Sunday, June 27, 2010

ပျက်သောအိတ်နှင့် Sichuan Pepper

အဟောင်းတွေ ပြန်ဖတ်မိတော့ pps မန့်ထားတာ တွေ့ရော။

ရပစ်ဖြုတ်နည်း မသိပါတဲ့။ PPS အိတ်လဲ ပျက်နေပါသတဲ့။
Sichuan Pepper မသိပါတဲ့။ အယ်ဒီတာ ချုပ်ကလဲ ပြောဖူးတယ်။ အဲဒီ ပက်ပါကို။

ကဲ။ မမ တို့ အမုန်းမရှိတဲ့ ကမ္ဘာကနေ ဖြေဆိုပေးတွားပါမယ်တွယ်။

၁။ PPS အိတ်လဲ ပျက်နေပါသတဲ့။
.... ဗက်ဆာတော့ ၀ယ်တဲ့ ဆိုင် ဒိုင်အဲ ကိုသွားပြီး မေးတော့
အိတ်ယူလာပါတဲ့။ ပြန်ပြင်ပေးပါမယ်တဲ့။ (လက်ခတော့ အရင်မေးရမယ်။) ဘောက်ချာ
မရှိလဲ ရပါသတဲ့။ ...

၂။ Sichuan Pepper 四川 花椒

တရုတ်အမည်။ ၀ှားကျောင်း။ 花椒 Hua Jiao
ဂျပန်အမည်။ စန်းရှော။ 山椒 San Shou


ဂျပန်ပြည်၏ စန်းရှော


တလုပ်ပြည်၏ ၀ှားကျောင်း။

စန်းရှောနှင့် ၀ှားကျောင်းမှာ စိုခြင်းနှင့် ခြောက်ခြင်း ကွာပါသည်။

ခု ရာသီက ဂျပန်မှာ စန်းရှောစေ့ အစိမ်း လေးတွေကို ဗူးလေး တွေနဲ့ ထည့်ပြီး စူပါတွေ မှာ ရောင်းနေချိန်ပေါ့။ ယန်း ၁၅၀ လောက် ပုံမှန်ပါ။
နယ်ဆိုင်လေးတွေဆို ၁၀၀ လောက်နဲ့ ရတတ်ပါသေး။

အရသာက ပရုတ်စေ့လေးတွေလိုပါပဲ။... ပရုတ်ဆိုတာ ဆေးထဲ ထည့်တဲ့ ပရုတ် အရသာမျိုးပါ။ ပူထုံသွားစေပါတယ်။ သံပုရာ နံ့လေး သင်းပါသည်။
Sichuan Pepper ဆိုပြီး ၀ီကီကို ကြည့်နိုင်ပါတယ်။ အကျယ်သိချင်ပါက မိဆိုးလေးကို ပူဆာနိုင်ပါတယ်။ သူမတော့ ဆေးဖက် ၀င်မှုတွေ ဘာတွေ ကို အသေးစိတ် ပြောနိုင်လိ့မ်မယ် ထင်တယ်။ တန်ဆေး လွန်ဘေးလို့တော့ ထင်ပါတယ်။ Toxic ဆိုတဲ့ စကားလုံးလေး တွေ့မိတာရယ်။ Dosage က ၆ ဂရမ် ဆိုတာကို တွေမိလို့ပါ။ ပျို့ခြင်း၊ အန်ခြင်း။ ... ဘာညာတွေလဲ တွေ့ခဲ့ပါသေး။ တရုတ်ဆေးကျမ်း အလိုအရဆိုရင်။... (အင်္ဂလိပ်လို ရေးထားလို့ပါနော့။)

စိတ်ကြီးတဲ့ ဗက်ဆာက အများကြီး ၀ယ်ပြီး နဲနဲ လှော်ကာ ရေခဲသေတ္တာမှာ Froze ထားလိုက်ပါတယ်။ ငရုတ်သီးစိမ်းများနှင့် အတူပေါ့။

ဝှားကျောင်းက တရုတ်ဆိုင်တွေမှာ အခြောက်ရတတ်ပါတယ်။ အဲဒါလဲ အပူအစပ် အမွှေးအကြိုင် အလွန် ကြိုက်တဲ့
ဗက်ဆာခင်က ၀ယ်ထားပါတယ်။

သုံးစွဲပုံ။
၁။ ဂျပန်ချက်နည်းတစ်နည်း။ ငါးဟင်းထဲ ထည့်ပါသတဲ့။ အနံ့အတွက်တဲ့။ သူတို့က မစားပါတဲ့။ ဗက်ဆာက စပ်ဖို့ဆိုတော့ စားပါသည်။

၂။ တရုတ်သုံးနည်း။
စီချွမ်းဟင်းထဲမတော့ ငရုတ်သီးနဲ့ အတူ အကုန်ပါတာပဲ။ ... တစ်ပါတ်လောက်တော့ ကသိကအောက် ဖြစ်ရတယ်။ နောက်တော့ ကြိုက်သွားရော။.. ကြိုက်သွားတော့
ရေခဲသေတ္တာလဲ ကျပ်ရောပဲ။
၁။ ခေါက်ဆွဲ အစပ်ပြုတ်ထဲ ထည့်ပါသည်။ (စားလို့ မတတ်သေးပါ။)
၂။ ထမင်းကြော်ထဲ ထည့်ပါသည်။ (အသားနဲ့ အတူ ညိုတဲ့ အထိ ကြော်လိုက်ရင်... ရှလွတ်။..)
၃။ အသားကို ပါးပါးလှီး။ မီးပြင်းလေးနဲ့ ကြော်။ အသားကျက်ခါစမှာ အဲဒီ အစိမ်းလုံးတွေ ထည့်။ အသား လေး အပေါ်ယံ ညိုတဲ့ အထိ ဆီနဲနဲနဲ့ မီးပြင်းတိုက်ပါသည်။
ဆီ နည်းပါရှင့်။ အဲဒါကို ပုလင်းထဲ ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါသည်။. .. ထမင်းကြော်ထဲ ဖြူးစား။ ဂွတ်ရှယ်။

... စားခါစ ခံစားရ နဲနဲ ခက်ပါသည်။ Enjoy ဖြစ်သွားပါက တော်တော် ပျော်စရာကောင်းပါသည်။ ....

စားလို့ တတ်သွားရင် အော်တို ကိုယ့်ဟင်းတွေထဲ လျှောက်ထည့် မိနေမှာ ဆိုတော့ကာ ... ပြောမနေတော့ပါဘူး။....

5 comments:

လသာည said...

စားစရာ အကြောင်းတွေ အခုလို တင်ပေးတာ ကျေးဇူး အများကြီး အများကြီး တင်ပါတယ် =))

Anonymous said...

လသာညရဲ့ ဗက်ဆာခင်ဘက်စုံတော်၏ဆိုတာကိုထောက်ခံတယ်


စိတ်ဝင်စားစရာပဲ စန်းရှောကိုမမြင်ဖူးသေးဘူး


အိစံ

ထား said...

ဗဟုသုတ ရပါ၏။ ကျေးဇူးစ်ပါနော်။

ချစ်တဲ့

ထား

မိဆိုးလေး said...

ဗဟုသုတ ဟင်းလေးအိုး ဗက်ဆာခင်အားကျေးဇူး အထူးတင်ရှိပါ၏။
မိဆိုးလေး သည်ဆေးဘက်ဝင်အပင်များအကြောင်းကား
စာအုပ်ကြီးထဲတွင်ကျန်ရှိခဲ့၏။ :P
ယခုအချိန်တွင် အပင်များရွှေ့သတ်(အဲ ရွှေ့ စိုက်တတ်ရုံမှ)တစ်ပါး မသိပါ။ နောက်ကြုံကြိုက်သည့်အခါရွှေ့ သတ် ထားသော အပင်လေးများအကြောင်း တင်ဆက်ပါဦးမည်..။ခွိခွိ
စနေ၊ တနင်္ဂဂနွေနေ့ များကပင် နှင်းဆီပင်လေး၂ ပင် နှင့် ဇီဇဝါပင်လေး(မြန်မာပြည်အလွမ်းပြေ)ဝယ်ခဲ့သေးသည်။ မည့်သည့်အချိန် ခြောက်ပြီး သွားဦးမည်မသိ မသိ မသိ..။:D

pps said...

အိတ်အကြောင်း..တခုတ်တရပို့စ်တင်ပေးတာ..
မှတ်မှတ်ရရရှိတာ..ကျေးဇူးပါ..အမလတ်ရေ..း)))))

ပီပီအိတ်က..ဘော့ဒ်အင်ဘားမား...အဟီး..
ဒီကိုကိုယ်နဲ့အတူ..ပါလာတဲ့အိတ်..ဘီးမကောင်း
တော့ပေမဲ့..လွှတ်မပြစ်ရက်ဘူး..
အော်..သံယောဇဉ်များ..း(

ဒီတခေါက်ပြန်ရင်တော့..သယ်သွားပြီး..ထားခဲ့ရစ်တော့မယ်..