Showing posts with label မွေးနေ့. Show all posts
Showing posts with label မွေးနေ့. Show all posts

Saturday, December 4, 2010

Feeling34

အဲဒီကောင်မလေးပေါ့...ကလေးဘဝအရွယ်ငယ်ငယ်လေးကတည်းက
ကြီးနိုင်ငယ်ညှင်းကိုမကြိုက်....
ဘက်လိုက်တယ်ထင်ရင်..အားနည်းသူကိုဖေးကူ....
ထစ်ကနဲဆို..ဘက်မမေးနဲ့...နဂါးဇာတိပြခဲ့လေတတ်တာ...

ဒီကောင်မလေးပေါ့... လူလားမြောက်လာသည့်တိုင်
ဟန်ဆောင်အသိုင်းအ၀ိုင်းကိုမုန်း....
လောကဝတ်ဆိုတာ..နားမလည်...
ဒါတွေတတ်မှအရာဝင်မယ်ဆို..တော်ပါကွယ်..လို့ကျူးရင့်ခဲ့လေတတ်တာ...

အဲဒီကောင်မလေးပေါ့....အခုတော့..အခုတော့...အသွင်တွေပြောင်း...
နဂါးမလေးလိုလဲ.. အမောက်မထောင်သာ..ရေမြွေအသွင်ပြောင်း အဆင်ပြေလား...အင်း....နေကောင်းလား..အင်း...ပျော်လား...အင်း
တအင်း..အင်းနဲ့...ဟန်ဆောင်မှုမှာ..ပျော်ဝင်..
ရေလိုက်ငါးလိုက်...အလိုက်အထိုက်...။

အဲဒီကောင်မလေးပေါ့...ဒီဇင်ဘာညရဲ့ဟောဒီနေ့လေးတနေ့မှာ
ဟန်ဆောင်မျက်နှာဖုံးကို..အသာချွတ်ပြီး..
ဆန္ဒလေးတခု...ဖွင့်ဟခွင့်ရခဲ့ရင်
ဟောဒီလို..ကျူးရစ်လိုက်ချင်သတဲ့...
....................................................
ခုနှစ်သက္ကရာဇ်တွေက..လူတယောက်ကိုပြောင်းလဲစေခဲ့လေရင်ဖြင့်..
ကျေးဇူးပြုပြီး..ကျေးဇူးပြုပြီး...နာရီလက်တန်ပြောင်းပြန်ရစ်..
ဟိုးးးး...သုံးဆယ်ကျော်ကာလလေးပြန်ရောက်စေချင်လိုက်တာ....

ရုပ်ပုံ..ဂူဂဲ

ဒီဇင်ဘာ ၄ ရက် ပီပီအက်စ်လေး မွေးနေ့

ဒီနေ့ဟာ ပီပီအက်စ်လေးရဲ့ မင်္ဂလာရှိသော မွေးနေ့လေး ဖြစ်ပါတယ်။ စနေသမီးဖြစ်လို့ ဒီနေ့ဟာ တိုက်ဆိုင်စွာ မွေးနေ့နဲ့ မွေးရက် ကွက်တိဖြစ်တဲ့ နေ့လေးပါ။


တစ်ယောက်တည်းလည်း မကြောက်ဖူးလို့ ဂျစ်ကန်ကန်အော်တတ်ပေမယ့် တကယ်တော့ အိစံမပါရင် ဘယ်မှ သိပ်မသွားရဲသူး))

အခုမွေးနေ့မှာလည်း အနားမှာ ဘယ်သူမှမရှိလို့ တစ်ယောက်တည်းပဲ မွေးနေ့ပွဲကို ကျင်းပနေသတဲ့။ (ဆောရီးနော် မွေးနေ့ရက်တွက် မွှားသွားလို့း))




အားလုံးကချစ်ရတဲ့ ပီပီအက်စ်လေး ယနေ့ မင်္ဂလာရှိသော မွေးနေ့မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံပါစေ။ ပညာရေးအပါအ၀င် ကိစ္စ၀ိစ္စအားလုံးမှာ အခက်အခဲအားလုံးကို ကျော်ဖြတ်အနိုင်ယူနိုင်ပါစေ။ ကောင်းသောလိုရာဆန္နအားလုံး ပြည့်ပါစေ။ ဆန္ဒနဲ့ ဘ၀ထပ်တူကျပါစေ။ မိသားစုကို ခင်တွယ်တတ်တဲ့၊ ခင်မင်သူတွေကို သံဃောဇဉ်ကြီးတတ်သူဖြစ်လို့ မိမိခင်မင်သူများနဲ့ သက်ထက်ဆုံး မခွဲမခွာနေရပါစေ။ (အရွယ်မလွန်ခင် အချစ်ကိုလည်း ရှာဖွေတွေ့ရှိပါစေလို့း)))))




မွေးနေ့ပွဲက နေ့လည်ဖြစ်သွားလို့ မွေးနေ့ကိတ်၊ အိုမိုချိ မုန့် ၊ ကော်ဖီလေးတွေနဲ့ပဲ ဧည့်ခံလိုက်ပါတယ်။






ပီပီအက်စ်ကို
အရမ်းချစ်တဲ့..
အမုန်းမရှိတဲ့ ကမ္ဘာသယ်ရင်းများ

Friday, October 8, 2010

အောက်တိုဘာ ၉ ရက် ထားမွေးနေ့

ယနေ့ဟာ အမုန်းမရှိတဲ့ကမ္ဘာမှ အားလုံးချစ်ရတဲ့ ထားရဲ့ မင်္ဂလာရှိသော မွေးနေ့ ဖြစ်ပါတယ်။


MySpaceGraphicsandAnimations.com


ချစ်စွာသောထား ယနေ့မှစပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေ၊
မိသားစုအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ၊
Birthday Clipart

ယခုထက်ပိုပြီး ချမ်းမြေ့သာယာသော ဘ၀ကို ပိုင်ဆိုင်ပါစေ..

MySpaceGraphicsandAnimations.com

Birthday Graphics provided by MySpaceGraphicsandAnimations.com



စီးပွားရေးတွေလည်း ဒီထက် အောင်မြင်ပါစေလို့ ...


MySpaceGraphicsandAnimations.com
သူငယ်ချင်းများ အားလုံးမှ ဆုမွန်ကောင်း တောင်းပါတယ်။
Graphics provided by MySpaceGraphicsandAnimations.com




ထား.မွေးနေ့ကို နွဲံဖို့ ခုန်ပေါက်လာတာဖြစ်ပါတယ်း)))

မွေးနေ့လာ သယ်ရင်းအားလုံးလည်း. ရွှင်လန်းချမ်းမြေ့ပါစေ...

ချစ်တဲ့ အမုန်းမရှိတဲ့ကမ္ဘာ...

(အားလုံးကိုယ်စား အယ်တီတာချုပ်)

Wednesday, July 28, 2010

ဇူလိုင် ၂၈-ရက်နေ့ ဗက်ဆာ မွေးနေ့




ဇူလိုင် ၂၈-ရက်နေ့မှာ ကျရောက်တဲ့ ဗက်ဆာ မွေးနေ့အတွက် အမှတ်တရပါ..။
Happy Birthday to You, Wasser!!!
ပျော်စရာ မွေးနေ့လေးဖြစ်ပါစေ.. ဗက်ဆာ..။
ယနေ့မှစပြီး ပိုမိုပြီး အောင်မြင်တိုးတက်ပါစေ..။ ထာဝရ အစဉ်ချမ်းမြေ့ပါစေ..လို့။

ချစ်တဲ့..
အမုန်းမရှိတဲ့ ကမ္ဘာမှ သူငယ်ချင်းများ (ကိုယ်စား)
လသာည

Wednesday, July 21, 2010

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော မွေးနေ့ လေးတစ်ခုပါ..။



လသာည (ခ) မယ်နု ရဲ့  မွေးနေ့ 

အမှတ်တရလေးရေးပေးချင်တယ်။

ရစေချင်တဲ့ ဆုလဒ်များစွာ
ဖြစ်စေချင်တဲ့ ဆန္ဒများစွာ....နဲ့ ။
ရစေ ...ဖြစ်စေ ဆိုတဲ့ စေ တစ်လုံးပိုင်ရှင်သာ ဖြစ်ခဲ့ရင်
လိုအင်ဆန္ဒတွေ ဖြည့်တင်းပေးချင်ခဲ့။
စေ တစ်လုံးပိုင်ရှင် မဟုတ်ခဲ့ပေမယ့်

ရင်ထဲက သံယောဇဉ်များစွာနဲ့ 

ရင်းနှီးကာ မင်းပျော်ဖို့ ပေးလိုက်မယ်

အရာရာ ပျော်ရွှင်ချမ်းမြေ့ခြင်းအတိနဲ့ 

သတ္တိ၊ ခွန်အားစွမ်းအင်များ
မင်းရင်မှာ အမြဲတည်စေ။
မိဆိုးလေး

အယ်ဒီတာချုပ်၏ ၁၇ နှစ်မြောက်မွေးနေ့ အမှတ်တရ

အယ်ဒီတာချုပ်ရဲ့ ၁၇ နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ချစ်သောခင်ပွန်းနဲ့ သမီးဇူးဇူးလေး တို့အပါအ၀င် နောက်တိုးလေးများနဲ့ ပျော်ရွှင်စွာ လုပ်ချင်တာတွေ လုပ်နိုင်ပါစေလို့ ချစ်ခင်စွာ ဆန္ဒပြုပါသည်။

(အယ်ဒီတာချုပ်နဲ့ ပါတ်သတ်ပြီး အမှတ်တရတွေ အများကြီး ရေးချင်သေးတယ်။ ဦးနှောက်က အပူလောင်ပြီး ဟန်းနေတာနဲ့။)
ကော်မန့်တွေ ပြီးရင် စုပြီးဒီထဲ ထည့်ထားမယ်။ အမှတ်တရပေါ့။ အမှတ်တရ ရေးချင်သူများရှိလဲ ဒီထဲမှာပဲ လာဆက်ရေးကြပါရှင့်။


Myspace Graphics

အော်...ဒီနေ့...ချစ်ရတဲ့ခိုင်လေးမွေးနေ့..ကိုယ်အလုပ်ကအပြန်..
အမြန်ဆုံးနည်းနဲ့..ပန်ကန်လုံးစီးပြီး..ဟောဒီလို..မွေးနေ့ကိတ်ကို..
မောင်..လာပို့နေတာနော်


(11:50pm)



Myspace Graphics


ဟူး..အချိန်မှီကောင်းပါရဲ့..ခိုင်ရေ..မောင်လာပြီ...
ကဲကဲ..အချိန်နောက်ကျသွားမှာကြောက်လို့..မောင်ကိုယ်တိုင်..
မွေးနေ့ဖယောင်းတိုင်..မှုတ်ပေးမယ်..ဖူး..ဖူး...



Myspace Graphics


အော်..ကဲပါ..နားနားနေနေ..နေပါ..
ခိုင်ကိုယ်တိုင်ပဲ..ဟောဒီလို..အဟီးးးးး))))



Myspace Graphics


အိုး..ဝိုး...တော်ပါသေးရဲ့..Happy Belated Birthdayမဖြစ်တော့လို့....;p
(11:59pm, 21-07-2010)



Myspace Graphics


(ပြုံးတော်မူဖို့..ပုံစီတယ်..ဂူဂယ်ကကွယ်..း)



Myspace Graphics





Thursday, May 13, 2010

May 14-အိစံ မွေးနေ့



I’m so blessed to have a friend like u.
This comes with many
Loving thoughts & warm wishes
I send to you,
May your day be filled with laughter.
On this your special day,
May the finest things
In life always come your way.
Happy birthday!!!