Showing posts with label အိစံ. Show all posts
Showing posts with label အိစံ. Show all posts
Wednesday, February 9, 2011
ဖိလစ်ပီးနိုကြိုက်တဲ့ ဘလွတ်
ဖိလစ်ပိုင်နိုင်ငံရဲ့  ထူးခြားတဲ့ မုန့် ပဲသားရေ စာတွေထဲ က လူကြိုက်များ
တဲ့ အစားအစာတစ်ခုပါ။လမ်းဘေးဈေးတွေမှာ ရောင်းလေ့ ရှိတဲ့  လမ်းဘေး အစား အစာ တစ်မျိုး လည်းဖြစ်တယ်။ မုန့် လို့ ပြောပေမဲ့  တစ်ကယ်တော့ သားလောင်းပါတဲ့  ကြက်ဥပြုတ်ပါ။ ကြက်ဥကနေကြက်အကောင်ပေါက်စလေးတွေပေါက်လာဖို့  ၂၈ ရက် ကြာပါသတဲ့ ။ အဲဒီမှာမှ ၁၆ရက် ကနေရက်၂၀သက်တမ်းလောက်အပူငွေ့ ရပြီဆိုရင် ဥခွံလေးထဲမှာ ကြက် သားလောင်းကွေးကွေးလေး  ပေါ်လာတယ်။ဖိလစ်ပီးနိုတွေက သားလောင်းပါတဲ့  ကြက်ဥမှာ ပရိုတိန်းဓာတ်အများဆုံးပါပြီး အဲဒီကြက်ဥကိုပြုတ်စားရင် နှလုံးအားကောင်းတယ်လို့ ယူဆတယ်။ သားလောင်းပါတဲ့ ကြက်ဥပြုတ် ကို 
 ဒေသအခေါ်အရ ဘလွတ်(Balut) လို့ ခေါ်တယ်။ ၁၈ရက် သက်တမ်းရှိတဲ့ ဘလွတ် က အရသာအရှိဆုံးလို့  ဆိုပါတယ်။  
 အိစံနေတဲ့ အိမ်က ဖိလစ်ပီးမှာ ထူးခြားတဲ့ အစားအစာတွေ တစ်မျိုးပြီးတစ်မျိုး ၀ယ်ကျွေးချက်ကျွေးတယ်။
သူငယ်ချင်းတို့ မြင်သာအောင် ဂူဂယ်လလ်အကူအညီနဲ့ ပြရမယ်ဆိုရင် ....
ပထမဆုံး ကြက်ဥထိပ်ကလေး ကို ပါးစပ်စုပ်လို့ ရ မဲ့ အနေလေးဖောက်လိုက်တယ်။
ပြီးတာနဲ့  ကြက်ဥ ထဲမှာပါတဲ့ အရည် ကို ဆားလေးနည်းနည်းထည့်  ပြီးခေါင်းလေး
                           အရည်တွေကုန်လောက်မှ ဥခွံအိမ်ကို 
                                                       ဘလွတ်စားနည်းအဆင့် ဆင့် ပါတဲ့ ပုံပါ
.ဆားခပ်ထားတော့ ပိုပြီးကောင်းတယ်။ 
ကဇော်ဖောက်ထားတဲ့အရသာနည်းနည်းရတယ်။
ကြက်ဥအလယ်ကအ၀ါနှစ်ကခဲခဲလေးနဲ့စားရတာလေးလေးပင်ပင်ရှိတယ်။ကြက်ပေါက်စလေး
ကိုကြည့် ရင်းကြည့် ရင်းနဲ့ မစားရဲတော့ ဘူး။ ခြေလက်အဂါင်္အစုံပါပြီး အမွှေးလေးတွေလည်းသေချာမြင်ရတယ်။ရိုးရိုးကြက်ဥကို
ပြုတ်တဲ့အချိန်ထက်အချိန်ချိန်ကြာကြာပြုတ်ပေးရသတဲ့သူငယ်ချင်းတို့ရေ...........။                                                                                                
Sunday, December 12, 2010
Funny experiences in Philippines
Hello my friends,
Pleases enjoy my funny experiences in Philippines when you are free. My English is not good.
I wish you Good Luck in everything!!
warmest regards,
Shwe Ei.
i. Funny mistake
It was happened in the University of Los Banos, which is far about 2 hours by Bus from Manila. While I was shopping, I wanted to go toilet. So I asked the security person “Where is the toilet”. She confirmed me “what?” I said again toilet. Ohh I see! Then she showed me a shop. Meanwhile, she explained the shopkeeper what I want by Philippines Language. I think, there is toilet inside the shop. When I entered the shop, the seller showed me the showcase of Wallets. I do want to laugh. But I didn’t. After at a glance, I said “Thank you, I want to see another shop”. Then I went out. The people in here used to tell “Rest-rooms “instead of Toilet.
ii. We are Myanmar
In Los Banos, I stay in the University Training Center where visitors can also stay. There are about 50 Korea students and 20 Bangladesh attending the training in different courses. I stay only one in my room. Internet is only useable around the Reception corner. So the corner is full of people at night. One day morning, four Korea students came around me while I was studying. They are practicing English speaking. One boy said “Sis, we have exam tomorrow. We are going to make Presentation. Please listen. We want to practice” I said “Ok, I can help you”. After that, they start presentation one by one. They are so brave and active even though speaking English is very difficult for them. Next day morning, this boy asked me “Where are you from” I answered that “I am from Myanmar”. He said “Myanmar? Myanmar people can speak English well?” I said “Yes…..We are Myanmar, We can speak”. At that time, he said “I am from Korea, poor in English” with angry and pity face”.
iii. Funny Kiss
After four-days stay in Los Banos, I move to Mania. I stay in the Department of Environment and Natural Resources “DENR Hostel”. Forest Management is one of the Management Burro of DENR. Hostel is allowed for DENR staff, his/her families and researcher. It is for all DENR staff in Philippines. So the visitors have to share the room in order to occupy the space. Six or 5 persons can stay in one room. Hostel is very cheap and safety. There is 24 hours security.
My first room-mate is Ms. Astra, Director of Environment Burro in Region 13 graduated with Chemical Engineering. She is 58 years old now. In Philippines, government staff can work until 65 years old if they want. She came DENR to sit exam for promotion. Despite her exam in the next day morning, she do everything; watching TV, talking with me about her career life with 3 children, eating and sleeping. She also shared me about the concept of “Senior Citizens” in Philippines.
One of her unique characters is that she loves the Beauty. She woke up around 5 am to make up her face. There is one mirror in our room and she brings it near her bed. She changed the shoe based on the color of her dress. I am sill in the bed. After a while, I wake up and start my physical exercise. Astar said Ohh Ei Ei Good Good.
Before she leave for her daughter home in Manila, she said “Ei Ei, give me your address in Myanmar. I will come your wedding if I can”. Then she came near me to hold my upper body with her arms and gave her face to kiss. My body is not harmony with her and I kiss only her neck. After me, she makes a kiss to new room-mate, project manager in NGOs. They are very flexible and relax. Project Manger also said “Mom, Be a safe and nice trip before they kiss”. Mom is used for respecting to the customer or listener. But I don’t like the culture of Kissing even it is the face.
However, another new room-mate, Ms. Latty, also a Director of Environment, she gave me a kiss (haehae) before she leave for Japan for conference. Ms. Latty said that she started her job from the lowest position.
*During my stay in DENR Hostel, I got many friends who make me not to feel homesick. So I deeply thank them. All are over 50 years old. Only project manager is 41. Overall, Filipinos are kind and they love me. And I learnt some meaning of Life from them*
Thursday, October 21, 2010
ထွေရာလေးပါး စကားစမြည် (၁)
 အီးကဒ်း)))
 အီးကဒ်ဆိုတော့ လည်း ဘီကဒ်၊ စီကဒ်မဟုတ်တာတော့ သေချာတယ်။ အားလုံးသိတဲ့အတိုင်း အခုခေတ်က
အခု မိဆိုးလေး၊နဲ့ ရွှေငရုတ်မမမြိုင်ကို သတင်းကောင်းပေးလိုက်မယ်။ မင်္ဂလာဆောင် ဖိတ်ချင်ရင် အီးကဒ် သုံးလို့ ရပြီ။ မလတ်၊ ပီပီ၊မထား၊ လသာညနဲ့ အိစံတို့ကို မဖိတ်လိုက်ရမှာ မပူနဲ့တော့။ လသာညကတော့ အိစံ နင် မင်္ဂလာဆောင်လို့ အီးကဒ်ပို့ရင် ငါလည်းလက်ဖွဲ့ကို အီးကဒ်နဲ့ ပြန်ဖွဲ့မယ်တဲ့ ။
အီးကဒ် နမူနာလေး။
(ညီမလေးတစ်ယောက်သို့ အမှတ်တရပါ။)
ပီပီပြောသောဒသနး)))
ပီပီတို့အဖွားက ပုံပြောကောင်းသလို မြေးကလည်းမခေဘူးရှင့်၊ ဇလေးနဲ့။ ပြောလိုက်ရင် ကွက်တိပဲ။ သူစိတ်ပါလာရင် အိစံတို့ ဘာမှမပြောတတ်လို့ ငြိမ်နေရတယ်။ သဘောကျတဲ့ အခန်းပါလာရင်တော့ ဟားဟား ဆိုပြီး ထရယ်လိုက်တယ်။ တစ်ရက်မှာတော့ မယ်အိရေ..တဲ့ ၊မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ နောက်တစ်ခုက ဘာတဲ့အေ တဲ့။ ဥပေက္ခာပါအမရဲ့ လို့ ..ဆိုတော့အေးအေးတဲ့။ အဲဒီလေးမျိုးမှာ လူတွေဟာ မေတ္တာထားရမလား ရတယ်အေတဲ့၊ ထားနိုင်တယ်။ ကရဏာလည်းရသေးတယ်၊ ဥပေက္ခာဆိုတာတော့ လူတိုင်းမထားနိုင်ဘူးတဲ့။ အခက်ဆုံးကတော့ မုဒိတာပဲ တဲ့။ မုဒိတာပွားနိုင်ဖို့သာ ဆိုတာမလွယ်ဘူးတဲ့၊ ဒီလေးမျိုးကို နိုင်ရင် လူ့ဘ၀မှာရပြီတဲ့ ။(ဘာရတာလဲ ဟင်??)းD- (မှတ်ချက်ကို လသာည ရေးသည်)
(ပီပီရဲ့ ဒသနများစွာထဲ က အမှတ်တရတစ်ခုပါ။)
 အယ်ဒီတာချုပ်သို့း)))
အယ်ဒီတာချုပ်က သူများကအီး ဆိုတော့ "အိစံ ငါလည်းခေတ်မှီချင်တယ်"တဲ့ ... ။ ဟုတ်လားအမရယ်လို့ အိစံ
တော့ ခုနကမှအပူဝမ်း သွားလိုက်ရလို့ နေလို့ ကောင်းသွားတယ်လို့ ....းD။  ဒါဆို အမအတွက် ဘာလုပ်ပေးရမလဲဆိုတော့ .."အေး ငါဖျားနေတာ (၇)ရက်ပြည့်ပြီဆိုပြီး  အီးကဒ်ပို့လိုက်စမ်း" ဆိုလို့  အေးအေးချမ်းချမ်း အစိမ်းရောင်ကဒ်လေး ပို့လိုက်တယ် ဟားဟား ဟား။
အိစံ ရေးသည်။
Sunday, August 29, 2010
ဒေါ်နု ဒံပေါက်
စားချင်စဖွယ် 
ကဗျာဆန် တဲ့  ထမင်းဝိုင်း ပြင်ဆင်ပုံ..P
ဒံပေါက်မစားခင်
မိဆိုးလေး မလတ် ပီပီ နဲ့ မထား တို့ အတွက် လက်သစ်ဒေါ်နုဒံပေါက်ပါ။အော်ဒါလက်ခံနေပါတယ်ရှင်။
တစ်ချိန်က ပစ်ထည့် ဟင်း များကိုအားပေးခဲ့ တဲ့ 
ရွှေအိ
Thursday, July 15, 2010
ဝှိတ် ချ....၀ှိတ်ချ ......ဖောင်း.....ဖောင်း
ကိုယ်လက်လှုပ်ရှားအားကစားလေး တစ်ခုခုကိုလုပ်ချင်တယ်ဆို
တော့ သူငယ်ချင်းကကျောင်းကအားကစား ခန်းမမှာ အေရိုးဗစ်သင်တန်းရှိတယ်။
Hip hopန့ဲ့ဘဲလေးတက်ချင်ရင်လည်းရတယ်တဲ့ ။ အေးကောင်းလိုက်တာ
ငါတ်ု့ အေရိုးဗစ်တက်ရအောင်ဆိုပြီး သူငယ်ချင်းနှစ်ယောက်သွားကြတယ်။
အားကစားခန်းအ၀င်မှာ ဖောင်ဖြည့် တာကြာတော့  (မလုပ်တတ်လို့ ပါ) အ၀တ်လဲခန်းကနေအထွက်မှာကို ၆နာရီခွဲနေပြီ။ သင်တန်းက ၆နာရီ ၂၀စတာလေ။တံခါးလေးအသာလေးတွန်းဝင်လိုက်တော့  အားလားလား အထဲ မှာလူ
ပြည့် ပဲ တီးလုံးဖွင့် ပြီး ကနေကြတာ ထိပ်ဆုံးမှာ နည်းပြဆရာ က သရုပ်ပြတယ်။
အိစံ လဲရောင်တောင်ပေါင်တောင်နဲ့ ညာအစွန်ဒုတိယတန်းရဲ့ ဘိတ်ဆုံးမှာရပ်ပြီး သူများလုပ်သလို လိုက်လုပ်တယ်။ သင်တန်းအခုမှ စခါစဆိုတော့ အကြောအချင်ပြေအောင် ကိုယ်လက်လှုပ်ရှား စခါစပဲရှိသေးတယ်..ဆရာ က ဂျပန်လို အာရုခု အာရုခုဆို ပြီးအော်ပေးတယ်။ အစတော့ ဘေးကအတူလာ
တဲ့ သူငယ်ချင်းလုပ်တာကြည့် ပြီးရီ သေးတယ် နောက်တော့  ရီမိမှာဆိုးလို့ မကြည့် တော့ ဘူး။ ဒစ်စကိုတီးလုံးလေးလည်းဖွင့် ထားတော့ အစပို င်းတော့ ကလို့ အကောင်းသားရှင့် ။ခုန်ခုန်ပြီး လှုပ်နေရတာဆိုတော့  တဖြည်းဖြည်းနဲ့ နည်းနည်းတော့ မောလာပြီ။
ခဏနေတော့ ဝှိတ်ချ..၀ှိတ်ချ ...ဖောင်း..ဖောင်းဆိုပြီး ဆရာ က ကွက်တွေ သင်တယ်
သူတို့ ဟာကလည်းဘာလုပ်တာပါလိမ့်  ဘောင်စင် ထိုးတာနဲ့ တူလိုက်တာပေါ့  မနည်းလိုက်ယူရတယ် တချက်နှစ်ချက်လောက်ခြေထောက်ကို ရှေ့ တိုးနောက်ဆုတ် ကစား လက်ကိုလည်း ထိုးမဲ့ ဟန်ပြင် ပြီးမှ လက်နှစ်ဖက်ကို အားစိုက်ပြီးရှေ့ ကို ထိုးရတယ် ။ ဆရာကနှစ်ခါ၃ခါလောက်ပြပြီးရင် သင်တန်း သား တစ်ယောက်ချင်းစီရဲ့ ရှေ့လာပြီး ကစားကွက်ကို ကစားတယ် ကျွမ်းကျင်တဲ့ သူတွေ ကတော့  လက်နှစ်ဖက်
နဲ့ ဆရာလက်မှာစွပ်ထားတဲ့ ဘောင်စင်ထိုးတဲ့  ဟာကို ကစားလို်က်ရင်
ဖောင်း.......ဖောင်းနဲ့ မြည်လာတယ်။ ကိုယ် က နားမလည်တော့ 
သူတို့ လက်ကွေးရင်လိုက်ကွေး ဆန့် ရင်ဆန့်  ဆရာက ဖောင်း..ဖောင်းလို့ ဆိုရင်
လက်ရှေ့ ဆန့်  တခါတခါလည်း ဘယ်ညာမှားနဲ့  တော်တော် တော့ ချွေးပြန်နေပြီ။ ဆရာကလူသစ်မှန်း
တော့သိပုံရတယ် ဟဂျိမဲတဲ့ နို့ ဟိတို ဆိုပြီး ဘာပြောမှန်းမသိဘူး နားမလည်လည်းလိုက်လုပ်လို့ ပြောတာထင်တာပဲ။
အိစံရှေ့ လဲ ရောက်ရော မြည်တော့ ဘူး နဂိုကတည်းက လက်အားမသန်ဘူးလေ။ ဆရာလည်း ၂ခါလောက်လာပြီးတော့ အားနာလို့ လားမသိဘူး လာတော့ ဘူး။ ဒီလိုနဲ့ ခဏနားမယ်ဆို
တော့ ပျော်လိုက်တာ။နင်ဟာကလည်းမောလိုက်တာဆို တော့ သူငယ်ချင်း က အိစံနင်ကလည်းသူများတွေတောင်လုပ်သေးတာလုပ်စမ်းပါတဲ့  ပြီးတော့ရီပြီး ဘောင်စင်သင်တန်းဟ
တဲ့ ။ပြန်စတော့ တော်တော်ကိုမောနေပြီ ငါဆက်လုပ်နိုင်ပါ့ မလား မသိဘူး ဆိုပြီး
် အားလျှော့ သွားသေးတယ် နာရီလည်းတကြည့် ကြည့် နဲ့  ။ဆရာက အာရုခု အာရုခုဆိုရင် သာလိုက်တာ နားရလို့ ။ အရှိန်လေးနည်းနည်းထိန်းပြီး ကစားလိုက်မှ အမောခံနိုင်သွားတယ် အိစံရှေ့ ကကောင်မလေးလည်း ပြီးခါနီးမောလာတော့ လက်ကို ၀တ္တရားကျေလေးပဲ မြှောက် ဆန့် လုပ်တော့ တယ် ။တော်တော်ကျွမ်းကျင်
နေတဲ့သူတွေဆိုရင်တော့ကစားတာအရမ်းလှတယ်။မောလည်းမမောကြဘူး။သူငယ်ချင်းကအားပေးတယ်တော်
တော်များများကမနှစ်ကလူဟောင်းတွေ နင်လည်းနောက်ဆိုလုပ်နိုင်မှာပါတဲ့ ။ ကကွက်တွေကအသစ်
်ဆိုရင်တော့ ငါမလိုက်နိုင်ဘူးဒီအတိုင်းပဲဆိုရင်တော့  ဆက်ကစားမယ် လို့ ပြောထားတယ်။
တစ်ပတ်မှာ တစ်ခါ အေရိုးဗစ်နဲ့ ဘောင်စင် အကဆက်တက်လိုက်အုန်းမယ် ဘော်ဘော်တို့ ရေ.......
Saturday, July 10, 2010
သူငယ်ချင်းတို့ ခိုခို့ ယို
လူတစ်ယောက်ရဲ့ ခို ခို့ ယို ဟာ အမြဲတမ်းပြောင်းလဲနေတယ်လို့ ကျွန်မ ယူဆတယ်။ လွမ်းတာရှိသလို ပျော်တာလည်းရှိတာပေါ့ ။ ခိုခို့ ယိုက ဒိုးခိဒိုးခိ လည်းဖြစ်သေးတယ်တဲ့ ရှင်။ ခိုခို့ ယို ကို တစ်ချို့ က သူငယ်ချင်းအချင်းချင်းရင်ဖွင့် ရင်းနဲ့  နှစ်သိမ့် တယ်။ IT ခေတ်ဆို
တော့ လည်း သူငယ်ချင်းတွေရဲ့ စိတ်ခံစားမှုကို G-talk message တို့ Face Book တို့ ကနေ တစ်စွန်းတစ်စ လှမ်းမြင်လို့ ရ ပြီ။ စာကြည့်လို့  မရအောင် လွမ်းနေတာလား ? လွမ်းတာက အိမ်ရှင်ကိုလား အမေကိုလား ? Very Very busy? Research လုပ်နေတာကောဘယ်လိုအခြေအနေရှိနေ
လဲ? လောလောဆယ် သူငယ်ချင်းဟာပျင်းနေတာလား ဘောလုံးပွဲ အာရုံစိုက်နေကြတာလား? ကော်ဖီသောက်နေတာလား?
ကဲ လာပြီ.....
သူငယ်ချင်းနံပါတ် (၁)
သူငယ်ချင်းရဲ့ အိမ်ရှင် ကသဘောင်္သားလေ အိမ်ရှင်ကို လွမ်းတဲ့ အခါတင်လေ့ ရှိတဲ့ message တွေက
I miss you (ပင်လယ်ကိုမျက်နှာမူပြီးရပ်နေတဲ့ ပုံလေးနဲ့ တွဲတင်တယ်) ။
(Marine Bunker Fuel), Singapore (ဒါကတော့ သဘောင်္တွေကို ရေနံလိုက်ဖြည့် ပေးရတဲ့ ရေနံတင်သဘောင်္တဲ့  အိမ်ရှင်ရှိနေတယ် ) ကြည့် ရတာ အစစအရာရာအဆင်ပြေပါစေ
လို့ မှန်းဆပြီး ဆုတောင်းနေတာထင်တယ်။အိမ်ရှင်ရေကံကောင်းလိုက်တာ။ ကိုသိန်းတန်ကိုသိန်းတန်စိုးသဘောင်္ပေါ်တက်ခဲ့ မယ်လို့ တော့ မယောင်လောက်ဘူးလို့ ထင်ရတာပဲ။
When you missing me, please thinking our past, enjoy your present time and try the best our future
(ကောင်လေးနဲ့ ကောင်မလေးငယ်ငယ်တုန်းကစက်ဘီးစီးတဲ့ ပုံလေးနဲ့  သူတို့ ၂ယောက်က ငယ်သူငယ်ချင်းတွေ)
၅၂၈နဲ့ ၁၅၀၀ကွာတော့ ဖုန်းဆက်တဲ့ုကာချိန်တာကွာတာပါတဲ့  အမေကိုလည်းလွမ်းတတ်တော့ messageလေးတွေတင်တယ်
အမေ... ဒီနေ့  သမီး အခန်းလေးကို မြန်မာပြည် သမီးအခန်းလေးနဲ့  အတတ်နိုင်ဆုံးတူအောင် ဖန်တီးထားတယ်။ သမီးချစ်တဲ့ သစ်ပင်လေးတွေရယ်၊ သမီးကြိုက်တဲ့ မြန်မာသီချင်းတွေရယ်၊ သမီးကြိုက်တဲ့ မြန်မာသနပ်ခါးလေးလိမ်းလို့ ၊သမီးကြိုက်လို့ ဆိုပြီး အမေ အမြဲတမ်း ချက်ကျွေးတတ်တဲ့ ဟင်းလေးတွေရယ်..။ အမေရယ် သမီး အမေ့အိမ်ကို ပိုလွမ်းလာတယ်။
ဒီနေ့ သမီးအရမ်းကျေနပ်တယ် အမေ။ သမီးတို့ မြန်မာလူမျိုးတွေလဲ နည်းပညာမစုံလင်ပေမယ့် တတ်နိုင်တဲ့အားအင်လေးနဲ့ သူတို့ နည်းတူ လုပ်နို်င်တယ်ဆိုတာ
ဒီနေ့ စာတမ်းဖတ်ပွဲမှာပြနိုငခဲ့တယ်။ (New species ရှာဖွေတွေ့ ရှိခဲ့သော မြန်မာနိုင်ငံမှ supervisor နှင့် သူငယ်ချင်းများကိုလဲ ကျေးဇူးတင် ဂုဏ်ပြုပါတယ်)
သူငယ်ချင်းနံပါတ် (၂)
အကောင်းကြိုက်လျှင်သူများထက်အပင်ပန်းခံရမည်ကိုမကြောက်ပါနှင့်။ ဘုရားဝတ်တက်လိုစိတ်မရှိလျှင် ပေ၍ ၀တ်တက်ဝတ်ကပ်ပြုပါ။ တံမြက်စည်းလှည်းခြင်း စသောသေနာသန၀တ်များကို ပြုလုပ်လိုစိတ်မရှိလျှင် ပေ၍ အဆိုပါ ၀တ်များကိုပြုပါ။ စာအံစာကျက် စာကြည့်လိုစိတ်မရှိလျှင် ပေ၍ စာအံ၊စာကျက် စာကြည့်ကျင့်ကိုကျင့်ပါ။ အချုပ်အားဖြင့် ကုသိုလ်ရေးရာ အလုပ်ဟူသမျှ...ကို လုပ်လိုစိတ်မရှိသော်လည်း ပေ၍လုပ်ပါလေ။
(ကျေးဇူးရှင် ပထမ မစိုးရိမ်ဆရာတော်ကြီး)
Home sweet Home! Coffee time!ဒီသူငယ်ချင်းကတော့  တခါတလေ
စာကြည့် ရတာပျင်းမဲ့ ပုံပဲ .....၊။ ဒါပေမဲ့ အချိန်ကိုတော့ စနစ်တကျသုံးချင်တဲ့ 
အကျင့် ရှိပုံရတယ်။ကိုယ့် ကိုယ်ကိုလည်း အားပေးတတ်တယ်လို့ ထင်တယ်။ သေချာတာတော့  အုန်းနို့ ခေါက်ဆွဲချက်ကောင်းတယ်.......
သူငယ်ချင်းနံပါတ် (၃)
တရွေ့ တရွေ့ နဲ့ ပေါ့ တချိန်ကြတော့ လေ ကာရန်တွေညှိ ညီစေမယ် ကြိုးပမ်းခဲ့ သမျှ အော်အဆုံးတော့ လေ နွမ်းခဲ့ သမျှ ငြိမ်းစေမယ်
ဖူဂျီလေးဆင့် မှာဖရဲသီးစားရင် ဖယောင်းလိုချောသတဲ့  (အိစံသိတာတော့  ဖူဂျီကို တစ်ခေါက်မှ မရောက်ဖူးရင် ဗကာတဲ့  ...၂ခေါက်ထပ်သွားရင်လည်း ဗကာတဲ့ ။ ၁ခေါက်တည်း
သွားတဲ့ သူသာလျှင် အမှန်ဆုံးတဲ့  အသိဂျပန်တစ်ယောက်ပြောပြတဲ့ ဟာသလေးပါ)
(ဖူဂျီ၅ဆင့် )
သူလည်းဝမ်းသာ၊ငါလည်းရွှင်ပြုံး၊ နှလုံးစိတ်ဝမ်း၊လန်းလာယခု၊ ချမ်းသာကိုပြုလျက်၊ရန်လည်းကင်းဝေး၊ ဘေးလည်းမခ၊အအေးရဖို့၊ ရွှန်းမြအသရေ၊ထွန်းပပါစေ......
ဘောလုံးပွဲလောင်းကြအုန်းမလား...မြန်မာမလေးပါတယ်..ကျွန်မတို့ ကအာဖရိကကပါတဲ့ ။
I am busy with sleeping!
အင်းးးး ဒီသူငယ်ချင်းကတော့ အခါအားလျော်စွာ gtalk message ကိုပြောင်းလေ့ ရှိတယ်။ ဟာသဥာဏ်တော့ ရှိပုံရတယ် Research အခြေအနေကောင်းသလား မကောင်းဘူးလားကို ခန့် မှန်းကြည့်  လို့ ရတယ်။ စာလုပ်နေရတာကို ဘုရားတရားနဲ့  ထိန်းရင်းနဲ့  အားပေးနေတယ်ထင်တယ်......
သူငယ်ချင်းနံပါတ် (၄)
ရူပါမလန်းလို့ မတူတာမှန်းတယ်လို့ မထင်ပါနဲ့ မူယာမကျွမ်း Qတာမစွမ်းပေမဲ့ မင်းအတွက်ဆို Superman လေးလို စွမ်းဆောင်ပေးမှာပါ..........။
သူငယ်ချင်းနံပါတ် (၅) နဲ့ အခြားဘော်ဘော်များ
လာပါအချစ်ရယ်.. ဆိုက်ကားနင်းမယ်.. ကူလီထမ်းမယ်.. ဘိန်းမုန့်ရောင်းမယ် ကြည်နူးဖွယ်.. ပန်းတောင်းကိုရွက်ကာ ဘုရားပေါ်တက်.. ကန်ဘောင်မှာ အတူတူထိုင်မယ်လာ ဆိုက်ကားပေါ်တက်...
Enthusiasm starts the wheels of the imagination to turning.
ဲJust only one step can reach the goalဒီသူငယ်ချင်း ၂ step လောက်လှမ်းလိုက်ရင် ဘာဖြစ်မလဲ မသိဘူး။
သြော်လူ့ ပြည်လောက လူ့ လောကကားအိုရနာရသေရဦးမည်တကား။
Learn something new daily, to stop learning is to die!
Have a nice day! အမုန်းမရှိတဲ့ ကမ္ဘာကဘော်ဘော်တစ်ယောက်ပါ)
စပိန် မှ စပိန်နော် တစ်ပိန်ပဲရှိတယ် နှစ်ပိန်ရှိရင် ၀အောင်လုပ်ပစ်လိုက်မယ်ကွ
အိစံ (တချို့ မှတ်ထားတွေက ပျောက်ကုန်လို့  ခေါင်းစဉ်ကလည်းဘာပေးရမှန်းမသိလို့  ဟဲဟဲ)
Sunday, June 13, 2010
ရီစရာပြောပြမယ်
ကျောင်းသား တစ်သိုက် လှော်ကားဥယျာဉ်ကို ပျော်ပွဲစားထွက် ပြီး ကစားကြတယ်။ ကစားနည်းလေး က မဲလိပ်လေးတွေမှာ စိတ်တို မျောက်ညို၊ မိုးဒီ မော့ စ်၊ ဗိုလ်အောင်ဒင်နဲ့ 
မမြ၀င်း၊ လီယိုနာဒိုနဲ့ ကိတ်ဝင်းစလက်၊ ဦးကပ်စေးနဲ့ ခင်မောင်သိန်းထွန်းဝင်း ဆိုပြီး အတွဲလေးတွေတွဲထားတယ်။ မဲလိပ်အရ ကိုယ်ကျရာအတွဲကို လက်ဆွဲပြေးရတယ်။ အတွဲမမှားရဘူး။နောက်ဆုံးမှပန်းတိုင်ေ၇ာက်တဲ့ အတွဲ က အားလုံးတောင်းဆိုတာတစ်ခုလုပ်ပေးရမယ်ပေါ့ နော်။ ကျောင်းသားခေါင်းဆောင် က ရွှီခနဲ ခရာမှုတ်တဲ့ အချိန်မှာ အားလုံးကမဲလိပ်ကိုယ်စီပြေးနှိုက်ကြ ပြီး ကိုယ်နဲ့ ကျတဲ့ အတွဲဖော်ကို အမြန်ခေါ်ပြီး ပြေးကြတာ ဗိုလ်အောင်ဒင်နဲ့ မမြ၀င်းအတွဲကျန်ခဲ့ တယ်။
အဲဒီတော့ ပရိတ်သတ်ကြီး ကသူတို့ နှစ်ယောက်ကို ဗိုလ်အောင်ဒင်နဲ့ မမြ၀င်း ရန်ဖြစ်တဲ့ အခန်း
သရုပ်ဆောင်ခိုင်းကြတယ်။ ကောင်မလေးနဲ့ ကောင်လေးကရှက်တော့  တခြားဟာလုပ်ခိုင်း
ဖို့ တောင်းဆိုပေမဲ့ မရဘူး။ မှတ်မိသလောက်ပဲပြောပါဆိုပြီး ၀ိုင်းအော်ကြတယ်။
နောက်ဆုံးတော့ ကောင်လေးလည်းဘာမှမတတ်နိုင်တော့ ဗိုလ်အောင်ဒင်စတိုင်ဖမ်း
ဖို့ ဘောင်းဘီဆွဲတင်လိုက်ကာရှိသေးတယ် ကောင်မလေးကမျက်လုံးပြူးမျက်ဆံပြူးနဲ့ 
မ…….မလုပ်ပါနဲ့ အစ်ကိုကြီးရယ်……ကျွန်မ မမာလို့ ပါ ဆိုပြီး ဗိုလ်အောင်ဒင်ဇာတ်ကားထဲက မမြ၀င်းပြောသလို ပြောချလိုက်တော့ ဝါးခနဲ ပွဲကျသွားတယ်။ ကောင်လေး ကလည်းခေသူမဟုတ်..
ဟားဟားဟား သိပ်ကြောက်သွားသလား မမြ၀င်း…..ဗိုလ်အောင်ဒင် ဘောင်းဘီချွတ်တာ ရေချိုးမလို့ ပါ ……၀ါးခနဲ ပွဲကျသွားပြန်တယ်။
ကောင်မလေး က အို…..ရှင်……ရှင် အရှေ့ မတိုးနဲ့ နော်…ရှင် အရှေ့ ဆက်တိုးရင် ကျွန်မဟိုဟာကြီးနဲ့ ထိုးလိုက်မယ် ဆို တော့ အားလုံးက
ဘယ်ဟာကြီးလဲဗျို့ ……
ကောင်မလေး က အဲ…….ကတ်ကြေး……..ကတ်ကြေး…..
ပွဲကြသွားပြန်တယ်။
အားလုံး ကဗိုလ်အောင်ဒင်ဆက်ပြောပါဗျို့ ဆိုတော့ 
ဟားဟား မမြ၀င်း မင်းကငါ့ ကို ကတ်ကြေးနဲ့ ထိုးမယ်ဟုတ်လား၊ဒီမှာကြည့် စမ်း မမြ၀င်းဒါဘာလဲ….လက်ထဲမှာ ဘာမှမပါတော့ သေနတ်ပုံစံလုပ်ပြတာလေ
အဲဒီတော့ ကောင်မလေး က လက်ညှိုး …..တဲ့ 
အားလုံး က၀ါးခနဲ ရီကြပြန်တယ်။
ကောင်လေး က မှင်ပြန်သတ်လိုက်ပြီး
သေနတ်လုပ်ပါဟနင်ကလည်း……..ဆိုတော့ မှ ကောင်မလး ကအေး…….
.သေနတ်တဲ့ …..ကောင်လေး ကခါးကို ဟန်ပါပါပြန်ထောက်ပြီး…..
အေး မင်းငါ့ ကို ကတ်ကြေးနဲ့ ထိုးမယ်ဟုတ်လား…ဟားဟား ငါ့ ရဲ့ မဟူရာ သေနတ်ထဲ ကငွေရောင် ကျည် ဖူးလေးတွေ မင်းရဲ့ ရင် မှာထာဝရ အကိန်းအောင်းစေချင်ဘူးဆိုရင် မင်းစကားကို သရန် ၊ သရင်၊ သရောလိုက်ပါ…….၀ါးခနဲ ပွဲ ကျသွားတယ်။ အမှန် သူပြောချင်တာက ပြန်ပြင်ပြောလိုက်ပါလို့ ဆိုချင်တာကို လျှာကလိပ်
နေတော့ အဲဒီလိုဖြစ်သွားတယ်။
အားလုံးအူနှိပ်ပြီးရယ်ကြသတည်းးးးးး။
အကြည်တော်ရဲ့  နတ်နေကိုင်းဝတ္ထုထဲက ရီရလို့ ပြန်ပြောပြ၏...ဖတ်ပြီးသားဆိုရင်တော့ ဆောရီးပါရှင့် 
အိစံ