Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts
Friday, March 4, 2011
အသွားကြော့ကြော့....အပြန်ထော့ထော့
Google.com
မိဆိုးကြီးတို့နယ်တွေမှာ..ဇာတ်ပွဲတွေဘာတွေသွားကြည့်ကြရင်..ပွဲသွားကြော့ကြော့..ပွဲပြန်မော့မော့..
လို့ဆိုကြတယ်။ပွဲခင်းထဲကို..သွားကြမယ်ဆို..သူသူငါငါ..အတတ်နိုင်ဆုံး..ဖီးလိမ်းပြီးခပ်ကြော့ကြော့
လေးထွက်ကြတာရော။တနှစ်နေလို့မှ..တခါလောက်ကြည့်ရတဲ့ပွဲကိုး..။ဟော..ပွဲပြီးလို့..ပတ်စာခွာဖျာ
သိမ်းပြန်ကြပြီဆိုရင်တော့..အိပ်ချင်မူးတူးမျက်နှာတွေနဲ့..မော့တော့မော့တော့(တကယ်ကတော့......
ငိုက်စိုက်ငိုက်စိုက်ပါ..း)နဲ့..ပြန်လာခဲ့ရပါပြီ။
အခုပြောချင်တာကတော့..ပွဲပြီးလို့မော့ပြန်မလာရပဲ...ထော့ပြန်လာခဲ့ရတဲ့အကြောင်းပါ။
တကယ့်ကိုထော့ပြန်လာခဲ့ရတဲ့..ဆိုးကြီးကျမရဲ့..အတွေ့အကြံတခုအကြောင်းရယ်ပါ။
........................................................xxxxxxx...............................................................
တနှစ်တခါ...labတွေတူရာတူရာစုပြီး..စကီးထွက်ကြပေမယ့်..တခါမှမလိုက်ဖြစ်ခဲ့ဘူး။ဒီနှစ်မှ..အခန်းထဲက
ကျောင်းသားလေးက..စကီးအတူသွားကြအောင်ခေါ်လို့..လိုက်ဖြစ်ခဲ့တယ်..။စကီးဆိုတာ..တီဗွီထဲလောက်
ပဲမြင်ဖူးတဲ့ဆိုးကြီး..ဘာဆိုဘာမှသိခဲ့ပါဘူး။လိုတာတွေအားလုံးကိုအဲဒီကျောင်းသားလေးကပဲဖောင်ဖြည့်
ဘာညာ..အကုန်လုပ်ဆိုတော့..ဆိုးကြီးကတော့..အေးဆေးပဲလေ။
အဲဒီလိုနဲ့..သွားရမယ့်နေ့ရောက်လာပါပြီ..။ဖြစ်ချင်တော့..ဆိုးကြီးအတွက်အားလုံးစီစဉ်ပေးတဲ့ကျောင်းသား
လေး..မလိုက်ဖြစ်ဘူးဖြစ်ပါလေရော။ပြီးရော..ကိုယ်ကလဲသူ့မေးမထားမိဘူး..ဘာတွေမှာထားလဲဆိုတာ..း)..
labကတခြားကျောင်းသားလေးတွေပါပေမယ့်..သူတို့က..ခပ်အေးအေးတွေရယ်လေ..။
ဒီလိုနဲ့..နာကနိုမြို့က..နိုဇာဝါအွန်းဆမ်းစကီးကွင်းဆီကို..ညကားနဲ့ထွက်လာခဲ့ကြပါတယ်။
ကဲ..စပါပြီခင်မျာ..ဆိုးကြီးရဲ့ကမောက်ကမတွေ။ဟော်တယ်ကိုမနက်ရောက်ရောက်ချင်း..စကီးအတွက်
ပြင်ဆင်ရပါတော့တယ်။..ဝတ်စုံငှားတဲ့ဆိုင်ကို..အဖွဲ့ခေါင်းဆောင်ရဲ့နောက်က..တကောက်ကောက်လိုက်
နေပေမယ့်..ကိုယ်ဘာတွေမှာတာ..မရေရာ..။လိုတာအကုန်လို့ပြောထားမိတော့..ပေးသမျှအကုန်ယူရမှာပဲ
လေ..း)။..ဒီလိုနဲ့..ဝတ်စုံ၊လက်အိတ်၊ဦးထုတ်၊စကီးမျက်မှန်၊စကီးဘုသ်၊စကီး(အောက်ခံပျဉ်ရှည်ရှည်ကို..
အိတ၊လက်ကိုင်တုတ်ကိုတော့..စတော့ခု..တဲ့)..အားလုံးထမ်းပြီး..ပြန်လာခဲ့ဆိုးကြီး..အဲဒီကတည်းက..
အတော့ကိုဟိုက်နေခဲ့ပါပြီ(ညကားပေါ်မှာမအိပ်တတ်ခဲ့တာလဲပါမယ်၊တန်ဆာပလာတွေကလဲလေးတယ်)။
http://www.boncherry.com/blog/2009/10/25/ski-equipment-guide-and-reviews/
ဟော်တယ်ရောက်လို့..ဝတ်စုံဝတ်၊ဘုသ်စီးပြီး..မတ်တပ်လဲရပ်လိုက်ရော..စကီးဘုသ်က..ကောင်းကောင်း
ပညာပြတော့တာ။..စီးစမရှိတဲ့အတွက်..ဆိုးကြီးတယောက်...ချက်ချင်း..လေးဘက်ထောက်ကလေး..လမ်း
လျှောက်သင်သလို..ဖြစ်တော့တာပါပဲ..။..စက်ရုပ်ကြီးလိုလမ်းကိုအနိုင်နိုင်လျှောက်နေရတဲ့ကိုယ့်ကြည့်ပြီး..
မနေနိုင်တဲ့ကျောင်းသားလေးက..Liftစီးရမယ့်စတေရှင်ရှိတဲ့နေရာအထိ..စကီးကိုကူသယ်ပေးသွားရတယ်..။
Nozawa Onsen Snow Resort
ဒီလိုနဲ့..စကီးကွင်းထဲကို..Liftအဆင့်ဆင့်စီးပြီး..ရောက်ခဲ့ပါပြီ။..စီးတတ်တဲ့သူတွေကတော့..အိတလို့ခေါ်တဲ့
ပျဉ်ရှည်၂ခုကို..စကီးဘုသ်နဲ့ချိပ်ဆက်..မျက်မှန်တပ်..လက်အိတ်တပ်..လိုတာ..အကုန်တပ်နဲ့..ဟော..စကီး
တုတ်ကလေးကိုင်ပြီး..စီးထွက်သွားလိုက်ကြတာများ..။ဆိုးကြီးကျမတော့..အိတနဲ့..ဘုသ်..မိတ်ဆက်လို့ကို
မရသေးပါဘူး..။နောက်ဆုံး..ဘေးအကူနဲ့အားလုံးအဆင်သင့်တပ်ဆင်ပြီး..သွားတော့မယ်ပေါ့..။ဒါပေမယ့်..
လူကရှေ့လှမ်းမယ့်လဲကြံရော..နောက်လဲတော့တာပါပဲ..။အမြင်လှသလောက်တော်တော်ပညာပြတဲ့..စကီးကွင်းပါပဲ..။
တကယ်တော့..ဘယ်အရာမဆို...သင်စမှာ..မှားတဲ့ဘက်က..အမြဲကြိုဆိုနေတာ..သဘာဝလားပဲနော်..။
စကီးဟာ..ခြေထောက်ရဲ့ထိန်းချုပ်မှုလို့ထင်ပါတယ်..။ဒီခြေထောက်၁စုံကိုလိုသလိုကစားပြီး..ကိုယ်လိုရာ..
ဦးတည်ချက်ဆီကို..စီးနှင်းကစားရခြင်းပါ..။စီးတတ်သွားရင်တော့..ပျော်စရာကောင်းမှာအမှန်ပေမယ့်..
သင်စ.ကျမ(အတတ်လဲနှေးတဲ့)အတွက်တော့..စကီးကွင်းထဲမှာ..တဘိုင်းဘိုင်းလဲပြီး..ချွေးပြန်ခဲ့ရပါတယ်..။
စကီးဆိုတာဟာ..ကိုယ်လက်အားကစားတခုပါတဲ့။ခြေထောက်က..ပဲ့ထိန်း၊လက်ကလည်းဟန်ချက်ညီ
လိုက်ပြီးလှုပ်ရှားပေးဆိုတော့..စီးတတ်တဲ့သူတွေတောင်..ကိုယ်လက်နာကျင်ကြစမြဲပါတဲ့..။
စကီးကပြန်လာကြရင်..အကြောဖြေဘို့..အွန်းဆမ်းစိမ်ကြရသတဲ့..။ညမှာလဲ..မအိပ်ခင်ကို..နာကျင်
ခံစားရတဲ့နေရာတွေကို..လိမ်းတန်လိမ်း၊ကပ်တန်ကပ်ကြရသတဲ့..။စကီးအတွက်..ခပ်ကြော့ကြော့ပဲ
ထွက်လာခဲ့တဲ့ဆိုးကြီးတော့..ဘာမှဝယ်မလာမိခဲ့ဘူး(သောက်ဆေးကလွှဲရင်)။ပြီးတော့..အွန်းဆမ်းလဲ
မစိမ်ချင်ဆိုတော့..မနက်အိပ်ယာထ..အခန်းဖော်တွေ..ဆွဲထူမှထနိုင်တော့တယ်..း((((။
ဒီလိုနဲ့..နာနာကျင်ကျင်လဲလိုက်ထလိုက်နဲ့ပဲ..၂ရက်လောက်ကျင့်လိုက်မှ..ဆိုးကြီးကျမ..စကီးကွင်းမှာ..
ရပ်နိုင်ပေ့ဖြစ်လာပါတော့တယ်..။စကီးကလေးစီး၊ပဲလေးမရဲတရဲပေး..ဖိုတိုလေးရိုက်..ပျော်မယ်လဲကြံရော
ပြန်လာခဲ့ရပါတော့တယ်..။ထော့ထော့..ထော့ထော့နဲ့အိတ်ကလေးပိုက်ပြန်လာခဲ့တဲ့အဲဒီအချိန်ခဏ..
ဆိုးကြီးတယောက်..တစုံတရာကိုပဲ..တောင့်တနေမိတော့တယ်..း)))))))))
....................................................xxxxxxxxxx..............................................................
စကီးစစီးကြမယ်ဆိုရင်...(ကျမအတွေ့အကြုံအရပါ)
၁) Physically strong (အမောဒဏ်၊လဲဒဏ်ခံနိုင်တာပေါ့..း)
၂) Trainer (ဒါမှမဟုတ်..သင်ပေးနိုင်မယ့်တယ်ချင်း)
၃) Arm Wallet (liftလက်မှတ်၊ပိုက်ဆံထည့်ပြီးလက်မှာပတ်ထားလိုက်ရုံပဲ။    
                      စကီးတန်ဆာပလာတွေနဲ့လက်ကမအားပါ..)
၎) Helmet (လဲရင်မနာတာပေါ့)
နောက်ထပ်လိုတာတွေ..ဆိုးကြီးရဲ့ကမောက်ကမများကနေ..သုံးသပ်ယူနိုင်ကြစေသောဝ်..။
Ref: http://www.sno-ski.com/ 
..........................................................။...............................................................
Wednesday, February 9, 2011
ဖိလစ်ပီးနိုကြိုက်တဲ့ ဘလွတ်
ဖိလစ်ပိုင်နိုင်ငံရဲ့  ထူးခြားတဲ့ မုန့် ပဲသားရေ စာတွေထဲ က လူကြိုက်များ
တဲ့ အစားအစာတစ်ခုပါ။လမ်းဘေးဈေးတွေမှာ ရောင်းလေ့ ရှိတဲ့  လမ်းဘေး အစား အစာ တစ်မျိုး လည်းဖြစ်တယ်။ မုန့် လို့ ပြောပေမဲ့  တစ်ကယ်တော့ သားလောင်းပါတဲ့  ကြက်ဥပြုတ်ပါ။ ကြက်ဥကနေကြက်အကောင်ပေါက်စလေးတွေပေါက်လာဖို့  ၂၈ ရက် ကြာပါသတဲ့ ။ အဲဒီမှာမှ ၁၆ရက် ကနေရက်၂၀သက်တမ်းလောက်အပူငွေ့ ရပြီဆိုရင် ဥခွံလေးထဲမှာ ကြက် သားလောင်းကွေးကွေးလေး  ပေါ်လာတယ်။ဖိလစ်ပီးနိုတွေက သားလောင်းပါတဲ့  ကြက်ဥမှာ ပရိုတိန်းဓာတ်အများဆုံးပါပြီး အဲဒီကြက်ဥကိုပြုတ်စားရင် နှလုံးအားကောင်းတယ်လို့ ယူဆတယ်။ သားလောင်းပါတဲ့ ကြက်ဥပြုတ် ကို 
 ဒေသအခေါ်အရ ဘလွတ်(Balut) လို့ ခေါ်တယ်။ ၁၈ရက် သက်တမ်းရှိတဲ့ ဘလွတ် က အရသာအရှိဆုံးလို့  ဆိုပါတယ်။  
 အိစံနေတဲ့ အိမ်က ဖိလစ်ပီးမှာ ထူးခြားတဲ့ အစားအစာတွေ တစ်မျိုးပြီးတစ်မျိုး ၀ယ်ကျွေးချက်ကျွေးတယ်။
သူငယ်ချင်းတို့ မြင်သာအောင် ဂူဂယ်လလ်အကူအညီနဲ့ ပြရမယ်ဆိုရင် ....
ပထမဆုံး ကြက်ဥထိပ်ကလေး ကို ပါးစပ်စုပ်လို့ ရ မဲ့ အနေလေးဖောက်လိုက်တယ်။
ပြီးတာနဲ့  ကြက်ဥ ထဲမှာပါတဲ့ အရည် ကို ဆားလေးနည်းနည်းထည့်  ပြီးခေါင်းလေး
                           အရည်တွေကုန်လောက်မှ ဥခွံအိမ်ကို 
                                                       ဘလွတ်စားနည်းအဆင့် ဆင့် ပါတဲ့ ပုံပါ
.ဆားခပ်ထားတော့ ပိုပြီးကောင်းတယ်။ 
ကဇော်ဖောက်ထားတဲ့အရသာနည်းနည်းရတယ်။
ကြက်ဥအလယ်ကအ၀ါနှစ်ကခဲခဲလေးနဲ့စားရတာလေးလေးပင်ပင်ရှိတယ်။ကြက်ပေါက်စလေး
ကိုကြည့် ရင်းကြည့် ရင်းနဲ့ မစားရဲတော့ ဘူး။ ခြေလက်အဂါင်္အစုံပါပြီး အမွှေးလေးတွေလည်းသေချာမြင်ရတယ်။ရိုးရိုးကြက်ဥကို
ပြုတ်တဲ့အချိန်ထက်အချိန်ချိန်ကြာကြာပြုတ်ပေးရသတဲ့သူငယ်ချင်းတို့ရေ...........။                                                                                                
Wednesday, January 19, 2011
ပြာသိုလပြည့် အမေနေ့ ..။
အမေ.....။
အမေနေ့ ကိုရောက်တိုင်း၊
အမေ့မွေးနေ့ ရောက်တိုင်း၊
မောင်နှမတွေ မွေးနေ့ ရောက်တိုင်း၊
အမေ့ကို ခါတိုင်းနေ့ တွေထက်
ပိုပြီး လွမ်းဆွတ်မိတယ် အမေ..။
လောကအလယ်မှာ
သားသမီးတွေ လူပုံအလယ်
တင့်တယ်စေဖို့ 
အမေ ကြိုးစားရုန်းကန်ခဲ့ရတဲ့ရက်တွေ
ပြန်လည်သတိရမိပါတယ် အမေရယ်..။
ဘယ်မိဘမဆို
ကိုယ့်သားသမီးကို
ကြီးကျယ်မြင့်မြတ်တဲ့ဘဝကို
ပိုင်ဆိုင်စေချင်ကြမှာပါ..။
ငယ်ငယ်တုန်းက
အမေ့တန်ဖိုးကို
သိပ်ပြီးနားမလည်တတ်ခဲ့ပေမယ့်
လူ့ လောကအလယ်
ဖြတ်သန်းကြီးပြင်းချိန် ကြာမြင့်လာတာနဲ့ အမျှ
အမေ့တန်ဖိုးကို
ပိုလို့  နားလည် တန်ဖိုးထားတတ်ခဲ့တာကို
သမီးဝန်ခံပါရစေ...။
အမေရဲ့ ဘဝလမ်းတစ်လျှောက်
ပင်ပန်းခဲ့တဲ့အချိန်တွေ
အပန်းဖြေနားနေဖို့ 
အချိန်ကို ရောက်ခဲ့ပြီမို့ 
အမေ လေးစားချစ်ခင်တဲ့ အဖေရယ်
အမေတန်ဖိုးထားချစ်တဲ့သားသမီးမြေးတွေနဲ့ အတူ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေ ပြည့်စုံလို့ 
နောင်နှစ်ပေါင်း များစွာတိုင်
ဆက်လက်လျှောက်လှမ်းသွားကြမယ်နော်..။
အမေချစ်တဲ့သမီး
Wednesday, December 15, 2010
အမုန်းတွေ မရှိတဲ့ ကမ္ဘာ (ဘလော့ခ် ရှစ်လပြည့် အမှတ်တရ ၂)
အမုန်းမရှိတဲ့ ကမ္ဘာ
အိမ်မက်တို့ လန့်နိုးတိုင်း အမြဲတမ်း တမ်းတမိတာ
အခက်အခဲ တစ်ခုတွေ့တိုင်း အမြဲတမ်း အောက်မေ့မိတာ
ပျော်စရာတွေ တွေ့တိုင်း တိုင်တည်ပြီး ပြောပြချင်တာ
ရီစရာတွေ တွေ့တိုင်း မျှဝေကြည်နူးစေချင်တာ
စိတ်မကောင်းစရာကြုံတိုင်း မျက်နှာဖုံးတပ်ပြီး ရင်ဖွင့်ပြချင်တာ
စားကောင်းတာလေးတွေကိုလည်း သူသူငါငါ ကျွေးချင်မိတာ
ထူးဆန်ထွေလာလေးတွေကိုလည်း ပုံပြင်အလားဖွဲ့နွဲ့ချင်မိတာ
အဲဒါ အဲဒါ အမုန်းမရှိတဲ့ ကမ္ဘာ....
အမုန်းတွေ မရှိတဲ့ ကမ္ဘာ
အချစ်တွေ ပြုံအောကျပြီး လန်းဆန်းသစ်လွင်နေတဲ့ ကမ္ဘာ
အလှတွေ တစ်စုတစည်းတည်း နုပျိုလန်းဆန်းနေတဲ့ ကမ္ဘာ
ခံစားချက်တွေ ဖြေသိမ့်စေပြီး ဖေးကူပေးနေတဲ့ ကမ္ဘာ
အဲဒါ အဲဒါ အမုန်းမရှိတဲ့ ကမ္ဘာ...
အမုန်းတွေ မရှိတဲ့ ကမ္ဘာ
ဒီကမ္ဘာမှာ ဘယ်သူ မပျော်ချင်ဘူးလဲပြော
ဒီကမ္ဘာမှာ ဘယ်သူ မနားစက်ချင်ဘူးလဲပြော
ဒီကမ္ဘာမှာ ဘယ်သူ တေးမသီဆိုချင်ဘူးလဲပြော
ပြော ပြော ပြော....
အဲဒါ အမုန်းမရှိတဲ့ ကမ္ဘာလို့ ပြော
အဲဒါ အဲဒါ အမုန်းမရှိတဲ့ ကမ္ဘာ...
ဘလူးနှင့် သူ၏ မမများ (ဘလော့ခ် ရှစ်လပြည့် အမှတ်တရ)
အမုန်းမရှိတဲ့ ကမ္ဘာကို ကျွန်တော် ဘလူးဟာ ဘယာကျော် ပိုစ့်ရှင်ရဲ့ အမွမ်းတင် စကားကြောင့် မထင်မှတ်ဘဲ ရောက်လာခဲ့ပါတယ်...ဘလော့ခ် ခေါင်းစဉ်းလေးကို တချက် ကြည့်လိုက်မိပြီး သကာလမှတော့ ... အမုန်းမရှိမှတော့ အချစ်တွေ ပေါ်များနေတယ်လို့ မှတ်ယူလို့ ရတဲ့ အတွက် မေတ္တာငွေ့တွေ လွမ်းခြုံနေတဲ့ ကမ္ဘာလေးလို့တောင် စိတ်ထဲ ခံစားလိုက်ရပါတယ် ..... ရှိနှင့်ပြီးသား ပိုစ့်လေးတွေကို ပရော်စီမျိုးစုံနဲ့ ကျော်ခွ တက်နင်းပြီး လိုက်စပ်စုကြည့်တာ မပြီးသေးပေမဲ့ အရမ်းကို သဘောကျသဗျ.... နောက်... ဘလူးရောက်လာပြီး မကြာဘူး သူကြီး လသာညက ရှစ်လပြည့် မွေးနေ့ အခမ်းအနားလေးကို ဘာမှ မကျွေးဘဲ မိတ်ဆက် ဘလော့ခ်လေးနဲ့ အသက် ၂၀ကို ဘယ်လောက် စွန်းနေမှန်း မသိရတဲ့ ညီအမကိုးဖော်ရဲ့ အတွင်းရေးကို ကြေငြာခန်းဖွင့်လိုက်တော့ ဟားဟားဟားလို့တောင် အသံထွက် ရီမိပြီး ဒီညီအမတွေကို အမွမ်းတင်ပေးအုံးမှ ဆိုပြီး စိတ်ကူးမိခဲ့ပါတယ် ....
ဟုတ်ပါတယ် ရလာတဲ့ စိတ်ကူးကတော့ အောက်မှာ ရေးထားတဲ့ အတိုင်းပါဘဲ.... ရှုစားကြပါကုန်....
  1. လသာညက သူကြီးပါ ပြာတာလိုလဲ လှုပ်ရှားရှာ...
  2. ဗက်ဆာကတော့ စိတ်မြန်ပါ့ တဖက်လူ နားကို အားမနာလှ...
  3. မိဆိုးလေးက ခါးပတ်နက်ပါ သဘောကောင်းသူုလို့ ဆိုကြတာ...
  4. ကေလေးဟာ အရယ်သန်လှ ဘယာကြော်ပို့စ်နဲ့ အလုပ်များခဲ့ရ...
  5. မယ်ထားကတော့ ရှဲဒိုးပါ ချစ်တဲ့ထားလို့ တွင်ထားတာ...
  6. မယ်ပီဟာ လူဆိုးတဲ့ဗျ မေတ္တာပေါတဲ့ ဘလော့ခ်ဂါခင်ဗျ...
  7. အိစံကတော့ ငယ်ဆုံးပါ ရွှေပြည်အေးတရားလည်း ဟောတတ်တာ...
  8. နိုင်ပဟာ ကြောင်သခင်မ သူ့ ပိုစ့်မျော်ရင်းနဲ့ အိုမင်းရ...
  9. မီးငယ်လေးက အလည်လွန်တာ ကိုယ့်အိမ်ကိုယ်ပင် ပြန်မရောက်တာ....
  10. ဘလူးကတော့ လူသစ်ခင်ဗျ ဆိုဒ်ထဲမှာတော့ အလန်းဆုံးဗျ....
Happy Birthday ပါ အမုန်းမရှိတဲ့ကမ္ဘာ.......
Tuesday, December 14, 2010
ကျွန်မ၏ ဆိုးပေကြီးများ-၂
ဘလူးက ဘလော့ဘက်ဂရောင်း ပြောင်းဖို့ အကြံပြုတာကို မြင်တာနဲ့ ပြုံးမိတယ်။ ကဲ ဘာပဲဖြစ်ဖြစ် ဒီဘလော့အကြောင်းလေးကို ဘလူးကို ရှင်းပြဦးမှ..လို့ တွေးမိတာနဲ့ ပိုစ်လုပ်တင်လိုက်တယ်။ ဒီဘလော့ ရာဇ၀င်ကို ဒီဘလော့ရဲ့ ခေါင်သူကြီးဆိုလည်းဟုတ်၊ သန့်ရှင်းရေးဆိုလည်းဟုတ်၊ ပြာတာဆိုလည်း ဟုတ်တဲ့ လသာညကပဲ ရှင်းပြရတာပေါ့လေး)
ဘလော့တွင်ဖွဲ့စည်းထားသော မန်ဘာများ..
၁) ဗက်ဆာ... အင်မတန်မှ စိတ်မြန်ပါတယ်။ စကားပြောလည်း မြန်ပါတယ်။ ဖုန်းပြောရင် သူပြောလိုရာကို တောက်လျှောက်မနားပဲ ပြောသွားလို့ နားထောင်ရင်း ကိုယ်ကလိုက်မောနေရသူပါ။
၂) မိဆိုးလေး..နာမည်မှာ “ဆိုး”ပါနေပါတယ်။ သတိထားပါ (^^)။ ခါးပတ်နက် ဘွဲ့ကို ရထားပါတယ်။ နောက်တာပါ။ သူက တအားသဘောကောင်းပါတယ်..။
၃) မီးငယ်လေး..နာမည်နဲ့လိုက်အောင် အေးချမ်းပါတယ် (လို့ ထင်ရပါတယ်း))။ သူက တခြားမှာ ဘလော့တစ်ခုလည်း ပိုင်ပါတယ်။ ဒါပေမယ့် သူ့ကို ဒီမှာခေါ်မွေးစားလိုက်ပြီးကတဲ့က ဒီမှာပျော်သွားပြီး သူ့ဘလော့ကို မပြန်သလောက်ပါ (^^)/
၎) K လေး..သူကတော့ အရယ်သန်ပါတယ်။ ဘယာကြော်တစ်ပွဲနဲ့ ဘလော့ဂါဖြစ်ခဲ့သူပါး)))
အဲဒီလေးယောက်+ လသာညက အသက်မတိမ်းမယိမ်း သက္ကရာဇ်တစ်ခုတည်းဖွားတဲ့ ဖွားဖက်တော်တွေပါ။ အသက် ၂၀ကျော်တွေပီပီ တော်တော်ထက်တယ်။ ဘာထက်တာလဲတော့ မသိပါ။
ညီမလေးတွေကတော့..
၅) မယ်ထား.. သူကတော့ တကယ့်ကို “အားလုံး ပျော်ရွှင်ပါစေနော်၊ ချစ်တဲ့ထား”ဆိုတဲ့ တံဆိပ်တုံးလေးကို အမြဲနှိပ်ပြီး နှုတ်ဆက်တတ်သူပါ။ သူ့အတွက်လည်း ရှဲဒိုးလုပ်ပြီး ပိုစ်တစ်ပုဒ် တင်ပေးထားသေးတယ်။
၆) မယ်ပီ... အဲ သူ့နာမည်ကို မိဆိုးကြီးလို့လည်း ခေါ်တတ်တယ်။ အဲ့နာမည်လား?? သူကိုယ်တိုင်ပဲ မှည့်ထားတယ်။ “ဆိုးလား မဆိုးလား နာမည်ကြည့်ပါလား” တကယ့် ဂျစ်ကန်ကန်လေးပါ။ ဒါပေမယ့် သူရေးတဲ့စာတွေက ဆရာမကြီး ဒေါ်စောမုံညင်း ရေးတဲ့စာတွေလိုပဲ ဖတ်ရတာ မေတ္တာငွေတွေနဲ့ ပြည့်နေလို့ စိတ်အေးချမ်းတယ်။
၇) မယ်အိ ခေါ် အိစံ.. သူကတော့ အသက်ငယ်ဆုံးပါ။ အသက်ငယ်ပေမယ့် ရွှေပြည်အေးတရားတွေတော့ သူကပဲ ဒိုင်ခံဟောတတ်သူလေးပါ။ သူက အရယ်လည်း သန်တယ်.. အဲ အငိုလည်း သန်တယ်း))
ပိုစ်မတင်သေးသော်လည်း တင်ဖို့စိုင်းပြင်းနေသူလေးလည်း ရှိသေးတယ်။ လာမယ်ကြာမယ်ပေါ့...
၈) နိုင်ပ.. ကြောင်လေးတွေအတွက် အသက်ရှင်နေသူပါ။ သူ့အိမ်သွားပြီး လူခေါ်ဘဲနှိပ်ရင် ကြောင်လေးတွေ အရင်ထွက်လို့ ကြောင်များသခင်မလေးလို့ နာမည်ပေးထားတယ်း)
၉) လသာည.. ဒီဘလော့မှာ တခါတခါ သူကြီး၊ တခါတခါ ပြာတာလုပ်နေသူပါ...
(အရင်က မန်ဘာကိုးယောက်တိတိ ရှိပါတယ်။ အခုတော့ နောက်တိုး ဘီလူး အဲ BLUE နဲ့ ပေါင်းရင်တော့ ဆယ်ယောက်ပေါ့နော်)
ဘလော့စဖွဲ့စည်းပုံ.
ဒီလိုပါပဲ။ ဟေ့ကောင်တွေ ဒီဘလော့လေးက တို့အားလုံးအတွက် ဘလော့နော်။ လာ ဒီဘလော့မှာ ဆုံကြမယ်ဆိုပြီး မေးလ်တစ်ကြောင်းနဲ့ စဖွဲ့လိုက်တာပါပဲ..။ သူတို့ကလည်း နားညည်းမခံပါဘူး၊ ချက်ချင်းပဲ ခေါင်းညိမ့်ပြီး ချက်ချင်းအဖြေပေးတယ်။ အိုကေ နောက်ရက် လာမယ်နော်တဲ့..
ဒါပေမယ့်လည်း လွယ်လွယ်နဲ့တော့ မန်ဘာလိုက်မလုပ်ပါဘူး..။ မျက်လုံးလေး စွေပြီး လှမ်းကြည့်ရုံလေးက စတယ်။ ဒါနဲ့ ဖုန်းနဲ့ဆက်၊ မေးလ်နဲ့ပို့ အကြိမ်ကြိမ် အာပေါက်အောင် ပြောတော့မှ ဆင်ပေါက်လေးတွေ လမ်းလျှောက်သလို အိပဲ့အိပဲ့လေးလှမ်းလာတယ်...။ တကယ်တော့ မလာချင်လို့ မဟုတ်ဖူး (မအားလို့ ဘာလို့ ညာလို့ ဆိုတာတွေ) ကိုယ်ကသိနေပေမယ့် အဲ့လိုပဲ ချော့ရတာပေါ့နော်း))
ဘလော့က အချင်းချင်းအပြန်အလှန် စကားပြောတဲ့ စကားဝိုင်းအသွင်နဲ့စခဲ့တာပါ..။ စီဘောက်မှာ စလိုက်နောက်လိုက်နဲ့ တော်တော်ပျော်စရာကောင်းပါတယ်။ ကျောင်းကပြန်ရင် မေးလ်ထက် စီဘောက်အရင်စစ်တဲ့အထိပါ။
ဘလော့တင်းပလိတ်..
မူလဘလော့တင်းပလိတ်က လသာညက လုပ်ခဲ့တာပါ။ ဒါပေမယ့် နောက်ခံကာလာပြောင်းချင်တော့ သူတို့အားလုံးကို အရင်ညှိပါတယ်။ “ကာလာပြောင်းချင်တယ် ကြိုက်မကြိုက် vote လုပ်ပါ”လို့။ လုပ်တဲ့သူလည်း လုပ်တယ်။ မလုပ်တဲ့သူလည်း မလုပ်ဘူး..။ အဲဒါနဲ့ “ငါ ကာလာပြောင်းရမှာလား။ မပြောင်းရဘူးလားဟယ်”လို့ မျက်နှာငယ်လေးနဲ့ တကယ်မေးတော့မှ အားလုံးက ဖြေတယ်။ “ ဘာလို့ မေးနေတာလဲ ကိုယ့်ဘာသာ အဆင်ပြေသလို လုပ်ပါလား။ ဒါပေမယ့် ဟိုအရောင်တော့မကြိုက်ဖူး တဲ့..။ (ဒါများ စောစောက ပြောရောပေါ့နော် :D )
ပိုစ်တင်ခြင်း..
ပိုစ်တင်ဖို့ တော်တော်ကို နားညည်းအောင် တောင်းယူရပါတယ်။ “ရေးဖို့ စဉ်းစားနေပါတယ်”။ “မကြာမီလာမည် မျှော်”ဆိုတာက စပါတယ်။ ထုတ်ဝေသူသာဆိုရင် ပိုစ်မရလို့ မွဲလောက်ပါတယ်။ နောက်တော့လည်း နားညည်းလို့ထင်ရဲ့ မအားတဲ့ကြားကပဲ ပိုစ်တွေ သူတို့ရေးပေးပါတယ်။ အဲ တချို့လည်း ရှိသေးတယ်၊ ပိုစ်တစ်ပုဒ်လောက်တင်ရသေးတယ် ပိုစ်တင်တာ ခွင့်တစ်လယူသည် ဆိုတာမျိုး..။ ကျွန်မ မနိုင်ပါးD
တစ်ယောက်သောသူဆိုရင် “ပိုစ်ကို draft ထဲမှာထားတယ်နော်။ ၀င်ဖတ်လိုက်ကြပါ”လို့ ပြောတတ်သေးတယ်။ သေချာရေးပြီး တင်ထားတာတောင် မနည်းဖတ်နေရတာ၊ အဲဒီထဲမှာ ဘာလုပ်ထားတာလဲလို့ ခေါင်းခေါက်ချင်သော်လည်း မခေါက်ရဲပဲ ကိုယ့်ဘာသာ ပွစိပွစိပြောပြီး ငြိမ်နေရတယ် (==;) ဆိုးပေကြီးပါ..
ပိုစ်တွေကိုလည်း တစ်ယောက်တင်ပြီးတိုင်း သွားcheck ရသေးတယ်။ ဘာလို့လည်းဆိုတော့ တင်သူက စေတနာ တလဟောနဲ့ ပိုစ်လေးလှအောင် ကာလာပေါင်းစုံ စာလုံးဆိုဒ်ပေါင်းစုံ ဝေေ၀ဆာဆာ တင်ပေးသွားတာပေမယ့် စာလုံးတွေက ဖတ်ရတာ မညီမညာဖြစ်နေတာတွေ၊ လေဘယ်တွေ မေ့နေတာတွေ၊ မေ့ပြီး အတွင်းရေးတွေပါ ပါကုန်တာတွေ လိုက်ကြည့် ပြင်ပေးရတယ်။ ဘာနဲ့တူလည်း ဆိုတော့ မင်းသမီးလေး အလှပြင်ပြီး ဇာတ်ခုံရှေ့ထွက်သွားတော့ ကျန်ခဲ့တဲ့ မိတ်ကပ်ဗူးတွေ၊ နှုတ်ခမ်းနီဗူးတွေ လိုက်သိမ်းရတဲ့ မင်းသမီးနောက်လိုက်လိုမျိုးး))) ဒါနဲ့ပဲ မင်းသမီးနောက်လိုက် မလုပ်ချင်တာနဲ့ ကိုယ့်ဘာသာ ရာထူးပေးမိတယ် အယ်ချူပ် (အယ်ဒီဒါချူပ်)ဆိုပြီး..
ကွန်မန့်ခြင်း..
ဟုတ်ကဲ့..သေချာပါတယ်။ များသောအားဖြင့် ကွန်မန့်ချင်မှမန့်ကြပါတယ်။ မန့်ချင်ရင်လည်း သုံးလေးခါမန့်ချင်မန့်တယ်။ တခါတလေကျတော့ ပြောသေးတယ်.. “မန့်စရာမလိုအောင် ကောင်းနေတော့ မန့်လိုက်မှ အရသာပျက်မှာစိုးလို့ မန့်တော့ဘူး”ဆိုတာမျိုး ရှိပါတယ်း))
စီဘောက်မှာ နှုတ်ဆက်ခြင်း
နှုတ်ဆက်သူရှိသလို သူများရေးတာကိုပဲ လိုက်ဖတ်ပြီး ရယ်ပြီး ပြန်သူရှိပါတယ်း)) နောက်တော့ စီဘောက်ရေးသူက ကိုယ်ချည်းရေးရတာ ပျင်းလာပြီး “တော်ပြီ မရေးတော့ဘူး”ဆိုပြီး ဆန္ဒပြရတဲ့အထိလည်း ဖြစ်ခဲ့ဘူးတယ်။
လင့်ခ်ခြင်း
 ဘလော့တော်တော်များများကို လည်ဖတ်တတ်ပါတယ်။ ဒါပေမယ့် ဒီဘလော့အနေနဲ့ သူများဘလော့ခ်ကို မလင့်ခ်ခဲ့ရဘူး။ သွားလည်ပြီး ကွန်မန့်မပေးနိုင်ရင် အားနာလို့.တဲ့.။လာလာလည် အားပေးတဲ့ ငွေလမင်းနဲ့ ချင်းတွင်းသူ ဘလော့လေးကိုလည်း ရောက်ပါတယ်။ လာလည်တာ အထူးကျေးဇူးတင်ပါတယ်လို့..
နောက်ပြီး ဒီဘလော့ကို လသာညရဲ့ဘလော့မှာ လင်ခ်ဖို့အတွက်လည်း ခွင့်ပြုချက်တင်ထားတာ ပြီးခဲ့တဲ့လကမှ ကျတယ်..။ ဆုံးဖြတ်ချက်တွေ အဲလို နှေးပါတယ်..။
ဒါကတော့ အမုန်းမရှိတဲ့ကမ္ဘာရဲ့ လက်ရှိအနေအထားပါ။ အခုဆို ဘလော့လေးစဖွဲ့စည်းတာ ၈ လပြည့်သွားပါပြီ။ တကယ်တော့ အမုန်းမရှိတဲ့ကမ္ဘာမှာ အားလုံးက တကယ့်ကို ညီအစ်မတွေလို မိသားစုတွေလို ချစ်ကြပါတယ်။ အမုန်းဆိုတာ တကယ်လည်း မရှိပါ။
လသာညပူဆာလို့ မရေးတတ်ရေးတတ်နဲ့ ရေးပေးခဲ့တဲ့ ပိုစ်လေးတွေ အခုဆို အများကြီးပါ။ ပိုစ်တွေမဟုတ်ပါဘူး။ ဂရုစိုက်မှုတွေလို့ ယူဆပါတယ်။ အပြင်မှာ စိတ်ပင်ပန်းလာသမျှ အချင်းချင်း ဘလော့မှာ ရင်ဖွင့်ကြ၊ နောက်ကြ၊ ပြောင်ကြ လုပ်ထားတာတွေ ပါပါတယ်။ ရေးသားထားတဲ့ စာတွေဟာ သူများတွေအတွက် ဗဟုသုတတွေ ဘာတွေပေးတဲ့ ပိုစ်ဖြစ်ချင်မှဖြစ်နိုင်ပေမယ့် အချင်းချင်းအတွက်တော့ တကယ့်ကို ရသမြောက်စာသားတွေသာ ဖြစ်ပါတယ်..။
မရေးချင်ဘူးဆိုသော်လည်း ပိုစ်မှာထားခဲ့တဲ့ အမှတ်တရ ကွန်မန့်တိုင်းအတွက်လည်း အားလုံးကို အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်။ ဒါတွေဟာ ရေးသူအတွက် အသိအမှတ်ပြုပေးတဲ့ ကြင်နာမှုလေးတွေပဲ မဟုတ်လား။ စီဘောက်က နှုတ်ဆက်စကားလေးများအတွက်လည်း ကျေးဇူးတင်ပါတယ်။ နေကောင်းကျန်းမာကြောင်းလေး သိရတော့ စိတ်အေးရတာပေါ့..။ (ဟိ.. စကားခေါ်နေတာ ဟုတ်ပါဘူး တကယ်ပါ)
ကိုယ့်အတွက်တော့ ဒီဘလော့ဟာ ဘာနဲ့တူလည်း ဆိုတော့ တနေကုန်လျှောက်လည် ဟိုသွားဒီသွားလျှောက်သွားပြီး အိမ်ပြန်လာချိန် ကိုယ့်မိသားစုနဲ့ ပြန်တွေ့ရသလို စိတ်အေးချမ်းရလို့ပါ...။
...ဘ၀မှာ ကိုယ့်ကိုချစ်တဲ့သူတွေရှိတဲ့နေရာဟာ အငြိမ်းချမ်းဆုံးပဲ မဟုတ်လား..
ကဲ.. အားလုံးလည်း ဘလော့ရှစ်လပြည့်အထိမ်းအမှတ် နှင့် အဖွဲဝင်အသစ် blue ကိုလည်း ကြိုဆိုတဲ့ပွဲပါ... kanpai!!! ။ အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ...။
Sunday, November 7, 2010
Departure or Arrival?????
ဒီတခေါက်အိမ်အပြန်....လေဆိပ်ကိုအဖေနဲ့အမေပဲလာကြိုကြတယ်...
ညီမလေးနဲ့ကဖုံးနဲ့အကျိုးအကြောင်းပြောထားပြီးပေမယ့်..စိတ်ထဲတထင့်ထင့်..။
အဆင်မှပြေပမလား......။
ဟော...တွေ့ပါပြီ...အဖေနဲ့အမေ့ကို...မှန်ကာရဲ့ဟိုဖက်မှာ..။
လှမ်းပြီးလက်မြှောက်ပြလိုက်ပေမယ့်..အဖေ့ကိုကြည့်ရတာ...မြင်တဲ့ပုံမပေါ်။
ဘာပဲဖြစ်ဖြစ်..စိတ်တော့အေးသွားပါပြီ။
လေဆိပ်ကအထွက်..အဖေကတက္ကဆီသွားခေါ်တယ်...။
ကြာလိုက်တာ...ပြောတော့ခဏဆိုပြီး။
အင်း..ဒီတခေါက်လေဆိပ်သွားရမှာ...လင်မယား၂ယောက်တည်း...။
တက္ကဆီခေါ်တော့..လေဆိပ်ပေါ့...အပြန်အတွက်ပါစောင့်ပေးဆိုတော့..စိတ်ချတဲ့..။
ဟိုရောက်တော့...ကားဆရာချပေးတဲ့နေရာကနေအထဲဝင်။
အင်း..တမျိုးတော့တမျိုးပဲ...အဆင်အပြင်မတူသလိုလို။
ယောင်ချာချာဖြစ်နေတုံး..၀န်ထမ်းကမေးတယ်..ဘယ်လေယာဉ်နဲ့လဲတဲ့...။
လာကြိုတာပါဆိုမှ....စောင့်ရမယ့်နေရာလမ်းညွှန်လိုက်တယ်....။
ဟော...ဟော..ဟိုမှာထင်တယ်...။
တူတော့တူတယ်....ဒါနဲ့ဘောင်းဘီကြီးနဲ့ဟလို့...ဇဝေဇ၀ါဆိုတော့..အနားကအိမ်သူက
မျက်စောင်းထိုးတယ်...။
သားအမိ၂ယောက်ကိုခဏဆိုပြီးထားခဲ့ပြီး..အလာတုံးကခေါ်လာတဲ့ကားဆီသွားလိုက်တယ်။
အင်း..ဒီအဖိုးကြီး..ပြန်မြန်း..သွားပြီလား..ဒါမှမဟုတ်..ဟိုမြန်းပါသွားပြီလားမသိ...။
စောင့်နေပါဆိုလို့...အခုဆို..၁နာရီနီးနီးရှိနေပြီ..။
ဟော...ဟော...လာပါပြီ..။
အဖိုးကြီးလဲကားပေါ်ရောက်...ကားကိုလမ်းမကြီးပေါ်မောင်းထွက်လိုက်တယ်။
ဟိုးးးး..ကားဆရာ...ဟိုးးးးးးးးးးးးးးးးးးးး။
ဘယ်ကိုမောင်းတာလဲဗျ......
ကျုပ်မိန်းမနဲ့သမီး..ကျန်ခဲ့ပြီ..........ကျန်ခဲ့ပြီ...
ကျုပ်တို့က..သမီးလာကြိုတာဗျ.....ခင်များကလဲ။
Thursday, October 21, 2010
ထွေရာလေးပါး စကားစမြည် (၁)
 အီးကဒ်း)))
 အီးကဒ်ဆိုတော့ လည်း ဘီကဒ်၊ စီကဒ်မဟုတ်တာတော့ သေချာတယ်။ အားလုံးသိတဲ့အတိုင်း အခုခေတ်က
အခု မိဆိုးလေး၊နဲ့ ရွှေငရုတ်မမမြိုင်ကို သတင်းကောင်းပေးလိုက်မယ်။ မင်္ဂလာဆောင် ဖိတ်ချင်ရင် အီးကဒ် သုံးလို့ ရပြီ။ မလတ်၊ ပီပီ၊မထား၊ လသာညနဲ့ အိစံတို့ကို မဖိတ်လိုက်ရမှာ မပူနဲ့တော့။ လသာညကတော့ အိစံ နင် မင်္ဂလာဆောင်လို့ အီးကဒ်ပို့ရင် ငါလည်းလက်ဖွဲ့ကို အီးကဒ်နဲ့ ပြန်ဖွဲ့မယ်တဲ့ ။
အီးကဒ် နမူနာလေး။
(ညီမလေးတစ်ယောက်သို့ အမှတ်တရပါ။)
ပီပီပြောသောဒသနး)))
ပီပီတို့အဖွားက ပုံပြောကောင်းသလို မြေးကလည်းမခေဘူးရှင့်၊ ဇလေးနဲ့။ ပြောလိုက်ရင် ကွက်တိပဲ။ သူစိတ်ပါလာရင် အိစံတို့ ဘာမှမပြောတတ်လို့ ငြိမ်နေရတယ်။ သဘောကျတဲ့ အခန်းပါလာရင်တော့ ဟားဟား ဆိုပြီး ထရယ်လိုက်တယ်။ တစ်ရက်မှာတော့ မယ်အိရေ..တဲ့ ၊မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ နောက်တစ်ခုက ဘာတဲ့အေ တဲ့။ ဥပေက္ခာပါအမရဲ့ လို့ ..ဆိုတော့အေးအေးတဲ့။ အဲဒီလေးမျိုးမှာ လူတွေဟာ မေတ္တာထားရမလား ရတယ်အေတဲ့၊ ထားနိုင်တယ်။ ကရဏာလည်းရသေးတယ်၊ ဥပေက္ခာဆိုတာတော့ လူတိုင်းမထားနိုင်ဘူးတဲ့။ အခက်ဆုံးကတော့ မုဒိတာပဲ တဲ့။ မုဒိတာပွားနိုင်ဖို့သာ ဆိုတာမလွယ်ဘူးတဲ့၊ ဒီလေးမျိုးကို နိုင်ရင် လူ့ဘ၀မှာရပြီတဲ့ ။(ဘာရတာလဲ ဟင်??)းD- (မှတ်ချက်ကို လသာည ရေးသည်)
(ပီပီရဲ့ ဒသနများစွာထဲ က အမှတ်တရတစ်ခုပါ။)
 အယ်ဒီတာချုပ်သို့း)))
အယ်ဒီတာချုပ်က သူများကအီး ဆိုတော့ "အိစံ ငါလည်းခေတ်မှီချင်တယ်"တဲ့ ... ။ ဟုတ်လားအမရယ်လို့ အိစံ
တော့ ခုနကမှအပူဝမ်း သွားလိုက်ရလို့ နေလို့ ကောင်းသွားတယ်လို့ ....းD။  ဒါဆို အမအတွက် ဘာလုပ်ပေးရမလဲဆိုတော့ .."အေး ငါဖျားနေတာ (၇)ရက်ပြည့်ပြီဆိုပြီး  အီးကဒ်ပို့လိုက်စမ်း" ဆိုလို့  အေးအေးချမ်းချမ်း အစိမ်းရောင်ကဒ်လေး ပို့လိုက်တယ် ဟားဟား ဟား။
အိစံ ရေးသည်။
Friday, October 1, 2010
သူငယ်ချင်းများအတွက်
သူငယ်ချင်းကောင်း ယောင်းမတို့ရေ။
 ပြန်တွေးကြည့်တော့ ဒီဘလော့ဂ်လေးကို ဗက်ဆာခင် ကျေးဇူးတင်ရတယ်။
အစလုပ်ပေးတဲ့ လသာညကိုရော..။
ဝိုင်းပြီး အားပေးကြတဲ့ သူငယ်ချင်းတွေကိုရော..။
ပူဆာရင် ပုံပြောပြတတ်သူပီပီ..။
အချာကဗျစ် အချစ်ကဗျာတွေ တင်တတ်တဲ့ မိဆိုးလေး...။
မြင်ရ ကြားရ ဖတ်ရသမျှ မှာ စိတ်အေးချမ်းစရာ ဖြစ်ရတဲ့ ရွှေအိကြီး..။
ဓါတ်ပုံလေးတွေနဲ့ ခရီးသွားမှတ်တမ်းလေးတွေ တင်ပေးတတ်တဲ့ မီးငယ်လေး..။
အမြဲ ၀င်လာအားပေးတတ်တဲ့ ချစ်တဲ့ထား...။
ဗက်ဆာ စကားများသမျှ ဟုတ်သော်ရှိ မဟုတ်သော်ရှိ နားထောင်ပေးကြတဲ့ သူများ အားလုံးကို...
ကျေးဇူးတင်ရပါတယ်။
တကယ်ကို စိတ်လက်ပေါ့ပါးရပါတယ်။ ၀င်လာချောင်းကြည့်လိုက်။ ပြန်ထွက်လိုက်။ သူများစာတင်ထားရင် ၀င်မန့်လိုက်နဲ့...။
စာသင်နှစ် အကုန်မှာ မပြန်နိုင်သေးမဲ့ သူ တစ်ယောက်ကတော့ မနေ့က သုံးနာရီတိတိ အပူအတိုက်ခံရတယ်။ Extension ကိစ္စအတွက်လဲ ဆွေးနွေးခံရရင်းနဲ့ပေါ့။ ဘွဲ့မရမချင်း လူမှုရေးတွေ အားလုံးဖြတ်တော့မယ် စိတ်ကူးလိုက်တယ်။ ဖေ့စ်ဘွတ် ဓါတ်ပုံတင်တာကလွဲလို့ပေါ့လေ။ အဲဒေါ့ ကာ----- ဗက်ဆာခင်တစ်ယောက် အလာကျဲ ပါမည်လို့။ အင်တာနက်ကိုရော ကွန်ပြူတာကို ပါ နဲနဲ ဖြတ်မလားအောင့်မေ့တယ်။
( အဲဂလိုပြောပြီး ဘလော့ဂ်ကို ၀င်ကြည့်တော့ စီဘောက်မှာ လဲတညားတို့ မိဆိုးတို့ ရွှေအိတို့ ဒီလိုတွေ ဇတ်တိုက်နေချင်တော့ မီးက ပါချင်လာပြန်ရော။ :D :D (အိမ်သာသွားပါလားလို့ မပြောရန်။) )
အော်----- ဘ၀။ ဘ၀။
-------------------------------------------------
30 Sep 10, 00:04
မိဆိုးလေး-၊    ။ : လတာည မယ်အိ မယ်ပီ မယ်မီး မယ်လတ် ထား အားလုံး သတိရလျှက်ပါ
လသာည-၊    ။ အိုဟိုင်းရိုး.....ဒီနေ့ကတော့ ဌက်သံလေးတွေနဲ့ သာယာလှပေတယ် အမယ်မင်းများ (ဖလားလို့ထူးစေ..) ဒါကြောင့် ငါကိုယ်တော်မြတ် ကျောင်းတော်ကိုကြွချီတော်မူမယ် စည်တော်ယွင်းစေဗျား :122:
လသာည-၊    ။: မသွားခင် အမှာတော်ပါးချင်တာလေးက ရှိသေး..။ အမယ်မင်းများ.သံဃောဇဉ်ဆိုတာ ဌက်ပျောအူလို အမျှင်တန်းတာတူပေမယ့် ဌက်ပျောအူလို့ စားလို့မကောင်းဘူးလကွဲ. :112:
လသာည-၊    ။: သဟာကြောင့် ဌ့က်ပျောအူလည်းမစားနဲ့ သံဃောဇဉ်လည်းမထားနဲ့လို့ အဆိုရှိတယ်မို့လား ကွယ်တို့။ အဲ..ဘယ်သူဆိုတာလဲဆိုတော့ ငါကိုယ်တော်မြတ်ပဲဆိုတာပါ :15:
လသာည-၊    ။: အဲ့သဟာကြောင့် ယနေ့မှစပြီး ငါကိုယ်တော်မြတ် ရှိတယ်တွေ အကုန်ဖြတ်မယ် မတားကြနဲ့တော့ အမယ်မင်းများ (ဆံပင်အစရှိသည် ပြောတာပါ ဟီး)
အိစံ-၊    ။: မလတ်ရေ လသာညနဲ့ မိဆိုးလေး ကို အမှန်တွေသွားသွား မပြောပါနဲ့ ..
အိစ-၊    ။ံ: လသာည ရေ စည်တော်ယွင်း ပေးလိုက်တယ် ကျောင်းကို ဖြောင့် ဖြောင့် တန်းတန်းကြွချီလို့ ရအောင် လို့ ....
အိစံ-၊    ။: မိဆိုးလေး မမမြိုင် မလတ် မထား ပီပီ –:59:
မိဆိုးလေး-၊    ။: 論文、毎週ゼミ、予備審査、中間発表、学位論文、学会、公開発表。。。。ဟေးဟေး စာရင်းချရေးကြည့်တာပါ
မိဆိုးလေး-၊    ။: ပျော်စရာကြီး လုပ်စရာတွေအများကြီးပဲ အချိန်ဘယ်လို ကုန်လို့  ကုန်မှန်းတောင် သိမှာ မဟုတ်တော့ဘူး ခွိခွိ
မိဆိုးလေး-၊    ။: အားလုံးသော ချစ်သူငယ်ချင်းများ ဆောင်းဦးနဲ့ အတူ ကျန်းမာပျော်ရွှင်စွာ ပညာဆည်းပူးနိုင်ကြပါစေ ဆုမွန်ချွေလျှက်:59:
လသာည-၊    ။: အိမ်း.. ကောင်းပေတယ် အမယ်မင်း ကောင်းပေတယ်.. ငါကိုယ်တော်မြတ်တော့ အိစံရဲ့စည်တော်နဲ့ကျောင်းကိုကဆုန်ဆိုင်းပြေးတာ..
လသာည-၊    ။: ဆန်ဆေးဘုရားနဲ့ တည့်တည်းတိုးခဲ့ရလို့ အခု ဆင်မယဉ်သာ ပြန်ကြွတော်မူခဲ့ရတယ်ဗျား.. :122:
လသာည-၊    ။: ကိုတင်မိုးလွင်တော့ မြန်မာပြည်ရောက်သွားလောက်ပြီ။ .. မကြာတော့ပါဘူး နောက်ထပ် ရက်ပေါင်း တစ်ရာရှစ်ဆယ်ကျော်ပြီးရင် ပြန်တော့မယ်တာ့တာလုပ်ရမယ်း))
လသာည-၊    ။: ကဲပျော်ပျော်ပါးပါးနဲ့ တနေ့တာကို စရအောင် ဒီသီချင်းလေးကလစ်ပြီး နားထောင်လိုက်ပါဦး..  ဂျနယ်
အိစံ-၊    ။: လသာညနဲ့ မိဆိုးလေး ဇာတ်ထုပ်ခင်းဖို့ စခန်းသွင်းလေ့ ကျင့် နေကြတာလား
အိစ-၊    ။ံ: ဘော်ဘော်အားလုံး ကွန်နီချီဝ..
မိဆိုးလေး-၊    ။: ကွန်နိချိဝ မင်းနစံ လတာည သီချင်း ကောင်းသဗျားးးးးးးးးးး
meengelay-၊    ။: :20: :54:
meengelay-၊    ။: ဘော်ဘော်အားလုံး ကွန်နီချီဝ
လသာည-၊    ။: မီးငယ်လေး ဘာဖစ်။ စိတ်လျော့စိတ်လျော့..။ လာကော်ဖီသောက်  ။
လသာည-၊    ။: အိစံရေ ဟုတ်တယ်ရော် အိစံက မင်္ဂလာဆောင်ကျရင် ပွဲဌားမယ်ဆိုလို့ မိဆိုးလေးနဲ့ အခုထဲက နှစ်ရှည်စီမံကိန်းနဲ့ ဇာတ်တိုက်နေရတား))
မိဆိုးလေး-၊    ။: Konnichiwa
မိဆိုးလေး-၊    ။: Have a nice friday...
အိစံ-၊    ။: လသာညနဲ့ မိဆိုးလေးရေ စိတ်ချ ငှားမယ် ဖြည့် ဖြည်းတိုက် အလောသုံးဆယ် မဆောင်သေးဘူး
အိစံ-၊    ။: မီးငယ်လေး ကြိုးစားထား
အိစံ:-၊    ။ လသာည နေကောင်းရဲ့ လား
Thursday, September 9, 2010
ဂုဏ်ပြုရုံလေး
ကြိုးစားမှုရဲ့ ရလာဒ်အဖြစ် မကြာခင် ဒီဂရီပိုက်ပြန်တော့မယ့် သူငယ်ချင်း(တွေ)အတွက် ကြိုတင် လွမ်းဆွတ်စွာ အမှတ်တရ တင်တာပါ။
Tuesday, June 15, 2010
ဖွားပြောတဲ့ပုံပြင်
တကယ်က..ကျမတို့အဖွားပြောလေ့ရှိတဲ့ရှေးခေတ်ဟောင်းအောင်းမေ့ဖွယ်တွေပါ....
ဒါပေမယ့်..မယုံရင်..ပုံပြင်လို့တာမှတ်ပါနော်...................................................
...........................................။.......။.....................................................
အိမ်မှာအဖွားကိုမေကြီးလို့ပဲခေါ်တယ်....
မေကြီးကအရာရာကိုမှတ်မှတ်သားသားသိပ်ရှိတယ်....
ကြုံခဲ့ဆုံခဲ့ရတာတွေကိုဖွဲ့ဖွဲ့နွဲ့နွဲ့ပြန်ပြောပြတာနားထောင်ရတာ..
တထောင့်တညပုံပြင်တွေလိုမဆုံးနိုင်အောင်ပါပဲ......................။
၁။ ခင်ဗျားဘာလုပ်သလဲ
အဲဒီတုံးက..ဂျပန်အဆုတ်..အင်္ဂလိပ်အတက်ပေါ့အေ...
ခေတ်ပျက်ဆိုတော့...တောရွာတွေမှာ..လူမိုက်တွေက..လက်နက်အားကိုးနဲ့
မိုက်ကောင်းနေတဲ့အချိန်အေ့...အရာရာ..သွားသတိစားသတိ...။
တနေ့တော့ညည်းတို့ဘက..တဖက်ရွာကိုနွားကြည့်ပါသွားတယ်...
အဖော်ပါသွားတာပါအေ...ကိုရင်မြသီးနဲ့(အဖွားအမခင်ပွန်း).....
သူကရှုပ်ရှုပ်ရှက်ရှက်အေ့...သိပ်စိတ်ချရတာမုတ်ဖူး....။
တရက်..အထက်က.စစ်ဆေးရေးတွေရောက်လာတယ်...
စပိုင်တွေများ..ကောင်းချက်တော့အေ..ရွာနာမည်အတိအကျ..ရက်စွဲ၊ပြီးတော့
ဘယ်သူတွေပါသလဲ..အမှူက..လက်နက်မှူတဲ့...။
မကြာပါဖူး..အိမ်ရှေ့ရောက်လာပြီး..ညည်းတို့ဘကိုမေးတယ်အေ့...
တဖက်ရွာသွားတဲ့ကိစ္စပေါ့..ငါကလည်းကြောက်မနေပါဘူးအေ..ညည်းတို့ဘ..
ဘာမဟုတ်တာလုပ်ရဲလို့လဲ... ဒါနဲ့..ဟိုမှာလေ..မေးချင်တာ..တာမေးပေတော့လို့...။
(စစ်ဆေးရေးနိဌာန်း)
ပလိပ်။ ။ ဦး...ခင်ဗျားဘာအလုပ်..လုပ်လဲ?
ဘဘ ။ ။ ဗျာ....ကျုပ်..နောက်ချီး( နွားချီး)ကျုံးတယ်လေ...
ပလိပ်။ ။ ????
ပလိပ်လည်း..နိဌာန်းနဲ့ပဲ...သူ့ဘာသာသူ.ကောက်ချက်ချပြီးပြန်သွားလေရဲ့....
ဒီလောက်ရိုးပုံထောက်တော့..အဲဒီအမှူထဲပါမှာမဟုတ်ဘူးဆိုပြီးတော့ပေါ့အေ....။
(ဘဘသည်..ထိုအစစ်ဆေးခံအချိန်တွင်..နွားခြံထဲတကုပ်ကုပ်နဲ့နောက်ချီးကျုံးနေပါသတဲ့..း)
၂။ ငါဟုတ်ဖူး
ရှေးလူကြီးများ..တယ်ပွေကောအေ....
ညည်းတို့ခေတ်ကလူငယ်တွေများ..ဘယ်မှီမလဲ...
အေးပေါ့အေ..ပွေချိန်ရအောင်လဲ..စားဝတ်နေရေးက..ဒီလောက်ကျပ်ဘူးအေ့..။
ဒါက..တို့အဖေပြန်ပြောပြတာအေ့...
အဲဒီချိန်က..ရွာမှာ..မယ်မှုံဆိုတာလှမှလှတဲ့...
ကာလသားတွေများ..ချောင်းကြည့်ရတာ..အမောတဲ့.....။
ညည်းတို့အဘိုးလား...ပါတာပေါ့အေ..ဘယ်နေမလဲ....
ဒါပေမယ့်ပိုးပန်းသူတွေထဲမှာ..ဦးဖိုးစုံကြီးဆိုတဲ့လူကအကဲဆုံးတဲ့လေ...။
တနေ့တော့..မယ်မှုံသနပ်ခါးလိမ်းတဲ့အခန်း..သွားချောင်းဘို့..အဖေ့ကို
အဖော်စပ်တယ်တဲ့လေ...အဖေကလည်း..ဒီကောင်ဒီလောက်အပိုးသန်တာ
မှတ်လောက်အောင်လုပ်မယ်ဆိုပြီး..အတူလိုက်သွားတယ်တဲ့အေ့.....။
ဟိုရောက်တော့..ချောင်းပြီပေါ့...ထရန်ပေါက်ကနေ.....
အဲဒီမှာ..အဖေက..မပြောမဆိုနဲ့..ဦးဖိုးစုံကြီးကိုနောက်ကနေတွန်းလိုက်ကရောတဲ့...။
မယ်မှုံကလည်း...အလန့်တကြားနဲ့..သွေးလက်စ..သနပ်ခါးတုံးနဲ့ဆီး..ခေါက်ပါလေရော။
ဦးဖိုးစုံကြီးကလည်း...ထရန်ကြားကသူ့လည်ပင်းကြီးပြန်ထုတ်ရခက်...
နဖူး..သနပ်ခါးတုံးနဲ့ထုခံရလို့လည်း..နာကနာ..........ရှက်ကရှက်နဲ့.....
ကယောင်ကတန်း..ဖြေရှင်းလိုက်တာက..................
“ငါ....ငါဟုတ်ပါဘူးဟ”တဲ့အေ...။
ပြောမပြောချင်ဘူး..ရှေးလူကြီးများ...တယ်ပွေကောအေ။
Sunday, June 6, 2010
ထွေလီကာလီပွေလီ..ကျမ
Get Well Graphics
ဒီကိုရောက်ပြီး..ပထမဆုံးအနေနဲ့..မနက်က..အန်တယ် ;_;
တညလုံးအိပ်မရဘူး..အစာမကြေဖြစ်နေတာ..
မပျော်မနိုးနဲ့..အိပ်မက်တွေ..လည်း..ဟိုရောက်ဒီရောက်....
ရွာဆီလည်းရောက်သွားသေးတယ်...ကြံကြံဖန်ဖန်..သူပါလာတယ်...
မအီမလည်ဖြစ်နေတဲ့ကြားက...အိပ်မက်စားမြှပ်ပြန်ရင်း..ပြုံးမိတယ်.....
အစာမကြေဖြစ်ရတဲ့အကြောင်းက..လာမယ်...
ခုတလော..လူကပိုပိန်လာသလိုပဲ...နဂိုပိန်ပြသာနာမဟုတ်ပေမယ့်..
ကိုယ့်ကိုယ်ကို..သိနေတယ်..အစားမမှန်ဘူးလေ..လူကမူးရိပ်ရိပ်...
ပြီးတော့..နှစ်စဉ်ဆေးစစ်ချိန်ရောက်လာပြီလေ....
မဖြစ်ချေဘူးဆိုပြီး...ဒီတပတ်အတွင်းများများစားဖြစ်တယ်....
အသားစားပေးရတယ်ဆိုလို့ကြက်ဝယ်လာတယ်...
ပြီးတော့..အသားထွင်ကြော်ပြီး..အရိုးပြုတ်တယ်..
အစိမ်းရောင်များများစားပေးရတယ်ဆိုလို့..စိမ်းစိမ်းမှန်သမျှဝယ်တယ်...
ဘာတွေမှန်းသိဘူး..သေချာတာက..ကန်စွန်းရွက်ဟုတ်ဖူး....
ပြီးတော့..စောစောက.ကြက်ရိုးပြုတ်ထဲ..အရွက်တွေပစ်ထည့်.....
ကြော်လှော်ချက်ပြုတ်ပြီးကတည်းက..အဲဒါတွေ..ညပြန်မနက်ပြန်....
မနေ့ညကတော့..မအိပ်ခင်..ကျန်တဲ့ကြက်ပြုတ်အရည်သောက်ရှင်းတယ်..
နောက်နေ့ဆို...ကောင်းပုံပေါ်တော့ဖူးလေ....
ဆရာတယောက်ပြောဖူးတဲ့..နှမျောစာလေ....
လူတယောက်ကျန်းမာဖို့အရေး..ရှောင်စရာ(၃)မျိုးတဲ့..
နှမျောစာ..အားနာစာ...မတည့်စာ....
အဲဒီမှာ..အစာမကြေဖြစ်တော့တာပဲ....ဘာဆေးရှိလဲစဉ်းစားလိုက်တော့...
လျှက်စား..ဂျဲလ်မက်....ပြီးတော့..ဦးစိုင်း...
ဆိုင်မဆိုင်မသိပေမယ့်..အဲဒါတွေ..လျှက်၊သောက်၊လိမ်းပြီးပြန်လှဲ....
ပြီးတော့..ပြီးတော့.............................................................
.....................................................................................
ဒီကိုရောက်ပြီး...ပထမဆုံးအနေနဲ့..မနက်က..အန်တယ် ;_;
မပျော်မနိုးနဲ့..အိပ်မက်တွေ..လည်း..ဟိုရောက်ဒီရောက်....
ရွာဆီလည်းရောက်သွားသေးတယ်...ကြံကြံဖန်ဖန်..သူပါလာတယ်...
မအီမလည်ဖြစ်နေတဲ့ကြားက...အိပ်မက်စားမြှပ်ပြန်ရင်း..ပြုံးမိတယ်.....
(အခုလား..အဟတ်.နေလို့ကောင်းသွားပြီရော...ဆေးစွမ်းတယ်ဟုတ်..;p )
Thursday, May 27, 2010
ကျမ..ညစ်မိ..အပြစ်ရှိ၏
ကျမတို့မြို့နယ်စာမေးပွဲသွားဖြေတိုင်း…အဲဒီအိမ်မှာတည်းလေ့ရှိပါတယ်…
ဖေဖေ့လုပ်ဖော်ကိုင်ဖက်ဆရာမကြီးအိမ်မှာပါ….
ဖေဖေရယ်…ကျမတို့ညီမ၃ယောက်ရယ်……….
တညမှာ..ဖေဖေက…သူ့ဆရာမကြီးနဲ့ကျောင်းကိစ္စတွေဆွေးနွေးနေတယ်…
ကျမတို့ကတော့..သူတို့စကားအပြတ်ကို(နားထောင်ချင်ယောင်ဆောင်ရင်း)
စောင့်နေရတယ်…….တကယ်က.အိပ်ချင်လှပြီလေ…။
အဲ့အချိန်…အိမ်ရဲ့တထောင့်တနေရာမှာ….ကျမတို့ကိုတခုခုခိုင်းဘို့ချောင်းနေတဲ့..
ဦးလေးတယောက်ရှိနေလေရဲ့…..သူလည်းမအောင့်နိုင်တော့ဘူးထင်တယ်…
ကျမတို့အငယ်၂ယောက်ကိုလှမ်းခေါ်ပြီး..နင်းပေးဘို့ပြောပါလေရော…..။
အို့….ကျမစိတ်ထဲနည်းနည်းတင်းသွားတယ်..ဒီကအိပ်ဖို့ချောင်းနေတာကို..
နောက်ပြီး…..တစိမ်းလူတယောက်ကိုနင်းပေးချင်စိတ်မရှိပါဘူး..
အိမ်ကလူတွေကိုသာချစ်တဲ့စိတ်နဲ့နင်းပေးလေ့ရှိတာ....
ဖေဖေကိုကြည့်တော့.....သွားနင်းပေးလိုက်ပါဆိုတဲ့သဘော…။
ဒီလိုနဲံညီမ၂ယောက်သားသွားနင်းပေးရပါတယ်..
အမကတော့နဂိုတည်းကခပ်အေးအေးသမား..နင်းဆိုနင်းပေးလိုက်တာပဲ။
ကျမသာကြိတ်မနိုင်ခဲမရစိတ်နဲ့နင်းနေတာလေ….
ကျမနင်းပေးချင်စိတ်မရှိပါဘူးလို့..ပြောခွင့်မှမရတာ.....။
ဒါပေမယ့်..လုပ်ခွင့်ရတာကိုတော့လုပ်ဖြစ်အောင်..လုပ်သေးတာ...ဟဲဟဲ....
ကိုယ်က..သူ့ကိုယ်ပေါ်မှာနင်းနေရတာလေ.....
ဒီတော့..မနိုင်နိုင်ရာ..သူ့ကျောပြင်ကို..ကျမခြေထောက်သေးသေးလေးနဲ့..
ကြိတ်ကြိတ်ချတော့တာ…
ဘယ်ရမလဲ...Tင်Tင်.ညစ်တဲ့...တညစ်တည်းရှိသနော်.................
ဟုတ်ကဲ့............ရလဒ်ကတော့……..
............................................
အကြီးမလေး…ဆင်း..ဆင်း…။
အငယ်မလေးပဲဆက်.......
အနင်းကောင်းတယ်တဲ့…..း(
ဟုတ်ကဲ့….ကျမညစ်မိ..အပြစ်ရှိပါ၏။
Tuesday, May 25, 2010
ကျွန်မသူငယ်ချင်းဆိုးပေကြီးများ
သုမောင် ကိုအားကျလို့ ဆိုးပေးကြီးများလို့ တင်စားထားသော်လည်း တကယ်တော့ 
ကျွန်မရဲ့ ရင်ဘတ်မိတ်ဆွေတွေပါ။
၁) မိဆိုးကြီး
မိဆိုးကြီးနဲ့ ကျွန်မက တစ်ကျောင်းတည်း။အားလုံးသိတဲ့ အတိုင်း သူကရွာလယ်သူဆို တော့  မာနက
ခပ်ကြီးကြီးပဲ။ သူ့ အပြုံးကို တွေ့ ရခဲတယ်။ ကျွန်မကလည်း မာနမကြီးသော်လည်း
မခင်မိရင် အနေအေးချင်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အော်တို စာအုပ်ထဲ မှာတော့ မိဆိုးကြီး
က ထိပ်ဆုံးကရှင့်  (နောက်ဆုံးနှစ်ပြီးခါနီးမှာ ကျွန်မအော်တိုရူး ရူးလိုက်သေးတယ်) သူရေးထားတာက
ရေစက်မကုန်ရင် ပြန်ဆုံကြတာပေါ့ တဲ့ မကွေးရောက်ရင်သူ တို့ ဇာတိမြေကမဝေးတော့ တာမို့ ဝင်ခဲ့ ပါ
ခင်တဲ့ မမမြင့် တဲ့  ။ အခုကျွန်မတို့ ရေစက်ဆုံလို့ တစ်ကျောင်းတည်းမှာ ပြန်လာဆုံတာပေါ့လေ။
မိဆိုးကြီး ကတော်တော်စိတ်ရင်းကောင်းတယ် ကျွန်မငိုရင်သူပါလိုက်ငိုတယ် ကျွန်မက
ပျင်းလို့ အစ်မရီစရာပြောစမ်းပါလို့ ဆိုရင် လူများရီစရာကျ
လို့ တဲ့ ဟဲဟဲ။သူကပြောတယ်ကျွန်မဟာစကားကြီး၁၀မျိုးကိုတော်တော်ကျွမ်းကျင်တာပဲတဲ့ ။
၂) မိဆိုးလေး
မိဆိုးလေးကို ဂျပန်လာဖို့ ဆေးစစ်ခါနီး မန္တလေးမြို့ မှစတွေ့ တယ်။ သုံးဘီးကားလေးပေါ်မှာ အချင်းချင်း
မိတ်ဆက်ခဲ့ ကြတယ်။ ပြီးတော့ ရန်ကုန်တက္ကသိုလ် ရတနာဆောင်မှာ
ကျွန်မ သူတို့ နဲ့ လိုက်တည်းတော့ ညအိပ်လည်းအတူတူ ဆေးရုံတွေသွားလည်း
အတူတူဆိုတော့  (အဲဒီတုန်းကတော့ ရှိုးမထုတ်တာလည်းတူသေးတယ်ရှင့် )အချိန်တိုလေးမှာ
ကျွန်မတို့  ရင်းနှီးခဲ့ ကြတယ်။ မှတ်မှတ်ရရ ကျွန်မက
တိမ်တမာန် သီချင်းလေးတောင် ဆိုပြလိုက်သေးတယ်။ ညအိပ်ယာမ၀င်ခင်မှာ
နေ့ ခင်းက ကြုံခဲ့ သမျှတွေကို ပြန်စမြုံ့ ပြန်ရင်း တ၀ါးဝါးနဲ့ ဝါးလုံးကွဲ မတတ်လည်းရီခဲ့ ကြတယ်။
သူက တခါတခါ ကျွန်မကို ကလေးလေးလို့ ခေါ်တတ်ပြီး တခါတလေလည်းဟေ့ ကောင်မယ်အိတဲ့ ။
ချစ်တတ်လွမ်းတတ်တဲ့ နေရာမှာတော့ ၂ယောက်မရှိဘူး….သူဖုန်းဆက်မရလို့ လွမ်းနေရင်
ကိုယ်ပါလိုက်လွမ်းမိတယ် အဟိ........အိရေ ဖုန်းဆက်လို့ ရပြီဆိုရင် ၀မ်းသာလိုက်တာ။
၃) မလတ် (ဗက်ဆာ)
ဗက်ဆာဆိုတာမိုးတဲ့ လေ။ ကျွန်မတော့ မလတ်ဆို တဲ့ နာမည်လေးကိုပိုသဘောကျမိတယ်။
နာမည်အရင်းကတော့ ဟိုးအရင်ခေတ်တုန်းက ခပ်စွာစွာခပ်ထက်ထက်
မြန်မာအမျိုးသမီးတွေရဲ့ နာမည်နဲ့ အတူသား။ စမြင်လိုက်ချင်းပဲ ဒီအမျိုးသမီးတော်တော်ချောတာပဲပေါ့ နော်
ယဉ်ယဉ်လေး။ ကျွန်မ ဘ၀ရဲ့ အတက်အကျတွေကို အိရေကြိုးစားနော် ဘ၀ဆိုတာဒီလိုပဲဆိုပြီး
သုတ်သုတ်လာသုတ်သုတ်ပြော အားပေးတတ်တဲ့ မိတ်ဆွေကြီးပါ။ရွှေအိက အပြင်ထွက်တော့ လည်း
သွက်သားပဲတဲ့  တိုကျိုလာတုန်းကမှတ်ချက်ချသွားတယ်။
၎) လသာည (အယ်ဒစ်တာချုပ်)
ကျွန်မတို့ တစ်တွေဆေးစစ်ကြတော့ ရန်ကုန်အဖွဲ့ နဲ့ မန်းတလေးအဖွဲ့ ဆိုပြီး ၂ဖွဲ့ ရှိတယ်။ လသာညက
မန်းလေးကပေမဲ့ ရန်ကုန်အဖွဲ့ တွေနဲ့ ဘော်ဒါလေ။မှတ်မိသလောက် သူက
အကျီ ပိတောက်ခြောက်ရောင်လေး ၀တ်ထားတယ် လက်က
ဆလင်းဘက်အိတ်လေးကိုလည်း ချိတ်ထားလိုက်သေးတယ်ရှင့် ။သူရဲ့ ရှူဂျင်ကိုလည်း
ဆေးစစ်တဲ့ဆီ ခေါ်လာတယ်။ကျွန်မတို့ကိုတွေ့ တော့ အသက်တွေမေးပြီး
သူထက်ငယ်တယ်ဆိုရင် ဒါကညီမလေး၊ အသက်တူတယ်ဆိုရင်တော့ ဒါဆိုရင်သူငယ်ချင်းတဲ့ ။
မူနွဲ့ နွဲ့ လေးနဲ့။ နိဟွန်းရောက်တော့ ကျွန်မရဲ့ရောင်းရင်းကြီး ဖြစ်လာတယ်။
စနေသမီးဆိုတော့ လည်းစွာတယ်ရှင့် ။
၅) မထား
အိရေ မမထားကလေဆိုပြီး ဖုန်းဆက်ရင်းနဲ့ ရင်းနှီးလာတဲ့ မိတ်ဆွေပါ။ ရေစက်လေလားပဲ။
လူချင်းမမြင်ဖူးဘဲနဲ့ စိတ်ထဲမှာရင်းနှီးမိတယ်။တွေ့ လိုက်တော့ ကလေးလေးချီလို့ ။
(သူငယ်ချင်းအားလုံးအမှားပါရင်စိတ်မဆိုးနဲ့ နော်ပြန်ပြင်ပေးမယ်)
အားလုံးကိုချစ်တဲ့ အိစံ
Wednesday, May 19, 2010
လူကိုများ.........................
ဟိုးငယ်ငယ်တုန်းကအဖြစ်ကလေးပါ……အဲဒီတုန်းက..ကျမအသက်ရှိလှ၆နှစ်၇နှစ်ပေါ့….
အဲဒါလေး..မပြောခင်…ကျမတို့နေထိုင်ရာဝန်းကျင်လေးကို..နည်းနည်းထိတို့ပါရစေ….......
ကျမတို့ရွာက..အကြမ်းဖျင်း.အပိုင်း၂ပိုင်းကွဲနေတာ…အရှေ့ပိုင်း၊ အနောက်ပိုင်းပေါ့…………..
( ဟဲဟဲ..စည်းလုံးတဲ့သဘော…း)..အဲဒီမှာမှ..ကျမတို့နေတာက…အရှေ့ပိုင်းဘက်ပါပေမယ့်
ရွာရဲ့ဗဟိုအလယ်နေရာမှာရှိနေတဲ့အတွက်..ရွာလယ်ပိုင်းလို့ပဲ..ခေါ်လေ့ရှိတယ်……………..
ကျမတို့ကတော့..အဲဒီရွာလယ်မှာနေတဲ့..ရွာလယ်သူတွေပေါ့ရှင်…………………………….....
ရွာလယ်သူတွေက..အခြားပိုင်းကသူတွေထက်..သွေးကြီးတယ်ရှင့်…(ဘာဖြစ်လို့လဲစဉ်းစားမရဘူး)….ဖြစ်နိုင်တာကတော့..ဒီလမ်းနေအစဉ်အဆက်က…..........
အိမ်ကြီးအိမ်ကောင်းနဲ့လူကြီးလူကောင်းတွေဖြစ်မှာပေါ့ရှင်(ဟုတ်မဟုတ်တော့မသိ..း)။
ကျမမှတ်မိတဲ့အရွယ်က….စပြီးကျတော့..မီးဘေးကြောင့်..အားလုံးဘဝကို….ဝ..ကပြန်စခဲ့ရတာပါ။
ဒါပေသိ..ရွာလယ်သူတွေ…သွေးကြီးတာတော့….ဆက်လက်ထိန်းသိမ်းလျှက်…….း)
မာနကြီးတယ်လို့နာမည်ရတဲ့ရွာလယ်သူတွေက..တကယ်တော့…တခြားသူတွေနဲ့ထူးမခြားနားပါပဲ….
တောဓလေ့..ထုံးစံ….ကျောင်းအားချိန်..ထင်းခွေ၊ ရေခပ်၊ဟင်းရွက်ရှာ…ပေါ့။
အဲ..ထူးတယ်လို့ထငိရတာကတော့.…ဘယ်သွားသွား…အုပ်စုလိုက်ပဲသွားလေ့ရှိတော့…...
ရွာလယ်သူတသိုက်ဆိုရင်..အလကားနေရင်းလူရှိန်နေပါတယ်….ကာလသားတွေဆိုမနောက်ပြောင်ဝံ့ပါဘူး။
ဒီလိုနဲ့နွေရာသီကျောင်းပိတ်ရက်တနေ့…ကျမတို့တသိုက်....ဆပ်ပြာမှုန့်သွားကြုံးကြစို့…တိုင်ပင်ကြတယ်…
ထုံးစံအတိုင်း……အပျိုခေါင်းအပါအဝင်..၉ယောက်၊၁၀ယောက်လောက်ရှိမယ်ထင်တယ်.………................
ပါလေရာကျမကအငယ်ဆုံးပေါ့….တကယ်ကအပျော်တမ်းလိုက်တာ..ကြုံးတတ်ဘူး…..ထားပါ။
...ဒီလိုနဲ့..အဖွဲ့လိုက်..ကိုယ့်တပိုင်တနိုင်တောင်းလေးတွေပိုက်လို့ထွက်ကြပြီပေါ့..မနက်စောစော…
မော့မော့..မော့မော့..ကျော့ကျော့....ကျော့ကျော့နဲ့….။
ဆပ်ပြာပွင့်ရာနေရာက…..တကယ်တော့..ရွာနဲ့နည်းနည်းလှမ်းပါတယ်…ချောင်းကူးပြီး…….
ဟိုဘက်နယ်ဘက်သွားရတာ……နောက်ပြီး..ဆပ်ပြာဆိုတာ..နေပွင့်(နေပူ)မှ...အချပ်လိုက်ကလေးတွေ.....
ွပွင့်တာ(ပေါ်တာ)…..အဲဒီတော့..နေအမြင့်ခံပြီး…စောင့်ကြုံးရပါတယ်။….ဒီလိုနဲ..နေကပူ..ဗိုက်ကဆာ…
ဟော…ဆပ်ပြာတွေလည်းရသင့်သလောက်ရဆိုတော့…ပြန်လာကြပြီပေါ့…တောင်းလေးတွေ...............
ကိုယ်စီိရွက်လို့....။
အပြန်လမ်းပေမယ့်…နေအပူဒဏ်ကြောင့်..အားလုံးဟာနွမ်းလို့ပေါ့..ခြေလှမ်းတွေလည်း..ခပ်ယိုင်ယိုင်.။
….ဟော..ရှေ့မှာ…သစ်ပင်အကြီးကြီး။အိုး…ဘာပြောကောင်းမလဲ………..ကျမတို့တသိုက်..မတိုင်ပင်ပဲ...
ပြေးလိုက်ကြတာ…။…ဟူး…အမောကိုပြေသွားတာပဲ…...သစ်ပင်ရိပ်ကလည်းအကြီးကြီး…..................
ပါလာတဲ့ရေလေးသောက်..အမောဖြေနေရင်း…….အပေါ်မော့ကြည့်လိုက်တော့…လားလား…..............
သရက်သီးတွေ..သရက်သီးတွေ..အပြွတ်လိုက်။ ရွက်ပုန်းသီးတွေရယ်….။
ဘာပြောကောင်းမလဲ….စောစောကမောနေတာတွေမေ့...အလုအယက်ခူးဖို့ပြင်တော့တာပဲ..။.............
...သူတို့အပျိုလေးတွေကခူးဖို့မှီပေမယ့်…ကျမကဂျပိလေ…ဘယ်လောက်ခုန်ခုန်မှီဘူး…….ဆိုတော့......
သူများကိုအားကိုးရတာ..ငိုသံတောင်ပါတယ်။.....…လက်ညှိးလေးထိုးထိုးပြီး…...ဟိုအသီး....ခူးပေး၊.....
…ဒီအသီးခူးပေးနဲ့..အော်ရတာ..အာခေါင်တွေကိုနာလို့။..ဒါပေမယ့်..သူတို့ခူးပေးမှရတာလေ။…........
အဲဒီလိုနဲ့ကျမတို့တသိုက်..သစ်ပင်အောက်မှာ.......မျောက်တွေလို..ဆူညံသောင်းကျန်းနေသခိုက်…....
ဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး…….….ဆိုပြီးအသံကြီးကိုကြားလိုက်ရတော့တာပါပဲ…..။
အားလုံးဟာ..ပထမတော့ကြောင်သွားတယ်..နောက်တော့..အဖွဲ့ထဲကအပျိုခေါင်းမမလေးက…..........
ဒါပိုင်ရှင်ရှိတဲ့အပင်ကြီးထင်တယ်ဆိုပြီး…“ဖွက်ဖွက်ခူးပြီးသားတွေ”ဆိုပြီး…တချို့ကို....တောင်းထဲက.....
ဆပ်ပြာမှုန့်ထဲထိုး…ကျန်တာဟိုထဲထိုး..ဒီထဲထိုးလုပ်ပြီး..ဟန်ကို့ဘို့ပြင်တော့တာပေါ့….....................
ဒါပေမယ့်..အားလုံးဟာ...ရင်တွေလည်းခုန်….ဒူးတွေလည်းဆတ်ဆတ်တုန်…ရှူးတွေလည်းထွက်နဲ့..…..
ဘာမှအဆင်သင့်မဖြစ်ခင်......အဖွားကြီးတယောက်ဒုတ်ကလေးကိုင်လို့...ရောက်ချလာပါရောလား……။
ခေါင်းပေါ်မှာ...ဆပ်ပြာတောင်းတွေဖရိုဖရဲနဲ့....ပြေးမယ်ပြင်ထားတဲ့ကျမတို့ခြေထောက်တွေဟာ.........
နေရာမှာတင်..ဘယ်လိုမှ..မရွေ့နိုင်တော့ပါဘူး။…နောက်ပြီး......အယုတ္တအနတ္တတွေနဲ့မိုးမွန်အောင်ဆဲပြီး.
.စွပ်စွဲနေတဲ့......အဖွားကြီးကို…အားလုံးပြူးကြည့်ပြီး..ဘာတုံ့ပြန်ရမှန်းကိုမသိတော့အောင်ပါပဲ။............
.နဖူးတွေ့ဒူးတွေ့ဆိုတာ....ဒါကိုပြောတာဖြစ်မှာ…နေရာတကာစွာတဲ့..အပျိုခေါင်းမမလေးဆီကလည်း....
အာစေးထည့်ထားသလို.....ဘာသံမှကိုထွက်မလာတော့ပါဘူး။…….ကျမတို့တတွေပဲ..ပြူးအကြည့်ကောင်း
လို့လား၊.....တယောက်တည်းဆဲဆိုနေရတာပဲ…..အာညောင်းသွားလို့လားမသိဘူး….ပိုင်ရှင်အဖွားကြီးဟာ
.....ရှေ့ဆက်တိုးမလာပဲ....ရပ်နေပါတော့တယ်.......။
(တကယ်တော့အဖွားကြီးဟာ…မျက်စေ့မှုန်ပုံရပါတယ်..တောင်းလေးတွေပေါ်က........
ထိုး၂ထောင်၂သရက်သီးတွေကိုမြင်ပုံမရတော့...သူမှားပြောမိတယ်ထင်ပြီး....ခေတ္တကြောင်တောင်တောင်
ဖြစ်နေတယ်..ထင်တယ်)
အဲဒါကိုအခွင့်ကောင်းယူပြီး.....နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ထုံးနလုံးမူပြီး…အားလုံးဟာ…........
ရွာအပြန်လမ်းဆီ............ခပ်တည်တည်နဲ့မျက်နှာမူလိုက်ပါတယ်…………ပြီးတော့တုန်နေတဲ့ခြေထောက်ကို
အနိုင်နိုင်ထိန်းရင်း...........လောလောဆယ်တော့…ဒီအပင်ကြီးနဲ့ဝေးရာ..ဒီအဖွားကြီးနဲ့ဝေးရာဆီ။
မပြေးရုံတမယ်လှမ်းနေတဲ့ခြေလှမ်းတွေနဲ့အတူ..တောင်းထဲမသေမသတ်....ထိုးဖွက်ထည့်ထားတဲ့…............
သရက်သီးလေးတွေကလည်း..ဘုတ်ဘုတ်...ဘုတ်ဘုတ်..နဲ့..ပြုတ်ကျလို့..။..ဒါပေသိ.......အားလုံးဟာ......
မှင်တေတေနဲ့.....တချက်ကလေးတောင်..မရပ်ရဲတောာ့ပါဘူး.။.......ခပ်လှမ်းလှမ်းလဲရောက်ကရော...........
.မတိုင်ပင်ပဲ....ကျမတို့တတွေဆီက....နာနာကျည်းကျည်းနဲ့ထွက်လာတဲ့အသံကတော့……………………….
ဟီး..ဟီး…ရွတ်..အီး…...လူကိုများ…...............
အီး….ဟီး…..ဟီး.....လူကိုများ…..
အင့်..ဟင့်…..လူကိုများ....
သူ……ခိုးတဲ့။
သရက်ပင်ပိုင်ရှင်အဖွားကြီးကတော့…ကျမတို့အဖွဲ့..အား..ထူးဆန်းစွာငေးကြည့်နေမှာတော့…အသေအချာပင်။