Wednesday, May 19, 2010

(Breaking News) သံဝေဂပွါးများရန်။

(နှစ်ပါတ် မတင်ဖူးပြောထားပေမဲ့ ---- )

(မင်္ဂလာသတင်းတွေပဲ ဗက်ဆာလဲ တင်ချင်ပါတယ်။ ဘ၀က မင်္ဂလာတွေနဲ့ ချည်း ဖွဲ့ စည်းထားပုံမပေါ်တော့ -- သံဝေဂ ပွါးများနိုင်ကြပါစေရန်နှင့် မိသားစု ဆရာသမား မိတ်ဆွေများကို ပိုမိုဂရုစိုက် သတိပေးနိုင်ကြ ပါစေရန်။ )

ယနေ့ဗုဒ္ဓဟူးနေ့ မြန်မာပြည်ဖုန်းသတင်းအရ အောက်မြန်မာပြည် (အမည်တွင် --မ--ဖြင့်ဆုံးသော)တက္ကသိုလ် ဓါတုဗေဒဌာနမှ ဆရာမကြီး ဒေါ် H. T သည် အထက်မြန်မာပြည် --(အမည်တွင် -- မ-- ဖြင့်ဆုံးသော)- တက္ကသိုလ်သို့ External Examiner အနေဖြင့်စာစစ် သွားရောက်ရန် ခရီးထွက်ခွါစဉ်တွင် မန္တလေး ဘူတာကြီး၌ --- ဘ၀တစ်ပါးသို့ ပြောင်းရွှေ့  ကွယ်လွန်ခဲ့ပါကြောင်း၊ ယူဆောင်သွားသော လက်ကိုင်တယ်လီဖုန်းဖြင့် သက်ဆိုင်သူများကို သတင်းပေးခံ ခဲ့ရပါသည်။ (၀တ်ဆင်ရန်) ယူဆောင် သွားသော ရွှေထည်များ ကိုလဲ ပြန်ရပုံပေါ်သည်ဟု သတင်းများကို ထောက်ရှုသုံးသပ်ရပါသည်။

(တီချယ်မှာ ဗက်ဆာ တို့ အဆောင်မှူး ဖြစ်ခဲ့ဖူး ပါသည်။ ၀မ်းနည်းကြောင်းဖော်ပြအပ်ပါသည်။
သံဝေဂ လကာင်္လေးလဲ ရေးပေးချင်ပေမဲ့ အစ အဆုံးမရလို့ ဗက်ဆာကို ခွေးလွှတ်လိုက်ပါရန်။)

7 comments:

Anonymous said...

မလတ်ဆရာမရဲ့ မိသားစုတော့ တော်တော် ခံစားရမှာနော်။

ဒီနေ့ ဖုန်းဆက်တော့ သုမောင်ဆုံးတာကြားလို့ စိတ်မကောင်းဘူး သူ့ ရဲ့ 

စာတွေကြိုက်တယ်။သူ့ သားကိုချစ်တယ် ..............................


အိစံ

pps said...

ဒီသတင်းဖတ်ပြီး..ကယောင်ကတန်း..အိမ်လှန်းပြီး..ဖုံးဆက်မိတယ်.........အားလုံးတနေ့သွားရမယ့်လမ်းလို့သိနေပေမဲ့.................

ဗက်ဆာ said...

ဟမ်။ သုမောင် သားက ဘယ်သူတဲ့လဲ။ အိစံကြီးက ချစ်တယ် ဆိုလို့။ မြင်ဖူးချင်တာ။ ဟုတ်ပ့ါ။ pps ရေ။ အိမ်ကို ဂရုစိုက်နော်။ pps တို့ဘက်က ပိုပူမယ် ထင်တယ်။ ဆပ်ပြာပွင့်တဲ့ နေရာဆိုတော့။ ဟူး-------- အပူတွေ။ အပူတွေ။

pps said...

အမ..လတ်ရေ..စိတ်ပူပေးတာကျေးဇူးပါ...
ppsတို့..အဲဒီကပြောင်းလာပြီရယ်...အိမ်ကိုဖုံးဆက်ပြီး..ရွာအပူချိန်မေးကြည့်တော့...အပူချိန်ပိုများပေမယ့်..တောကသစ်ရိပ်ဝါးရိပ်နဲ့တော်သေး...
ဒီရန်ကုန်နေရပိုဆိုးဆိုပဲ(မီးပြတ်၊ရေမလာ၊လေမရတဲ့)......အဟတ်..အစွဲတွေလေ....

လသာည said...

သတင်းကြားရတာ စိတ်မကောင်းပါဘူး ဗက်ဆာရယ်။။ သူက ဘယ်လိုဖြစ်တာလဲ.. ဘူတာမှာဆုံးတယ်ဆိုလို့လေ..။ သူများလုပ်ကြံခံရတာလား။ သတင်းက ပြည့်ပြည့်စုံစုံမပါလာတော့ ဆန့်တငံ့ငံ့လေ..။

သုမောင် သတင်းကတော့ အိစံ မတ်စေ့ မပို့ခင် ၃ ရက်ကတဲက သတင်းကြားပြီးတာ..။ စိတ်မကောင်းပေမယ့်.. လူတိုင်းလည်း ဒီလမ်းက ရွေးမရဘူးဆိုတော့ကာ.. စိတ်မကောင်းရုံပဲလေ။ တစ်ခုပဲ ကိုယ်က အဲ့လမ်းမသွားခင် ကိုယ်နဲ့ ကိုယ့်ဝန်းကျင်ကို စိတ်ချမ်းသာအောင် ထားဖို့ တစ်ဦးနဲ့ တစ်ဦးနားလည်မှုတွေ ရှိဖို့ ကြိုးစားရမယ် လို့ တွေးမိတယ်..

ဗက်ဆာ said...

အော်။ တော တော့ ပြန်လည်ကြရအောင် နော်။ ပီပီအက်စ်။ ဆပ်ပြာရည်တွေက သုံးပဲ သုံးဖူးတာ။ ကျောက်ဆည်မှာ ကွင်းဆင်းတုန်းက ။ ဒုက္ခ သိပ်ရောက်တာပဲ။ ဆပ်ပြာပွင့်တာတော့ စာအုပ်ထဲသာ ဖတ်ဖူးတာ။ လတာည။ ... တီချယ်က ၀၀ တုတ်တုတ်၊ အောက်သူ၊ ပူလွန်းလို့ သွေးကြော ပြတ်တယ်လို့ ယူဆရပါတယ်။ လတာညရယ်။ အဲဒီရက်ပိုင်းတွေမှာ လူတွေ လဲ--- လဲ ပြီး သေနေကြတာရော။ မော်လမြိုင်မှာ သက်ကြီးရွယ်အိုတွေလဲ ဆုံးကြပါတယ်။ သိသလောက် ၂ ယောက်လေ။ အဲဒါနဲ့ အငယ်မက စာတောင် ကျောင်းမှာ မလုပ်တော့ပဲနဲ့ အမေ နားမှာပဲ ကပ်ပြီး လုပ်နေတော့တယ်တဲ့။ ဒါတောင် အပင်ရိပ်တွေ များသေးတယ်နော်။ မော်လမြိုင်ကျောင်းက။ ရန်ကုန်မှာတော့ လမ်းပေါ်မှာတင် လူတွေ လဲသေကြတယ်တဲ့။ --- ဟူး။--- အာဖရိက မှာလဲ ဆင်တောင် သေတယ်လို့ သတင်းမှာ ကြားရတယ်။ အာဖရိကန်တွေက ပူလွန်းလို့ ဆင်သေတာ တခါမှ မမြင်ဖူးဘူးတဲ့။ ဒီနှစ်သိပ်ပူခဲ့တယ်တဲ့.---- ဟူး။ မောတယ်။ ဘန်ကီမွန်းလဲ မဟုတ်ရပါပဲနဲ့။

Anonymous said...

လသာညအိစံ ကျပ်စေ့ပို့ တာပါ ပြန်စဉ်းစားအုန်း။