Friday, October 1, 2010

သူငယ်ချင်းများအတွက်

သူငယ်ချင်းကောင်း ယောင်းမတို့ရေ။

 ပြန်တွေးကြည့်တော့ ဒီဘလော့ဂ်လေးကို ဗက်ဆာခင် ကျေးဇူးတင်ရတယ်။

အစလုပ်ပေးတဲ့ လသာညကိုရော..။
ဝိုင်းပြီး အားပေးကြတဲ့ သူငယ်ချင်းတွေကိုရော..။
ပူဆာရင် ပုံပြောပြတတ်သူပီပီ..။
အချာကဗျစ် အချစ်ကဗျာတွေ တင်တတ်တဲ့ မိဆိုးလေး...။
မြင်ရ ကြားရ ဖတ်ရသမျှ မှာ စိတ်အေးချမ်းစရာ ဖြစ်ရတဲ့ ရွှေအိကြီး..။
ဓါတ်ပုံလေးတွေနဲ့ ခရီးသွားမှတ်တမ်းလေးတွေ တင်ပေးတတ်တဲ့ မီးငယ်လေး..။
အမြဲ ၀င်လာအားပေးတတ်တဲ့ ချစ်တဲ့ထား...။
ဗက်ဆာ စကားများသမျှ ဟုတ်သော်ရှိ မဟုတ်သော်ရှိ နားထောင်ပေးကြတဲ့ သူများ အားလုံးကို...
ကျေးဇူးတင်ရပါတယ်။

တကယ်ကို စိတ်လက်ပေါ့ပါးရပါတယ်။ ၀င်လာချောင်းကြည့်လိုက်။ ပြန်ထွက်လိုက်။ သူများစာတင်ထားရင် ၀င်မန့်လိုက်နဲ့...။

စာသင်နှစ် အကုန်မှာ မပြန်နိုင်သေးမဲ့ သူ တစ်ယောက်ကတော့ မနေ့က သုံးနာရီတိတိ အပူအတိုက်ခံရတယ်။ Extension ကိစ္စအတွက်လဲ ဆွေးနွေးခံရရင်းနဲ့ပေါ့။ ဘွဲ့မရမချင်း လူမှုရေးတွေ အားလုံးဖြတ်တော့မယ် စိတ်ကူးလိုက်တယ်။ ဖေ့စ်ဘွတ် ဓါတ်ပုံတင်တာကလွဲလို့ပေါ့လေ။ အဲဒေါ့ ကာ----- ဗက်ဆာခင်တစ်ယောက် အလာကျဲ ပါမည်လို့။ အင်တာနက်ကိုရော ကွန်ပြူတာကို ပါ နဲနဲ ဖြတ်မလားအောင့်မေ့တယ်။

( အဲဂလိုပြောပြီး ဘလော့ဂ်ကို ၀င်ကြည့်တော့ စီဘောက်မှာ လဲတညားတို့ မိဆိုးတို့ ရွှေအိတို့ ဒီလိုတွေ ဇတ်တိုက်နေချင်တော့ မီးက ပါချင်လာပြန်ရော။ :D :D (အိမ်သာသွားပါလားလို့ မပြောရန်။) )

အော်----- ဘ၀။ ဘ၀။
-------------------------------------------------
30 Sep 10, 00:04
မိဆိုးလေး-၊    ။ : လတာည မယ်အိ မယ်ပီ မယ်မီး မယ်လတ် ထား အားလုံး သတိရလျှက်ပါ

လသာည-၊    ။ အိုဟိုင်းရိုး.....ဒီနေ့ကတော့ ဌက်သံလေးတွေနဲ့ သာယာလှပေတယ် အမယ်မင်းများ (ဖလားလို့ထူးစေ..) ဒါကြောင့် ငါကိုယ်တော်မြတ် ကျောင်းတော်ကိုကြွချီတော်မူမယ် စည်တော်ယွင်းစေဗျား :122:

လသာည-၊    ။: မသွားခင် အမှာတော်ပါးချင်တာလေးက ရှိသေး..။ အမယ်မင်းများ.သံဃောဇဉ်ဆိုတာ ဌက်ပျောအူလို အမျှင်တန်းတာတူပေမယ့် ဌက်ပျောအူလို့ စားလို့မကောင်းဘူးလကွဲ. :112:

လသာည-၊    ။: သဟာကြောင့် ဌ့က်ပျောအူလည်းမစားနဲ့ သံဃောဇဉ်လည်းမထားနဲ့လို့ အဆိုရှိတယ်မို့လား ကွယ်တို့။ အဲ..ဘယ်သူဆိုတာလဲဆိုတော့ ငါကိုယ်တော်မြတ်ပဲဆိုတာပါ :15:

လသာည-၊    ။: အဲ့သဟာကြောင့် ယနေ့မှစပြီး ငါကိုယ်တော်မြတ် ရှိတယ်တွေ အကုန်ဖြတ်မယ် မတားကြနဲ့တော့ အမယ်မင်းများ (ဆံပင်အစရှိသည် ပြောတာပါ ဟီး)

အိစံ-၊    ။: မလတ်ရေ လသာညနဲ့ မိဆိုးလေး ကို အမှန်တွေသွားသွား မပြောပါနဲ့ ..

အိစ-၊    ။ံ: လသာည ရေ စည်တော်ယွင်း ပေးလိုက်တယ် ကျောင်းကို ဖြောင့် ဖြောင့် တန်းတန်းကြွချီလို့ ရအောင် လို့ ....
အိစံ-၊    ။: မိဆိုးလေး မမမြိုင် မလတ် မထား ပီပီ –:59:

မိဆိုးလေး-၊    ။: 論文、毎週ゼミ、予備審査、中間発表、学位論文、学会、公開発表。。。。ဟေးဟေး စာရင်းချရေးကြည့်တာပါ

မိဆိုးလေး-၊    ။: ပျော်စရာကြီး လုပ်စရာတွေအများကြီးပဲ အချိန်ဘယ်လို ကုန်လို့  ကုန်မှန်းတောင် သိမှာ မဟုတ်တော့ဘူး ခွိခွိ

မိဆိုးလေး-၊    ။: အားလုံးသော ချစ်သူငယ်ချင်းများ ဆောင်းဦးနဲ့ အတူ ကျန်းမာပျော်ရွှင်စွာ ပညာဆည်းပူးနိုင်ကြပါစေ ဆုမွန်ချွေလျှက်:59:

လသာည-၊    ။: အိမ်း.. ကောင်းပေတယ် အမယ်မင်း ကောင်းပေတယ်.. ငါကိုယ်တော်မြတ်တော့ အိစံရဲ့စည်တော်နဲ့ကျောင်းကိုကဆုန်ဆိုင်းပြေးတာ..

လသာည-၊    ။: ဆန်ဆေးဘုရားနဲ့ တည့်တည်းတိုးခဲ့ရလို့ အခု ဆင်မယဉ်သာ ပြန်ကြွတော်မူခဲ့ရတယ်ဗျား.. :122:

လသာည-၊    ။: ကိုတင်မိုးလွင်တော့ မြန်မာပြည်ရောက်သွားလောက်ပြီ။ .. မကြာတော့ပါဘူး နောက်ထပ် ရက်ပေါင်း တစ်ရာရှစ်ဆယ်ကျော်ပြီးရင် ပြန်တော့မယ်တာ့တာလုပ်ရမယ်း))

လသာည-၊    ။: ကဲပျော်ပျော်ပါးပါးနဲ့ တနေ့တာကို စရအောင် ဒီသီချင်းလေးကလစ်ပြီး နားထောင်လိုက်ပါဦး..  ဂျနယ်

အိစံ-၊    ။: လသာညနဲ့ မိဆိုးလေး ဇာတ်ထုပ်ခင်းဖို့ စခန်းသွင်းလေ့ ကျင့် နေကြတာလား

အိစ-၊    ။ံ: ဘော်ဘော်အားလုံး ကွန်နီချီဝ..

မိဆိုးလေး-၊    ။: ကွန်နိချိဝ မင်းနစံ လတာည သီချင်း ကောင်းသဗျားးးးးးးးးးး

meengelay-၊    ။: :20: :54:

meengelay-၊    ။: ဘော်ဘော်အားလုံး ကွန်နီချီဝ

လသာည-၊    ။: မီးငယ်လေး ဘာဖစ်။ စိတ်လျော့စိတ်လျော့..။ လာကော်ဖီသောက်  ။

လသာည-၊    ။: အိစံရေ ဟုတ်တယ်ရော် အိစံက မင်္ဂလာဆောင်ကျရင် ပွဲဌားမယ်ဆိုလို့ မိဆိုးလေးနဲ့ အခုထဲက နှစ်ရှည်စီမံကိန်းနဲ့ ဇာတ်တိုက်နေရတား))

မိဆိုးလေး-၊    ။: Konnichiwa

မိဆိုးလေး-၊    ။: Have a nice friday...

အိစံ-၊    ။: လသာညနဲ့ မိဆိုးလေးရေ စိတ်ချ ငှားမယ် ဖြည့် ဖြည်းတိုက် အလောသုံးဆယ် မဆောင်သေးဘူး

အိစံ-၊    ။: မီးငယ်လေး ကြိုးစားထား

အိစံ:-၊    ။ လသာည နေကောင်းရဲ့ လား


4 comments:

Anonymous said...

ငါ ငိုလိုက်မှာနော် အဟင့် (--း)

လသာည ကလည်း အားလုံးကို ကျေးဇူးတင်ပါတယ်။ မအားတဲ့ကြားကပဲ လာရောက်နှုတ်ဆက်နေကြတာလေးတွေက တကယ်ချစ်ဖို့ကောင်းလို့ပါ။

အခုချိန်ထိ လသာည လျှောက်လုပ်သမျှ တခွန်းတလေမျှ မငြူမစူနေတာလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။

ဒီလိုသူငယ်ချင်းတွေ ရှိလို့လည်း အခက်အခဲတွေကြားမှာ စိတ်ဓါတ်မကျသွားတာ ဖြစ်မှာလို့ အမြဲတွေးမိပါတယ်။

အားလုံးပဲ လိုရာပန်းတိုင်ကို အဆင်ပြေချောမွေ့စွာ ရောက်နိုင်ကြပါစေ..လို့

လသာည

Wasser said...

တီချင်းကို ခုမှပြန်ကြည့်ဖြစ်တယ်။ သက်ပြင်းချခဲ့ရတယ်။
-----------------------------
--------------------------
----------------------
စကားတွေ များချင်တယ်။

အိစံ said...

မလတ်ရေ .........

ဒီပို့ စ်လေးအတွက်ကျေးဇူး

မီးငယ်လေး said...

သီချင်းလေးနားထောင်သွားတယ်
မလတ်ရေ...
အော်...ဘ၀..ဘဝ