Sunday, May 9, 2010
ဘယ်သူ့ကိုပိုချစ်သလဲ
ဘယ်သူ့ကိုပိုချစ်သလဲ…..??????
ဒါဟာကလေးငယ်ဘဝမှာမေးခံရလေ့ရှိတဲ့စကားလေးပေါ့…
ကျမကတော့ငယ်ငယ်လေးက..“ဖေဖေကြီး..ဖေဖေကြီး…ဖေဖေကြီးကိုချစ်…တယ်၊ မေမေကြီး..မေမေကြီး..မေမေကြီးကိုချစ်..တယ် ”ဆိုတဲ့တေးလေးဆိုပြီး...
ဖေကောမေကောရဲ့အချစ်ကိုသိမ်းပိုက်ထားသူလို့ဆိုကောင်းဆိုနိုင်ပါတယ်။ ဘယ်သူ့ကိုဘယ်ဝါ့ကိုပိုတယ်လို့မပြောမိဘူးအောင်းမေ့တာပဲ…း)
အရွယ်လေးရလာတော့…အမေ့ကိုပိုမိလာတယ်…ဒါဟာလည်းအဖေဟာအဲဒီအချိန်ကကိုယ့်ဆရာလေ…
ဒီတော့အဖေဆိုတာထက်..ဆရာလို့ပဲပိုထင်နေတယ်..ဆန်ရင်းနာနာဖွတ်ဆိုပြီး..ဆူစရာရှိရင်ကိုယ်တွေပဲ..
ပိုအဆူခံထိတာလေ…အဲဒီတော့တဖြည်းဖြည်းနဲ့အဖေနဲ့ဝေးလာပြီး၊ အမေနဲ့နီးနီးလာမိတယ်။
အမေဆိုတော့….အမေကသာမာန်အိမ်ရှင်မလေးပါ။ ဒါပေသိ…အမေဟာသူ..၇..တန်းနှစ်ကစလို့ကျမတို့မွေးပြီးအရွယ်ရောက်လူလားမြှောက်ထိတိုင်အောင်..
စက်ချုပ်ပြီးအိမ်ရဲ့စီးပွားရေးကိုတဘက်တလမ်းကနေထောက်ပံပေးခဲ့သူပါ။..ကျမတက္ကသိုလ်တတိယနှစ်မှ...
အမေဟာစက်ချုပ်တဲ့ဒဏ်နဲ့အိပ်ယာထဲလဲပြီး၊လုံးဝရပ်နားခဲ့ရတယ်။
စက်ချုပ်ခဲ့စဉ်တုန်းက..အမေဟာသိပ်ကိုအလုပ်လောဘကြီးပါတယ်…မိုးလင်းမိုးချုပ်တကုပ်ကုပ်ဆိုတာ..
အမေမှအစစ်ပါ။…စက်ချုပ်နေလို့အိမ်အလုပ်လစ်ဟင်းမယ်မထင်နဲ့…အမေဟာသိပ်ကိုထောင့်စေ့လွန်းပါပေတယ်….
ဒါပေသိ..အမေ့ကိုကြည့်လိုက်ရင်ပင်ပန်းရုပ်မပေါ်ဘူး…အမြဲတမ်းသနပ်ခါးနံလေးတသင်းသင်းနဲ့..
လုပ်စရာရှိတာကုပ်လုပ်နေတာပဲ…..
ဒီတော့ဘာဖြစ်လာလဲဆိုတော့…အမေ့ကိုသတိထားမိလေလေ…
အဖေ့ကိုအမြင်ကတ်လာလေလေ..(အဟဲ..ဖားသားကြီး..ကန်တော့နော်..း)..စိတ်ထဲမှာလဲဖြစ်မိတယ်..
အဖေဟာဘာလို့ဒီလောက်ဇိမ်ကျနေတာလဲ..အမေ့ကိုနည်းနည်းပါးပါးသနားပါအုံးလား….အမယ်..ကိုယ်ကကိုယ်က.(တကယ်ဆိုအမေကလဲ..ကျမတို့ကိုသိပ်မကူခိုင်းဘူး..ကျောင်းစာလစ်ဟင်းမှာကြောက်လို့ထင်ပါတယ်..)…
မနက်ဆိုအဖေကအမေပြင်ပေးတဲ့ရေနွေးကြမ်းလေးသောက်၊ထမင်းပူပူလေးစားပြီးတော့..ကျောင်းကို၊ အဖေ့စိတ်ထဲမှုာကျောင်းကိစ္စအရေးကလွဲရင်..ဘာမှမရှိ၊.တခြားစီးပွားရေးလည်းမလုပ်တတ်၊
ယုတ်စွအဆုံး..စာတောင်ပြမစားဘူး…ဟဟ။..ဒါပေသိ..ကျောင်းကပြန်လာရင်..ကျောင်းသားတွေ...
တရုန်းရုန်းနဲ့ပါလာတယ်..အဲဒီအချိန်တုန်းက..မြို့နယ်လူရည်ချွန်ပြိုင်ပွဲတွေရှိတယ်လေ..
အဖေကကိုယ့်နယ်ကကျောင်းသားတွေ...ထွန်းထွန်းပေါက်ပေါက်ဖြစ်စေ့ချင်တယ်လေ..
ဒီတော့ကျောင်းသားတွေကိုဒုတ်မိုးပြီးtrainingသွင်းတော့တာပဲ…
အကျိုးဆက်ကတော့..စေတနာဆရာဆိုပြီး..ပီတိစားပြီး..ခါးချိ..အဲ..အားရှိနေတာ..ဖေဖေလေ။..
ဒီတော့ပါရမီဖြည့်ဖက်မေမေခမျာ...ကျမတို့တွေရဲ့ရှေ့ပညာရေးချောမွတ်စေဖို့အရေး...
စက်ကိုကုန်းပြီးနင်းယုံမှတစ်ပါး..အခြားမရှိလေပြီ။
အဲဒီလိုစေတနာရှင်အဖေဆရာနဲ့မေတ္တာရှင်အမေအိမ်ရှင်မကနေ..ဘယ့်နယ့်ဂျစ်ကန်ကန်ကျမ
ဖြစ်နေရတာလဲဆိုပြီး..အဟီး…။ဒါကလဲအရာရာကိုကိုယ့်ရှိတဲ့တထွာတမိုက်ဥာဏ်လေးနဲ့သုံးသပ်ပြီး
၊မှားတယ်ထင်ရင်ပြန်ပြောတတ်တဲ့၊ဘာသိဘာသာမနေတဲ့တတ်တဲ့ဗီဇလေးကြောင့်ပေါ့….တကယ်တော့..
အမေမေတ္တာ၊အဖေ့စေတနာတွေဟာအတိုင်းအတာတစ်ခုထိကောင်းပေမယ့်...တစ်ချို့တစ်ချို့တွေဟာ..
အဲဒါတွေနဲ့မထိုက်တန်ပါဘူး...ရှိတုန်း၊အားကိုးရတုန်းဆရာဆရာဖြစ်နေပေမယ့်၊နောက်ကျောဓားနဲ့ထိုးဖို့
အဆင့်သင့်စောင့်နေသူတွေ....တွေ့ခဲ့ကြုံခဲ့ရတယ်လေ...။အဲဒီအချိန်ဆိုရင်...ကိုယ်ဟာလူကြမ်းကြီးပါပေါ့လေ....အဟဲ။
...ဒီလိုနဲ့အဖေ့အယူအဆနဲ့ကျမအတိုက်အခံတွေဖြစ်၊...အဖေကလည်းငါဆရာဆိုတဲ့မာန်နဲ့ပေါ့....
ဒီလိုနဲ့တဖြည်းဖြည်းအဖေနဲ့ပိုပိုဝေးဝေးလာ။
ဒီလိုနဲ့တနေ့..အဖေ့ကိုချောက်ထဲဆွဲချခံရမယ့်..တနေကြုံလာပါလေရော....လောကဓံ..လောကဓံ။
အဲဒီအချိန်မှာ...ဗြုန်းဆို..မေမေဟာ...မိသားစုရဲ့အရေးမားမားမတ်မတ်ထွက်ရပ်လို့...စိတ်ဓာတ်ရေးရာအရ..
ဖေဖေ့ကိုအားပေးလို့...ကြုံဆုံလာတဲ့လောကဓံကိုအံတုလို့ပေါ့။...တကယ်ပါ..စိက်ထက်တဲ့ကျမကတော့...
ကိုင်းခုတော့ဘယ့်နဲ့ရှိစပေါ့..ဟုတ်တယ်လေ....။..ဒီလိုနဲ့မိသားစုရှေ့ရေး..ပခုန်းပြောင်းရပြီလေ..။
ကျမကတော့နာနေတဲ့..ကျားတကောင်လို..ပေါ့..။..ကိုယ်ကစီးပွားစလုပ်ရအောင်လည်း..ပညာတပိုင်းတစနဲ့.။
ဆိုတော့..ကဲ..စာသင်မယ်...ဖေဖေလိုတော့အလကားပဲတင်းမဟုတ်ဘူး..ပိုက်ဆံအတွက်ဆိုပြီး..
ကိုယ့်ကိုယ်ကို..အသပြာဆရာဘွဲ့ခံပြီး...တလောကလုံးကိုခပ်တင်းတင်းနဲ့မျက်နှာပြောင်တိုက်တော့တာပဲ...။
..မျက်နှာတင်းတာ..အဲဒီကတည်းကအကျင့်ပါသွားတာ..အဟီး(တကယ်ပါ..ငယ်ငယ်ကမျက်နှာတော်တော်ချိုပါတယ်တဲ့..
အဟတ်)။
ဒါပေမယ့်အောင်မြင်ခဲ့ပါတယ်...တကယ်ကျ..အဖေ့ရဲ့စရိုက်ကပါတော့...သေသေချာချာကိုစေတနာထားပြီး၊
အပင်ပန်းခံသင်ပေးတာပါ။..အဲဒီအချိန်.ကျမဘေးကနေ..ကျမစိတ်ခံကိုနားလည်ပေးပြီး၊.ဖြောင်းဖျပေးတဲ့၊
..ထောက်ပံ့ပေးသူကတော့...မေမေရယ်လေ။...တချိန်တညှ်းမှာပဲ...စိတ်ကျနေတဲ့ဖေဖေ့ကိုနားလည်ပေးဖို့အကြောင်း၊
ကျမရဲ့အောင်မြင်မှုတွေဟာဖေဖေရဲ့အရှိန်အဝါတွေလည်းပါဝင်နေတဲ့အကြောင်း...တဖြည်းဖြည်းနားသွင်းပါတော့တယ်။
..ကျမလဲ..ဖခင်တစ်ယောက်ရဲ့တည်ရှိမှု၊..အရှိန်အဝါ၊..ပြီးတော့..ကိုယ်တိုင်ကြုံတွေ့တဲ့အခါ..ခံစားသိလာရတဲ့..
ကျမဟားခဲ့တဲ့စေတနာ....ဒါတွေကို..တဖြည်းဖြည်း..နားလည်လက်ခံမိလာတယ်။
ဒီလိုနဲ့ပဲ...လောကဓံအတက်အကျမှာ..တစ်ယောက်ကိုတစ်ယောက်ဖေးမရင်း၊ နားလည်မှုတွေတည်ဆောက်ရင်း...၊တဦးနဲ့တဦးလည်းပိုပိုပြီးနီးစပ်လာကြတာ.....ဟော..အခုတော့...
အဖေနဲ့လည်း..တယ်ချင်းတွေလိုဖြစ်...အမေကိုလည်းချစ်စနိုးနဲ့စနောက်...ကျမတို့အိမ်သားအားလုံးဟာ...
မိသားစုလိုတသွယ်..မိတ်ဆွေလိုတဖုံနဲ့ပေါ့။..ဖေဖေ့ရဲ့စေတနာ၊မေမေ့ရဲ့မေတ္တာလက်နက်တွေဟာ...
ကိုယ်တို့အိမ်လေးကိုတော့..ထာဝစဉ်လှုံခြုံအေးမြစေတာ..ဂျစ်ကန်ကန်ကျမ..ခြွင်းချက်မရှိ..လက်ခံယုံကြည်သွားပါပြီ...။
. . . . . . . .
. . . . .
. .
.
ခုနေခါ..တစုံတယောက်က..ဘယ်သူ့ပိုချစ်သလဲမေးခဲ့ရင်...ယုန်ငယ်လေးလို..ကျမနှာစေးနေပါမည်။
(အမေနေ့အမှတ်တရ..း)
Subscribe to:
Post Comments (Atom)
7 comments:
မိတ်ဆွေတို့..
ကျွန်ုပ်တို့ ဒီတနေ့တာကို
ငြိမ်သက်မနေကြပါနဲ့
ပေါင်မုန့်ကြမ်းတဖဲ့စီဝေမျှ
ဝိုင်နီခွက် တကျိုက်စီ ညီမျှ
အတူတူ စားသောက်ကြပြီး
မေမေတွေရဲ့ အံ့မခမ်း ဂုဏ်ကို ရည်ရွယ်
အမေ သီချင်း ပြိုင်တူညီးကြရအောင်..
မိတ်ဆွေတို့…
မိတ်ဆွေတို့…ကျေးဇူးပြု၍
တကြောင်းတည်း မဖတ်ကြပါနဲ့
ခင်ဗျားတို့အမေ ၊ ကျုပ်တို့အမေ
ဘုရားသခင် အမေ
ဒါတွေ မှ မဟုတ်ဘူးလေ
ဒေဝဒတ်မေမေ ၊ ဟစ်တလာမေမေ
ဘင်လာဒင်မေမေ၊ အကျဉ်းစံမေမေ ၊
ရဟန်းအမ မေမေ၊
မိဆိုးကြီးရဲ့ မေမေ၊
ငါတို့မေမေ၊
အရောင်းဆိုင် က မေမေ
ဗိုလ်ချုပ်မေမေ ၊ ဆိုက္ကားဆရာမေမေ
သူတောင်းစား မေမေ
အို..မေမေ ဆိုတာနဲ့
ကမ္ဘာလောက ကြီး စာမျက်နှာပေါ်မှာ
ဘာသာပေါင်းစုံ နဲ့ရေးထိုးထားသော
သူ့သားသမီး တွေ အတွက် ရဲဝင့်စွာ
အသက်စတေး မွေးဖွားပေးခဲ့သော
မေမေ တွေ အားလုံး ကိုပေါ့ဗျာ။
ဘာပြောတာလဲ မိတ်ဆွေ..
အိုး.. သိပ်မှန်တယ်
မိတ်ဆွေ ပြောတာလည်း ဟုတ်တယ်
နို့သီးခေါင်း များစွာ နဲ့ တွေ့ရာလူရမ်း ကိုက်နေတဲ့
ခွေးလေးတို့ မေမေ
ပင်ယံထိပ်ဖျား အသိုက်ထဲက
ဌက်ကလေးတွေ ရဲ့ မေမေ
အတောင်နှစ်ဖက် နဲ့ အုပ်မိုးဖုံးကွယ်ထားတဲ့
ကြက်ဥလေး တို့ရဲ့ မေမေ
ကြောင်ကလေးတို့ရဲ့ မေမေ
မျောက်ကလေးတွေရဲ့ မေမေ
သူ့သားသမီး တွေ အတွက် ရဲဝင့်စွာ
အသက်စတေး မွေးဖွားပေးခဲ့သော
မေမေ တွေ အားလုံး ကိုပေါ့ဗျာ။
လာကြဗျာ…မိတ်ဆွေ တို့
လက်အုပ်တွေပဲချီချီ ၊သတိဆွဲ အလေးပဲ ပြုပြု
သက်သာ အနေအထားနဲ့
ရင်ထဲမှာ အမြဲတမ်း အသိအမှတ်ရှိဖို့
ကျေနပ်ပျော်ရွှင် ဂုဏ်ယူခြင်းဖြင့်
မေမေတွေ အားလုံး ကို ဂါရဝပြု
ကျေးဇူး ပြန်ဆပ်ကြစို့
ငြိမ်မနေ နဲ့ မိတ်ဆွေ..
တနေ့တာ နေ မကွယ်သေးခင်
ခပ်မြန်မြန် မေမေ နဲ့ အပြန်အလှန်
နွေးနွေး ထွေးထွေး လေး။
။
(ကဗျာဆရာ ဗစ်တာထွန်းဇေ)
(သူများကဗျာကို ကူးပြီး မိဆိုးကြီးကို ထောက်ခံသွားပါတယ်း))
အဖေနဲ့ အမေ မဟုတ်ပဲ တခြား.ဘယ်တစုံတယောက်.ကို ပိုချစ်သလဲမေးခဲ့ရင်..
......................
....................
ငါမဟုတ်တာတော့ သေချာတယ် (..?)
အိတို့ တော့ အိတို့ မေမေကိုသတိရလို့ ခုနလေးတင်ဖုန်းဆက်ပြီးသွာပြီ။
၈ျစ်ကန်ကန်မိဆိုးကြီး ဟုတ်ပါဖူး။ အမရယ် အိအိမ်လိုက်ခဲ့ ပါဆိုရင်နှစ်ခါခေါ်ရဘူး။
ပါးစပ်ကတော့ ရွှေအိ နင်ငါ့ လာစမ်းမနေနဲ့ တဲ့ ။
အော်..ပြောပြီးပါပြီကော..ကျမချစ်သူလို့..;p
ပြောရင်းတောင်ရှက်လာပြီ..လွှနဲ့တိုက်ချဘို့လွှရှာပေး...ဒါပဲ
အင်း တော်တော်ကောင်းတယ်ကွာ..။ အစက အမုန်းမရှိတဲ့ကမ္ဘာ အဖွဲ့ ဝင်တွေအားလုံး အမေနေ့ ကို ပို့ စ်တစ်ခုစီတင်ရရင်ကောင်းမယ်လို့  တကယ်ဆန္ဒရှိခဲ့တာပါ..။
မနက်က သတိရသေးတယ်။ ဒါပေမဲ့လေ စိတ်ထဲမှာပဲ ချစ်လိုက်တော့မယ် စဉ်းစားလိုက်တာ။ အင်း။ ရေးမယ်။ အကြွေး။ နက်ဖန်ညမှ။ နက်ဖန် နေ့လည်လား ညနေလား။ ဆရာကို စာကြမ်းပေးရဦးမယ်။
“မေမေ”
ကလေးနှစ်ယောက် ရနေပြီ ဖြစ်တဲ့ ကျမကို အခုချိန်ထိ “ပီဘီ” လေးတစ်ယောက်လို သတ်မှတ်ပြီး ဖုန်းဆက်လိုက်တိုင်း သမီး ဘယ်လိုနေ ဘယ်လိုစား ဘယ်လိုထိုင်ဆိုပြီး ပြောနေတာလေ။ မေမေရယ် သမီး ကလေးနှစ်ယောက် ရထားပြီးပါပြီ။ ဟိုးငယ်စဉ်က မှာသလို မှာနေတုန်းပဲနော်လို့ ပြောတော့ မေမေ့စိတ်ထဲမှာတော့ သမီးက အမြဲ ကလေးပဲတဲ့လေ ။ကျမဖြင့် ငိုရမလို ရယ်ရမလိုဖြစ်မိပါတယ်။ ကွန့်မန့်ဖတ်နေတဲ့ သူငယ်ချင်းတွေလဲ ထား ရဲ့ မေမေ့လိုပဲ ကြုံကြမှာပဲလို့
တွေးထင်မိပါတယ်။
အမေများနေ့မှာ
အဝေးတစ်နေရာကနေ
လွမ်းဆွတ်ခြင်းများဖြင့်
ချစ်သမီး
ထား
Post a Comment