Showing posts with label မျှဝေခံစားမှု. Show all posts
Showing posts with label မျှဝေခံစားမှု. Show all posts

Tuesday, February 15, 2011

ဒီအိမ်သာလျှင်..

ပုံလေးကို ကလစ်ပြီး အကြီးချဲ့ကြည့်ရင် ရင်ကို လှုပ်ခပ်စေတဲ့ စာသားလေးတွေကို တွေ့လိမ့်မယ်း))

နှလုံးသားတွေ နွေးထွေးနေသမျှ ဒါဟာလည်း အိမ်...

 
ဒီအိမ်အတွက်ကြောင့်..... ပျော်ရွှင်ရတယ် ကြည်နှုးရတယ် ခွန်အားတွေရတယ်.. ဒီအိမ်သာလျှင်..

Saturday, January 29, 2011

မင်း သင်ပေးတဲ့ အရာတွေ


၁) တခါတလေမှာ အဓိပ္ပါယ်မရှိတဲ့ အရာတွေ လုပ်ကြည့်ဖို့...
၂)   မိမိစိတ်ချမ်းသာတဲ့အရပ်ကို ခံစားရွေးချယ်နေတတ်ဖို့..
၃) ကိုယ့်အရည်အချင်းကန့်သတ်ထားတဲ့ စိတ်ထားကိုဖယ်ပစ်.ဖို့..
ဒါတွေက.......................................................................
မင်း သင်ပေးတဲ့အရာတွေ .. ..



Thursday, September 16, 2010

သူငယ်ချင်းတို့ မျက်စိအေးစေဖို့

တစ်ရက်... တစ်ရက်.. ကွန်ပြူတာနဲ့ မျက်နှာအပ်နေရတဲ့ သူများ..စိမ်းစိုတဲ့ တောတောင်ရှုခင်းတွေနဲ့ ဝေးကွာနေတဲ့သူများအတွက်..ဒီပုံလေးတွေကို ကလှစ်နှိပ်ကြည့်ပြီး မျက်စိ အပန်းဖြေသွားကြပါအုံးနော်..
မီးငယ်လေးက ဒီရှုခင်းလေးတွေ..တစ်မျှော်တစ်ခေါ်ကြီးကို တစ်ဝကြီး ကြည့်ခဲ့ရလိုက်တော့ တော်တော် မျက်စိကြည်သွားတယ်လို့ ခံစားလိုက်ရလို့..မျှဝေပေးချင်တာပါ။ တစ်ခါ တစ်လေ..အစိမ်းရောင်ရှုမျှော်ခင်း တွေကို ကြည့်ပေးခြင်းဟာ လူရော၊ စိတ်ရော၊ မျက်စိရော လန်းဆန်းစေပါလားနော်.... :))))

 ခိတကျူးရှူးက Hiraodai country side park ကိုအသွား လမ်းမှာတွေ့ရတဲ့ တောင်တွေလေ။
ကျောက်တုံးတွေနဲ့ တောင်တန်းများ
 
Hiraodai country side park ကိုရောက်ပြီ။
 
စိမ်းစိုတဲ့ မြက်ခင်းပြင်နဲ့ တောင်တန်းများ
 ဒါက သဘာဝကျောက်လိုဏ်ဂူအသွားလမ်းက ရှုခင်းတွေပေါ့။
 
 
 သဘာဝကျောက်တုံးများ

 ကဲ အစိမ်းရောင်ပုံတွေ ခံစားပြီးပြီဆိုရင်တော့ အဆစ်ထည့်ပေးတဲ့ လိုဏ်ဂူထဲကပုံတွေ ကြည့်ကြပါအုံး :D
 
 
လိုဏ်ဂူထဲက စမ်းချောင်းလေးထဲက ရေက ရေခဲရေလိုအေးစက်နေပေမဲ့ လမ်းလျှောက်ခဲ့ရတာ တော်တော်ပျော်စရာကောင်းခဲ့ပါတယ်။
 တစ်ချို့နေရာက တော်တော် ကျဥ်းပြီး နိမ့်လို့ ခန္တာကိုယ်ကြီးတဲ့သူဆိုရင် ၀င်လို့မရလောက်ဘူး။
အော်မေ့လို့ ။။ ဒီလိုဏ်ဂူနာမည်က Senbuthu Stalactite Cave တဲ့။

Tuesday, September 14, 2010

အမုန်းမရှိသူများအတွက် ခရီးသွားမှတ်တမ်း

မင်းနစံ။

ဂေါ်ဘုစတရှိတဲ့ မတ်စ်။
ဗက်ဆာ ပို့စ်သုံးခု ရေးပြီး Draft ထဲ ထည့်ထားပါတယ်။
ခရီးသွားဖို့ စီစဉ်ထားသူတွေ ၀င်ကြည့်ဖို့ တိုက်တွန်းပါတယ်။
အဲဒါတွေကို ဘလော့ဂ်ပေါ်မတင်ဖို့လဲ မေတ္တာရပ်ခံပါတယ်။


ဗက်ဆာက လူချစ်လူခင်များလွန်းတော့ အရာရာကို ဂရုစိုက်မှ တော်မယ်လို့ စဉ်းစားမိလို့ပါ။

မင်းနစံ။ ဂင်းခိဒဲ့ ဂမ်ဘရော။

Saturday, August 21, 2010

အိုက်ဒီယာ တစ်ခု ပေါ်ပေါက်လာခြင်း-၂

ဘယ်သူက စခဲ့သလဲ မသိတဲ့၊ တခါတလေ ကိုယ်က အစပြု တီထွင်တာ ဖြစ်ချင်ဖြစ်မယ့် အိုက်ဒီယာအသစ်တွေဟာ မင်းရဲ့ အတွေးနဲ့ မင်းဦးနှောက်ထဲကသာ အစပြုတာပါ။

ဘောပင်ကနေ ဆံထိုးအဖြစ်..

မွေးပွ အရုပ်ကနေ အိပ်ယာတွင်းက အယောင်ဆောင်ခန္ဓာကိုယ်အဖြစ်..

ဦးထုပ်မှသည် အလှူခံဖလား အဖြစ်..

ခဲတံမှသည် အဖြေကို မှန်းဆကိရိယာ အဖြစ်..

ခဲတံမှသည် ထီကံစမ်း ရွေးချယ်ပေး ကိရိယာအဖြစ်....

အိုက်ဒီယာအသစ်တွေဟာ မင်းရဲ့ အတွေးနဲ့ မင်းဦးနှောက်ထဲကသာ အစပြုတာပါ။


Thus, Sharppen you up!!
Frisk ကို ခံတွင်းမွှေး ဦးနှောက်ကြည်စေသော ပီကေအဖြစ် ကြော်ငြာတာ ဖြစ်ပေမယ့် အတွေးလေးကို ကြိုက်လို့ ကူးယူ သိမ်းထားလိုက်တယ်။

Thursday, August 12, 2010

My summer vacation




အားလုံးပဲ ပျော်ရွှင်ဖွယ်နွေရက်များ ဖြစ်ကြပါစ။
ဒီတစ်ခေါက်တော့ တို့ရဲ့ ပျော်ရွှင်ဖွယ် နွေကျောင်းပိတ်ရက်လေးတစ်ရက် အကြောင်း တယ်ရင်းတို့နဲ့ မျှဝေပါရစေနော်။
တို့ရဲ့ Campus ကတောင်ပေါ်မှာ ဖြစ်တဲ့အပြင် Lab ကလဲ ၁၀ထပ်မြောက် မှာရှိတာမို့ Lab ကနေ လှမ်းကြည့်ရင် ပင်လယ်ကြီးကိုမြင်နေရတယ်။ တစ်ခါတစ်လေ ရာသီဥတုသာယာရင် သဘောင်္လေးတွေကိုတောင် မြင်ရတယ်။ ဆင်ဒိုင်းရောက်တာ၅နှစ်မြောက်ရှိပြီ။
ဒါပေမဲ့ အဲဒီလောက်နီးနေတဲ့ ပင်လယ်ကမ်းခြေဆီကို သွားဖို့ တစ်ခါမှ စိတ်မကူးခဲ့မိဘူး။ ဒီတစ်နှစ်တော့ မိဆိုးလေးလဲ ရောက်တုန်း၊ ဒီက ညီမလေးတွေ လဲစုံတုန်း၊ ကြိုတင်မစီစဉ်ထားပဲ ယူရိအာဂဲမြို့ဆိုတဲ့ နေရာက ကပင်လယ်ကမ်းခြေလေး တစ်ခုဆီကို သွားဖြစ်ကြတယ်။ ဆင်ဒိုင်းကနေ ဘစ်နဲ့ မိနစ်၄၀လောက်ပဲ သွားရတာ။ အဲဒီကမ်းခြေလေးကလဲ နွေရာသီ အချိန်ပဲ ဖွင့်တဲ့ ယာယီကမ်းခြေလေးပဲဖြစ်တယ်။
အဲဒီနေ့က နေအလွန်ပူပေမဲ့ ပင်လယ်ရေနဲ့ ထိတွေ့ရတာ လူရောစိတ်ရော လန်းဆန်းအေးမြသွားတယ်။

မကြားရတာကြာပီဖြစ်တဲ့ လှိုင်းသံလေးတွေ ကိုနားဆင်ရင်း၊ မမြင်ရတာကြာပီဖြစ်တဲ့ ပင်လယ်လှိုင်းလုံးလေးတွေ၊လေဆိပ်နဲ့ နီးလို့ ပင်လယ်ပေါ်ကဖြတ်ဖြတ်သွားတဲ့ လေယဉ်ပျံတွေ ငေးကြည့်ရင်းနဲ့ပေါ့။ ပင်လယ်ရေက တို့ဆီက ကမ်းခြေတွေကလို သိပ်မသန့်ရှင်းဘူး။ ပုဇွန်အသေးလေးတွေပါ ပါလာပြီး အသားယားလို့ ကြာကြာရေထဲ မဆင်းနိုင်ဘူး။ ထီလေးတစ်ချောင်းနဲ့ ဖြာလေးတစ်ချပ်ငှားပြီး ထိုင်ကြည့်နေရတယ်။
ညီမလေးတွေကတော့ ဓာတ်ပုံတွေ အမျိုးမျိုး ရိုက်ကြပြီး ရေထဲကကို မတက်တော့ဘူး။

ပင်လယ်ထဲမှာ ရေဆင်းဆော့တဲ့သူတွေကို စောင့်ကြည့်တဲ့ မျှော်စင်ရှိတယ်။ ဘောလုံးလေးတွေနဲ့ တားထားတဲ့ နေရာကို ကျော်ပြီးသွားရင် မိုက်ခွက်ကြီးနဲ့ လှမ်းအော်ပြီး သတိပေးတယ်။


ဒါက ရေချိုးခန်းလေးတွေပါ။ တစ်ယောက်တစ်ရာတဲ့။

အ၀တ်လဲတဲ့ အခန်းလေးတွေပေါ့။
ယာယီဆိုင်ခန်းလေးတွေပါ။
သဲသောင်ပြင်ကြီကတော့ ပူလိုက်တာ ခြစ်ခြစ်တောက်ပဲ။ ဒါပေမဲ့ ပင်လယ်ရေနဲ့ထိတွေ့လိုက်ရတဲ့ တို့တွေအားလုံး ပူတာကိုမေ့ပြီး အလွန်ကို ပျော်ရွှင်ခဲ့ကြတယ်။

အဲဒီနောက် နေ့လည်စာစားပြီး တော့ နေ့လည်(၁)နာရီခွဲလောက်ပဲ ရှိသေးတာ ၊ ညနေပိုင်း ဟနဘိပွဲတော် ကိုစောင့်ကြည့်ဖို့ အတွက်ဘယ်နေရမှာ နားရပါ့။ နေကလဲပူပါ့။ ကံကောင်းထောက်မစွာနဲ့ ကားဂိတ်နားက ကလေးကစားကွင်းထဲက သစ်ပင်ရိပ်မှာ နေရာရကြတယ်။ မိဆိုလေးကတော့ တားမရပဲ၊ ကိစ္စရှိတာနဲ့ တစ်ယောက်ထဲ ပြန်သွားလေရဲ့။ ညနေ၃ နာရီခွဲလောက် မိုးအုံ့သွားတာနဲ့ ပွဲတော်ဘက်ကို ထွက်လာကြတယ်။ သူများတွေက ဟနဘိကြည့်ဖို့ အခင်းတွေခင်းပြီး နေရာ ကြိုတင်ဦးထားကြတဲ့ နေရာရောက်လာတယ်။

ပွဲဈေးတန်းဘက်လျှောက်။ အလကားကျွေးနေတဲ့ ငါးခေါင်းကင်ဝင်စား။ အကြီးကြီးပဲ :P


မုန့်ဝယ်စားလိုက်၊ ရေ၀ယ်သောက်လိုက်နဲ့ စောင့်ရတာပင်ပန်းလှပြီ။ နေလဲဝင်တော့မယ်။
ကမ်းမှာ ဆိုက်ထားတဲ့ သဘောင်္တွေထွက်သွားလို့ တို့တွေထိုင်နေတဲ့ ရှေ့ကမြင်ကွင်းရှင်းသွားတယ်။

မီးပုံးလေးတွေမျှောနေပြီ။ ဒါပီးရင်တော့ ဟနဘိ ကြည့်ရတော့မှာပါ။ စောင့်ရတာလဲ ညောင်းလှပါပီ။

ဟနဘိက ည ၈ နာရီမှ စပါတယ်။
ရေထဲကနေထွက်လာသလိုမျိုးမြင်ရတာပါ။ မိုးပေါ်ကဟနဘိပဲကြည့်ဖူးသေးတော့ ဒါမျိုး
ကြည့်ရတာ စောင့်ရကျိုးနပ်သွားတယ်လို့ပဲ ဆိုရမှာပေါ့။

ကဲ ဒီလိုနဲ့ အိမ်ကို ည၁၁နာရီခွဲမှ ပြန်ရောက်ပါကြောင်း။ :D:P

မီးငယ်လေးမှတ်တမ်းပြုသည်။

အိုက်ဒီယာသစ် ဆိုတာ..

အိုက်ဒီယာ (အတွေးအခေါ်) အသစ်တစ်ခုဟာ ဘယ်နေရာ ဘယ်အချိန်မှာ ပေါ်လာတတ်သလဲ?

လေ့လာချက်များအရ..
၁) အိပ်ယာထဲမှာ အိပ်နေရင်း ရတာက ၂၀%
(ဥပမာ.. အိုင်စတိုင်းဟာ သူ့ရဲ့ နာမည်အကြီးဆုံး နှိုင်းယှဉ်မှု သီအိုရီကို အိပ်ရာထဲမှာ ရခဲ့တယ်)

၂) ပန်းခြံထဲမှာ ထိုင်နေရင်း ရတာက ၁၈%

၃)သန့်စင်ခန်းမှာ သွားတိုက်ရင်း ၇%

၎) အိမ်သာထဲမှာ အီးအီးပါရင်း ရတာက ၃၂ %

၅) ရေချိုးကန်ထဲမှာ ၂၉ %

၆) ဘတ်စ်ကားပေါ်မှာ ငေးရင်း တွေးရင်း ၁၇%

၇) အခန်းအနား စင့်မြင့်ပေါ်မှာ မိန့်ခွန်းချွေရင်း ရတာ ၁%

၈) လေယာဉ်ပေါ်မှာ ၄%

၉) ရေကူးကန်မှာ ၂%

အဲ.. အစည်းအဝေးခန်းမထဲမှာ ထိုင်စဉ်းစားရင်း ထွက်တယ်ဆိုတာမျိုးက သုည ရာခိုင်နှုန်း (၀%) တဲ့..

တကယ်တော့ အိုက်ဒီယာအသစ်တစ်ခုဆိုတာ ငါ့တို့ရဲ့ ခေါင်းထဲကနေ လျှပ်စီးလက်သလို တအားခေါင်းခြောက်အောင် မစဉ်းစားရပဲ အဆင်သင့်တဲ့အချိန် ထွက်လာတာမျိုးသာ ဖြစ်ပါတယ်..။

ဒါကြောင့် အိုက်ဒီယာ ထွက်လာမယ့်အချိန်ကို စောင့်ရင်း စာကြည့်စားပွဲမှာ ခေါင်းပူအောင် အကြံထုတ်နေမယ့်အစား (ထိုင်ငိုက်နေမယ့်အစား) တခါတလေ အိပ်လိုက်စားလိုက် ပေါ့ပေါ့ပါးပါး နေကြည့်ကြရင် ကောင်းမယ်လို့....



တိုက်ဆိုင်စွာ ဒီကြော်ငြာလေးရလို့ င်္ဒီဘလော့မှာ ကူးယူသိမ်းထားလိုက်တယ်။

လသာည မျှဝေတာပါ..

Sunday, July 18, 2010

အိုခိဝို စကဲတဲ့နယ်။

လူနေပါးသော အရပ်တွင် နေထိုင်ပါလျင် သတိထားနိုင်စေပါရန်။ ဥပမာ ဖူကူအိုကာ ဆင်ခြေဖုံး။

လဲတညားတို့ နေမျိုးနွယ် နိုင်ငံက အဲဂလိုပဲလား။ ---- ဟင်း။--- ( :D :D မဟုတ်တာဆို သူ့နိုင်ငံဖြစ်သွားရော။ )

အတော် လေတယ်။

လိုင်ဘရီမှာ စာအုပ်လေး ငှားပြီး ပြီးလွယ် စီးလွယ် မက်ဒေါနားက မက်ပေါ့ ၁၀၀ တန်လေးနဲ့ပဲ ညနေစာ လိုက်ပါတော့မယ်လေ လို့ အောင့်မေ့ပြီး မက်ဒေါနား မှာ မက်ပေါ့လေး ၀ယ်ပါတယ်။

ပင်ပန်းလွန်းနေခဲ့တော့ အစာလေး စားရတုန်းလေး အပြင်မှာ ခတအဲ ချောင်းရေ စီးသံလေးကို ကဗျာဆန် ဆန် နာခံရင်း မက်ပေါ့လေးကို ကိုက်မယ် အောင့်မေ့ပြီး ခတအဲ ချောင်းဘေး တစ်လျှောက် ဘီးလေး စီးပြီး ချောင်းဘေးက ပန်းခြံလေး (ကလေးကစားကွင်းပါရှင်ာ။ နေ့လည်ဆို ကလေးတွေ ကစားဖို့ ကွင်းပြောင်လေးနဲ့ ကစားစရာတွေ တပ်ထားပေါ့။) ကို သွားပါတယ်။

ကားလမ်းကနေလှမ်းကြည့်ရင် အပင်တွေ ကွယ်ပြီး မမြင်ရပါဘူး။ ၀င်ပေါက်မရှိပေမဲ့ စက်ဘီးပဲ သွားလို့ရတဲ့ ကျောက်ခင်းလမ်း ဘက်က ၀င်ပေါက်လေးထဲကို ခေါက်ဘီးလေးကို ထိုးထည့်ဖို့ ကြိုးစားနေတုန်း ကျားပေါက် လေး ၂ ကောင် ရယ်မောစကားသံကြားရပါတယ်။ အော်။ .... ကောင်းတာပေါ့ ။ လူရှိတော့ ၀လဲ သိပ်ပြီး မကြောက်ရတော့ ဘူးပေါ့ အောင့်မေ့ပြီး စက်ဘီးကို တွန်းရင်း ထိုင်ခုံ ကိုရှာပါတယ်။ မျက်လုံးက လူသံတွေ ရှိတဲ့ ဖက်ကို ဘယ်လို ရောက်သွားမှန်းမသိဘူး။

အလယ်--- လယ်။

ကမန်းကတန်း စက်ဘီးကို နောက်ကြောင်း ပြန်တွန်း ။ စောက ၀င်ပေါက်ထဲ စက်ဘီးကို ကမန်းကတန်း ပြန်တွန်းထွက်ရပါတယ်။

ဝ-- မတိခဲ့ရပါလားတွယ်။ ရေက ပန်းခြံ အပေါ်ကနေ ကို ဘယ်လို ပေးထားမှန်း မသိဘူး ခုမှတွေ့တယ်။ အိမ်ခန်းထဲ က ရေချိုးနည်းနဲ့ ကျားပေါက် တစ်ကောင်က ချိုးနေတာ။ လူသံကြားလို့ထင်ပါရဲ့။ သူက နောက်ကျောပေးထားလိုက်ပုံပေါ်တယ်။ ဖင်ပြောင်လေးနဲ့။
သူ့အဖော်ကတော့ အ၀တ်အစားနဲ့ပါ။ သဘောတွေကျပြီး ရယ်နေလေရဲ့။ ၂၀ ကျော်လေးတွေထင်ပါရဲ့။

ညစ်တယ်။ သတိတွေလဲ ထားကြဦး။ သတိဆိုတာ ပိုတယ်မရှိတဲ့။ လူရှင်းရာ နေကြရင်ဖြင့်။

ဖွားဖွား ဗက်ဆာ။

cont: Let's listen English

ပြာနေပါသည်။ ဖွဲကတော့ ထွက်သင့်သလောက်လဲထွက်ပါ၏။

ပြာယာခတ်နေတဲ့ အထဲက စကားကလဲ များချင်သေး။ ၀ုတ်ပါဘူး။ တင်မိတဲ့ ပို့ စ်လေးတော့ နောက်ဆက်တွဲလေး ရှိလာတော့လဲ တင်လိုက်တာပဲ ကောင်းပါတယ်လို့။
အိုင်တီ ခေတ်ထဲမှာ အင်ဖော်မေးရှင်းတွေကတော့ ဒီလိုပဲလေ။ အသစ်--အသစ်တို့ က အဟောင်းတို့ကို အလျင်အမြန် --- ။
စက်ရုပ်ထက် နဲနဲလေးပဲ သာပြီး ဖတ်နေတဲ့ ၀ထ္ထုကိုနားထောင်ရတာ ဆားမပါတဲ့ ဟင်းနဲ့ ထမင်းစားရသလိုပဲ။
ဗမာပြည်မှာတုန်းက သေချာ ဖတ်ပြတဲ့  ရှားလော့ဟုမ်း ပုံပြင်တွေနားထောင်ခဲ့ဖူးတော့ ဒီ ၀ထ္ထုတွေ နားထောင်ရတာ တော်တော် ခံစားချက်မသက်မသာ ဖြစ်ရပါတယ်။ ဆော့ဖဲဝဲ ဖတ်သလား လူဖတ်သလားတောင် မစဉ်းစားချင်တော့ပါဘူး။

ခံနိုင်ရည်စွမ်းကုန်သွားတဲ့ နောက်မှာ ဆရာဖြစ်သူ ဒီနေ့လည် အိမ်ပြန်သွားတာနဲ့ လိုင်ဘရီကို ပြေးပြီး မေးမြန်းရှာဖွေတော့ ငှားနိုင် နားထောင်နိုင်ခဲ့ပါပြီ။
ဒီမှာ-- ဒီမှာ-- ဂလိုလေး။

ဟူး--- ခုမှပဲ
စိတ်ချမ်းသာတော့တယ်။ ခု Little Women ကိုနားထောင်နေပါတယ်။ စတာနဲ့ ဗေသိုဗင်ရဲ့ နံမယ်ကြီး Für Elise ကိုနားထောင်ရပြီးတော့ သေချာဖတ်ပြတဲ့ အမျိုးသမီးရဲ့ အသံကို ကြားရပါတယ်။ တကယ့်ကို စကားဝိုင်းထဲ နားထောင်နေရသလိုပါပဲ။

ညီမထားဘေဘီတွေနဲ့ လဲတညား ရဲ့ ဇူးဇူးလေးဖို့ကတော့။ (ဖူကူအိုကာ လိုင်ဘရီ ဆိုတာ ရှိတယ် ညီမထားရဲ့။ မိတ်ဆွေတွေ မေးကြည့်နော်။)

အဲဒါတွေက အဆင့်အမျိုးမျိုးရှိတယ် တယ်ရင်းတို့ရဲ့။ (အဟီး။ လဲတညားတော့ သိပြီးသားနေမှာပါ။ ညီမထားတော့ ဗမာပြည်နဲ့ ပြတ်လတ်နေတော့ကာ။) အဆင့်ငါး က Intermediate တန်းဆိုပဲ။ အဲဒီ ၀ထ္ထုတွေက ဗမာပြည်မှာ အထက်တန်း ကျောင်း သင်ရိုးမှာ သင်ပြီးသားပါ။ ဥပမာ Wuthering Heights (Emily Bronte) ဆိုရင် အဆင့်ငါး ဖြစ်ပါသည်။ Great Expectation (Charles Dickens) လဲ အဆင့်ငါးပါ။ Treasure Island ဆိုရင် ကိုးတန်းတုန်းက သင်ခဲ့ရတဲ့ The Brave Boy ရဲ့ ၀ထ္ထုပေါ့။

သို့သော်လည်း။---- သိကြတဲ့ အတိုင်း။

ဗမာပြည်မှာ ဗက်ဆာတို့တုန်းက သင်ရတဲ့ စာအုပ်ပါးလေးက မူလ ၀ထ္ထုမဟုတ်ပါဘူး။ အတိုချုပ်ထားပြီးသားပါ။ အခု ဖတ်တဲ့ ၀ထ္ထုက ပိုပြီးတိုအောင် ခြုံ့ထားပြီးသားပါ။ အဆင့် ငါးရဲ့ သဒ္ဒါနဲ့ ဝေါဟာရနဲ့ တန်အောင်ပေါ့။ မခက်ပါဘူး။

တော်တော်တိုပေမဲ့ အဓိက ကတော့ နားယဉ်အောင် ဆိုပါတော့။ ဘောက်သံလေးပိုပြီး ဘိုသံလေးများ ပေါက်လာမလားပေါ့။ ငပိရည်ကြိုက်သူက ဘောက်သံလေးများ ပိုလာမလားလို့ ဒီလိုပဲ အကြံအဖန် လုပ်ရတာပဲလေ။

အဓိက ဆိုလိုချင်တာက ကလေးတွေကို အဆင့်တစ် တို့ နှစ်တို့ကနေ စပြီး စာအုပ်နဲ့ ကျင့်ပေးရင် ကလေးကို ၀န် ပိစေမယ် မထင်ပါဘူးလို့။ ----
ထင်ရာ မြင်ရာ နဲ့ လျှောက် ဆရာကြီး လုပ်ကြည့်တာ။ တကယ်တော့မီးလဲ ဘိုလို မတော်ပါဘူး။ ထမင်းမငတ်ရုံလေးပါပဲ။ ဂတ်ကိုင်းရှိလို့ ထပူ တာပါ။

ရေတက် ငါးစင်ရိုင်း ဗက်ဆာ ဖြစ်ပါသည်။

စာကြွင်း။ ။ခု တော့ စက်ထဲမှာ အမ်ပီသရီးနဲ့ရောက်ကုန်ပါပြီ။

သိပြီးသားသူတွေတော့ ကျော်ဖတ်ပါရန်။

စီဒီကို ထည့်ပြီးရင် ၀င်းဒိုးမီဒီယာပလေယာမှာ Rip ရပါသည်။ Rip ကိုအဆင်ပြေသလို ကလစ်ကြည့်ရင် More Option လား Option လား ကို ခေါ်ပြီး ဆေ့ဖ်မယ့် နေရာမှာ ဖိုင် အမျိုးအစားကို အမ်ပီသရီး ပြောင်းလိုက ပြောင်းပေးထားလိုက်နိုင်ပါသည်။ တယ်လီဖုန်းဖြင့် နားထောင် သူများကတော့ ၀င်းဒိုးမီဒီယာ ပလေယာမှာ ဖိုင်အမျိုးအစား ပြောင်းလို့ရလောက်ပါသည်။ တောသူမက တယ်လီဖုန်းကို ကိုယ်နဲ့ကပ်ပြီး အမြဲယူသွားရတာ အသဲကျိန်းလို့ အမ်ပီသရီးပလေယာနဲ့ပဲ ------ အသံကွာလတီ ကောင်းဖို့ လဲ ပြောင်းပေးနိုင်ပါသေးသည်။

ဂျနယ်။ မင်းနစံ။ ကြိုးစားကြပါစို့။

Thursday, July 15, 2010

ဝှိတ် ချ....၀ှိတ်ချ ......ဖောင်း.....ဖောင်း

ကိုယ်လက်လှုပ်ရှားအားကစားလေး တစ်ခုခုကိုလုပ်ချင်တယ်ဆို
တော့ သူငယ်ချင်းကကျောင်းကအားကစား ခန်းမမှာ အေရိုးဗစ်သင်တန်းရှိတယ်။
Hip hopန့ဲ့ဘဲလေးတက်ချင်ရင်လည်းရတယ်တဲ့ ။ အေးကောင်းလိုက်တာ
ငါတ်ု့ အေရိုးဗစ်တက်ရအောင်ဆိုပြီး သူငယ်ချင်းနှစ်ယောက်သွားကြတယ်။

အားကစားခန်းအ၀င်မှာ ဖောင်ဖြည့် တာကြာတော့  (မလုပ်တတ်လို့ ပါ) အ၀တ်လဲခန်းကနေအထွက်မှာကို ၆နာရီခွဲနေပြီ။ သင်တန်းက ၆နာရီ ၂၀စတာလေ။တံခါးလေးအသာလေးတွန်းဝင်လိုက်တော့  အားလားလား အထဲ မှာလူ
ပြည့် ပဲ တီးလုံးဖွင့် ပြီး ကနေကြတာ ထိပ်ဆုံးမှာ နည်းပြဆရာ က သရုပ်ပြတယ်။




အိစံ လဲရောင်တောင်ပေါင်တောင်နဲ့ ညာအစွန်ဒုတိယတန်းရဲ့ ဘိတ်ဆုံးမှာရပ်ပြီး သူများလုပ်သလို လိုက်လုပ်တယ်။ သင်တန်းအခုမှ စခါစဆိုတော့ အကြောအချင်ပြေအောင် ကိုယ်လက်လှုပ်ရှား စခါစပဲရှိသေးတယ်..ဆရာ က ဂျပန်လို အာရုခု အာရုခုဆို ပြီးအော်ပေးတယ်။ အစတော့ ဘေးကအတူလာ
တဲ့ သူငယ်ချင်းလုပ်တာကြည့် ပြီးရီ သေးတယ် နောက်တော့  ရီမိမှာဆိုးလို့ မကြည့် တော့ ဘူး။ ဒစ်စကိုတီးလုံးလေးလည်းဖွင့် ထားတော့ အစပို င်းတော့ ကလို့ အကောင်းသားရှင့် ။ခုန်ခုန်ပြီး လှုပ်နေရတာဆိုတော့  တဖြည်းဖြည်းနဲ့ နည်းနည်းတော့ မောလာပြီ။


ခဏနေတော့ ဝှိတ်ချ..၀ှိတ်ချ ...ဖောင်း..ဖောင်းဆိုပြီး ဆရာ က ကွက်တွေ သင်တယ်
သူတို့ ဟာကလည်းဘာလုပ်တာပါလိမ့်  ဘောင်စင် ထိုးတာနဲ့ တူလိုက်တာပေါ့  မနည်းလိုက်ယူရတယ် တချက်နှစ်ချက်လောက်ခြေထောက်ကို ရှေ့ တိုးနောက်ဆုတ် ကစား လက်ကိုလည်း ထိုးမဲ့ ဟန်ပြင် ပြီးမှ လက်နှစ်ဖက်ကို အားစိုက်ပြီးရှေ့ ကို ထိုးရတယ် ။ ဆရာကနှစ်ခါ၃ခါလောက်ပြပြီးရင် သင်တန်း သား တစ်ယောက်ချင်းစီရဲ့ ရှေ့လာပြီး ကစားကွက်ကို ကစားတယ် ကျွမ်းကျင်တဲ့ သူတွေ ကတော့  လက်နှစ်ဖက်
နဲ့ ဆရာလက်မှာစွပ်ထားတဲ့ ဘောင်စင်ထိုးတဲ့  ဟာကို ကစားလို်က်ရင်
ဖောင်း.......ဖောင်းနဲ့ မြည်လာတယ်။ ကိုယ် က နားမလည်တော့ 
သူတို့ လက်ကွေးရင်လိုက်ကွေး ဆန့် ရင်ဆန့်  ဆရာက ဖောင်း..ဖောင်းလို့ ဆိုရင်
လက်ရှေ့ ဆန့်  တခါတခါလည်း ဘယ်ညာမှားနဲ့  တော်တော် တော့ ချွေးပြန်နေပြီ။ ဆရာကလူသစ်မှန်း
တော့သိပုံရတယ် ဟဂျိမဲတဲ့ နို့ ဟိတို ဆိုပြီး ဘာပြောမှန်းမသိဘူး နားမလည်လည်းလိုက်လုပ်လို့ ပြောတာထင်တာပဲ။





အိစံရှေ့ လဲ ရောက်ရော မြည်တော့ ဘူး နဂိုကတည်းက လက်အားမသန်ဘူးလေ။ ဆရာလည်း ၂ခါလောက်လာပြီးတော့ အားနာလို့ လားမသိဘူး လာတော့ ဘူး။ ဒီလိုနဲ့ ခဏနားမယ်ဆို
တော့ ပျော်လိုက်တာ။နင်ဟာကလည်းမောလိုက်တာဆို တော့ သူငယ်ချင်း က အိစံနင်ကလည်းသူများတွေတောင်လုပ်သေးတာလုပ်စမ်းပါတဲ့  ပြီးတော့ရီပြီး ဘောင်စင်သင်တန်းဟ
တဲ့ ။ပြန်စတော့ တော်တော်ကိုမောနေပြီ ငါဆက်လုပ်နိုင်ပါ့ မလား မသိဘူး ဆိုပြီး
် အားလျှော့ သွားသေးတယ် နာရီလည်းတကြည့် ကြည့် နဲ့  ။ဆရာက အာရုခု အာရုခုဆိုရင် သာလိုက်တာ နားရလို့ ။ အရှိန်လေးနည်းနည်းထိန်းပြီး ကစားလိုက်မှ အမောခံနိုင်သွားတယ် အိစံရှေ့ ကကောင်မလေးလည်း ပြီးခါနီးမောလာတော့ လက်ကို ၀တ္တရားကျေလေးပဲ မြှောက် ဆန့် လုပ်တော့ တယ် ။တော်တော်ကျွမ်းကျင်
နေတဲ့သူတွေဆိုရင်တော့ကစားတာအရမ်းလှတယ်။မောလည်းမမောကြဘူး။သူငယ်ချင်းကအားပေးတယ်တော်
တော်များများကမနှစ်ကလူဟောင်းတွေ နင်လည်းနောက်ဆိုလုပ်နိုင်မှာပါတဲ့ ။ ကကွက်တွေကအသစ်
်ဆိုရင်တော့ ငါမလိုက်နိုင်ဘူးဒီအတိုင်းပဲဆိုရင်တော့  ဆက်ကစားမယ် လို့ ပြောထားတယ်။


တစ်ပတ်မှာ တစ်ခါ အေရိုးဗစ်နဲ့ ဘောင်စင် အကဆက်တက်လိုက်အုန်းမယ် ဘော်ဘော်တို့ ရေ.......