Wednesday, May 26, 2010

အကြံဥာဏ်လေး တောင်းပါရစေ

ထား.. သူငယ်ချင်းတို့ကို အကြံဥာဏ်လေး တောင်းပါရစေနော်။ သမီးလေးက စာရေးရင် ဘယ်လက်ကရေးနေပါတယ် ညာလက်ကရေးရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာလေး ပြောပြပေးကြပါနော်။

နောက်ပြီး သားသားရဲ့ ပညာရေးလေးပါ ပြောပါရစေ။ သားသားကဒီနှစ် ၅တန်းတက်နေပါပြီ။မြန်မာ-ဂျပန် အတန်း အတူတူပါ။သံရုံးမှာ ၁နှစ် ၂ခါ စာမေးပွဲဖြေနေပါတယ်။ အမှန်မတိုင်းပြောရရင် အခြေခံဘာမှ မပါသလို မိဘတွေဖြေခိုင်းလို့သာ ဖြေနေရပါတယ်။ သူ့ရဲ့ရှေ့ရေးကို စဉ်းစားရင် ဂျပန်မှာပဲ ကျောင်းပြီးရမှာလိုလို မြန်မာပြည်ပဲ ပြန်ထားရမလိုလိုနဲ့ စဉ်းစားရခက်နေ လို့သူငယ်ချင်းရဲ့အကြံဥာဏ်ကို အမှန်တစ်ကယ်လိုအပ်နေလို့ အခုလိုပြောပြရတာပါ။

ကျေးဇူးပြုပြီး မေးလ်လေးနဲ့အကြံပေးစေလိုပါတယ်နော်။ :108: သူငယ်ချင်းတို့ မအားတဲ့ကြားက ဒီလိုပြောရတာ စိတ်မရှိကြပါနဲ့နော်။ မေးလ်နဲ့မဟုတ်လဲစီဘောက်ကနေ ပြောလို့လဲ ရပါတယ်။ မျှော်နေမယ်နော်။

ထား..

(ထား ကိုယ်စား အမုန်းမရှိတဲ့ကမ္ဘာမှ အဖွဲဝင်တစ်ဦးမှ ပိုစ်လုပ်အကူအညီတောင်းပါတယ်။ အားလုံး အချိန်ရရင် ကူညီစဉ်းစားပေးကြပါဦးနော်။ )

8 comments:

လသာည said...

ထားရေ..
တို့အထင်တော့ သမီးလေးအတွက် သိပ်စိတ်ပူစရာ မရှိသေးဘူး ထင်တာပဲ..။ တခါတလေ ညာနဲ့ရေးအောင် ချော့ပြောပြီး “ဟယ် ညာလက်က ရေးတာလေးက ချစ်စရာလေးပိုကောင်းတယ်” ဘာညာလို့ ပြောပေးပါ။ အစတော့ ဘယ်လက်ရေးတာလောက် လှချင်မှ လှမှာ ဖြစ်ပေမယ့် သည်းညည်းခံပြီး ညာလက်နဲ့ ရေးတာလေးကိုပဲ ချီးကျူးပေးကြည့်လိုက်ပါ..။ တစ်ခုခုတော့ ထူးခြားလာမှာပါ။

သားအတွက်တော့.. မြန်မာစာ ရေးတတ်ဖတ်တတ်ဖို့သာ အဓိကထားကြည့်ပါလို့နော်။ သူခမြာ သနားပါတယ်။ ဂျပန်လို မှတ်ရ၊ မြန်မာလို မှတ်ရ၊ ဒီကြားထဲ အင်္ဂလိပ်လိုပါ မှတ်ရတာဆိုတော့ ဘာသာစကားတော့ အတတ်နှေးချင်နှေးမှာပေါ့..။

အင်း..တခြားတော့ သိပ်မပြောတတ်ဘူး။ တခြားသူငယ်ချင်းတွေ အကြံဥဏ်ကို စောင့်နားထောင်ကြည့်တာပေါ့နော်။ သိပ်လည်း စိတ်မပူပါနဲ့။

အိစံ said...

မထားရေ အိတော့

့မြန်မာပြည်ပြန်ထားတယ်ကောင်းမယ်လို့ ထင်တယ်

မထားတို့ ကဒီမှာကြာအုန်းမှာလား စာမေးပွဲ၂ခု

ဖြေနေရတာတော့ သိပ်ကြိုက်ဘူး

မြန်မာပြည်ပြန်ထားတာကို ပိုအားပေးတယ်




အိစံ

မိဆိုးလေး said...

ထား..။
သမီးလေး ဘယ်လက်နဲ့ ရေးတာကို စိတ်ညစ်စရာ မဟုတ်ဘူးလို့ ထင်ပါတယ်..။ မိဆိုးလေး သူငယ်ချင်းတွေထဲမှာ ဘယ်သန် အင်္ဂျင်နီယာတွေ၊ ဆရာဝန်တွေ အများကြီးပါ..။ စိတ်ပညာက အစ်ကိုကြီးတစ်ယောက်ရေးတာတော့ ညာသန်တွေထက် ဘယ်သန်တွေက ပိုစွမ်းကြတယ်လို့ ဖတ်ဖူးပါတယ်..။ အိမ်ရှင်(သူ)လဲ ဘယ်သန်ပါပဲ..။ (ကျော်ငြာဝင်ခြင်းမဟုတ်ပါ..။:P)
သားအတွက်တော့ ရှေ့ မှာ ထားတို့ လို အနေကြာတဲ့ ကလေးမိဘတွေနဲ့  သူတို့ ကလေးတွေရဲ့ ပညာရေးအခြေနေကို ကြည့်ပြီး ဆုံးဖြတ်တာ ပိုကောင်းမလားဘဲ..။ နာဂိုရာမှာတော့ အလားတူမိသားစုတွေ အများကြီးရှိမယ်ထင်ပါတယ်..။

Anonymous said...

ဘယ်သန်တာ..ပြသနာ..မဟုတ်ဘူးလို့..ကျမတော့ထင်
တယ်....သူ့အစွမ်းအစက..အဲဒီလက်ပေါ်မှာပဲ..
ပို..အားရနေတာလေ.....
ကျမ..ဘယ်သန်သူငယ်ချင်းတွေတွေ့ဘူးတယ်....သူများ
နဲ့တန်းတူပါပဲ.....ပြီးတော့..ကိုယ်တိုင်လည်းငယ်ငယ်က
ဘယ်သန်...စာရေးရတော့..ညာကျင့်ခိုင်းလို့ညာဘက်နဲ့ရေးနေပေမယ့်..အခုထိ..ဘယ်စွဲကျန်နေသေး
တယ်...ဥပမာ..ကတ်ကျေးကိုင်ရင်..ဘယ်နဲ့..ဒါပေမယ့်..ဆိုးတာက...သိပ်မကျွမ်းတော့ဘူးဖြစ်သွားတယ်.........

သားလေး..ပညာရေးတော့..မထားတို့ဒီမှာဘယ်
လောက်ကြာမှာလဲပေါ်မူတည်တယ်ထင်ပါတယ်..ဒီမှာ
ဆက်ထားဖြစ်လည်း..မြန်မာစကားမမေ့အောင်ထိန်းပေးရင်..ပိုကောင်းမယ်လို့.......

ခင်တဲ့
pps

ဗက်ဆာ said...

ထားညီမ။
လက်ကတော့ အပေါ်က သူငယ်ချင်း အားလုံးပြောတဲ့ အတိုင်းပါပဲ။ ညာနဲ့ရေးစေချင်တော့လဲ လသာည။ ဘယ်အတိုင်းပဲ ဆိုလဲ ကျန်အဖွဲ့သားများ အတိုင်း။
ပညာရေးကတော့ ချိန်ရမယ်ထင်တယ်။ သားသားဝါသနာ ရယ်. ထားတို့ရဲ့ မျှော်လင့်ချက်ရယ်။ ဗမာပြည်မှာက တောကျောင်းဖြစ်ဖြစ်၊ ဘိုကျောင်းဖြစ်ဖြစ်၊ ဂျပန်ပြည်က ဘယ်ကျောင်းဖြစ်ဖြစ် မိဘက ထိန်းပြီး ထပ်ဖြည့်ဆည်းဖို့တွေ လိုမယ်လို့တော့ ထင်မိပါတယ်။ မဖြည့်ဆည်းလဲ ရနေတာပဲလေ။ ကျောင်းပညာရေးက အရေးကြီးတာလဲ အရေးကြီးပါတယ်။ ဘ၀မှာ လိုအပ်တာတွေကို သင်ယူရမယ့် ပညာရေး (သာမာန်အားဖြင့်တော့ အဲဒါတွေကို ပညာရေးထဲ ဘယ်သူမှ မထည့်ပါဘူး။) တွေကိုလဲ လျစ်လျူရှုလို့မဖြစ်ဖူး ထင်တာပဲ။ ပညာရေးကို ကျောင်းတစ်ခုတည်းတော့ အားမကိုးစေ့ချင်ဘူး။ ဘယ်မှာထားထားပေါ့လေ။ အင်္ဂလိပ်စာတော့ ကောင်းအောင် ထားတို့က လုပ်ပေးနော်။ ဘယ်မှာနေနေ။ အပြည်ပြည်ဆိုင်ရာ ဘာသာစကားမို့။ စီးပွါးရေးလောကထဲ သွင်းမယ် ဆိုလဲ တရုတ်စာလေး သင်ပေးလို့ရသေးတာရော။ ဗမာပြည်မှာ တရုတ်ကလေးတွေ ဗမာကျောင်းဆင်းတာနဲ့ တရုတ်ကျောင်းတက်ရတာ တွေ့ဖူးလို့ပါ။ ခုက လူငါးယောက်မှာ တစ်ယောက်က တရုတ်ဖြစ်နေလို့။.. (ထား သားသားကြားရင်တော့ ထိုင်ငိုတော့မှာပဲ။... :D :D :D ) နောက်ဆုံးတော့ ၀ါသနာနဲ့ ထားတို့ မျှော်မှန်းချက်၊ သူ့မျှော်မှန်းချက်ပေါ်ပဲ မူတည်မှာပဲ။ ကိုယ့်တူလေးလို သဘောထားပြောရမယ် ဆိုရင်တော့ခုတည်းက ထားတို့ စာဖတ်ဝါသနာကို ပြုစု ပျိုးထောင်ပေးရင်ကောင်းမလား။ သူအကျွမ်းကျင်ဆုံး ဘာသာစကားနဲ့။ စိတ်ဝင်စားစရာ စာအုပ်တွေ ၀ယ်ထားပေးတာတို့ ဘာတို့။.... (အပျိုကြီးကတော့ သိသလို တတ်သလိုနဲ့ ရှည်သွားပြီ ထားရေ။.. :D :D )

ထား said...

ဗက်ဆာရေ အသေးစိပ် ရှင်းပြပေးတာ အတိုင်းထက်အလွန် ဝမ်းသာမိပါတယ်..........အကောင်းဆုံးလေး ဖြစ်အောင်တော့ စဉ်းစားဖို့ လိုမယ်နော်.....အားလုံးသော ချစ်သောသူများတို့ရဲ့အကြံကို ဝမ်းမြောက်စွာနဲ့လက်ခံပြီး ဆုံးဖြတ်ချက်မှန်အောင် ချပါမယ်လို့နော်.........


ချစ်တဲ့

ထား

ထား said...

pps ရေကျေးဇူးပါနော်..........ထားလဲ ကလေးနှစ်ယောက်ဆိုတော့ ဘယ်လိုစဉ်းစားပြီး လုပ်ကိုင်ရမယ်ဆိုတာ ခေါင်းနောက်မိလို့ပါ.......သူငယ်ချင်းတွေရဲ့အကြံကလဲ ထားအတွက် အားပါ......


ချစ်တဲ့

ထား

ထား said...

ဒီနေ့အကြံပေးကြတဲ့ ချစ်သောသူများ..........
(၁) လသာည
(၂) အိစံ
(၃) မိဆိုးလေး
(၄) pps
(၅) ဗက်ဆာ

အားလုံး ထားရဲ့ သားသားနဲ့သမီးလေးအတွက် အလေးအနက်ထားပြီး စဉ်းစား အကြံပေးကြတာတွေ့ရတော့ အရမ်းဝမ်းသာမိပါတယ်........ကျေးဇူးအများကြီးလဲတင်ပါတယ်နော်.........



ချစ်တဲ့

ထား