Tuesday, May 25, 2010

ကျွန်မသူငယ်ချင်းဆိုးပေကြီးများ

သုမောင် ကိုအားကျလို့ ဆိုးပေးကြီးများလို့ တင်စားထားသော်လည်း တကယ်တော့ 

ကျွန်မရဲ့ ရင်ဘတ်မိတ်ဆွေတွေပါ။


၁) မိဆိုးကြီး

မိဆိုးကြီးနဲ့ ကျွန်မက တစ်ကျောင်းတည်း။အားလုံးသိတဲ့ အတိုင်း သူကရွာလယ်သူဆို တော့  မာနက

ခပ်ကြီးကြီးပဲ။ သူ့ အပြုံးကို တွေ့ ရခဲတယ်။ ကျွန်မကလည်း မာနမကြီးသော်လည်း

မခင်မိရင် အနေအေးချင်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အော်တို စာအုပ်ထဲ မှာတော့ မိဆိုးကြီး

က ထိပ်ဆုံးကရှင့်  (နောက်ဆုံးနှစ်ပြီးခါနီးမှာ ကျွန်မအော်တိုရူး ရူးလိုက်သေးတယ်) သူရေးထားတာက

ရေစက်မကုန်ရင် ပြန်ဆုံကြတာပေါ့ တဲ့ မကွေးရောက်ရင်သူ တို့ ဇာတိမြေကမဝေးတော့ တာမို့ ဝင်ခဲ့ ပါ

ခင်တဲ့ မမမြင့် တဲ့  ။ အခုကျွန်မတို့ ရေစက်ဆုံလို့ တစ်ကျောင်းတည်းမှာ ပြန်လာဆုံတာပေါ့လေ။

မိဆိုးကြီး ကတော်တော်စိတ်ရင်းကောင်းတယ် ကျွန်မငိုရင်သူပါလိုက်ငိုတယ် ကျွန်မက

ပျင်းလို့ အစ်မရီစရာပြောစမ်းပါလို့ ဆိုရင် လူများရီစရာကျ

လို့ တဲ့ ဟဲဟဲ။သူကပြောတယ်ကျွန်မဟာစကားကြီး၁၀မျိုးကိုတော်တော်ကျွမ်းကျင်တာပဲတဲ့ ။


၂) မိဆိုးလေး

မိဆိုးလေးကို ဂျပန်လာဖို့ ဆေးစစ်ခါနီး မန္တလေးမြို့ မှစတွေ့ တယ်။ သုံးဘီးကားလေးပေါ်မှာ အချင်းချင်း

မိတ်ဆက်ခဲ့ ကြတယ်။ ပြီးတော့ ရန်ကုန်တက္ကသိုလ် ရတနာဆောင်မှာ

ကျွန်မ သူတို့ နဲ့ လိုက်တည်းတော့ ညအိပ်လည်းအတူတူ ဆေးရုံတွေသွားလည်း

အတူတူဆိုတော့  (အဲဒီတုန်းကတော့ ရှိုးမထုတ်တာလည်းတူသေးတယ်ရှင့် )အချိန်တိုလေးမှာ

ကျွန်မတို့  ရင်းနှီးခဲ့ ကြတယ်။ မှတ်မှတ်ရရ ကျွန်မက

တိမ်တမာန် သီချင်းလေးတောင် ဆိုပြလိုက်သေးတယ်။ ညအိပ်ယာမ၀င်ခင်မှာ

နေ့ ခင်းက ကြုံခဲ့ သမျှတွေကို ပြန်စမြုံ့ ပြန်ရင်း တ၀ါးဝါးနဲ့ ဝါးလုံးကွဲ မတတ်လည်းရီခဲ့ ကြတယ်။

သူက တခါတခါ ကျွန်မကို ကလေးလေးလို့ ခေါ်တတ်ပြီး တခါတလေလည်းဟေ့ ကောင်မယ်အိတဲ့ ။

ချစ်တတ်လွမ်းတတ်တဲ့ နေရာမှာတော့ ၂ယောက်မရှိဘူး….သူဖုန်းဆက်မရလို့ လွမ်းနေရင်

ကိုယ်ပါလိုက်လွမ်းမိတယ် အဟိ........အိရေ ဖုန်းဆက်လို့ ရပြီဆိုရင် ၀မ်းသာလိုက်တာ။


၃) မလတ် (ဗက်ဆာ)

ဗက်ဆာဆိုတာမိုးတဲ့ လေ။ ကျွန်မတော့ မလတ်ဆို တဲ့ နာမည်လေးကိုပိုသဘောကျမိတယ်။

နာမည်အရင်းကတော့ ဟိုးအရင်ခေတ်တုန်းက ခပ်စွာစွာခပ်ထက်ထက်

မြန်မာအမျိုးသမီးတွေရဲ့ နာမည်နဲ့ အတူသား။ စမြင်လိုက်ချင်းပဲ ဒီအမျိုးသမီးတော်တော်ချောတာပဲပေါ့ နော်

ယဉ်ယဉ်လေး။ ကျွန်မ ဘ၀ရဲ့ အတက်အကျတွေကို အိရေကြိုးစားနော် ဘ၀ဆိုတာဒီလိုပဲဆိုပြီး

သုတ်သုတ်လာသုတ်သုတ်ပြော အားပေးတတ်တဲ့ မိတ်ဆွေကြီးပါ။ရွှေအိက အပြင်ထွက်တော့ လည်း

သွက်သားပဲတဲ့  တိုကျိုလာတုန်းကမှတ်ချက်ချသွားတယ်။


၎) လသာည (အယ်ဒစ်တာချုပ်)

ကျွန်မတို့ တစ်တွေဆေးစစ်ကြတော့ ရန်ကုန်အဖွဲ့ နဲ့ မန်းတလေးအဖွဲ့ ဆိုပြီး ၂ဖွဲ့ ရှိတယ်။ လသာညက

မန်းလေးကပေမဲ့ ရန်ကုန်အဖွဲ့ တွေနဲ့ ဘော်ဒါလေ။မှတ်မိသလောက် သူက

အကျီ ပိတောက်ခြောက်ရောင်လေး ၀တ်ထားတယ် လက်က

ဆလင်းဘက်အိတ်လေးကိုလည်း ချိတ်ထားလိုက်သေးတယ်ရှင့် ။သူရဲ့ ရှူဂျင်ကိုလည်း

ဆေးစစ်တဲ့ဆီ ခေါ်လာတယ်။ကျွန်မတို့ကိုတွေ့ တော့ အသက်တွေမေးပြီး

သူထက်ငယ်တယ်ဆိုရင် ဒါကညီမလေး၊ အသက်တူတယ်ဆိုရင်တော့ ဒါဆိုရင်သူငယ်ချင်းတဲ့ ။

မူနွဲ့ နွဲ့ လေးနဲ့။ နိဟွန်းရောက်တော့ ကျွန်မရဲ့ရောင်းရင်းကြီး ဖြစ်လာတယ်။

စနေသမီးဆိုတော့ လည်းစွာတယ်ရှင့် ။


၅) မထား

အိရေ မမထားကလေဆိုပြီး ဖုန်းဆက်ရင်းနဲ့ ရင်းနှီးလာတဲ့ မိတ်ဆွေပါ။ ရေစက်လေလားပဲ။

လူချင်းမမြင်ဖူးဘဲနဲ့ စိတ်ထဲမှာရင်းနှီးမိတယ်။တွေ့ လိုက်တော့ ကလေးလေးချီလို့ ။


(သူငယ်ချင်းအားလုံးအမှားပါရင်စိတ်မဆိုးနဲ့ နော်ပြန်ပြင်ပေးမယ်)

အားလုံးကိုချစ်တဲ့ အိစံ

5 comments:

မိဆိုးလေး said...

အမှားမပါပါ..။ ကလေးလေး မယ်အိရေ..။ ဟေး တစ်ကွ..။

လသာည said...

နှစ်..။
ရွှေအိနဲ့ ရောင်းရင်းဖြစ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် ခညာ..

ထား said...

အမှားပါလဲ မမထားက “အပါ”ကို အဲ ဟုတ်ပေါင် ယောင်လို့ “အိ” ကို ခွင့်လွှတ်ပြီးသား ;) အဟ


ချစ်တဲ့

ထား :-)

Anonymous said...

ဟုတ်ကဲ့...အခုလို..ငိုဖော်ရယ်ဖော်ဖြစ်ခွင့်ရတာ......
ဒီကလည်း..ကျေးဇူးပါရှင့်.....

ပုံ
ရွာလယ်သူ ;p

ဗက်ဆာ said...

:D :D
ကိုယ့်အပေါ်အမြင်ကို သိခွင့်ရလို့ ရွှေအိကြီးကို ကျေးဇူးတင်ပါတယ်။ နောက်အချိန်ရ မှ အိလိုမျိုး လိုက်ရေးဦးမယ်။... မိဆိုးကြီးပြောတာ တစ်ခုတော့သဘောကျတယ်။ ရေစက်မကုန်ရင် ပြန်ဆုံကြမှာပေါ့ ဆိုတာ။...
ဗက်ဆာ ဆိုတာက ..ရေ.. ပါ အိစံရေ။ ဗာဆာ လို့ထွက်ပေမဲ့ ဗက်ဆာပဲ ထားပါတော့။ ရေဆိုတာ သီတာ မဟုတ်လား။ တကယ်တော့ အစ်မက အစတုန်းကတော့ အိလို အေးအေးလေးပေါ့။ နောက်မှ ကိုယ့်အကြောင်းရော အပေါင်းအသင်းတွေ အကြောင်းပါ ရေးပါဦးမယ်။ ချောတဲ့ အမျိုးသမီး မဟုတ်ပါဘူး အိစံရယ်။ ရွက်ကြမ်းရည်ကျိုပါပဲ။ အိလဲ စိတ်အလိုရှိရင်အဲလောက်တော့ အသာလေးပေါ့။ .. ရွက်ကြမ်းရည်ကျိုက ကောင်းတာရော။ လှချင်ရင်လဲလှလို့ရ။ ရုပ်ဆိုးချင်လဲ ဖျက်လို့ရ။.. ဒီပို့စ်အတွက် ကျေးဇူး။... ရွှေအိကြီးရော ဆိုးပေကြီးများ အားလုံးရော ကျမ်းမာပျော်ရွှင်ပါစေ။... :) :) :)