Sunday, May 9, 2010

ပီတိကိုစားအားရှိပါ၏

ရေဆင်းမြေအရိပ်အောက်မှာ ၅နှစ်တာ ပညာသင်ကြားခဲ့ပြီးလုပ်ငန်းခွင်ဆိုတဲ့  လက်တွေ့ ဘ၀ကို စတင်ခဲ့ တယ်။ ကျွန်မရဲ့ ပထမဆုံး ပိုစတင် က ပုသိမ်ကြီး မြို့ မှာ ရှိတဲ့ Central Forestry Development Training Centre (Sub-Centre)၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန သင်တန်းကျောင်းခွဲ၊ သစ်တောဦးစီဌာန ဆိုတဲ့ နေရာလေးပဲ။

သင်တန်းကျောင်းမှာ တာဝန်ကျတော့လည်း ကျွန်မက သင်တန်းပေးတဲ့ ဆရာမလေးပေါ့ ။ စီမံကိန်း ရဲ့ မူဝါဒ အရ သင်တန်းအမျိုးအစားပေါ်မူတည်ပြီး သင်တန်းသားခွဲထားတယ်။ ကျွန်မတို့ ထက် စီနီယာအများကြီးကြီးတဲ့ လက်ထောက်ညွန်မှုး၊ ဦးစီးအရာရှိ ဆိုရင် သင်တန်းဆိုတာထက် အားလုံးရဲ့ ပုးပေါင်းပါဝင်ဆွေးနွေးမှုရအောင် ဦးဆောင်ဆွေးနွေးတဲ့ Facilitatorအနေနဲ့ သင်တန်းကို ကိုင်တွယ်ရတယ်။ တောအုပ်ဆိုရင်တော့ စာတွေ့လက်တွေ့  နှစ်မျိုးလုံးသင်ရတယ်။

အစက ကျွန်မ စာသင်တာ ၀ါသနာမပါဘူး။ သင်ရင်းသင်ရင်းနဲ့ တဖြည်းဖြည်းပျော်လာတယ်။ ကိုယ်သင်လိုက်လို့ နားလည်သွားတဲ့ သင်တန်းသားတစ်ယောက်ရဲ့  ပျော်ရွှင်မှုကို တန်ဖိုး ထားချင်လာတယ်။ ပြီးတော့ ဆရာမ၊ဆရာမလေးဆိုတဲ့အခေါ်ကိုလည်းကြိုက်သလိုလိုပဲ။ သူတို့ တာဝန်ကျတဲ့ နယ်ရောက်ရင်လည်း ဆရာမလာပြီ၊ ဆရာမလာပြီဆိုပြီး ကြိုကြတယ်။ ဒါကျွန်တော်တို့ ဆရာမပါဆိုပြီး တခြားလူတွေနဲ့ လည်း တလေးတစား မိတ်ဆက်ပေးသေးတယ်။ ပီတိကိုစားရတာ တယ်အားရှိတာပဲ..။

ပီတိကိုစားရင်းစားရင်းနဲ့ ကျွန်မ ဘာတွေးလာလဲဆိုတော့  ကန်တော့ခံရတဲ့ ပီတိဆိုတာ ဘယ်လိုနေမလဲပေါ့နော်။ ဒီလိုနဲ့ မေမြို့ သစ်တောသင်တန်းကျောင်းက ကျွန်မတို့ သင်တန်းကျောင်းက ဆရာ၊ဆရာမတွေကို လူထုပူးပေါင်းပါဝင်သော သစ်တောစီမံအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး သင်တန်းပေးပေးပါဆိုတော့ ၊ ဦးစီးအရာရှိ
၂ယောက်နဲ့ ကျွန်မတို့ တောအုပ်ကြီး ၃ယောက်သင်တန်းသွားပေးကြတယ်။ ကျွန်မဒီဘာသာရပ်ကို ဂျပန်တွေနဲ့ လက်တွေ့ လည်း ကွင်းဆင်းနေရတာဆိုတော့ စာတွေ့ လက်တွေ့ သဘောပေါက်သွားတယ်။ ဖေဖေကလည်း သင်ပေးတယ်လေ။ တခြားကျောင်းမှာ သင်တန်းပေးရမယ်ဆိုတော့ ရင်တော့ ခုန်တာပေါ့ နော်။

မေမြို့ သင်တန်းကျောင်းရဲ့ အလေ့ အထတစ်ခုက သင်တန်းသားတွေ သူတို့ အဆောင်ကနေ သင်တန်းခန်းမကို လာရင် အနှေးလျှောက် အမြန်လျှောက် ပုံစံနဲ့ လာရတယ်။စမြင်စတော့ အထူးအဆန်းပဲ။ သင်တန်း ဆရာမ၀င်လာရင် အားလုံးမတ်တပ်ထပြီး ကျောင်းသားခေါင်းဆောင် က ပျက်ကွက်မရှိ သင်တန်းသား လက်ရှိဘယ်နှစ်ယောက်၊ သင်တန်းနာခံရန် အသင့် ဆို ပြီး အော်လိုက်တာ ကိုယ်တောင် လန့် သွားတယ်။ အသံတိုးတိုးလေးနဲ့ ထိုင်ပါပေါ့ နော်။ ပီတိသံလေးလို့ ထင်တယ်။ လူဆိုတာ အခက်သားနော်။

သင်တန်းက ၂ရက်လား၊ ၃ရက်လားမမှတ်မိတော့ဘူး။ အတိတ်ဆိုတော့လည်းေ၀၀ါးကုန်ပြီ။ သင်တန်းပြီးတော့ သင်တန်းသားအယောက် ၁၅၀ လောက်စုပြီး ကျွန်မတို့ကို ထိုင်ကန်တော့ ကြတာ အိုး.. ကျွန်မသိချင်တဲ့ ပီတိလေး။ ပျော်လွန်းလို့ မျက်ရည်တော့ မလည်ပါဘူး။

သင်တန်းရဲ့ မှတ်ချက် (ကွန့် မန့် ) ပြန်တောင်းတော့ သင်တန်းသားတွေက ကျွန်မတို့ အမျိုးသမီးတောအုပ်ကြီးနှစ်ယောက်က စာသင်တော့ကောင်းတယ်။ ဒါပေမဲ့ ရူပါချောဘူးတဲ့ ။

ဘလော့ ဖွင့် ပွဲအမှတ်တရ..(အိစံ)

6 comments:

လသာည said...

ပီတိက ဘယ်လိုလေးလဲ ငံငံလေးလား (မျက်ရည်ကျတယ်ဆိုရင် ပြောပါတယ်၊ ဒါပေမဲ့
မကျခဲ့ဘူးဆိုတော)့ ချိုချိုလေးလား (ကန်တော့ပွဲမှာ ကိတ်မုန့်နဲ့ အချိုရည်တိုက်ရင် ပြောပါတယ်)

နောက်ထပ်လည်း အတွေ့အကြုံတွေ တင်ပြပါဦး ဆရာမ ..
သာမီးတို့က အတွေ့အကြုံတွေကို နားထောင်ချင်နေပါတယ် ဆရာမ..

pps said...

ထောက်ခံပါတယ်..ထောက်ခံပါတယ်..း)
လောလောဆယ်တော့..ခါးမချိဘို့အရေး....အဟေး...
ဟုတ်သားပဲ..ဘယ်နယ့်..နောက်တခါဆိုရင်..ရူပါအရင်ရှိုင်းပြီးမှသွား..း)

မိဆိုးလေး said...

အဲဒါကြောင့်ပြောတာပေါ့..။ သင်တန်းခန်းမကို မျက်နှာသစ်ပြီး သွားပါဆိုတာကို..။ ယုံပါတယ်..။ဆေးစစ်တုန်းက နောက်ဆုံးလူတွေ့  စစ်မယ်လဲဆိုရော..။ဆရာမတို့  သပ်သပ်ရပ်ရပ် ပြင်ပြင်ဆင်ဆင်လေးလုပ်ခဲ့ပါ လို့ တောင် စာရေးမက အသိပေးယူရတယ်..။ဟားဟားဟား

Anonymous said...

မိဆိုးလေး အဲဒီလိုငယ်ကျိုးငယ်နာမဖော်ကျေးလေ....

ဗက်ဆာ said...

ရွှီရွှီ။ ဖြောင်းဖြောင်း။ (လက်ခေါက်မှုတ်၊ လက်ခုပ်တီး။) ဒိုင်းဒိုင်းအုန်းအုန်း။ (မီးပန်းဖောက်)---
ချရာမ. ကြီး... အိစံဖစ်သည်။ :D :D ဘလော့ရေးတာကိုလဲ ကြိုဆို။ အတွေ့အကြုံလေးကလဲ ဖတ်လို့ကောင်း။ အိစံကြီးက စာရေးကောင်းသားပဲ။ သင်တန်းသားတွေက အိစံကြီးကို ဘာမချောဖူးလဲ။ မပြင်ပဲနဲ့ကို ဒီလောက်ယဉ်တာ။ လူကို လှအောင် လုပ်ရတာမခက်ပါဘူး အိစံရာ။ နှလုံးသားကိုလှအောင် လုပ်ရတာသာ ခက်တာ။ -- နေရာတကာလဲ မလှချင်ပါနဲ့ အိစံရာ။ အာဘူနိုင်းရော။ လိုအပ်ရင် လှ။ နော့။.... :D :D :D

ထား said...

“ပီတိကိုစား အားရှိ၏” တဲ့ ဖတ်ရင်းနဲ့ ထားတောင် ပီတိဖြစ်သွားတယ်။ အိစံ က အရေးကောင်းတယ်။ ဆက်အားပေးနေမယ်နော်။

ချစ်တဲ့

ထား