Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Saturday, December 18, 2010

အရသာရှိသော ကဗျာတစ်ပုဒ်။

---
ကလီစာအစုံစုံ
အဖုံဖုံပါတဲ့
ဝက်သားတုတ်ထိုး

အကောင်းဆုံးဟာ
တစ်ခုပေးစမ်းပါ--- ဆိုတော့
အသဲ--ပါ အစ်ကို။
ရော့ --- အင့်---- တဲ့။

ဟင့်---အင်း။ -- ဟင့်---အင်း။
မကြိုက်ဖူး--- အငြင်း။

ဘေးနားက ----
ထမီတိုတို
အကြေကောက်နဲ့ မိန်းမပျို။
ကျမ-- ကြိုက်တယ်--- ဆိုပြီး။

တုတ်ချွန်နဲ့ထိုး။
ပြုတ်ရည်ပူထဲ---နှစ်။
ငရုတ်ဆီနဲ့--- တို့--- ပြီး။

ဂျွတ်--- ဂျွတ်--- သံထွက်။
မြိန်ယှက်စွာဝါး။
ပြီး----
စားလို့ ကောင်းလိုက်တာ--- တဲ့။

အဆုံးတစ်ခု
ကောက်ချက်ပြုမိ။
မိန်းခလေးများ။
အသဲ -- ကြိုက်တတ်၏။
-----------------------------------------
ကဲ။ --- ဘယ်လောက် အရသာရှိလိုက်တဲ့ ကဗျာလဲ--- ဟင်း။

--- ဘွားဆာ မှတ်ထားတာ။ --- တက္ကသိုလ် မဂ္ဂဇင်းထဲက။

Saturday, August 14, 2010

လွမ်းသဖြင့်သာ

လွမ်းသဖြင့်သာ
ပန်းပွင့်ပါလျှင်
သခင်မြင်လှည့်
အပင်တိုင်းမှာ
ပန်းတွေချည့်
မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာပါ။ 

၎င်းကို မိဆိုးလေးက ချစ်သူကို လွမ်းခြင်းများစွာဖြင့် နှစ်သက်စွာ ကူးယူထားခဲ့ပါတယ်။  
:49:
သို့သော် ထိုမျှ လွမ်းစရာကောင်းသော ကဗျာကို ထပ်မံ မွမ်းမံသူ ကဗျာဆရာက ရှိလာခဲ့ပါတယ်။


ထိုပွင့်သည့်ပန်း
ရေနွေးဖျန်းကာ
နှုတ်နှုတ်ချေစဉ်း၊ ဆီချက်..ရင်းလို့
ပြုတ်ပြုတ်ပြင်းအောင် စားလိုက်သည်..
ဒန့်တန့်တန့်
လတာတဲ့ည ( :9:)


မိဆိုးလေး ။ ။ ဟင်!!
သူတို့ က အလွမ်းပွင့်လည်း စားကြတာကိုး:16:

လသာည ။ ။ အလွမ်းပွင့်လေးတွေ..
ဆီချက်ရည်ထဲမှာ မျောလိုက်ပြီ.
အလွမ်းပွင့်လေးတွေ..
ဆီချက်ရည်ထဲမှာ မျော...လိုက်...ပြီ. .:စားမယ်

မိဆိုးလေး။ ။ :te: ဟားဟားဟား
လတာည ။ ။ :122: ဟီးဟီး

ထိုသို့ဖြင့်.... အလွမ်းကဗျာမှသည်.... အသုပ်ကဗျာသို့
:သီချင်း
လွမ်းသဖြင့်သာ....
ပန်းပွင့်ပါလျှင်...
ဆီချက်ရည်ထဲမှာ မျှောလိုက်မည်..
:အိုမဲဒဲတိုး

အိပ်ချင်ပြေ လျှောက်ရေးမိရင်း ရယ်ချင်လာလို့ ။ မျှဝေတာ။ ပြုံးနိုင် ပျော်နိုင်စေသော်ဝ်။:ချစ်
No pain,no gain.

Tuesday, August 3, 2010

အလွမ်းများဝေးပါစေ..

အလွမ်းတွေ ဝေနေတယ်တို့ စိတ်တွေလေးတယ်တို့ ထအော်နေတဲ့ မိဆိုးလေးကြောင့် ကိုယ်ပါရောပြီး ငေါင်တောင်တောင် ဖြစ်သွားတယ်..။ ဒါနဲ့ပဲ မထူးဇာတ်ခင်းပြီး (တရားတော့ မနာဖြစ်ပဲ)အငြိမ့်တွေ နားထောင်ပစ်လိုက်တယ်..မှတ်ကရော။

စာကလည်း မလုပ်လို့မရဘူးဆိုတော့ လက်က စာရိုက် နားက နားကြပ်နဲ့ အငြိမ့်ကို နားထောင်တာပါ..။ အဲဒါ.. အငြိမ့်ထဲ ဈာဉ်ဝင်တာ အရှိန်လွန်သွားပြီး စာရိုက်ရင်း ထရယ်လိုက်တာ Lab ထဲက အကုန်လုံး လန့်သွားတယ်.. နုစံ ဒိုင်းဂျောဘု? တဲ့..း)) amari daijoobu janai လို့ ပြောလိုက်ရတယ်..

ကဲ.. အဆင်ပြေရင် ကြည့်ကြည့်လိုက်ပေါ့နော်..။ အငြိမ့်ကတော့ ဘယ်နေရာမဆို ကြည့်လို့ရပေမယ့် ကိုယ်ကြည့်တာကိုပဲ မျှချင်တာမို့ ပိုစ်လုပ်တင်လိုက်တာ..ပါ။ အပိုင်း-၁၂ ခုတောင် ရှိတယ်..။ မအားတော့လည်း အမောပြေရုံ တစ်ပိုင်းလောက်တော့ ကြည့်ကြည့်လိုက်ပါ..။

(အထူးသတိပြုရန်.. အိမ်သာသွားပြီးမှ ကြည့်ပါ.. ရယ်ရင်း ဟိုဒင်းတွေ ထွက်ကုန်ရင် တာဝန်မယူပါး))


အားလုံး စိတ်လေက် ပေါ့ပေါ့ပါးပါးနဲ့ ရွှင်လန်းချမ်းမြေ့ပါစေ..

Monday, August 2, 2010

(^^)

အကြောင်ရိုက်ခြင်း သည်းခံပါး))



stress များလို့ဆိုပြီး ဒီလိုတော့ လုပ်နဲ့နော်...း))

Friday, July 9, 2010

ဖွားပြောတဲ့ပုံပြင်...၂



၃။ ပိုးချင်ဦးဟ.....မိန်းမ

အဲဒီဦးဖိုးစုံကြီးပဲပေါ့အေ…..ဒီတခါတော့သူများရွာ..လူပျိုလှည့်သတဲ့….
အပိုးသန်လို့တာ..ဘယ်ခြေကျင်ဟုတ်မလဲ..လှည်းနဲ့တဲ့အေ….

ရွာကနေ…အလုပ်သိမ်းချိန်နေဝင်ရီသရောထွက်…ဟိုကိုညဖက်လူပျိုလှည့်…..
ပြီးတော့..မိုးမသောက်ခင်ရွာပြန်ဝင်ပေါ့…နဲတဲ့ဇွဲလားအေ..အအိပ်ပျက်
အစားပျက်….

အံမယ်..သူတို့ခေတ်လူပျိုလှည့်တာလဲ ပေါ့သေးသေးဟုတ်ဘူးတဲ့…
တောင်ရှည်နဲ့ဘာနဲ့..ခေါင်းလည်း…ပေါင်းရသေးဆိုလား…..

တညမတော့..ထုံးစံအတိုင်း..အဲဒီရွာလူပျိုလှည့်ကအပြန်..လမ်းမှာ…
ဦးဖိုးစုံကြီး..သရဲအခြောက်ခံရသတဲ့…

သရဲကလဲ..ခြောက်စရာရှားရှား..သူ့တောင်ရှည်ဆွဲတာတဲ့အေ…………
လှည်းပေါ်မှာသရဲကတောင်ရှည်ဆွဲလိုက်…သူကတောင်ရှည်လျှော့ပေးလိုက်
လှည့်လဲမကြည့်ရဲနဲ့….နောက်ဆုံးတော့ ရွာအမြန်ရောက်အောင်ဒုန်းစိုင်းမောင်း
တော့တာပဲတဲ့အေ…

ဦးဖိုးစုံကြီးဟာ…သရဲခြောက်ခံရလို့ကြောက်ကလည်းကြောက်..ပုဆိုးမပါပဲ
ရွာဝင်ရလို့ရှက်ကလဲရှက်နဲ့..ဘာမှမေးမရပဲ..အိမ်ရောက်တော့..ထိုးအိပ်
တော့တာတဲ့....

မနက်လင်းအားကြီးမှ…ညကအပြင်မှာထားတဲ့..လှည်းကိုသိမ်းဘို့ပြင်တော့..
လှည်းဘီးမှာ..ဦးဖိုးစုံတောင်ရှည်ကြီးက..ရစ်လိုက်လို့တဲ့အေ……။

Tuesday, June 15, 2010

ဖွားပြောတဲ့ပုံပြင်


တကယ်က..ကျမတို့အဖွားပြောလေ့ရှိတဲ့ရှေးခေတ်ဟောင်းအောင်းမေ့ဖွယ်တွေပါ....

ဒါပေမယ့်..မယုံရင်..ပုံပြင်လို့တာမှတ်ပါနော်...................................................

...........................................။.......။.....................................................


အိမ်မှာအဖွားကိုမေကြီးလို့ပဲခေါ်တယ်....

မေကြီးကအရာရာကိုမှတ်မှတ်သားသားသိပ်ရှိတယ်....

ကြုံခဲ့ဆုံခဲ့ရတာတွေကိုဖွဲ့ဖွဲ့နွဲ့နွဲ့ပြန်ပြောပြတာနားထောင်ရတာ..

တထောင့်တညပုံပြင်တွေလိုမဆုံးနိုင်အောင်ပါပဲ......................။


၁။ ခင်ဗျားဘာလုပ်သလဲ


အဲဒီတုံးက..ဂျပန်အဆုတ်..အင်္ဂလိပ်အတက်ပေါ့အေ...

ခေတ်ပျက်ဆိုတော့...တောရွာတွေမှာ..လူမိုက်တွေက..လက်နက်အားကိုးနဲ့

မိုက်ကောင်းနေတဲ့အချိန်အေ့...အရာရာ..သွားသတိစားသတိ...။


တနေ့တော့ညည်းတို့ဘက..တဖက်ရွာကိုနွားကြည့်ပါသွားတယ်...

အဖော်ပါသွားတာပါအေ...ကိုရင်မြသီးနဲ့(အဖွားအမခင်ပွန်း).....

သူကရှုပ်ရှုပ်ရှက်ရှက်အေ့...သိပ်စိတ်ချရတာမုတ်ဖူး....။


တရက်..အထက်က.စစ်ဆေးရေးတွေရောက်လာတယ်...

စပိုင်တွေများ..ကောင်းချက်တော့အေ..ရွာနာမည်အတိအကျ..ရက်စွဲ၊ပြီးတော့

ဘယ်သူတွေပါသလဲ..အမှူက..လက်နက်မှူတဲ့...။


မကြာပါဖူး..အိမ်ရှေ့ရောက်လာပြီး..ညည်းတို့ဘကိုမေးတယ်အေ့...

တဖက်ရွာသွားတဲ့ကိစ္စပေါ့..ငါကလည်းကြောက်မနေပါဘူးအေ..ညည်းတို့ဘ..

ဘာမဟုတ်တာလုပ်ရဲလို့လဲ... ဒါနဲ့..ဟိုမှာလေ..မေးချင်တာ..တာမေးပေတော့လို့...။


(စစ်ဆေးရေးနိဌာန်း)

ပလိပ်။ ။ ဦး...ခင်ဗျားဘာအလုပ်..လုပ်လဲ?

ဘဘ ။ ။ ဗျာ....ကျုပ်..နောက်ချီး( နွားချီး)ကျုံးတယ်လေ...

ပလိပ်။ ။ ????

ပလိပ်လည်း..နိဌာန်းနဲ့ပဲ...သူ့ဘာသာသူ.ကောက်ချက်ချပြီးပြန်သွားလေရဲ့....

ဒီလောက်ရိုးပုံထောက်တော့..အဲဒီအမှူထဲပါမှာမဟုတ်ဘူးဆိုပြီးတော့ပေါ့အေ....။


(ဘဘသည်..ထိုအစစ်ဆေးခံအချိန်တွင်..နွားခြံထဲတကုပ်ကုပ်နဲ့နောက်ချီးကျုံးနေပါသတဲ့..း)


၂။ ငါဟုတ်ဖူး


ရှေးလူကြီးများ..တယ်ပွေကောအေ....

ညည်းတို့ခေတ်ကလူငယ်တွေများ..ဘယ်မှီမလဲ...

အေးပေါ့အေ..ပွေချိန်ရအောင်လဲ..စားဝတ်နေရေးက..ဒီလောက်ကျပ်ဘူးအေ့..။


ဒါက..တို့အဖေပြန်ပြောပြတာအေ့...

အဲဒီချိန်က..ရွာမှာ..မယ်မှုံဆိုတာလှမှလှတဲ့...

ကာလသားတွေများ..ချောင်းကြည့်ရတာ..အမောတဲ့.....။


ညည်းတို့အဘိုးလား...ပါတာပေါ့အေ..ဘယ်နေမလဲ....

ဒါပေမယ့်ပိုးပန်းသူတွေထဲမှာ..ဦးဖိုးစုံကြီးဆိုတဲ့လူကအကဲဆုံးတဲ့လေ...။


တနေ့တော့..မယ်မှုံသနပ်ခါးလိမ်းတဲ့အခန်း..သွားချောင်းဘို့..အဖေ့ကို

အဖော်စပ်တယ်တဲ့လေ...အဖေကလည်း..ဒီကောင်ဒီလောက်အပိုးသန်တာ

မှတ်လောက်အောင်လုပ်မယ်ဆိုပြီး..အတူလိုက်သွားတယ်တဲ့အေ့.....။


ဟိုရောက်တော့..ချောင်းပြီပေါ့...ထရန်ပေါက်ကနေ.....

အဲဒီမှာ..အဖေက..မပြောမဆိုနဲ့..ဦးဖိုးစုံကြီးကိုနောက်ကနေတွန်းလိုက်ကရောတဲ့...။


မယ်မှုံကလည်း...အလန့်တကြားနဲ့..သွေးလက်စ..သနပ်ခါးတုံးနဲ့ဆီး..ခေါက်ပါလေရော။


ဦးဖိုးစုံကြီးကလည်း...ထရန်ကြားကသူ့လည်ပင်းကြီးပြန်ထုတ်ရခက်...

နဖူး..သနပ်ခါးတုံးနဲ့ထုခံရလို့လည်း..နာကနာ..........ရှက်ကရှက်နဲ့.....

ကယောင်ကတန်း..ဖြေရှင်းလိုက်တာက..................

“ငါ....ငါဟုတ်ပါဘူးဟ”တဲ့အေ...။


ပြောမပြောချင်ဘူး..ရှေးလူကြီးများ...တယ်ပွေကောအေ။


Tuesday, June 8, 2010

ဦးခေါင်းသေးတဲ့ ရောဂါ

တစ်ရက်မှာ လူတစ်ယောက်ဟာ ရုံးအားလပ်ရက်မှာ ဈေးဝယ်ထွက်ရင်း နာမည်ကြီးကုမ္ပဏီက ဈေးကြီးကြီး ဦးထုပ်တစ်လုံးကို ၀ယ်လာခဲ့တယ်..။



သဘောကျလွန်းလို့ ရုံးကို နေ့တိုင်းဆောင်းရင်း ရုံးက မိတ်ဆွေတွေကို ဦးထုပ်ဈေးကြီးကြောင်း၊ ဘယ်ကုမ္ပဏီလုပ်ဦးထုပ်ဖြစ်ကြောင်း စသည်ဖြင့် ချီးမွမ်းခန်း မနားမနေ ဖွင့်လေ့ရှိသတဲ့..

နေ့တိုင်း ပြောလွန်းနေတော့လည်း သူ့မိတ်ဆွေတွေ နားငြီးလာကြတယ်ပေါ့....


ဒါနဲ့ .. သူ့မိတ်ဆွေတွေဟာ ခေါင်းချင်းဆိုင်လို့ အကြံတစ်ခု ၀ိုင်းထုတ်ပြီး သူ့ဦးထုပ်ဝယ်တဲ့ ကုမ္ပဏီကနေပြီး အမျိုးအစားတူ၊ အရောင်တူ ၄ ခုဝယ်လိုက်ကြတယ်။ ပြီးတော့ ဦးထုတ်တွေမှာ သူ့နာမည်ကို ပါ တပါတည်းရေးထားလိုက်တယ်တဲ့....။ ဦးထုပ်ဆိုဒ်တော့ မတူဘူး။ သူ့ဦးထုပ်ရဲ့ ဆိုဒ်နံပါတ်က ၅ရ ဖြစ်ပေမယ့် သူ့မိတ်ဆွေတွေက ၅၈၊ ၅၉၊ ၆၀၊ ၆၁ ဆိုပြီးဆိုဒ်နံပါတ် ၄ မျိုးခွဲဝယ်ခဲ့ကြတယ်။


ဝယ်ပြီး ပထမဆုံးနေ့မှာ သူ့မရှိခင် သူ့ဦးထုပ်ကို သူတို့ဝယ်ထားတဲ့ ဦးထုပ်ဆိုဒ်နံပါတ် ၅၈ နဲ့ လဲထားလိုက်ကြတယ်။

ဒါပေမယ့် ဆိုဒ်နံပါတ် ၅၈ ဟာ ဆိုဒ်နံပါတ် ၅၇နဲ့ သိပ်မကွဲတာကြောင့် သူ သတိမထားမိခဲ့ဘူး..။

ဒုတိယနေ့မှာ ဆိုဒ် နံပါတ် ၅၉ နဲ့ လဲပြီး ထားလိုက်ကြတယ်။



ဒီနေ့တော့ သူ့စိတ်ထဲမှာ သူ့ဦးထုပ် နည်းနည်းကြီးနေသလားလို့ တွေးမိတယ်တဲ့...။



ဦးထုပ်ကို သေချာကြည့်တယ်။ ကုမ္ပဏီအတူတူ၊ အရောင်အတူတူ၊ သူ့နာမည်လည်း ရေးထားတယ်။ “အင်း.. ငါ စိတ်ထင်တာ နေမှာပါ”လို့ တွေးပြီး ဒီအတိုင်းပဲ စိတ်ချလက်ချ ဆောင်းသွားခဲ့တယ်။



တတိယနေ့ကျတော့လည်း သူ့မိတ်ဆွေတွေက ဆိုဒ်နံပါတ် ၆၀ နဲ့ လဲထားကြပြန်တယ်။



ဒီတခါတော့ သူဦးထုပ်ဟာ သူ့ခေါင်းမှာ တော်တော်ချောင်နေတာကို သတိထားမိပြီး စိတ်ပူသွားတယ်။

ဒါနဲ့ ဦးထုပ်အရောင်နဲ့ သူ့နာမည်ကို သေချာပြန်စစ်ဆေးတယ်။


“ အင်း အားလုံး အတူတူပဲ ၊ဒီ ဦးထုပ်ဟာ ငါ့ဦးထုပ်ပဲ...၊ ဒါပေမယ့် တစ်ခုခုတော့ မှားနေပြီ.. ။ ဟုတ်တယ်.. တစ်ခုခုပဲ၊ ငါ့ ဦးထုပ်က အရင်က ငါ့ခေါင်းနဲ့ အံကိုက်ပါ..။ အခု မကိုက်တော့ဘူး..။ ဧကန္တ.. ငါ့ဦးခေါင်းပဲ သေးသွားလို့လား”လို့ တွေးမိတယ်။



ကိုယ့်ခေါင်းကို ကိုယ့်လက်နဲ့ပြန်စမ်းကြည့်တယ်။ နောက် မှန်ထဲလည်း သေချာကြည့်တယ်။

အင်း ငါ့ခေါင်းက အရင်လိုပါပဲ.. အား စိတ်ရှုပ်လာပြီ နေပါစေတော့ မတွေးတော့ဘူး...။

စတုတ္ထမြောက်နေ့ ရောက်တော့ မိတ်ဆွေတွေက.. သူ့ဦးထုပ်ကို ဆိုဒ်နံပါတ် အကြီးဆုံး ၆၁ နဲ့ လဲထားကြတယ်။



သူတအားကို တုန်လှုပ်သွားတယ်..။ တကယ်ပဲ.. ငါ့ ဦးခေါင်းဟာ သေးသထက် သေးနေပါလား...။ ဒါနဲ့ သူစိတ်တအားပူပြီး ဆရာဝန်ကို ဖုန်းဆက်လို့ အကြောင်းစုံ ပြောပြပြီး မေးတယ်။..



ဦးခေါင်းသေးရင် ဘာဖြစ်တတ်သလဲဆိုတာကို ပြောပြပါ ဒေါက်တာ..တဲ့..။



ဆရာဝန်ကလည်း အဲဒီလို ဦးခေါင်းသေးတဲ့ ရောဂါအကြောင်း မကြားဖူးဘူးဗျာ..။ သိပ်ပြီးတော့ စိတ်ပူစရာ မရှိပါဘူး..။ ခင်ဗျားစိတ်ထင်တာ နေမှာပါလို့ ပြန်ရှင်းသတဲ့..။

အဲဒီနေ့က စပြီး သူ့ဦးခေါင်း သေးသထက် ပိုသေးလာမှာကို စိုးရိမ်တဲ့အတွက် ဦးထုပ်ကို အဝေးကိုလွှင့်ပစ်လိုက်သလို ဦးထုပ်အကြောင်းလည်း မပြောရှာတော့ဘူးတဲ့.....။ မိတ်ဆွေများလည်း နားငြီးသက်သာ သွားတာပေါ့နော်။.



. .. ပုံပြင်လေးက ဒါပါပဲကွယ်...း)))
............................................ x .....................................................


ဒီတပတ်တော့ ဆယ်မီနာ နားတာမို့ လက်ကမြင်းနေတာ..း) ။ နောက်အပတ်ကစပြီး ပြန်ပြီးတိုင်ပတ်ဦးမယ် ထင်တယ်..။ သယ်ရင်းများ.. နားငြီးသက်သွားလိမ့်မယ်..(နောက်တာပါ).။ ချစ်ရတဲ့ သယ်ရင်းလေးများ အမောပြေပါစေ...။အားလုံးကျန်းမာရေး ဂရုစိုက်ပါ...

မှတ်ချက် ။ ။ lab ထဲက ဟာသစာအုပ်တစ်အုပ်ထဲမှာ အမည်မသိကာတွန်းဆရာရဲ့ ကာတွန်းလေးတွေပါ။ ပုံလေးတွေ သဘောကျလို့ သယ်ရင်းလေးတွေကို မျှတာပါ..။(ကာတွန်းပုံတွေမှာ ကိုယ့်နာမည်ထည့်ထားပေမယ့် ကိုယ်ဆွဲတာ မဟုတ်..။ စကန်ဖတ်ထားတာသာ ဖြစ်ကြောင်းလည်း ၀န်ခံပါရစေနော်၊ အထင်ကြီးမှာ စိုးလို့ပါ.း)

အားလုံးကို ချစ်တဲ့
လသာညဖြစ်ပါတယ်..

Monday, May 24, 2010

နံရံများနှင့် ကျနော်

တနင်္လာနေ့၊ မေလ ၂၄၊ ၂၀၁၀
နံရံအားလုံး..♪.. နားတွေ ရှိရင်♪♫..... ဘ၀ကို.♪. သီချင်းလုပ်.♪. ဆိုချင်တယ် ♪♪♪♪

♫ . ...................................................X ........................................

Monday, May 17, 2010

ပျင်းကွက်ကိုရှာ

ပျင်းတယ်ဆိုတာ နာမည်သာဆိုးတာ လူသက်သာတယ်နော်။ အားလုံး အဆင်သင့်ရနေတဲ့ အဆင့်မြင့် နည်းပညာခေတ်ကြီးမှာတောင် တခါတလေ တစ်ထွာတစ်မိုက် လမ်းမလျှောက်ချင်အောင်၊ မလှုပ်ချင်အောင် ပျင်းမိတတ်တယ်။ အဲဒီအချိန်မျိုးမှာ ကိုယ့်ကိုကိုယ် အရမ်းအပြစ်မတင်လိုက်နဲ့၊ ပျင်းတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဖူးရယ်.. သူများတွေလည်း ကိုယ့်လို ပျင်းကြတယ်။

ဟော..မယုံဘူးလား?? ကဲ.. သက်သေအထောက်အထား အဖြစ် .အောက်က ကိုယ့်လို ပျင်းဖော်ပျင်းဖက်လေးများရဲ့ အပျင်းထူပုံများကို ကြည့်သွားပါဦး.. :D

တီဗွီရမု သွားယူဖို့အထိ အန်နာဂျီ အကုန်မခံနိုင်ဘူး..

ထိုင်ခုံနဲ့ ထိုင် ထုတ်ရတာ ဆိုတော့ ပိုအဆင်ပြေပုံပဲ..

ကားမောင်းတဲ့ဘက်ခြမ်းက မြင်ရရင် တော်ပြီပေါ့...


မားမား လည်း ညောင်းတယ် သမီးရယ်..
ဖ၀ါးထပ်ချပ် လိုက်ပါရစေ အဲလေ.. မင်းပျံသန်းရပ် ခိုလိုက်ပါရစေ..

စိတ်ဝင်စားစရာ ပုံလေးတွေ တွေ့လို့ မျှဝေလိုက်တာပါ..း))
source from http://www.dailycognition.com/

လသာည ဖြစ်ပါတယ်။

Saturday, April 24, 2010

ဂျပန်ပြည်က ဟာသများ-၂




အိမ်ရှင်နိုင်ငံအဖြစ် ဂျပန်နဲ့ ကိုရီးယားနှစ်နိုင်ငံ တွဲဖက်ကျင်းပတဲ့ ကမ္ဘာ့ဖလာ့း ဘောလုံးပွဲတုန်းကပေါ့..။ အင်္ဂလန်က ဘောလုံးဘုရင် ဒေးဗစ် ဘက်ခမ်း(DavidBeckham)တို့အသင်းပါ တိုကျိုကို ရောက်လာခဲ့တယ်ပေါ့...။

ဘက်ခမ်းဟာ ဂျပန်နိုင်ငံတိုကျိုကို ပထမဆုံးရောက်ဖူးတာ ဖြစ်တဲ့အတွက် ဂျပန်နိုင့်ရဲ့ ရှုခင်းတွေဟာ အရမ်းကို ထူးဆန်းနေတယ်. ။ ဒါကြောင့် ပြိုင်ပွဲ မစခင် နေ့မှာ တိုကျိုမြို့ထဲကို လျှောက်လည်တယ်။ အရာရာကို ပျော်ရွင်စွာ ကြည့်ရှုလေ့လာနေခိုက် စိတ်ထဲမှာ အလွန်ထူးဆန်းစွာ ခံစားရတာ တစ်ခုကြောင့် သူစိတ်မလုံမလဲ ဖြစ်လာတယ်။ အဲဒါကတော့ သူကိုတွေ့တဲ့လူတွေက အရမ်းကို တိတ်ဆိတ်ပြီး မျက်လုံးချင်းဆုံရင် ခေါင်းငုံလို့ ခါးကိုင်းကိုင်းသွားတာကိုပါ။

ဒါနဲ့ ဘေးက လိုက်လာတဲ့ ဘာသာပြန်ကို မေးလိုက်တယ်။
“ဘာဖြစ်လို့ သူတို့က ကျွန်တော့်ကို ခေါင်းငုံငုံ ပြတာလဲဗျာ”
“အော်.. အဲဒါ ဂျပန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုပါခင်ဗျာ။ တစ်ဦးနဲ့ တစ်ဦး ခေါင်းငုံပြပြီး နှုတ်ခွန်းဆက်တဲ့ ယဉ်ကျေးမှုပါ။

ဘက်ခမ်းဟာ အဲဒီတော့မှ အဖြစ်မှန်ကို သဘောပေါက်သွားပြီး တွေ့သမျှလူကို ခေါင်းငုံ(ခေါင်းငြိမ့်)ပြပြီး နှုတ်ဆက်ပါ.တော့တယ်.။ ဂျပန်တွေကလည်း သဘောတွေကျပြီး ခေါင်းအပြန်အလှန်လှန်ငြိမ့်ပြပြီး ဘက်ခမ်း ဘက်ခမ်းလို့ အော်ကြပါတော့တယ်...။ ဘက်ခမ်း အနားမှာ ပွဲတော်တစ်ခုထက်ကို လူစည်သွားတာပေါ့..။

ဒီလိုနဲ့ ပြိုင်ပွဲစပြီး ဂျပန်နဲ့ အင်္ဂလန်ပွဲစဉ် အလှည့် ရောက်လာပါတော့တယ်။


ဂျပန်က ဘောလုံး အသင်းခေါင်းဆောင် ဟီဒဲတိုရှိ နကတ ဦးဆောင်တဲ့ ဂျပန်အသင်းဟာလည်း အစွမ်းကုန်ကြိုးစားကြတဲ့အတွက် ဘက်ခမ်းတို့အသင်းနဲ့ ပြိုင်ပွဲမှာ တစ်ဂိုးတစ်ဂိုးနဲ့ ကပ်ပြီး ပွဲစဉ်ပြီးခါနီးရောက်လာတယ်။ သရေနဲ့ပဲ ဖြစ်နေတာမို့ နောက်ဆုံး ပနယ်တီကစားရပါတယ်..။ (ဘောလုံးအသုံးအနှုန်း မှားရင် ခွင့်လွှတ်ပါ)

ဘက်ခမ်းက ဘောလုံးကို ခြေထောက်လေးနဲ့ လှိမ့်ကစားရင်း ဘယ်ထောင့်ကနေ ဘယ်လို ဘောလုံးကို သွင်းရမလဲဆိုတာကို စဉ်းစားတယ်။ တဖက်က အိမ်ရှင်နိုင်ငံ အနေနဲ့ မရှုံးချင်တာကြောင့် အစွမ်းကုန်ကြိုးစားကာကွယ်ဖို့ ပြင်ဆင်တယ်။ အားလုံး တန်းစီပြီး သူတို့ဂိုးတိုင်ကို ထောင့်စေ့အောင် ကာကွယ်ကြတယ်..။ တကယ့်ကို ဘယ်လိုမှ သွင်းဖို့ မလွယ်ကူအောင် ထောင့်စုံပိတ်ထားကြတဲ့အတွက် မှန်အောင် သွင်းဖို့ကတော့ တော်တော့်ကို ခက်ခဲတဲ့ အနေအထားဖြစ်ပါတယ်..။

ဒီလိုအခြေအနေဆိုတော့ ဘက်ခမ်းဟာ ဒီပွဲတော့ ငါမနိုင်တော့ဘူးထင်ပါရဲ့လို့ တွေးပြီး မနိုင်ပေမယ့်လည်း မရှုံးအောင် လုပ်နိုင်ရင်လည်း ပြီးတာပဲလေ ဆိုပြီး “ဘယ်လိုဖြစ်ဖြစ် ရတယ်” ဆိုတဲ့ သဘောနဲ့ ဂျပန်ဘောလုံးသမားတွေကို သေသေချာချာ ကြည်ြ့ပီး ခေါင်းငြိမ့်ပြပြီး ဘောလုံးကို အားနဲ့ ကန်ထည့်လိုက်ပါတယ်။ အဲဒီ အခိုက်အတန့်လေးမှာပဲ.အဖြစ်အပျက်တစ်ခုက တိုက်ဆိုင်စွာ ဖြစ်သွားပြီး .....................

ဂိုးးးးးးးးးးးးးးးးးးးးးးးးး

ဟုတ်ပါတယ်။ ဒေးဗစ်ဘောလုံးဟာ ဂိုးတိုင်ကြားကို တန်းတန်းမတ်မတ်ဝင်သွားတာဖြစ်ပါတယ်။ အဖြစ်အပျက်ကတော့ ဂျပန်ဂိုးစောင့် ဂိုလီဘာကအစ ဂျပန်ဘောလုံးသမားအားလုံးဟာ သူတို့အလိုလို ရှိန်နေတဲ့ နာမည်ကြီး ဘောလုံးသမားက ခေါင်းငြိမ့်ပြလိုက်တာကို ကြည့်ပြီး အလိုလို ခေါင်းငြိမ့် ပြန်နှုတ်ဆက်လိုက်မိကြပြီး လက်ရှိအခြေအနေကို မေ့သွားကြတာကြောင့် ဆိုပါတယ်။

မမျှော်လင့်ပဲ ဘောလုံးရှုံးသွားရတဲ့အတွက်.... ဘောလုံးကွင်းတစ်ခုလုံးလည်း လက်ခုပ်သံလား တောက်ခေါက်သံလား မသေချာပဲ ကျွတ်ကျွတ်ညံ့သွားပါတော့တယ်....။ ရှုံးသွားတဲ့အတွက် တက်တခေါက်ခေါက် ကျန်နေခဲ့တာက ဂျပန်သတင်းမီဒီယာတွေပါပဲ...။. ပုံကတော့ သတင်းမီဒီယာတွေက ဘောလုံးရှုံးရခြင်းအကြောင်းရင်းကို ဂျပန်ပြည်သူတွေကို ဖော်ပြတဲ့ ကာတွန်းလေးပဲ ဖြစ်ပါတယ်းD

အဲဒါပြောတာ တစ်ခါတစ်လေလည်း ဒါမျိုးတွေ ဖြစ်တတ်တယ်လို့.. \(^0^)/

လသာည... ဖြစ်ပါတယ်။။