လေးတွေ..ခွဲခွာသွားရင်
တော်တော်ပူလောင်တာရော...။နောက်တော့..အမေက..ဘာမှပေးမမွေးတော့ဘူး...
ခွေးကလွှဲလို့ပေါ့ရှင်..။သူကတော့..ကြောင်ရန်မကြောက်ရဘူးလေ....ပြီးတော့..နယ်မှာ..
ခွေးက..တအိမ်တကောင်အနည်းဆုံးရှိတတ်ကြတာကလား..။ကိုယ့်အိမ်မှာမရှိလည်း
တခြားအိမ်ကခွေးလေးတွေကို..အစာခေါ်ကျွေးတတ်တော့..ကျမတို့အိမ်ဟာဖြင့်..
ခွေးမရှိတဲ့အချိန်မရှိအောင်ပါပဲ..။..ဘေးအိမ်ကခွေးတွေဆိုရင်..သခင်အစစ်အပြင်ထွက်ရင်
မလိုက်ဘူး..ကျမတို့အပြင်ထွက်ရင်လိုက်လွန်းလို့..အပြင်တခါထွက်မယ့်ကြံရင်..
ခွေးပုန်းရတာ..တဒုက္ခ။..မှတ်မှတ်ရရ..နယ်မှာနေတုန်းကမွေးခဲ့တဲ့ခွေးလေးတွေအမည်က..
လက်ဖြူ၊အောင်နက်၊ကြာဖြူ၊သူဇာ၊ကောက်ရတဲ့...။

ဟော..နယ်ကပြောင်းလာတော့...တိရိစ္ဆာန်တကောင်ကောင်အမြဲမွေးထားတတ်တဲ့..
ကျမတို့အိမ်ဟာ..မပြီးမပြည့်စုံသလိုပါပဲ..။...ပိုင်ရှင်မဲ့ခွေးလေးတွေကို..ထမင်းကျန်ဟင်းကျန်
ကျွေးဖြစ်ပေမယ့်..အိမ်ခေါ်မွေးဖို့အထိတော့..သိပ်မတွယ်လှဘူးရယ်..။
ကျမကသာခွေးမွေးထားချင်စိတ်ဖြစ်နေပေမယ့်လောလောဆယ်ကြုံနေရတာက...ကြွက်။
ဟုတ်တယ်..လား..လား..သူတို့က..သိပ်အတင့်ရဲတာ..။..အကောင်ကလဲကြီးတော့..
ထောင်ချောက်ဆင်ပြန်ရင်လဲ..စိတ်မချမ်းသာရ..။နောက်ဆုံးတော့..သူငယ်ချင်းတယောက်
အိမ်ကနေ..ကြောင်မွေးဘို့တောင်းရတော့တာပေါ့..။ကြောင်ကိုတခုတ်တရပထမဆုံးမွေးဖူးခြင်းပါပဲ....။

ကြောင်လေးက..သေးသေးလေးရယ်...။...ကြွက်ကြောင့်မွေးဖြစ်ပေမယ့်...တကယ်က..
ကြွက်ကသူထက်ကြီးနေတာလေ...။....တကယ့်သေးသေး..ကြောင်ကလေးလေးဆိုတော့..
သူကိုပဲ..ဂရုစိုက်နေရတာကလား...။....အဖေကဆို..သူဆော့ဘို့..ပိန်ပေါင်လေးဝယ်ပေးပြီး..
ကြိုးလေးနဲ့ဆွဲဆော့..နဲ့..အဖေ့အချစ်တော်ဖြစ်လာရတာပေါ့...။..ဒါပေမယ့်..အမည်သညာတောင်
မမည့်ရသေးပဲ...ကြောင်ကလေး..သေသွားရှာတယ်..။နောက်ထပ်မွေးဘို့...ကြောင်လဲ..
မတောင်းဖြစ်တော့ပါဘူး..။သူ့အလိုလို..လာလည်တဲ့ကြောင်ပဲစောင့်တော့မယ်ဆိုပြီးပေါ့..။

ဟော..မကြာပါဘူး..ရှင်..။ကြောင်တကောင်အလည်ရောက်လာပါရောလား...။
ကျမတို့လည်း..အခြေအနေစောင့်ကြည့်ပြီး..အစာကျွေးတော့..နောက်ပိုင်း..အိမ်မြဲသွားတော့တာပဲ..။
ဒါပေသိ..အဲဒီအချိန်က..အိမ်မှာ..ခွေးပေါက်ကလေးတွေ(ဒေးဗစ်၊ဂျက်ကီ၊မည်းလေး..တဲ့..း).
မွေးထားတော့..သူ့ခမျာ....ခွေးလေးတွေဆော့တဲ့ဒဏ်မနဲခံရတာပေါ့...။
ကြွက်မခုတ်ပေသိ..သူရှိနေလို့ထင်ရဲ့...အရင်လို..မဟုတ်တော့ဘူး..။
သူက..သိပ်သဘောကောင်းလွန်းတော့...ခွေးလေးတွေလည်းဆော့ဖေါ်ရ..ကျမတို့ကိုင်ရင်လည်း
ငြိမ်နေတာရော..။..ညည..လူပေါ်လာအိပ်ပြီး..တခွီးခွီးအသံကိုတော့..ကျမ..သည်းညည်းမခံနိုင်တာ
ကလွှဲလို့....သူကလည်း..အိမ့်အချစ်တော်လေး..ဖြစ်လာခဲ့တယ်။
သက်ဆိုးတော့မရှည်ဘူးရယ်..နေမကောင်းဖြစ်နေပြီး....နောက်ဆုံးအချိန်အထိ..သူ့ကိုခေါ်ရင်
အမြီးကလေး..လှုပ်ပြရင်း..ကျမတို့နဲ့ခွဲခွာ..သွားရှာပြန်တယ်.။

နောက်တော့..အိမ်မှာ..ကြောင်လာရင်ပေးမနေတော့ဘူး..။အဓိကကတော့..တအိမ်လုံးအချစ်တော်
လက်ကျန်ခွေးလေးကြောင့်ပေါ့(ဂျက်ကီရယ်လေ)..။သူက(ခွေးစကားပြောတယ်ဆိုလည်းဆိုတော့)
မနာလိုသိပ်ဖြစ်တာရော..တခြားမပြောနဲ့..အိမ်လည်လာတဲ့ကလေးမမြူရဲအောင်ပ..။
မျက်ထောင့်နီကြီးနဲ့ကြည့်တော့တာ..။..ဆိုတော့..ဘေးအိမ်ကြောင်တွေ၊လမ်းဘေးခွေးတွေ
အစာလာတောင်းရင်..အိမ်ပြင်ထွက်ကျွေးရ..သူ့စောင့်ကြည့်ရ..တဒုက္ခပေါ့...။
ဒါပေသိ..ဒီတခေါက်အိမ်အပြန်..အိမ်မှာ..အိမ်သားတယောက်တိုးနေပါရောလား....။ 
သူကတော့..ဟောဒီကောင်ကြီးပေါ့ရှင်..။


တကိုယ်လုံးအနက်ရောင်လွမ်းထားတဲ့..ညီမလေးက.မီးလေး(အထီးပါ..အမြီးလေးလို့
ခေါ်ရကနေ..မီးလေးဖြစ်)..လို့ခေါ်တဲ့သူကတော့...တကယ့်အိမ်ကြီးရှင်ကြီးလို..
ကျမကို.....စိမ်းစိမ်းကြီးကြည့်နေလေရဲ့..။ဟုတ်တယ်လေ..သူ့အတွက်တော့....
ကျမကနောက်မှရောက်လာတဲ့ဧည့်သည်ရော..။ကျမကိုမြင်လို့လဲ...
ထွက်ပြေးသွားခြင်းလည်းမရှိ..ကြိုဆိုခြင်းလည်းမရှိတဲ့..သူ့ကို..
ကျမကလည်းခပ်စိမ်းစိမ်းပဲပြန်ကြည့်မိရဲ့..။

ရောက်လာပုံကလည်း...အိမ်ရှေ့ကနေကို...အတင်းဝင်တာတဲ့လေ..။
အဖေက..ချီပြီး..အပြင်ထုတ်ရင်..အဖေ့အရင်..အိမ်ထဲပြန်ဝင်တာတဲ့..။
ခွေးကြောင့်မဖြစ်ပါဘူးဆိုပြီး..ဘယ်လိုနှင်နှင်...ထုံပေပေရုပ်နဲ့တဲ့....
အိမ်ကခွေးဗိုလ်လည်း..သူနဲ့ကျမှ...မာန်လျော့ရတာတဲ့လေ..။
အစကတော့မာန်လားဟိန်းလားလုပ်ပေမယ့်..သူ့မကြောက်လို့..လဒမှိုင်..
မှိုင်ရတာကကျမရဲ့ခွေးပဲပေါ့ရှင်..။..နောက်မှရောက်လာပေမယ့်...ကြောင်ဆိုတော့
ဘယ်နေရာမဆိုသွားလာခွင့်ရနေတော့...ထမင်းစားပွဲပေါ်တက်လား..တက်ရဲ့..၊
စောင်ပုံပေါ်ခွေလားခွေရဲ့..နဲ့.၊..သူသိပ်ချမ်းလာရင်..လူတွေကြားတိုးဝှေ့တက်
ထိုင်လားထိုင်ရဲ့နဲ့...တအိမ်လုံးမင်းမူနေလေတော့..ကျမရဲ့ခွေးလေးခမျာ..နေနှင့်အုန်းပေါ့
တနေ့နေ့တွေ့မယ်စတိုင်နဲ့..ဟောဒီလိုအိပ်စောင့်နေလေရဲ့.။



ကျမကတော့..အိမ်မှာဧည့်သည်တပိုင်းလိုဝင်လိုက်ထွက်လိုက်နဲ့..အိမ်သားအသစ်ကို..
ရင်းနှီးဘို့သိပ်မကြိုးစားဖြစ်ဘူးရယ်..။...ညီမလေးကတော့..သူ့ကြောင်အကြောင်းပြောရရင်
မမောနိုင်မပန်းနိုင်။..သူ့ကြောင်က..မီးလေးလို့ခေါ်ရင်..အမြီးလှုပ်ပြတတ်ကြောင်း..၊
..သူနဲ့ဆော့ချင်ရင်..ခြေညှိုးလေးတာလှုပ်ပြလိုက်..အလွန်အူးယားတတ်တဲ့အကြောင်း..၊
တနေရာရာအိပ်မိရင်..အဲ့နေရာကိုပဲ..၃၊၄ရက်ဆက်တိုက်ဝင်ခွေနေတတ်ကြောင်း.၊
တခါတလေ..ခွေးကိုကြောက်ချင်ယောင်ဆောင်တတ်သေးကြောင်း...၊
တခါကတော့..အိပ်နေတဲ့ခွေးနှုတ်ခမ်းမွေးသွားမွေးမွေးပေးမိလို့...ခွေးလန့်နှိုးသွားပြီး..
၂ကောင်လုံးဝရုံသုံးကားထွက်ပြေးကြတဲ့အကြောင်း..စုံလို့ပေါ့လေ..။
ကျမက..လေနည်းနည်းလျှော့လို့ပြောရင်..ကြောင်ခေါ်ပြီးလုပ်ခိုင်းပေမယ့်...
ကိုရွှေကြောင်နက်ကထုံမြဲ..ပေမြဲ။..တကယ်တော့..ဒီအလေ့တွေဟာ..ကြောင်တွေ
လုပ်လေ့လုပ်ထရှိတာဖြစ်ကောင်းဖြစ်ပေမယ့်..ညီမလေးကတော့..ဒါကိုပဲ..စကားလုပ်ပြောပေါ့..။

ဟော..ဒီလိုနဲ့..ကျမပြန်ဖို့အချိန်တန်လို့အထုတ်တွေပြင်တော့(သူ့ကိုခေါ်လိုက်ရင်..
အမြီးလေးပဲလှုပ်ပြပြီး..အသိအမှတ်ပြုတတ်တာကလွှဲရင်..ဘာသိဘာသာပဲနေတတ်တဲ့)
ကိုရွှေကြောင်နက်က..ဟောဒီလို..ကျမအိတ်ထဲဝင်ခွေပြီး...ကျမကိုမပြန်ပါနဲ့အုန်းလို့..
တားနေသယောင်ယောင်...။


Monday, November 22, 2010

လသာည ချစ်သော လသာည.....။



လပြည့်ညလေးတွေကို အရမ်းချစ်သတဲ့။
မိဆိုးလေးတို့ က လပြည့်ညကို ချစ်တဲ့ လသာညကို ချစ်ကြတယ်။
ဒီနေ့ က  တိုက်တိုက်ဆိုင်ဆိုင် လရဲ့ ဆွဲအားအများဆုံး လပြည့်နေ့ 
ဖြစ်နေခဲ့တယ်။ 
တန်ဆောင်တိုင်ကိုလွမ်းတယ်....။
မယ်ဇလီဖူးသုပ်ကိုလွမ်းတယ်..။
မြန်မာပြည်ကိုလွမ်းတယ်....။
မိဆိုးလေး (၂၂.၁၁.၂၀၁၀) ၀၁:၄၈



Friday, November 12, 2010

Sunday, November 7, 2010

Departure or Arrival?????



ဒီတခေါက်အိမ်အပြန်....လေဆိပ်ကိုအဖေနဲ့အမေပဲလာကြိုကြတယ်...

ညီမလေးနဲ့ကဖုံးနဲ့အကျိုးအကြောင်းပြောထားပြီးပေမယ့်..စိတ်ထဲတထင့်ထင့်..။
အဆင်မှပြေပမလား......။
ဟော...တွေ့ပါပြီ...အဖေနဲ့အမေ့ကို...မှန်ကာရဲ့ဟိုဖက်မှာ..။
လှမ်းပြီးလက်မြှောက်ပြလိုက်ပေမယ့်..အဖေ့ကိုကြည့်ရတာ...မြင်တဲ့ပုံမပေါ်။
ဘာပဲဖြစ်ဖြစ်..စိတ်တော့အေးသွားပါပြီ။
လေဆိပ်ကအထွက်..အဖေကတက္ကဆီသွားခေါ်တယ်...။
ကြာလိုက်တာ...ပြောတော့ခဏဆိုပြီး။

အင်း..ဒီတခေါက်လေဆိပ်သွားရမှာ...လင်မယား၂ယောက်တည်း...။
တက္ကဆီခေါ်တော့..လေဆိပ်ပေါ့...အပြန်အတွက်ပါစောင့်ပေးဆိုတော့..စိတ်ချတဲ့..။
ဟိုရောက်တော့...ကားဆရာချပေးတဲ့နေရာကနေအထဲဝင်။
အင်း..တမျိုးတော့တမျိုးပဲ...အဆင်အပြင်မတူသလိုလို။
ယောင်ချာချာဖြစ်နေတုံး..၀န်ထမ်းကမေးတယ်..ဘယ်လေယာဉ်နဲ့လဲတဲ့...။
လာကြိုတာပါဆိုမှ....စောင့်ရမယ့်နေရာလမ်းညွှန်လိုက်တယ်....။
ဟော...ဟော..ဟိုမှာထင်တယ်...။
တူတော့တူတယ်....ဒါနဲ့ဘောင်းဘီကြီးနဲ့ဟလို့...ဇဝေဇ၀ါဆိုတော့..အနားကအိမ်သူက
မျက်စောင်းထိုးတယ်...။
သားအမိ၂ယောက်ကိုခဏဆိုပြီးထားခဲ့ပြီး..အလာတုံးကခေါ်လာတဲ့ကားဆီသွားလိုက်တယ်။

အင်း..ဒီအဖိုးကြီး..ပြန်မြန်း..သွားပြီလား..ဒါမှမဟုတ်..ဟိုမြန်းပါသွားပြီလားမသိ...။
စောင့်နေပါဆိုလို့...အခုဆို..၁နာရီနီးနီးရှိနေပြီ..။
ဟော...ဟော...လာပါပြီ..။
အဖိုးကြီးလဲကားပေါ်ရောက်...ကားကိုလမ်းမကြီးပေါ်မောင်းထွက်လိုက်တယ်။

ဟိုးးးး..ကားဆရာ...ဟိုးးးးးးးးးးးးးးးးးးးး။
ဘယ်ကိုမောင်းတာလဲဗျ......
ကျုပ်မိန်းမနဲ့သမီး..ကျန်ခဲ့ပြီ..........ကျန်ခဲ့ပြီ...
ကျုပ်တို့က..သမီးလာကြိုတာဗျ.....ခင်များကလဲ။

Saturday, November 6, 2010

နားဆင်တော့ကွယ်......း)

ကြိုက်မိတဲ့ကာတွန်းကားတကားရဲ့ဇာတ်သိမ်းသီချင်းလေးပါ။

နား.....ဆင်......တော့ .......ကွယ်.....း)



singer: Youko Honna
Original Writing and Composition: John Denver, Bill Danoff, Taffy Nivert

Source: Animelyrics.com