Showing posts with label ဗက်ဆာ. Show all posts

Tuesday, December 21, 2010
Saturday, December 18, 2010
အရသာရှိသော ကဗျာတစ်ပုဒ်။
---
ကလီစာအစုံစုံ
အဖုံဖုံပါတဲ့
ဝက်သားတုတ်ထိုး
အကောင်းဆုံးဟာ
တစ်ခုပေးစမ်းပါ--- ဆိုတော့
အသဲ--ပါ အစ်ကို။
ရော့ --- အင့်---- တဲ့။
ဟင့်---အင်း။ -- ဟင့်---အင်း။
မကြိုက်ဖူး--- အငြင်း။
ဘေးနားက ----
ထမီတိုတို
အကြေကောက်နဲ့ မိန်းမပျို။
ကျမ-- ကြိုက်တယ်--- ဆိုပြီး။
တုတ်ချွန်နဲ့ထိုး။
ပြုတ်ရည်ပူထဲ---နှစ်။
ငရုတ်ဆီနဲ့--- တို့--- ပြီး။
ဂျွတ်--- ဂျွတ်--- သံထွက်။
မြိန်ယှက်စွာဝါး။
ပြီး----
စားလို့ ကောင်းလိုက်တာ--- တဲ့။
အဆုံးတစ်ခု
ကောက်ချက်ပြုမိ။
မိန်းခလေးများ။
အသဲ -- ကြိုက်တတ်၏။
-----------------------------------------
ကဲ။ --- ဘယ်လောက် အရသာရှိလိုက်တဲ့ ကဗျာလဲ--- ဟင်း။
--- ဘွားဆာ မှတ်ထားတာ။ --- တက္ကသိုလ် မဂ္ဂဇင်းထဲက။

Saturday, December 11, 2010
သီးစုံကျောက်ကျော (ခရစ်စမတ်)
မီးငယ်လေးရေ။ တင်ပေးလိုက်ပြီနော့။ သယ်ရင်း တစ်ယောက်ကလည်း အပေါက် ဘယ်လို ဖောက်သလဲ မေးနေခဲ့တယ်။ :D :D :D
လျှို့ဝှက်ချက် ကတော့ အောက်က တုန့်ယန်း စွပ်ပြုတ် တည်တဲ့ ခွက်လေးနဲ့ တူတဲ့ ပုံစံခွက်က အခရာပါပဲ။ အတိအကျတော့ ရှာမရတာနဲ့ သဘောတရားတူတာကို တင်ပေးလိုက်တာ။ ပုံစံခွက်က နှုတ်သီးတော့ မပါဘူးရယ်။
ကျောက်ကျောကတော့ မြန်မာ မိန်းခလေး အတော်များများ ကျိုတတ်ပါတယ်နော့။ မသိရင်လဲ လုလု ဆီ သွားကြည့်လို့ရသလို (ရှိမယ် ထင်တာပဲ။) ကျောက်ကျောထုပ်ဝယ်ရင်လဲ အညွှန်းက ပါပါတယ်။
ကျောက်ကျော တစ်ထုပ်ရှိလို့ကတော့ မျိုးစုံ ဆော့လို့ ရတယ်။ ဟုတ်တယ်မလား။
အသင့်ပြင်ထားရမှာက။
၁။ ဘလူးဘယ်ရီ၊ ရေခဲထားတာ ဖြစ်ဖြစ်၊ ဘူးထဲက ဖြစ်ဖြစ်၊ သူက ကျောက်ကျော အထဲရောက်တော့ ဘေးနားကို အရောင်ပြန့်တော့ ချစ်စရာလေး ဖြစ်လာရော။
၂။ သစ်တော့သီး (ပန်းသီးလဲ ဖြစ်တာပဲ။) ကို ပါးပါးလှီး၊ ကြယ်ပုံစံခွက် (ခရစ်စမတ်မို့လေ) ထပ်ဆော့ချင်ရင်လည်း မုန်လာဥနီကို ပန်းပုံဖောက်တဲ့ ချယ်ရီပန်း ဘာညာ -- အဲဒီ ပုံစံခွက်နဲ့ ဖောက်ချထားတာတွေ။ (အဲဒါပုံစံခွက် တွေက ယန်း ၁၀၀ ဆိုင်မှာ ရောင်းပါတယ်။ သေးသေးပဲဝယ်နော်။)
၃။ ကီဝီသီးကို အခွံနွှာ၊ အနေတော် လေး အ၀ိုင်းလှီး၊ ပြီးရင် လေးစိတ် လှီးလိုက်။
၎။ ကျောက်ကျော အနီလေးတွေ သက်သက် အရင်ကြိုပြီး Cube သေးသေးလေးတွေ လှီးထားဖို့။ ဘိုဆန်ဆန် ခရစ်စမတ် သိပ်ပီသချင်ရင်တော့ အရောင် အနီအတွက် ၀ိုင်နီ ထည့်ချလိုက်တာ။ ၀ိုင်နီသောက်နေကျ သူတွေ ဖို့တော့ အိုကေပါတယ်။ မကြိုက်တတ်ရင်တော့ တစ်ခုခုနဲ့ နီအောင်လုပ်ရုံပဲ။ နှင်းဆီသီး၊ ခေါင်ရမ်းပန်း လ္ဘက်ခြောက် (Rose Hip and Hibiscus tea) နဲ့ ကျိုရင်လဲ အိုကေမယ် ထင်တယ်။ မစမ်းဖူးဘူး။ အဲဒါက အတော်နီတာပဲ။ အနံ့လဲ မရှိဘူးရော။ ချဉ်လဲ ချဉ်တော့ ကောင်းမယ်ထင်တာပဲ။ :D :D
ရယ်ဒီ။
၁။ ကြိုထားတဲ့ ကျောက်ကျော (သကြား ဘာညာထည့်ဖို့တော့ ကိုယ့်ဘာသာကိုယ်သာ ထည့်ကြပါတော့) ကို ပုံစံခွက်ထဲကို တစ်ဝက်လောင်းချတယ်။
၂။ ကြယ်တွေ၊ ကီဝီတွေ၊ ဘလူးဘယ်ရီတွေ၊ ကျောက်ကျောနီလေးတွေ စီထည့်တယ်။ လက်နဲ့ တစ်ခု စီ ကဗျာ ဆန်ဆန်လေး စီရတာ။
၃။ လက်ကျန် ကျောက်ကျော ကို ဆက်လောင်းတယ်။
၎။ အမြုပ်လေးတွေ ထတာ သိပ်ကြီးနေမယ်ဆိုရင် ကမန်းကတန်း သွားကြားထိုးတံ အသစ်လေးနဲ့ ပူဖောင်းလေးတွေ လိုက်ဖောက်တယ်။
၅။ အအေးခံထားလိုက်တယ်။
အိုကေ သွားပလားဆိုရင် ရေလေးနဲ့ နဲနဲ ဆေးသလို လုပ်ပြီး ပန်းကန် အုပ်ပြီး ခလောက် ချ၊ မှောက်ချလိုက်ရင် --- ဟော။ --- ဒီမှာ ရပြီ။
ချောကလက် ကိတ်မုန့်နဲ့ လိုက်တာရော။
ဝါသနာပါလို့ ကိုယ့်ဘာသာကိုယ် ဆော့ချင်ရင် ပင်ပွါးတို့ အုန်းသီးနုနု ခြစ်ထားတာတို့၊ အုန်းနို့တို့။ သရက်သီးမှည့် တုံးလေးတွေ တို့။ --- စိတ်ကြိုက်ဆော့ နိုင်တာပဲ။ ဟုတ်တယ်မို့လား။
![]() |
| Add caption |

Labels:
စားကြမယ်ဟေ့ ကောင်းကောင်း,
ဗက်ဆာ
Friday, November 12, 2010
Friday, October 1, 2010
သူငယ်ချင်းများအတွက်
သူငယ်ချင်းကောင်း ယောင်းမတို့ရေ။
ပြန်တွေးကြည့်တော့ ဒီဘလော့ဂ်လေးကို ဗက်ဆာခင် ကျေးဇူးတင်ရတယ်။
အစလုပ်ပေးတဲ့ လသာညကိုရော..။
ဝိုင်းပြီး အားပေးကြတဲ့ သူငယ်ချင်းတွေကိုရော..။
ပူဆာရင် ပုံပြောပြတတ်သူပီပီ..။
အချာကဗျစ် အချစ်ကဗျာတွေ တင်တတ်တဲ့ မိဆိုးလေး...။
မြင်ရ ကြားရ ဖတ်ရသမျှ မှာ စိတ်အေးချမ်းစရာ ဖြစ်ရတဲ့ ရွှေအိကြီး..။
ဓါတ်ပုံလေးတွေနဲ့ ခရီးသွားမှတ်တမ်းလေးတွေ တင်ပေးတတ်တဲ့ မီးငယ်လေး..။
အမြဲ ၀င်လာအားပေးတတ်တဲ့ ချစ်တဲ့ထား...။
ဗက်ဆာ စကားများသမျှ ဟုတ်သော်ရှိ မဟုတ်သော်ရှိ နားထောင်ပေးကြတဲ့ သူများ အားလုံးကို...
ကျေးဇူးတင်ရပါတယ်။
တကယ်ကို စိတ်လက်ပေါ့ပါးရပါတယ်။ ၀င်လာချောင်းကြည့်လိုက်။ ပြန်ထွက်လိုက်။ သူများစာတင်ထားရင် ၀င်မန့်လိုက်နဲ့...။
စာသင်နှစ် အကုန်မှာ မပြန်နိုင်သေးမဲ့ သူ တစ်ယောက်ကတော့ မနေ့က သုံးနာရီတိတိ အပူအတိုက်ခံရတယ်။ Extension ကိစ္စအတွက်လဲ ဆွေးနွေးခံရရင်းနဲ့ပေါ့။ ဘွဲ့မရမချင်း လူမှုရေးတွေ အားလုံးဖြတ်တော့မယ် စိတ်ကူးလိုက်တယ်။ ဖေ့စ်ဘွတ် ဓါတ်ပုံတင်တာကလွဲလို့ပေါ့လေ။ အဲဒေါ့ ကာ----- ဗက်ဆာခင်တစ်ယောက် အလာကျဲ ပါမည်လို့။ အင်တာနက်ကိုရော ကွန်ပြူတာကို ပါ နဲနဲ ဖြတ်မလားအောင့်မေ့တယ်။
( အဲဂလိုပြောပြီး ဘလော့ဂ်ကို ၀င်ကြည့်တော့ စီဘောက်မှာ လဲတညားတို့ မိဆိုးတို့ ရွှေအိတို့ ဒီလိုတွေ ဇတ်တိုက်နေချင်တော့ မီးက ပါချင်လာပြန်ရော။ :D :D (အိမ်သာသွားပါလားလို့ မပြောရန်။) )
အော်----- ဘ၀။ ဘ၀။
-------------------------------------------------
30 Sep 10, 00:04
မိဆိုးလေး-၊ ။ : လတာည မယ်အိ မယ်ပီ မယ်မီး မယ်လတ် ထား အားလုံး သတိရလျှက်ပါ
လသာည-၊ ။ အိုဟိုင်းရိုး.....ဒီနေ့ကတော့ ဌက်သံလေးတွေနဲ့ သာယာလှပေတယ် အမယ်မင်းများ (ဖလားလို့ထူးစေ..) ဒါကြောင့် ငါကိုယ်တော်မြတ် ကျောင်းတော်ကိုကြွချီတော်မူမယ် စည်တော်ယွင်းစေဗျား
လသာည-၊ ။: မသွားခင် အမှာတော်ပါးချင်တာလေးက ရှိသေး..။ အမယ်မင်းများ.သံဃောဇဉ်ဆိုတာ ဌက်ပျောအူလို အမျှင်တန်းတာတူပေမယ့် ဌက်ပျောအူလို့ စားလို့မကောင်းဘူးလကွဲ.
လသာည-၊ ။: သဟာကြောင့် ဌ့က်ပျောအူလည်းမစားနဲ့ သံဃောဇဉ်လည်းမထားနဲ့လို့ အဆိုရှိတယ်မို့လား ကွယ်တို့။ အဲ..ဘယ်သူဆိုတာလဲဆိုတော့ ငါကိုယ်တော်မြတ်ပဲဆိုတာပါ
လသာည-၊ ။: အဲ့သဟာကြောင့် ယနေ့မှစပြီး ငါကိုယ်တော်မြတ် ရှိတယ်တွေ အကုန်ဖြတ်မယ် မတားကြနဲ့တော့ အမယ်မင်းများ (ဆံပင်အစရှိသည် ပြောတာပါ ဟီး)
အိစံ-၊ ။: မလတ်ရေ လသာညနဲ့ မိဆိုးလေး ကို အမှန်တွေသွားသွား မပြောပါနဲ့ ..
အိစ-၊ ။ံ: လသာည ရေ စည်တော်ယွင်း ပေးလိုက်တယ် ကျောင်းကို ဖြောင့် ဖြောင့် တန်းတန်းကြွချီလို့ ရအောင် လို့ ....
အိစံ-၊ ။: မိဆိုးလေး မမမြိုင် မလတ် မထား ပီပီ –
မိဆိုးလေး-၊ ။: 論文、毎週ゼミ、予備審査、中間発表、学位論文、学会、公開発表。。。。ဟေးဟေး စာရင်းချရေးကြည့်တာပါ
မိဆိုးလေး-၊ ။: ပျော်စရာကြီး လုပ်စရာတွေအများကြီးပဲ အချိန်ဘယ်လို ကုန်လို့  ကုန်မှန်းတောင် သိမှာ မဟုတ်တော့ဘူး ခွိခွိ
မိဆိုးလေး-၊ ။: အားလုံးသော ချစ်သူငယ်ချင်းများ ဆောင်းဦးနဲ့ အတူ ကျန်းမာပျော်ရွှင်စွာ ပညာဆည်းပူးနိုင်ကြပါစေ ဆုမွန်ချွေလျှက်
လသာည-၊ ။: အိမ်း.. ကောင်းပေတယ် အမယ်မင်း ကောင်းပေတယ်.. ငါကိုယ်တော်မြတ်တော့ အိစံရဲ့စည်တော်နဲ့ကျောင်းကိုကဆုန်ဆိုင်းပြေးတာ..
လသာည-၊ ။: ဆန်ဆေးဘုရားနဲ့ တည့်တည်းတိုးခဲ့ရလို့ အခု ဆင်မယဉ်သာ ပြန်ကြွတော်မူခဲ့ရတယ်ဗျား..
လသာည-၊ ။: ကိုတင်မိုးလွင်တော့ မြန်မာပြည်ရောက်သွားလောက်ပြီ။ .. မကြာတော့ပါဘူး နောက်ထပ် ရက်ပေါင်း တစ်ရာရှစ်ဆယ်ကျော်ပြီးရင် ပြန်တော့မယ်တာ့တာလုပ်ရမယ်း))
လသာည-၊ ။: ကဲပျော်ပျော်ပါးပါးနဲ့ တနေ့တာကို စရအောင် ဒီသီချင်းလေးကလစ်ပြီး နားထောင်လိုက်ပါဦး.. ဂျနယ်
အိစံ-၊ ။: လသာညနဲ့ မိဆိုးလေး ဇာတ်ထုပ်ခင်းဖို့ စခန်းသွင်းလေ့ ကျင့် နေကြတာလား
အိစ-၊ ။ံ: ဘော်ဘော်အားလုံး ကွန်နီချီဝ..
မိဆိုးလေး-၊ ။: ကွန်နိချိဝ မင်းနစံ လတာည သီချင်း ကောင်းသဗျားးးးးးးးးးး
meengelay-၊ ။:

meengelay-၊ ။: ဘော်ဘော်အားလုံး ကွန်နီချီဝ
လသာည-၊ ။: မီးငယ်လေး ဘာဖစ်။ စိတ်လျော့စိတ်လျော့..။ လာကော်ဖီသောက် ။
လသာည-၊ ။: အိစံရေ ဟုတ်တယ်ရော် အိစံက မင်္ဂလာဆောင်ကျရင် ပွဲဌားမယ်ဆိုလို့ မိဆိုးလေးနဲ့ အခုထဲက နှစ်ရှည်စီမံကိန်းနဲ့ ဇာတ်တိုက်နေရတား))
မိဆိုးလေး-၊ ။: Konnichiwa
မိဆိုးလေး-၊ ။: Have a nice friday...
အိစံ-၊ ။: လသာညနဲ့ မိဆိုးလေးရေ စိတ်ချ ငှားမယ် ဖြည့် ဖြည်းတိုက် အလောသုံးဆယ် မဆောင်သေးဘူး
အိစံ-၊ ။: မီးငယ်လေး ကြိုးစားထား
အိစံ:-၊ ။ လသာည နေကောင်းရဲ့ လား

Tuesday, September 14, 2010
အမုန်းမရှိသူများအတွက် ခရီးသွားမှတ်တမ်း
မင်းနစံ။
ဂေါ်ဘုစတရှိတဲ့ မတ်စ်။
ဗက်ဆာ ပို့စ်သုံးခု ရေးပြီး Draft ထဲ ထည့်ထားပါတယ်။
ခရီးသွားဖို့ စီစဉ်ထားသူတွေ ၀င်ကြည့်ဖို့ တိုက်တွန်းပါတယ်။
အဲဒါတွေကို ဘလော့ဂ်ပေါ်မတင်ဖို့လဲ မေတ္တာရပ်ခံပါတယ်။
ဗက်ဆာက လူချစ်လူခင်များလွန်းတော့ အရာရာကို ဂရုစိုက်မှ တော်မယ်လို့ စဉ်းစားမိလို့ပါ။
မင်းနစံ။ ဂင်းခိဒဲ့ ဂမ်ဘရော။

ဗက်ဆာ,
မျှဝေခံစားမှု
Saturday, July 24, 2010
ကြိုဆိုပါ၏။
http://www.khitpyaing.org/index.php?route=detail/comment
တစ်နေ့က အငယ်မနဲ့ ဖုန်းပြောတော့ ဆရာ၊ ဆရာမတွေ တိုဖယ် နဲ့တူတဲ့ စာမေးပွဲဖြေနေကြရတယ် --- လောလောဆယ်တော့ အမှတ်တွေ နည်းနေကြတယ် ကြားတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် နောက်တော့ နည်းလမ်းတွေ ရှာဖွေလာပြီး အင်္ဂလိပ်စာ ကောင်းလာကြမယ် လို့ ယူဆရပါတယ်။
ပါရဂူစတက်တော့ကျမ်းကြီးကျပ်တဲ့ ဂျပန်ကပါရဂူဘွဲ့ရလာတဲ့ ဆရာက အင်္ဂလိပ်စာကလွဲပြီး ဘယ်ဘာသာကိုမှ မလေ့လာရဖူးလို့ စည်းကမ်းထုတ်တာကို သတိရမိတယ်။
ဂျပန်လို နိုင်ငံမျိုးကတော့ ရှင်သန်ဖို့အရေး ဂျပန်စာ ကို ထမင်းစားရေသောက် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ဖို့ အရေးတကြီး လိုတာကို လက်ခံပါတယ်။ ရောက်ခါစက ငိုခဲ့ရတာ မှတ်မိနေသေးတယ်ရော။ ဒါပေမဲ့ နိုင်ငံခြားမှာ ဆင်ပိုဇီယမ်သွားတာတို့ ဘာတို့နဲ့ ရေရှည် အတွက်ဆိုရင်တော့ အင်္ဂလိပ်စာကို ပစ်ထားလို့ ဖြစ်ကိုမဖြစ်ဖူး ဆိုတာကိုလဲ သတိချပ်မိပါတယ်။ ရေးဖတ်တာနဲ့ ပြောဆိုတာကလဲ ကွာသေးတယ်မဟုတ်လား။
လူတွေက ကိုယ်လုပ်ချင်တာ လုပ်နေကြရရင် ချမ်းမြေ့တယ် ဆိုတာသိပေမဲ့လဲ --- စိတ်ချမ်းသာဖို့ဆိုတာ ကိုယ့်စိတ်ထားပေါ် အဓိက မူတည်တယ် ဆိုတာသိပေမဲ့လဲ ---- တစ်ခါတစ်လေ ပါတ်ဝန်းကျင်ရဲ့ ဖိအားဆိုတာမျိုးကလဲ ---
အားလုံး ကိုယ်ကျမ်းမာ စိတ်ချမ်းသာ ကြီးပွါးအောင်မြင်ကြပါစေရန် ဗက်ဆာမှ ဆုမွန်ကောင်း တောင်းပါသည်။
ဒီနှစ်ဘွဲ့ယူမယ့်သူတွေက အလုပ်များနေမယ်ဆိုတာ သဘောပေါက်ပါ၏။ ဘွဲ့မယူနိုင်သေးတဲ့သူက ဘာ့ကြောင့် ပြာယာခတ်နေရသလဲဆိုတာ တွေးမိရင် နဲနဲတော့ ငိုချင်ပါ၏။

ရောက်တက်ရာရာ
Wednesday, July 21, 2010
အယ်ဒီတာချုပ်၏ ၁၇ နှစ်မြောက်မွေးနေ့ အမှတ်တရ
အယ်ဒီတာချုပ်ရဲ့ ၁၇ နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ချစ်သောခင်ပွန်းနဲ့ သမီးဇူးဇူးလေး တို့အပါအ၀င် နောက်တိုးလေးများနဲ့ ပျော်ရွှင်စွာ လုပ်ချင်တာတွေ လုပ်နိုင်ပါစေလို့ ချစ်ခင်စွာ ဆန္ဒပြုပါသည်။
(အယ်ဒီတာချုပ်နဲ့ ပါတ်သတ်ပြီး အမှတ်တရတွေ အများကြီး ရေးချင်သေးတယ်။ ဦးနှောက်က အပူလောင်ပြီး ဟန်းနေတာနဲ့။)
ကော်မန့်တွေ ပြီးရင် စုပြီးဒီထဲ ထည့်ထားမယ်။ အမှတ်တရပေါ့။ အမှတ်တရ ရေးချင်သူများရှိလဲ ဒီထဲမှာပဲ လာဆက်ရေးကြပါရှင့်။

အော်...ဒီနေ့...ချစ်ရတဲ့ခိုင်လေးမွေးနေ့..ကိုယ်အလုပ်ကအပြန်..
အမြန်ဆုံးနည်းနဲ့..ပန်ကန်လုံးစီးပြီး..ဟောဒီလို..မွေးနေ့ကိတ်ကို..
မောင်..လာပို့နေတာနော်
(11:50pm)

ဟူး..အချိန်မှီကောင်းပါရဲ့..ခိုင်ရေ..မောင်လာပြီ...
ကဲကဲ..အချိန်နောက်ကျသွားမှာကြောက်လို့..မောင်ကိုယ်တိုင်..
မွေးနေ့ဖယောင်းတိုင်..မှုတ်ပေးမယ်..ဖူး..ဖူး...

အော်..ကဲပါ..နားနားနေနေ..နေပါ..
ခိုင်ကိုယ်တိုင်ပဲ..ဟောဒီလို..အဟီးးးးး))))

အိုး..ဝိုး...တော်ပါသေးရဲ့..Happy Belated Birthdayမဖြစ်တော့လို့....;p
(11:59pm, 21-07-2010)

(ပြုံးတော်မူဖို့..ပုံစီတယ်..ဂူဂယ်ကကွယ်..း)

Sunday, July 18, 2010
အိုခိဝို စကဲတဲ့နယ်။
လူနေပါးသော အရပ်တွင် နေထိုင်ပါလျင် သတိထားနိုင်စေပါရန်။ ဥပမာ ဖူကူအိုကာ ဆင်ခြေဖုံး။
လဲတညားတို့ နေမျိုးနွယ် နိုင်ငံက အဲဂလိုပဲလား။ ---- ဟင်း။--- ( :D :D မဟုတ်တာဆို သူ့နိုင်ငံဖြစ်သွားရော။ )
အတော် လေတယ်။
လိုင်ဘရီမှာ စာအုပ်လေး ငှားပြီး ပြီးလွယ် စီးလွယ် မက်ဒေါနားက မက်ပေါ့ ၁၀၀ တန်လေးနဲ့ပဲ ညနေစာ လိုက်ပါတော့မယ်လေ လို့ အောင့်မေ့ပြီး မက်ဒေါနား မှာ မက်ပေါ့လေး ၀ယ်ပါတယ်။
ပင်ပန်းလွန်းနေခဲ့တော့ အစာလေး စားရတုန်းလေး အပြင်မှာ ခတအဲ ချောင်းရေ စီးသံလေးကို ကဗျာဆန် ဆန် နာခံရင်း မက်ပေါ့လေးကို ကိုက်မယ် အောင့်မေ့ပြီး ခတအဲ ချောင်းဘေး တစ်လျှောက် ဘီးလေး စီးပြီး ချောင်းဘေးက ပန်းခြံလေး (ကလေးကစားကွင်းပါရှင်ာ။ နေ့လည်ဆို ကလေးတွေ ကစားဖို့ ကွင်းပြောင်လေးနဲ့ ကစားစရာတွေ တပ်ထားပေါ့။) ကို သွားပါတယ်။
ကားလမ်းကနေလှမ်းကြည့်ရင် အပင်တွေ ကွယ်ပြီး မမြင်ရပါဘူး။ ၀င်ပေါက်မရှိပေမဲ့ စက်ဘီးပဲ သွားလို့ရတဲ့ ကျောက်ခင်းလမ်း ဘက်က ၀င်ပေါက်လေးထဲကို ခေါက်ဘီးလေးကို ထိုးထည့်ဖို့ ကြိုးစားနေတုန်း ကျားပေါက် လေး ၂ ကောင် ရယ်မောစကားသံကြားရပါတယ်။ အော်။ .... ကောင်းတာပေါ့ ။ လူရှိတော့ ၀လဲ သိပ်ပြီး မကြောက်ရတော့ ဘူးပေါ့ အောင့်မေ့ပြီး စက်ဘီးကို တွန်းရင်း ထိုင်ခုံ ကိုရှာပါတယ်။ မျက်လုံးက လူသံတွေ ရှိတဲ့ ဖက်ကို ဘယ်လို ရောက်သွားမှန်းမသိဘူး။
အလယ်--- လယ်။
ကမန်းကတန်း စက်ဘီးကို နောက်ကြောင်း ပြန်တွန်း ။ စောက ၀င်ပေါက်ထဲ စက်ဘီးကို ကမန်းကတန်း ပြန်တွန်းထွက်ရပါတယ်။
ဝ-- မတိခဲ့ရပါလားတွယ်။ ရေက ပန်းခြံ အပေါ်ကနေ ကို ဘယ်လို ပေးထားမှန်း မသိဘူး ခုမှတွေ့တယ်။ အိမ်ခန်းထဲ က ရေချိုးနည်းနဲ့ ကျားပေါက် တစ်ကောင်က ချိုးနေတာ။ လူသံကြားလို့ထင်ပါရဲ့။ သူက နောက်ကျောပေးထားလိုက်ပုံပေါ်တယ်။ ဖင်ပြောင်လေးနဲ့။
သူ့အဖော်ကတော့ အ၀တ်အစားနဲ့ပါ။ သဘောတွေကျပြီး ရယ်နေလေရဲ့။ ၂၀ ကျော်လေးတွေထင်ပါရဲ့။
ညစ်တယ်။ သတိတွေလဲ ထားကြဦး။ သတိဆိုတာ ပိုတယ်မရှိတဲ့။ လူရှင်းရာ နေကြရင်ဖြင့်။
ဖွားဖွား ဗက်ဆာ။

cont: Let's listen English
ပြာနေပါသည်။ ဖွဲကတော့ ထွက်သင့်သလောက်လဲထွက်ပါ၏။
ပြာယာခတ်နေတဲ့ အထဲက စကားကလဲ များချင်သေး။ ၀ုတ်ပါဘူး။ တင်မိတဲ့ ပို့ စ်လေးတော့ နောက်ဆက်တွဲလေး ရှိလာတော့လဲ တင်လိုက်တာပဲ ကောင်းပါတယ်လို့။
အိုင်တီ ခေတ်ထဲမှာ အင်ဖော်မေးရှင်းတွေကတော့ ဒီလိုပဲလေ။ အသစ်--အသစ်တို့ က အဟောင်းတို့ကို အလျင်အမြန် --- ။
စက်ရုပ်ထက် နဲနဲလေးပဲ သာပြီး ဖတ်နေတဲ့ ၀ထ္ထုကိုနားထောင်ရတာ ဆားမပါတဲ့ ဟင်းနဲ့ ထမင်းစားရသလိုပဲ။
ဗမာပြည်မှာတုန်းက သေချာ ဖတ်ပြတဲ့  ရှားလော့ဟုမ်း ပုံပြင်တွေနားထောင်ခဲ့ဖူးတော့ ဒီ ၀ထ္ထုတွေ နားထောင်ရတာ တော်တော် ခံစားချက်မသက်မသာ ဖြစ်ရပါတယ်။ ဆော့ဖဲဝဲ ဖတ်သလား လူဖတ်သလားတောင် မစဉ်းစားချင်တော့ပါဘူး။
ခံနိုင်ရည်စွမ်းကုန်သွားတဲ့ နောက်မှာ ဆရာဖြစ်သူ ဒီနေ့လည် အိမ်ပြန်သွားတာနဲ့ လိုင်ဘရီကို ပြေးပြီး မေးမြန်းရှာဖွေတော့ ငှားနိုင် နားထောင်နိုင်ခဲ့ပါပြီ။
ဒီမှာ-- ဒီမှာ-- ဂလိုလေး။

ဟူး--- ခုမှပဲ
စိတ်ချမ်းသာတော့တယ်။ ခု Little Women ကိုနားထောင်နေပါတယ်။ စတာနဲ့ ဗေသိုဗင်ရဲ့ နံမယ်ကြီး Für Elise ကိုနားထောင်ရပြီးတော့ သေချာဖတ်ပြတဲ့ အမျိုးသမီးရဲ့ အသံကို ကြားရပါတယ်။ တကယ့်ကို စကားဝိုင်းထဲ နားထောင်နေရသလိုပါပဲ။
ညီမထားဘေဘီတွေနဲ့ လဲတညား ရဲ့ ဇူးဇူးလေးဖို့ကတော့။ (ဖူကူအိုကာ လိုင်ဘရီ ဆိုတာ ရှိတယ် ညီမထားရဲ့။ မိတ်ဆွေတွေ မေးကြည့်နော်။)
အဲဒါတွေက အဆင့်အမျိုးမျိုးရှိတယ် တယ်ရင်းတို့ရဲ့။ (အဟီး။ လဲတညားတော့ သိပြီးသားနေမှာပါ။ ညီမထားတော့ ဗမာပြည်နဲ့ ပြတ်လတ်နေတော့ကာ။) အဆင့်ငါး က Intermediate တန်းဆိုပဲ။ အဲဒီ ၀ထ္ထုတွေက ဗမာပြည်မှာ အထက်တန်း ကျောင်း သင်ရိုးမှာ သင်ပြီးသားပါ။ ဥပမာ Wuthering Heights (Emily Bronte) ဆိုရင် အဆင့်ငါး ဖြစ်ပါသည်။ Great Expectation (Charles Dickens ) လဲ အဆင့်ငါးပါ။ Treasure Island ဆိုရင် ကိုးတန်းတုန်းက သင်ခဲ့ရတဲ့ The Brave Boy ရဲ့ ၀ထ္ထုပေါ့။
သို့သော်လည်း။---- သိကြတဲ့ အတိုင်း။
ဗမာပြည်မှာ ဗက်ဆာတို့တုန်းက သင်ရတဲ့ စာအုပ်ပါးလေးက မူလ ၀ထ္ထုမဟုတ်ပါဘူး။ အတိုချုပ်ထားပြီးသားပါ။ အခု ဖတ်တဲ့ ၀ထ္ထုက ပိုပြီးတိုအောင် ခြုံ့ထားပြီးသားပါ။ အဆင့် ငါးရဲ့ သဒ္ဒါနဲ့ ဝေါဟာရနဲ့ တန်အောင်ပေါ့။ မခက်ပါဘူး။
တော်တော်တိုပေမဲ့ အဓိက ကတော့ နားယဉ်အောင် ဆိုပါတော့။ ဘောက်သံလေးပိုပြီး ဘိုသံလေးများ ပေါက်လာမလားပေါ့။ ငပိရည်ကြိုက်သူက ဘောက်သံလေးများ ပိုလာမလားလို့ ဒီလိုပဲ အကြံအဖန် လုပ်ရတာပဲလေ။
အဓိက ဆိုလိုချင်တာက ကလေးတွေကို အဆင့်တစ် တို့ နှစ်တို့ကနေ စပြီး စာအုပ်နဲ့ ကျင့်ပေးရင် ကလေးကို ၀န် ပိစေမယ် မထင်ပါဘူးလို့။ ----
ထင်ရာ မြင်ရာ နဲ့ လျှောက် ဆရာကြီး လုပ်ကြည့်တာ။ တကယ်တော့မီးလဲ ဘိုလို မတော်ပါဘူး။ ထမင်းမငတ်ရုံလေးပါပဲ။ ဂတ်ကိုင်းရှိလို့ ထပူ တာပါ။
ရေတက် ငါးစင်ရိုင်း ဗက်ဆာ ဖြစ်ပါသည်။
စာကြွင်း။ ။ခု တော့ စက်ထဲမှာ အမ်ပီသရီးနဲ့ရောက်ကုန်ပါပြီ။
သိပြီးသားသူတွေတော့ ကျော်ဖတ်ပါရန်။
စီဒီကို ထည့်ပြီးရင် ၀င်းဒိုးမီဒီယာပလေယာမှာ Rip ရပါသည်။ Rip ကိုအဆင်ပြေသလို ကလစ်ကြည့်ရင် More Option လား Option လား ကို ခေါ်ပြီး ဆေ့ဖ်မယ့် နေရာမှာ ဖိုင် အမျိုးအစားကို အမ်ပီသရီး ပြောင်းလိုက ပြောင်းပေးထားလိုက်နိုင်ပါသည်။ တယ်လီဖုန်းဖြင့် နားထောင် သူများကတော့ ၀င်းဒိုးမီဒီယာ ပလေယာမှာ ဖိုင်အမျိုးအစား ပြောင်းလို့ရလောက်ပါသည်။ တောသူမက တယ်လီဖုန်းကို ကိုယ်နဲ့ကပ်ပြီး အမြဲယူသွားရတာ အသဲကျိန်းလို့ အမ်ပီသရီးပလေယာနဲ့ပဲ ------ အသံကွာလတီ ကောင်းဖို့ လဲ ပြောင်းပေးနိုင်ပါသေးသည်။
ဂျနယ်။ မင်းနစံ။ ကြိုးစားကြပါစို့။
ပြာယာခတ်နေတဲ့ အထဲက စကားကလဲ များချင်သေး။ ၀ုတ်ပါဘူး။ တင်မိတဲ့ ပို့ စ်လေးတော့ နောက်ဆက်တွဲလေး ရှိလာတော့လဲ တင်လိုက်တာပဲ ကောင်းပါတယ်လို့။
အိုင်တီ ခေတ်ထဲမှာ အင်ဖော်မေးရှင်းတွေကတော့ ဒီလိုပဲလေ။ အသစ်--အသစ်တို့ က အဟောင်းတို့ကို အလျင်အမြန် --- ။
စက်ရုပ်ထက် နဲနဲလေးပဲ သာပြီး ဖတ်နေတဲ့ ၀ထ္ထုကိုနားထောင်ရတာ ဆားမပါတဲ့ ဟင်းနဲ့ ထမင်းစားရသလိုပဲ။
ဗမာပြည်မှာတုန်းက သေချာ ဖတ်ပြတဲ့  ရှားလော့ဟုမ်း ပုံပြင်တွေနားထောင်ခဲ့ဖူးတော့ ဒီ ၀ထ္ထုတွေ နားထောင်ရတာ တော်တော် ခံစားချက်မသက်မသာ ဖြစ်ရပါတယ်။ ဆော့ဖဲဝဲ ဖတ်သလား လူဖတ်သလားတောင် မစဉ်းစားချင်တော့ပါဘူး။
ခံနိုင်ရည်စွမ်းကုန်သွားတဲ့ နောက်မှာ ဆရာဖြစ်သူ ဒီနေ့လည် အိမ်ပြန်သွားတာနဲ့ လိုင်ဘရီကို ပြေးပြီး မေးမြန်းရှာဖွေတော့ ငှားနိုင် နားထောင်နိုင်ခဲ့ပါပြီ။
ဒီမှာ-- ဒီမှာ-- ဂလိုလေး။
ဟူး--- ခုမှပဲ
စိတ်ချမ်းသာတော့တယ်။ ခု Little Women ကိုနားထောင်နေပါတယ်။ စတာနဲ့ ဗေသိုဗင်ရဲ့ နံမယ်ကြီး Für Elise ကိုနားထောင်ရပြီးတော့ သေချာဖတ်ပြတဲ့ အမျိုးသမီးရဲ့ အသံကို ကြားရပါတယ်။ တကယ့်ကို စကားဝိုင်းထဲ နားထောင်နေရသလိုပါပဲ။
ညီမထားဘေဘီတွေနဲ့ လဲတညား ရဲ့ ဇူးဇူးလေးဖို့ကတော့။ (ဖူကူအိုကာ လိုင်ဘရီ ဆိုတာ ရှိတယ် ညီမထားရဲ့။ မိတ်ဆွေတွေ မေးကြည့်နော်။)
အဲဒါတွေက အဆင့်အမျိုးမျိုးရှိတယ် တယ်ရင်းတို့ရဲ့။ (အဟီး။ လဲတညားတော့ သိပြီးသားနေမှာပါ။ ညီမထားတော့ ဗမာပြည်နဲ့ ပြတ်လတ်နေတော့ကာ။) အဆင့်ငါး က Intermediate တန်းဆိုပဲ။ အဲဒီ ၀ထ္ထုတွေက ဗမာပြည်မှာ အထက်တန်း ကျောင်း သင်ရိုးမှာ သင်ပြီးသားပါ။ ဥပမာ Wuthering Heights (Emily Bronte) ဆိုရင် အဆင့်ငါး ဖြစ်ပါသည်။ Great Expectation (
သို့သော်လည်း။---- သိကြတဲ့ အတိုင်း။
ဗမာပြည်မှာ ဗက်ဆာတို့တုန်းက သင်ရတဲ့ စာအုပ်ပါးလေးက မူလ ၀ထ္ထုမဟုတ်ပါဘူး။ အတိုချုပ်ထားပြီးသားပါ။ အခု ဖတ်တဲ့ ၀ထ္ထုက ပိုပြီးတိုအောင် ခြုံ့ထားပြီးသားပါ။ အဆင့် ငါးရဲ့ သဒ္ဒါနဲ့ ဝေါဟာရနဲ့ တန်အောင်ပေါ့။ မခက်ပါဘူး။
တော်တော်တိုပေမဲ့ အဓိက ကတော့ နားယဉ်အောင် ဆိုပါတော့။ ဘောက်သံလေးပိုပြီး ဘိုသံလေးများ ပေါက်လာမလားပေါ့။ ငပိရည်ကြိုက်သူက ဘောက်သံလေးများ ပိုလာမလားလို့ ဒီလိုပဲ အကြံအဖန် လုပ်ရတာပဲလေ။
အဓိက ဆိုလိုချင်တာက ကလေးတွေကို အဆင့်တစ် တို့ နှစ်တို့ကနေ စပြီး စာအုပ်နဲ့ ကျင့်ပေးရင် ကလေးကို ၀န် ပိစေမယ် မထင်ပါဘူးလို့။ ----
ထင်ရာ မြင်ရာ နဲ့ လျှောက် ဆရာကြီး လုပ်ကြည့်တာ။ တကယ်တော့မီးလဲ ဘိုလို မတော်ပါဘူး။ ထမင်းမငတ်ရုံလေးပါပဲ။ ဂတ်ကိုင်းရှိလို့ ထပူ တာပါ။
ရေတက် ငါးစင်ရိုင်း ဗက်ဆာ ဖြစ်ပါသည်။
စာကြွင်း။ ။ခု တော့ စက်ထဲမှာ အမ်ပီသရီးနဲ့ရောက်ကုန်ပါပြီ။
သိပြီးသားသူတွေတော့ ကျော်ဖတ်ပါရန်။
စီဒီကို ထည့်ပြီးရင် ၀င်းဒိုးမီဒီယာပလေယာမှာ Rip ရပါသည်။ Rip ကိုအဆင်ပြေသလို ကလစ်ကြည့်ရင် More Option လား Option လား ကို ခေါ်ပြီး ဆေ့ဖ်မယ့် နေရာမှာ ဖိုင် အမျိုးအစားကို အမ်ပီသရီး ပြောင်းလိုက ပြောင်းပေးထားလိုက်နိုင်ပါသည်။ တယ်လီဖုန်းဖြင့် နားထောင် သူများကတော့ ၀င်းဒိုးမီဒီယာ ပလေယာမှာ ဖိုင်အမျိုးအစား ပြောင်းလို့ရလောက်ပါသည်။ တောသူမက တယ်လီဖုန်းကို ကိုယ်နဲ့ကပ်ပြီး အမြဲယူသွားရတာ အသဲကျိန်းလို့ အမ်ပီသရီးပလေယာနဲ့ပဲ ------ အသံကွာလတီ ကောင်းဖို့ လဲ ပြောင်းပေးနိုင်ပါသေးသည်။
ဂျနယ်။ မင်းနစံ။ ကြိုးစားကြပါစို့။
Labels:
ဗက်ဆာ,
မျှဝေခံစားမှု
Friday, July 16, 2010
Let's listen English!!!
အင်္ဂလိပ်စာ အသံထွက် ကိုယ်လဲ နားထောင်မယ်။ ဘေဘီတွေကိုလည်း ပေးနားထောင်မယ် ဆိုရင်---
ဟောဒီက ပဲပြုတ်--- အဲ-- အဲ--- ဟောဒီက အော်ဒီယို စာအုပ်လေးများပါရှင်။
http://www.freeclassicaudiobooks.com/
---- အမ်ပီသရီးဖိုင်လေးဆိုတော့ အိုကေ။
ဒါလေးက အဆင်တပြေ ဒေါင်းလို့ရတာလေး။
ရယ်ဒီမိတ်ကောင်းတာလေး လိုချင်ရင်တော့ -- တော့ပ် ၁၀၀ story of all time ဆိုပြီးရှာလို့ရပါ၏။
ဒီတစ်ပါတ်တော့ ဂျက်လန်ဒန်ရဲ့ Call of the Wild ကို နားထောင်ဖို့ ဆွဲထားတယ်။
ကလေးတွေဖို့ကောင်းဆိုပဲ။ ဟိ---ဟိ။ ကလေးမဟုတ်လဲ နားထောင်လို့ရတာပဲနော့။...
အော်။ ကမ္ဘာ့ရေးရာတွေကို စိတ်ဝင်စားမယ်။ အင်္ဂလိပ်သတင်းလေးများလဲ အမ်ပီသရီး ပလေယာလေးထဲ
ထည့်နားထောင်မယ်ဆိုရင် တစ်ပါတ်စာ သတင်းများကို ဒေါင်းချ နားဆင်နိုင်ပါတဲ့ ဘီဘီစီ သတင်း လင့်ခ် ပါရှင့်။
http://www.bbc.co.uk/podcasts/series/globalnews
ထမင်းဟင်းချက်ရင်း အခန်းရှင်းရင်း နားထောင်ရတာပေါ့နော့။---
ကျူရှင်မတက်နိုင်သူတွေကတော့ ဂလိုပေါ့လေ။---
မင်းနစံ--- ဂျနယ်။
အလွန် ပြာယာခတ်နေပါ၏။
မိုးကောင်းနေသည်မို့ အအေးမမိအောင် ဂရုစိုက်စေလိုပါ၏။
ဝ-- ကတော့ မိပြီးသွားပြီ။ ဆေးဖိုးနှမြောပါ၏။

Friday, July 9, 2010
Not ready to make it nice.
Ready to make it nice မဖြစ်သေးတဲ့ ဗက်ဆာ။ မှ Three brave ladies who r not ready to make it nice ရဲ့
သီချင်းလေးကို မိတ်ဆက်ပါသည်။ :D :D
အယ်ဒီတာချုပ်က အမုန်းမယူလာရဘူးတဲ့ ။ ဘလော့ဂ်ကို။
ခွင့်မလွှတ်နိုင်သေးခြင်းကိုပဲ ယူလာတယ်။ အမုန်းမဟုတ်ဘူးနော့။
:D :D မကောင်းဘူးဆိုတာ သိသား။ ဒါပေမဲ့လဲ အဆင်သင့် မဖြစ်သေးလို့ပါ။
(ဗက်ဆာကတော့ မဟားဒရား အနက်ရောင် သိုင်းသမားဖြစ်နေပြီ။.. သို့သော်လည်း ဒီနေ့တော့ ဂငယ်မလေးနဲ့ မထင်မှတ်ပဲ ငြိမ်းချမ်းရေး ရသွားခဲ့ပုံပဲ။ မသိသေးဘူး။ ပိတ်ကားပေါ် ဆက်ကြည့်ရမည်။)
----------------
ခွင့်လွှတ်လိုက်ပါ--- တဲ့။
နားထောင်လို့ကောင်းလိုက်တာ။
မေ့ပစ်လိုက်ပါ---တဲ့။
ကျမ လုပ်နိုင်မယ်ဆိုတာ မသေချာသေးပါဘူးရှင်။
အချိန်က အရာရာကို ကုစားသွားပေးပါလိမ့်မယ်--- တဲ့။
ကျမကတော့ စောင့်စားနေရတုန်းပါပဲ။
သံသယတွေကို ဖြတ်သန်းခဲ့ရတယ်။
စဉ်းစားဆင်ခြင်စရာလဲ ဘာမှကိုမကျန်တော့ပါဘူး။
တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရတယ်။
ခုထိလဲ ပေးနေရတုန်းပါပဲ။
အဆင်တပြေဖြစ်ဖို့ အဆင်သင့် မဖြစ်သေးပါဘူးရှင်။
ပြန်ပြီးနေသားတကျမဖြစ်သေးပါဘူးရှင်။
ငရဲမှာလို ရူးသွပ်နေရတုန်းပါပဲ။
--------------------
အဆင်တပြေဖြစ်ဖို့ သိပ်နောက်ကျသွားပါပြီ။
တတ်နိုင်ရင်တော့ ကျမလဲ ဒီလို ဖြစ်မနေချင်ပါဘူး။
ခုတော့ ---- ကျမလဲ ငရဲရောက်နေရသလို ရူးသွပ်နေရတုန်းပါပဲ။
ရှင်တို့ထင်တဲ့ ကိုယ်လုပ်သင့်တာတွေကို လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်လဲ မတတ်နိုင်သေးပါဘူး။
ရှင်တို့ ပြောတာ ကျမသိပါတယ်။
ခုထက်ထိ ဒါကို မင်းမပြီးနိုင် မကျေနိုင်သေးဘူးလားကွယ်... ဆိုတာကို။
..........
ကျွန်မက အဲသလို မျိုးကို--- ရှင်တို့ရယ်။
------------------
အမုန်းမရှိသူများသို့။ စကားချပ်။ ဒီသီချင်းက သမ္မတ ဂျော့ကို ဝေဖန်မိလို့ ပြသာနာရှာခံရတဲ့ အဆိုတော်များက ဆိုခဲ့တာပါ။ ပြန်ချင်သလောက်ပဲ ဘာသာပြန်လိုက်တာ။ အဟီး။ ... အသေးစိတ်က စိတ်ဝင်စားရင် ကိုယ့်ဘာသာကိုယ်သာ ၀ီကီ တက်ကြည့်ကြပေရော့။.....
အမုန်းမျက်နှာကို ကြည့်ချင်သပ ဆိုလဲ HD ဆိုပြီး အော်ရဂျင်နယ် ယူကျူ ဗီဒီယိုကို ရှာလို့ရသား။ အဲဒါကတော့ ကောင်းပါပေတယ်။ ရသ မြောက်ပါပေတယ်။ ...

Monday, June 28, 2010
ဇီးသီး လ္ဘက်သုပ်
မအားဘူး ပြောပြီး ဗက်ဆာချည်း ဆက်တိုက် စွတ်တင်နေလို့ ဦးဆိုးစုဂိလို့ မပြောနဲ့ဦးလို့။ အယ်ဒီတာ ချုပ်ကို တင်မယ် ပြောထားတဲ့ ပို့စ်ကို အချိန်လွန်မှ တင်ရင် မေတ္တာ အပို့ခံ နေရမစိုးလို့။
ဇီးသီးစိမ်း တုံးမှ ဇီးသီးစိမ်း လ္ဘက်သုပ်ကို တင်ရင် မင်းနစံက မေတ္တာပို့မှာပဲလေ။ နော့။

တရုတ်ဇီးသီးစိမ်းများ။
တရုတ် ဇီးသီးစိမ်း(Plum,プラム) ကို ဇီးသီးမှည့်နဲ့ မှား ၀ယ်မိတော့ ဇီးသီးချဉ်တွေ စားရရော။ စားတာပေါ့။ ဘာဖြစ်လဲနော့။
တစ်နေ့လည် ဘာချက်စားရမလဲ ရေခဲသေတ္တာကို မွှေတော့ လ္ဘက်ကို တွေ့ရော။
အို။ ခရမ်းချဉ်သီးရှိ၏။ ငရုတ်သီးစိမ်းရှိ၏။ မြေပဲစိမ်းရှိ၏။ ပုဇွန်ခြောက်ရှိ၏။ ဒါဆို လူကြီးသုပ်ဖြစ်ပြီပေါ့နော့။ ထမင်းဖြူလေးနဲ့ ၀ါးမယ်။ တွေး၏။
လ္ဘက် လက်မလောက်ကို ရေနွေးနဲ့ ဆေး ရင်းတွေးတော့ သံပုရာသီးလဲ မရှိပါကလား ကွယ်ရို့။ ချဉ်တာ ဘာရှိတုန်း တွေးတော့ ဇီးသီး၊ မကျီးသီး၊ ချဉ်ပေါင်ရွက်နဲ့ ရှာလကာရှည်ပဲ ရှိပါကလား။ အော်။ အညာကလူတွေ ဇယန်းလ္ဘက်ဆိုတာ လုပ်စားကြမင့် ဗက်ဆာခင်က ဇီးသီးလ္ဘက်ကို သုပ်စားတော့ နံမယ် မပျက်လောက်ပါဘူး ကြံစည်၏။
ဇီးသီးကို စဉ်းကာ လ္ဘက်၊ အချိုမှုန့်၊ငံပြာရည်၊ ပုဇွန်ခြောက်၊ ခရမ်းချဉ်သီးတစ်လုံးနဲ့နှပ်ကာ မြည်းကြည့်တော့ စားကောင်းတာ တွေ့ရသည်နှင့် အမုန်းမရှိတဲ့သူများကို သတိရမိ၏။

အဲသလိုပဲ စိတ်ဒုက္ခပေးလိုက်တော့မယ်။ ရပ်ရွာကို။
ပြင်ဆင်ပြီးသကာလမှာ ပို့ စ်တင်ရအောင် ဓါတ်ပုံရိုက်၏။ ဇီးသီးကို ပြန်စဉ်း .. ငါးဟင်းထဲထည့်မယ့်ဟာကို ဓါတ်ပုံရိုက် ပြရ၏။ ဇီးသီးကိုလည်း ဓါတ်ပုံရိုက်ရပါသေး၏။

စဉ်းထားသော ဇီးသီး
ငါးဟင်းနဲ့ ဇီးသီးနဲ့ ချဉ်ဟင်းလေး ချက်တာကိုလဲ ရိုက်ပြချင် တာနဲ့ ရိုက်လိုက်ပါသေး၏။

ပို့စ်ဖြစ်သွားပါပြီ။ အထက်မှာတော့ ဇီးသီးစိမ်း မတုန်းသေး ဟု ထင်မိပါသည်။ ဖူကူအိုကာတော့ တုံးပြီ ထင်ရ၏။
ခွင့် သုံးရက် တင်ပါသည်။

မုဒိတာ ပွါးနိုင်ကြပါစေရန် ဂုဏ်ယူ ၀မ်းသာစရာသတင်း။
ဆတိုးကြီး ၏ ဇနီးဖြစ်သူ မမျိုးကြီးမှ ပါရဂူ သင်တန်း တက်ရောက်နိုင်ပါရန် Research Student အဖြစ် ဆတိုးကြီးနှင့် တစ်ကျောင်းတည်းတွင် ကျောင်းလက်ခံ ခံရပါကြောင်း။ MBA နှင့် ဆက်ပြီး ပါရဂူ တက်မည်ဖြစ်ပါကြောင်း။ ယနေ့ မမျိုးနှင့် ဖုံးသတင်း အဆက်အသွယ်အရ မင်းနစံ ၀မ်းသာ ဂုဏ်ယူနိုင်ပါစေရန် မုဒိတာ ပွါးဖွယ် သတင်းကို ဗက်ဆာခင်မှ ဂုဏ်ယူစွာ ဖြန့်ဝေပါသည်ရှင့်။ :D :D :D
Labels:
ဗက်ဆာ
Sunday, June 27, 2010
ပျက်သောအိတ်နှင့် Sichuan Pepper
အဟောင်းတွေ ပြန်ဖတ်မိတော့ pps မန့်ထားတာ တွေ့ရော။
ရပစ်ဖြုတ်နည်း မသိပါတဲ့။ PPS အိတ်လဲ ပျက်နေပါသတဲ့။
Sichuan Pepper မသိပါတဲ့။ အယ်ဒီတာ ချုပ်ကလဲ ပြောဖူးတယ်။ အဲဒီ ပက်ပါကို။
ကဲ။ မမ တို့ အမုန်းမရှိတဲ့ ကမ္ဘာကနေ ဖြေဆိုပေးတွားပါမယ်တွယ်။
၁။ PPS အိတ်လဲ ပျက်နေပါသတဲ့။
.... ဗက်ဆာတော့ ၀ယ်တဲ့ ဆိုင် ဒိုင်အဲ ကိုသွားပြီး မေးတော့
အိတ်ယူလာပါတဲ့။ ပြန်ပြင်ပေးပါမယ်တဲ့။ (လက်ခတော့ အရင်မေးရမယ်။) ဘောက်ချာ
မရှိလဲ ရပါသတဲ့။ ...
၂။ Sichuan Pepper 四川 花椒
တရုတ်အမည်။ ၀ှားကျောင်း။ 花椒 Hua Jiao
ဂျပန်အမည်။ စန်းရှော။ 山椒 San Shou

ဂျပန်ပြည်၏ စန်းရှော

တလုပ်ပြည်၏ ၀ှားကျောင်း။
စန်းရှောနှင့် ၀ှားကျောင်းမှာ စိုခြင်းနှင့် ခြောက်ခြင်း ကွာပါသည်။
ခု ရာသီက ဂျပန်မှာ စန်းရှောစေ့ အစိမ်း လေးတွေကို ဗူးလေး တွေနဲ့ ထည့်ပြီး စူပါတွေ မှာ ရောင်းနေချိန်ပေါ့။ ယန်း ၁၅၀ လောက် ပုံမှန်ပါ။
နယ်ဆိုင်လေးတွေဆို ၁၀၀ လောက်နဲ့ ရတတ်ပါသေး။
အရသာက ပရုတ်စေ့လေးတွေလိုပါပဲ။... ပရုတ်ဆိုတာ ဆေးထဲ ထည့်တဲ့ ပရုတ် အရသာမျိုးပါ။ ပူထုံသွားစေပါတယ်။ သံပုရာ နံ့လေး သင်းပါသည်။
Sichuan Pepper ဆိုပြီး ၀ီကီကို ကြည့်နိုင်ပါတယ်။ အကျယ်သိချင်ပါက မိဆိုးလေးကို ပူဆာနိုင်ပါတယ်။ သူမတော့ ဆေးဖက် ၀င်မှုတွေ ဘာတွေ ကို အသေးစိတ် ပြောနိုင်လိ့မ်မယ် ထင်တယ်။ တန်ဆေး လွန်ဘေးလို့တော့ ထင်ပါတယ်။ Toxic ဆိုတဲ့ စကားလုံးလေး တွေ့မိတာရယ်။ Dosage က ၆ ဂရမ် ဆိုတာကို တွေမိလို့ပါ။ ပျို့ခြင်း၊ အန်ခြင်း။ ... ဘာညာတွေလဲ တွေ့ခဲ့ပါသေး။ တရုတ်ဆေးကျမ်း အလိုအရဆိုရင်။... (အင်္ဂလိပ်လို ရေးထားလို့ပါနော့။)
စိတ်ကြီးတဲ့ ဗက်ဆာက အများကြီး ၀ယ်ပြီး နဲနဲ လှော်ကာ ရေခဲသေတ္တာမှာ Froze ထားလိုက်ပါတယ်။ ငရုတ်သီးစိမ်းများနှင့် အတူပေါ့။
ဝှားကျောင်းက တရုတ်ဆိုင်တွေမှာ အခြောက်ရတတ်ပါတယ်။ အဲဒါလဲ အပူအစပ် အမွှေးအကြိုင် အလွန် ကြိုက်တဲ့
ဗက်ဆာခင်က ၀ယ်ထားပါတယ်။
သုံးစွဲပုံ။
၁။ ဂျပန်ချက်နည်းတစ်နည်း။ ငါးဟင်းထဲ ထည့်ပါသတဲ့။ အနံ့အတွက်တဲ့။ သူတို့က မစားပါတဲ့။ ဗက်ဆာက စပ်ဖို့ဆိုတော့ စားပါသည်။
၂။ တရုတ်သုံးနည်း။
စီချွမ်းဟင်းထဲမတော့ ငရုတ်သီးနဲ့ အတူ အကုန်ပါတာပဲ။ ... တစ်ပါတ်လောက်တော့ ကသိကအောက် ဖြစ်ရတယ်။ နောက်တော့ ကြိုက်သွားရော။.. ကြိုက်သွားတော့
ရေခဲသေတ္တာလဲ ကျပ်ရောပဲ။
၁။ ခေါက်ဆွဲ အစပ်ပြုတ်ထဲ ထည့်ပါသည်။ (စားလို့ မတတ်သေးပါ။)
၂။ ထမင်းကြော်ထဲ ထည့်ပါသည်။ (အသားနဲ့ အတူ ညိုတဲ့ အထိ ကြော်လိုက်ရင်... ရှလွတ်။..)
၃။ အသားကို ပါးပါးလှီး။ မီးပြင်းလေးနဲ့ ကြော်။ အသားကျက်ခါစမှာ အဲဒီ အစိမ်းလုံးတွေ ထည့်။ အသား လေး အပေါ်ယံ ညိုတဲ့ အထိ ဆီနဲနဲနဲ့ မီးပြင်းတိုက်ပါသည်။
ဆီ နည်းပါရှင့်။ အဲဒါကို ပုလင်းထဲ ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါသည်။. .. ထမင်းကြော်ထဲ ဖြူးစား။ ဂွတ်ရှယ်။
... စားခါစ ခံစားရ နဲနဲ ခက်ပါသည်။ Enjoy ဖြစ်သွားပါက တော်တော် ပျော်စရာကောင်းပါသည်။ ....
စားလို့ တတ်သွားရင် အော်တို ကိုယ့်ဟင်းတွေထဲ လျှောက်ထည့် မိနေမှာ ဆိုတော့ကာ ... ပြောမနေတော့ပါဘူး။....

Saturday, June 26, 2010
နှစ်ပါတ်စာ ပန်း
ပြန်ကြည့်တော့ ပြီးခဲ့တဲ့ အပါတ်က ထိုးခဲ့တဲ့ ထဲမှာ အရွက်သီးသန့် ထိုးခြင်း ဆိုတာနဲ့ ထောင့်ပေါင်းစုံမှ ကြည့်ရှုရန် ထိုးနည်း ၂အိုးပုံက လူပြလို့ မရဘူး။ မလှဘူးရယ်။ အတွေ့အကြုံပေါ့လေ။ နောက်ဆို သတိထားရမယ်။
သင်တန်းမှာ ထိုးပြီး အဆောင်ပြန်ပြီး ပါလာမှာ ထိုးတာတွေပါ ပါတော့ ကာ... အနည်းငယ် သီးခံပြီး အကြွားခံပေးကြပါရန်။
(ဒီလိုပေါ့လေ.... သည်းခံပြီး ကြည့်ရတော့တာပေါ့။... အဟမ်းဟမ်း။ လတာည အရင်ကြိုပြောထားမည်။)

ပန်းအရောင်နှင့် ပန်းအိုးရောင် ကိုက်ပြီး ထိုးခြင်း။ (ပန်းက နီနေသောကြောင့် ပန်းအိုးအနီကို ရွေးရပါသည်။ ဗက်ဆာက အနီကို တကယ်တော့ ကြည့်တောင် မကြည့်ချင်ပါ။)

အောက်ဘက်မှ ပင့်ကြည့်နိုင်ရန် ချိတ်ဆွဲရသော ပန်းများအတွက် ထိုးခြင်း။ (ချိတ်စရာမရှိလို့ စင်ပေါ်ပဲ တင်လိုက်ရပါတယ်။)

ပန်းအိုးပုံစံပေါ်မူတည်ပြီး ထိုးခြင်း။

အဆောင်ကပန်းမို့ ထိုးချင်သလို ထိုးခြင်း။ ၁။

အဆောင်ကပန်းမို့ ထိုးခြင်သလို ထိုးခြင်း။ ၂။

ပန်းအိုးရှည်နှစ်လုံး ယှဉ်တွဲထိုးခြင်း။

ပန်းသီးသန့် ထိုးခြင်း။

ပန်းနဲ့ ဘာမှတော့ ဆိုင်ပါဘူး။ မွန်ဂိုလီးယန်းသူငယ်ချင်းမ ကလေးလေး ။ ချစ်လို့။ ငါးလတဲ့။.... နော့။ ချစ်စရာ။ သို့သော် ကလေးက ဈေးကြီးသည်။ မွန်ဂိုလီးယန်း သူငယ်ချင်းမတော့ အိမ်ထဲ စုန်းစုန်းမြုပ်သွားတော့တာပဲ။ .... ကလေးကို ငါးလမှာ သူမ သချာင်္သင်ပေးနေပြီ။ သူငယ်ချင်းမ ၀ါသနာက သချာင်္ ဖြစ်သည်။ အလကားနေရင်း သချာင်္ သင်တန်းတွေ လိုက်တက်နေလေသည်။ ကလေး သချာင်္ သင်နည်းကို ဗက်ဆာ့ကို ပြပါလို့ ပူဆာ လို့ သူငယ်ချင်းမက ပြသည်။ How smart your baby is ? (ထင်ရတာပဲ) ဆိုတဲ့ စာအုပ်ကို ဂျပန်လို ပြန်ထားတာကို ကြည့်ပြီး သူငယ်ချင်းမ က အလုပ်တွေ ရှုပ်နေလေသည်။ တစ်နေ့ ငါးကြိမ် သချာင်္ သင်သည်တဲ့။ ဗက်ဆာ့ကို ပါ သင်ခိုင်းရ ကောင်းမည်ထင်သည်။ သချာင်္ အလွန်ညံ့သော ဗက်ဆာမ ဖြစ်သော ကြောင့် ဖြစ်ပါသည်။

Subscribe to:
Posts (Atom)