Showing posts with label BlueHope. Show all posts
Showing posts with label BlueHope. Show all posts

Friday, December 17, 2010

နားမလည်ဘူး


Sometime...

သူက
တခါတလေမှာ သိပ်ကို ခံစားမိစေတယ်
တခါတလေမှာ သိပ်ကို ဥပေက္ခာဆန်လွန်းတယ်
တခါတလေမှာတော့ သူက ဓါးနဲ့ မွန်းမွန်းပစ်နေတယ်

သူက
တခါတလေမှာ ဖြူစင်လွန်းနေတယ်
တခါတလေမှာ ဆေးရောင်စုံဆန်နေတယ်
တခါတလေမှာတော့ သူက မုတ်သုန်မိုး ရွာသွန်းပစ်ပလိုက်တယ်

သူက
တခါတလေမှာ လမင်းကြီးလို ၀င်းထိန်လို့နေတယ်
တခါတလေမှာ နေမင်းကြီးလို အရောင်တွေ လင်းလို့ နေတယ်
တခါတလေမှာတော့ သူက အယ်နီညာရာသီဥတုမျိုး ပူအေးအိုက်စပ် စေပြန်တယ်

သူက တခါတလေမှာ ပန်းသီးလို ချိုမြမြ ရှိနေတယ်
တခါတလေမှာ တည်သီးလို ခပ်မာမာ ဆတ်ဆတ်လေး ရှိနေတယ်
တခါတလေမှာတော့ သူက ငရုတ်သီး တစ်တောင့် ပစ်ကျွေးလိုက်ပြန်တယ်

သူက
တခါတလေမှာ စမ်းရေပမာ ငြိမ့်ညောင်းသာယာနေတယ်
တခါတလေမှာ နံက်ခင်း တေးသံပမာ သီးကျွေးမှု ပြုလေ့ရှိတယ်
တခါတလေမှာတော့ သူက အိုင်ငယ်လေးထဲက ဖားသူငယ် အမှတ်နဲ့ ရီမောနေပါတယ်

သူက
တခါတလေမှာ သိပ်ကို ရက်စက်လွန်းပါတယ်...

BlueHope
13.12.2010, 11:00AM

Wednesday, December 15, 2010

အမုန်းတွေ မရှိတဲ့ ကမ္ဘာ (ဘလော့ခ် ရှစ်လပြည့် အမှတ်တရ ၂)


အမုန်းမရှိတဲ့ ကမ္ဘာ

အိမ်မက်တို့ လန့်နိုးတိုင်း အမြဲတမ်း တမ်းတမိတာ
အခက်အခဲ တစ်ခုတွေ့တိုင်း အမြဲတမ်း အောက်မေ့မိတာ
ပျော်စရာတွေ တွေ့တိုင်း တိုင်တည်ပြီး ပြောပြချင်တာ
ရီစရာတွေ တွေ့တိုင်း မျှဝေကြည်နူးစေချင်တာ
စိတ်မကောင်းစရာကြုံတိုင်း မျက်နှာဖုံးတပ်ပြီး ရင်ဖွင့်ပြချင်တာ
စားကောင်းတာလေးတွေကိုလည်း သူသူငါငါ ကျွေးချင်မိတာ
ထူးဆန်ထွေလာလေးတွေကိုလည်း ပုံပြင်အလားဖွဲ့နွဲ့ချင်မိတာ
အဲဒါ အဲဒါ အမုန်းမရှိတဲ့ ကမ္ဘာ....

အမုန်းတွေ မရှိတဲ့ ကမ္ဘာ
အချစ်တွေ ပြုံအောကျပြီး လန်းဆန်းသစ်လွင်နေတဲ့ ကမ္ဘာ
အလှတွေ တစ်စုတစည်းတည်း နုပျိုလန်းဆန်းနေတဲ့ ကမ္ဘာ
ခံစားချက်တွေ ဖြေသိမ့်စေပြီး ဖေးကူပေးနေတဲ့ ကမ္ဘာ
အဲဒါ အဲဒါ အမုန်းမရှိတဲ့ ကမ္ဘာ...

အမုန်းတွေ မရှိတဲ့ ကမ္ဘာ
ဒီကမ္ဘာမှာ ဘယ်သူ မပျော်ချင်ဘူးလဲပြော
ဒီကမ္ဘာမှာ ဘယ်သူ မနားစက်ချင်ဘူးလဲပြော
ဒီကမ္ဘာမှာ ဘယ်သူ တေးမသီဆိုချင်ဘူးလဲပြော
ပြော ပြော ပြော....
အဲဒါ အမုန်းမရှိတဲ့ ကမ္ဘာလို့ ပြော
အဲဒါ အဲဒါ အမုန်းမရှိတဲ့ ကမ္ဘာ...

ဘလူးနှင့် သူ၏ မမများ (ဘလော့ခ် ရှစ်လပြည့် အမှတ်တရ)


အမုန်းမရှိတဲ့ ကမ္ဘာကို ကျွန်တော် ဘလူးဟာ ဘယာကျော် ပိုစ့်ရှင်ရဲ့ အမွမ်းတင် စကားကြောင့် မထင်မှတ်ဘဲ ရောက်လာခဲ့ပါတယ်...ဘလော့ခ် ခေါင်းစဉ်းလေးကို တချက် ကြည့်လိုက်မိပြီး သကာလမှတော့ ... အမုန်းမရှိမှတော့ အချစ်တွေ ပေါ်များနေတယ်လို့ မှတ်ယူလို့ ရတဲ့ အတွက် မေတ္တာငွေ့တွေ လွမ်းခြုံနေတဲ့ ကမ္ဘာလေးလို့တောင် စိတ်ထဲ ခံစားလိုက်ရပါတယ် ..... ရှိနှင့်ပြီးသား ပိုစ့်လေးတွေကို ပရော်စီမျိုးစုံနဲ့ ကျော်ခွ တက်နင်းပြီး လိုက်စပ်စုကြည့်တာ မပြီးသေးပေမဲ့ အရမ်းကို သဘောကျသဗျ.... နောက်... ဘလူးရောက်လာပြီး မကြာဘူး သူကြီး လသာညက ရှစ်လပြည့် မွေးနေ့ အခမ်းအနားလေးကို ဘာမှ မကျွေးဘဲ မိတ်ဆက် ဘလော့ခ်လေးနဲ့ အသက် ၂၀ကို ဘယ်လောက် စွန်းနေမှန်း မသိရတဲ့ ညီအမကိုးဖော်ရဲ့ အတွင်းရေးကို ကြေငြာခန်းဖွင့်လိုက်တော့ ဟားဟားဟားလို့တောင် အသံထွက် ရီမိပြီး ဒီညီအမတွေကို အမွမ်းတင်ပေးအုံးမှ ဆိုပြီး စိတ်ကူးမိခဲ့ပါတယ် ....

ဟုတ်ပါတယ် ရလာတဲ့ စိတ်ကူးကတော့ အောက်မှာ ရေးထားတဲ့ အတိုင်းပါဘဲ.... ရှုစားကြပါကုန်....
  1. လသာညက သူကြီးပါ ပြာတာလိုလဲ လှုပ်ရှားရှာ...
  2. ဗက်ဆာကတော့ စိတ်မြန်ပါ့ တဖက်လူ နားကို အားမနာလှ...
  3. မိဆိုးလေးက ခါးပတ်နက်ပါ သဘောကောင်းသူုလို့ ဆိုကြတာ...
  4. ကေလေးဟာ အရယ်သန်လှ ဘယာကြော်ပို့စ်နဲ့ အလုပ်များခဲ့ရ...
  5. မယ်ထားကတော့ ရှဲဒိုးပါ ချစ်တဲ့ထားလို့ တွင်ထားတာ...
  6. မယ်ပီဟာ လူဆိုးတဲ့ဗျ မေတ္တာပေါတဲ့ ဘလော့ခ်ဂါခင်ဗျ...
  7. အိစံကတော့ ငယ်ဆုံးပါ ရွှေပြည်အေးတရားလည်း ဟောတတ်တာ...
  8. နိုင်ပဟာ ကြောင်သခင်မ သူ့ ပိုစ့်မျော်ရင်းနဲ့ အိုမင်းရ...
  9. မီးငယ်လေးက အလည်လွန်တာ ကိုယ့်အိမ်ကိုယ်ပင် ပြန်မရောက်တာ....
  10. ဘလူးကတော့ လူသစ်ခင်ဗျ ဆိုဒ်ထဲမှာတော့ အလန်းဆုံးဗျ....


Happy Birthday ပါ အမုန်းမရှိတဲ့ကမ္ဘာ.......

Monday, December 13, 2010

ရှိနေရတဲ့ ဘဝ



ရှိနေရတဲ့ ဘဝ
အသက်တော့ ရှိနေသေးတယ်
ဘ၀က လမ်းလျှောက်နေသေးတယ်
အိမ်မက်က လန့်နိုးနေသေးတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

ခရီးတွေက ကျန်နေသေးတယ်
အချစ်တွေက အငွေ့အဖြစ်နဲ့ လွင့်ပြန့်နေတယ်
ဆူးတစ်ခုကတော့ နှလုံးသားထဲမှာ စူးနစ်နေတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

အိမ်မက်တွေက အဲဒီဘက်မှာ ရှိနေသေးတာ သိရတယ်
နောက်ကျောမှာ ဓါးမိုးထားတာလဲ မြင်နေရတယ်
လက်ထဲမှာတော့ ဂျိုးဖြူလေးက ရုန်းထွက်ချင်နေလှတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

မြစ်တစ်စင်းဟာ ကွေ့ကောက်စွာဘဲ စီးနေတယ်
လေညင်းဟာ ရံဖန်ရံခါမှာ တိတ်ဆိတ်သွားတယ်
ချစ်ခြင်းဟာ လှိုင်းဂယက်လို ခဏခဏ လှူပ်ခတ်နေရတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ
အဲဒါ ကျွန်တော်တို့ ရှိနေရတဲ့ ဘဝ
အဲဒါ ဘ၀ထဲမှာ သူ့အလိုလို ဖန်တီးခံရတဲ့ ဘဝ
အဲဒါ စက်ရုပ်တစ်ရုပ်လို ဖန်တီးခံရတဲ့ ဘဝ
အဲဒါ တိမ်မည်းတွေကို သိမ်းဖယ်လို့ မရတဲ့ ဘဝ
ကျွန်တော် ရှိနေရတဲ့ ဘဝ
ရှိနေရတဲ့ ဘဝ
ဘဝ

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

BlueHope

13. December. 2010 , 03:00





ပန်းသီး


ရူးနေပြီလား
ကျနော်ရူးသွားပြီလား
ကျနော်မေ့လောက်မှ ပြန်ထ
တရေးနိုး ရေထသောက်တာ မဟုတ်ပါဘူး...
ပန်းသီးတိုင်းမှာ အညှာရှိပါတယ်။
အခွံပါးပါးလေး ရှိပါတယ်။
အစေ့လေးတွေလဲ သေးသေးလေးနဲ့ မျိုချလို့ရပါတယ်။
အရောင်မျိုးစုံရှိတဲ့ အခွံကိုလည်း ၀ါးစားလို့ရပါတယ်။
ပန်းသီးရဲ့ အသားကတော့ တစ်ရောင်တည်း နီးပါးရှိပြီး
အချိုနဲ့ အချဉ်ဆိုပြီး ရှိပါတယ်။
ဘယ်အရသာဖြစ်ဖြစ် စားလို့ သိပ်ကို ကောင်းပါတယ်။
ကြိုးစားပြီး အဲ့ဒီအရသာတွေကို သေသေချာချာ ခံစားကြည့်ပါ။
ဒါပေမဲ့ ကျနော်က ပန်းသီးအညှာ ဖြစ်ခဲ့တယ်..
BlueHope