Thursday, March 24, 2011

မင်း ဘာကို မစောင့် နိုင်တာလဲ

မီးတို့ အိမ်မှာက ဖော်ဝပ်မေးလ်က စာ မတင်ရဖူးလို့ အယ်ချုပ်က ပြောမထားတော့ မီးက ဒါမျိုးတွေ လုပ်လိုက်တယ်။
ဖော်ဝပ်မေးလ်ထဲက။ ကြိုက်တာနဲ့။ ရေးသူက ဘုန်းဘုန်း တစ်ပါး။

ကဲ-- ကဲ။ ဘွဲ့ရဖို့ ကြိုးစားရင် စောင့်မယ်ရှင့်။
------------------------------
မင်း ဘာကို မစောင့် နိုင်တာလဲ

ဒီလောကမှာ
မင်းအမြဲနိုင်နေရင်
စည်း အပြင်ကလူ ဖြစ်သွားမှာပေါ့ ။

မင်းအမြဲရှုံးနေရင်လည်း
ပြန်သုံးသပ်... မပြိုင်နဲ့ ဦး။

အမုန်းတွေချည်နှောင်မထားပါနဲ.
အထုံးတွေဖြေ
မင်းတုံးသေးလို့ ဖြစ်တဲ့ ကိစ္စ
ဆက်သင်လိုက်ဦး။

အနိုင်နဲ့ အရှုံးဟာ
နေ့ နဲ့ ညလိုပါပဲ
မင်း ဘာကိုခံပြင်းနေလဲ။
နေ့ ပြီးရင် ညလာမယ်
ညပြီးရင် နေ့ လာမယ်
ဒါပဲလေ လောက။
မင်း ဘာကိုမစောင့်နိုင်တာလဲ။ ။

ဦးကောဝိဒ
( ၀စီပိတ်ဆရာတော် )

7 comments:

Anonymous said...

မလတ်ရေ ဘွဲ့ ရဖို့ုကိးစားရင်းဘာကိုစောင့် မလို့ လဲ

အိစံ

မီးငယ်လေး said...

ငလျင်ဒဏ်ခံရပြီးတဲ့နောက် ဒီနေ့မှ ဘလော့ကို ပထမဆုံးရောက်လာဖြစ်တဲ့ ပြည်တော်မပြန်ရသေးတဲ့ မီးငယ်လေးပါ
အဆင်မပြေတာတွေရော အဆင်ပြေတာတွေရော.ဘယ်သူ့ကိုမှလဲ အပြစ်မတင်လိုတော့ပါ။
မလတ်ရေ...ဘာကို မစောင့်နိုင်တာလဲဟင်။။
စိတ်ပူပေးကြတဲ့ ချစ်သူငယ်ချင်းများ ကျေးဇူးတင်ပါတယ်။
၃၁ရက်ကျမှ အယ်ချုပ်နဲ့အတူတူပြန်မှာ..တာ့တာ့

Wasser said...

ဟီး။ ရွှေအိကြီး။ ဘွဲ့ရဖို့ ကြိုးစားရင်း ဘာကို စောင့်မှာလဲ မတိဘူးနော်။ --- ဘာလို့ အဲတုန်းက အဲလို ရေးလိုက်ပါလိမ့်။
ရွှေအိကြီး။ တို့ တော့ ပျင်းပြီနော်။ မယ်ပီ ကြီးကို ဘလော့ဂ်လာဖို့ ဆွဲဆောင်ပါဦး။

အော်။ မီးငယ်လေးရယ်။ ဘွဲ့ကြီး ပိုက်ပြီးမှတော့ ပြန်သာ ပြန်ပါ ရွှေဟသာင်္ရယ်။ ဒီက ပြန်ချင်ပေမဲ့ ဘွဲ့မပိုက်နိုင်သေးလို့ပါ။
ဘွဲ့လေးများ လက်ဝယ်ပိုက်မိတာနဲ့ ဘယ်သူမှ မတားကြနဲ့။ မီးလဲ ပြန်မယ်ပဲ။ -- ညှင်းညှင်း။

ရွှေအိ said...

မလတ်ရေ

ဘာမှန်ူမသိဘူးဆိုတောတော့ ယုံဘူးး))

တစ်ခုခုတော့ တစ်ခုခုပဲ

အခုနည်းနည်းအလုပ်ရှုပ်နေလို့  လာမှာပါ
မပျင်းနဲ့ မလတ် မယ်ပီနဲ့ အိတို့ ရှိပါတယ်လေ။။။။

လသာစိုးစံ said...

ဟိတ်..
နာသိသလောက်ပြောမယ်..
တစ်နေ့ တစ်နေ့... ၂၄ နာရီပြည့်အောင် စောင့်ရတာကို စက်ဆုပ်
ထမင်းနှစ်ခါတောင် စားနေရတာကို
အလုပ်ရှုပ်တယ်လို့ ထင်တဲ့သူ...။
အဲဒီ သယ်ရင်းးမလေးပေါ့ !!!

သူမရဲ့ အင်္ကျီလက်ရှည်အဖျားတွေကိုတောင်
အောင်အောင်မြင်မြင် မခေါက်တင်တတ်
ကြောင်ကလေးတစ်ကောင်ကို အ၀တ်ပတ်သလို
ဖိုသီဖတ်သီ နေထိုင်
(သူမ ကိုယ်တိုင်က...)
“ဘ၀”ကို ကြယ်သီးအပြည့်တပ်ပြီး ၀တ်ဆင်ရာမှာ
ကျဉ်းကျပ်တယ်လို့ ထင်တဲ့သူ။
သူမရဲ့ ဘ၀မှာ...
အချစ်ဆိုတာ ဘယ်ရှိနိုင်မလဲ !!!

မြို့ထဲက ပလက်ဖောင်းတွေပေါ်မှာ
လမ်းလျှောက်တဲ့ အခါမျိုးတောင်မှ
မျက်နှာချင်းဆိုင်က လာတဲ့သူတွေကို ရှောင်...ရှောင်ပေးရတာ
(သူမဘက်က) လိုအပ်တာထက် ပိုကျဆုံး
အတ္တတွေ ဘုန်းနိမ့်ကုန်ပြီလို့ ထင်တဲ့ မိန်းမ...။
မျက်နှာပေါ် ဆံပင်တွေ ၀ဲကျ
အဲဒီ ဖရိုဖရဲလေးပေါ့...။

(သူမက ခေါင်းဖီးရတာကို အလုပ်ပိုလို့ထင်တယ်)
“ကမ္ဘာမြေဆွဲငင်အားရှိမှတော့
ဆံပင်တွေ အောက်ကိုကျနေတာ
ဘာ မကျေနပ်စရာ ရှိသလဲ” လို့လည်း မေးရဲ့။
အဲဒီ သယ်ရင်းးမလေးပေါ့ !!!

အယ်ချူပ် said...

ဟဲဟဲ..
ကဗျာကို မင်းခိုက်စိုးစံကဗျာကို အသုံးချပြီး တင်ပြသွား၏..

စံပယ်ချို said...

ဘ၀မှာဘာကိုပဲလိုချင် လိုချင်
စောင့်စားခြင်းဆိုတဲ့အရာကတော့
လုပ်ကိုလုပ်ရမှာပဲ....