Saturday, June 26, 2010

နှစ်ပါတ်စာ ပန်း

ပြန်ကြည့်တော့ ပြီးခဲ့တဲ့ အပါတ်က ထိုးခဲ့တဲ့ ထဲမှာ အရွက်သီးသန့် ထိုးခြင်း ဆိုတာနဲ့ ထောင့်ပေါင်းစုံမှ ကြည့်ရှုရန် ထိုးနည်း ၂အိုးပုံက လူပြလို့ မရဘူး။ မလှဘူးရယ်။ အတွေ့အကြုံပေါ့လေ။ နောက်ဆို သတိထားရမယ်။

သင်တန်းမှာ ထိုးပြီး အဆောင်ပြန်ပြီး ပါလာမှာ ထိုးတာတွေပါ ပါတော့ ကာ... အနည်းငယ် သီးခံပြီး အကြွားခံပေးကြပါရန်။
(ဒီလိုပေါ့လေ.... သည်းခံပြီး ကြည့်ရတော့တာပေါ့။... အဟမ်းဟမ်း။ လတာည အရင်ကြိုပြောထားမည်။)


ပန်းအရောင်နှင့် ပန်းအိုးရောင် ကိုက်ပြီး ထိုးခြင်း။ (ပန်းက နီနေသောကြောင့် ပန်းအိုးအနီကို ရွေးရပါသည်။ ဗက်ဆာက အနီကို တကယ်တော့ ကြည့်တောင် မကြည့်ချင်ပါ။)

အောက်ဘက်မှ ပင့်ကြည့်နိုင်ရန် ချိတ်ဆွဲရသော ပန်းများအတွက် ထိုးခြင်း။ (ချိတ်စရာမရှိလို့ စင်ပေါ်ပဲ တင်လိုက်ရပါတယ်။)

ပန်းအိုးပုံစံပေါ်မူတည်ပြီး ထိုးခြင်း။

အဆောင်ကပန်းမို့ ထိုးချင်သလို ထိုးခြင်း။ ၁။

အဆောင်ကပန်းမို့ ထိုးခြင်သလို ထိုးခြင်း။ ၂။

ပန်းအိုးရှည်နှစ်လုံး ယှဉ်တွဲထိုးခြင်း။

ပန်းသီးသန့် ထိုးခြင်း။

ပန်းနဲ့ ဘာမှတော့ ဆိုင်ပါဘူး။ မွန်ဂိုလီးယန်းသူငယ်ချင်းမ ကလေးလေး ။ ချစ်လို့။ ငါးလတဲ့။.... နော့။ ချစ်စရာ။ သို့သော် ကလေးက ဈေးကြီးသည်။ မွန်ဂိုလီးယန်း သူငယ်ချင်းမတော့ အိမ်ထဲ စုန်းစုန်းမြုပ်သွားတော့တာပဲ။ .... ကလေးကို ငါးလမှာ သူမ သချာင်္သင်ပေးနေပြီ။ သူငယ်ချင်းမ ၀ါသနာက သချာင်္ ဖြစ်သည်။ အလကားနေရင်း သချာင်္ သင်တန်းတွေ လိုက်တက်နေလေသည်။ ကလေး သချာင်္ သင်နည်းကို ဗက်ဆာ့ကို ပြပါလို့ ပူဆာ လို့ သူငယ်ချင်းမက ပြသည်။ How smart your baby is ? (ထင်ရတာပဲ) ဆိုတဲ့ စာအုပ်ကို ဂျပန်လို ပြန်ထားတာကို ကြည့်ပြီး သူငယ်ချင်းမ က အလုပ်တွေ ရှုပ်နေလေသည်။ တစ်နေ့ ငါးကြိမ် သချာင်္ သင်သည်တဲ့။ ဗက်ဆာ့ကို ပါ သင်ခိုင်းရ ကောင်းမည်ထင်သည်။ သချာင်္ အလွန်ညံ့သော ဗက်ဆာမ ဖြစ်သော ကြောင့် ဖြစ်ပါသည်။

7 comments:

pps said...

ပန်းအိုးအနီ နဲ့ရယ်...ပန်းရောင်နှင်းဆီနဲ့ရယ်
ထိုးချင်သလိုထိုးထားတာဆိုပေမယ့်..
ကြိုက်သည်။း)

လသာည said...

ပန်းလေးတွေ လှလှချည်လား..

ဗက်ဆာ... သူ...ငယ်...ချင်...မင်းမိုလို့ ချစ်လို့ တိုးတိုးတိတ်တိတ်..ငါ....ပြော..မယ်။
နေရာတိုင်းမှာ တအားတော်အောင် မလုပ်နဲ့ ၊ ရာသက်ပန် အနီအသင်းဝင် ဖြစ်သွားမယ်။
(မင်းမိုလို့ ချစ်လို့ တိုးတိုးတိတ်တိတ် သတိပေးတာနော်၊၊ ဟိုကောင်တွေတောင် သတိပေးတာ မဟုတ်ဖူး.. ခြစ်လို့ ခြစ်လို့းDDD

(လောလောဆယ် ငါ့ဖို့ ပန်းအိုးတစ်အိုးလောက်)ဟိဟိ

ထား said...

ပန်းအိုးလေးတွေကလဲ လှ......
ကလေးလေးကလဲ ချစ်စရာ....

ချစ်တဲ့

ထား

ဗက်ဆ said...

pps...
အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ :D :D :D ဂျပန်မလေး တစ်ယောက်ကလဲ လာပြောတယ်။ အဲဒါက လှတယ်တဲ့။ အနီက ဗက်ဆာက ကြောက်တာနဲ့ ရဲရဲကို မကြည့်ဖူး။ ၀ိုင်ခွက်တွေကတော့ ဘယ်လိုလုပ်လုပ် အမြဲလှနေတယ် ထင်တာပဲ။.. ကျေးဇူးနော်။ ကြိုးစားပါမည်။

လဲတညား။
မီးမီး ဘယ်ဒေါ့မှ တော်အောင်မလုပ်တာ ချိပါ့။ (ဘယ်တော့မှလဲ ကောင်းလာမှာမဟုတ်လို့။.. :D :D :D ) သချာင်္ (ပိုက်ဆံတွက်ခြင်း) နှင့် လူမှုရေး။... :D :D :D :D ဒေ၀ါလီခံထားပါသည်။

ထားညီမ...
အားပေးတာ ကျူးဇေး။ ကျေးဇူး။နော့ ။ ထားညီမ။... :D :D

Anonymous said...

လသာညရေဗက်ဆာက မုကားရလို့  မိုက်ကိုင်ပြောပါတဲ့ ...

ဘက်စုံကိုတော်ပါလားမလတ်ရဲ့ ....

အိစံတို့ နဲ့ ကွာလိုက်တာ။ ပန်းခြင်းလေးကြိုက်တယ်။
ကလေးလေးလည်းချစ်တယ်။

မိဆိုးလေး said...

အားလုံးကြိုက် အနီကလွဲလို့ ။ လှတော့လှတယ်။ မိဆိုးလေးလဲအနီမကြိုက်..။

ဗက်ဆာ said...

အားပေးကြတဲ့ သယ်ရင်းများ အားလုံး ကျေးဇူး။ ... :D :D