Monday, June 28, 2010

ဇီးသီး လ္ဘက်သုပ်

မအားဘူး ပြောပြီး ဗက်ဆာချည်း ဆက်တိုက် စွတ်တင်နေလို့ ဦးဆိုးစုဂိလို့ မပြောနဲ့ဦးလို့။ အယ်ဒီတာ ချုပ်ကို တင်မယ် ပြောထားတဲ့ ပို့စ်ကို အချိန်လွန်မှ တင်ရင် မေတ္တာ အပို့ခံ နေရမစိုးလို့။

ဇီးသီးစိမ်း တုံးမှ ဇီးသီးစိမ်း လ္ဘက်သုပ်ကို တင်ရင် မင်းနစံက မေတ္တာပို့မှာပဲလေ။ နော့။

တရုတ်ဇီးသီးစိမ်းများ။

တရုတ် ဇီးသီးစိမ်း(Plum,プラム) ကို ဇီးသီးမှည့်နဲ့ မှား ၀ယ်မိတော့ ဇီးသီးချဉ်တွေ စားရရော။ စားတာပေါ့။ ဘာဖြစ်လဲနော့။

တစ်နေ့လည် ဘာချက်စားရမလဲ ရေခဲသေတ္တာကို မွှေတော့ လ္ဘက်ကို တွေ့ရော။

အို။ ခရမ်းချဉ်သီးရှိ၏။ ငရုတ်သီးစိမ်းရှိ၏။ မြေပဲစိမ်းရှိ၏။ ပုဇွန်ခြောက်ရှိ၏။ ဒါဆို လူကြီးသုပ်ဖြစ်ပြီပေါ့နော့။ ထမင်းဖြူလေးနဲ့ ၀ါးမယ်။ တွေး၏။

လ္ဘက် လက်မလောက်ကို ရေနွေးနဲ့ ဆေး ရင်းတွေးတော့ သံပုရာသီးလဲ မရှိပါကလား ကွယ်ရို့။ ချဉ်တာ ဘာရှိတုန်း တွေးတော့ ဇီးသီး၊ မကျီးသီး၊ ချဉ်ပေါင်ရွက်နဲ့ ရှာလကာရှည်ပဲ ရှိပါကလား။ အော်။ အညာကလူတွေ ဇယန်းလ္ဘက်ဆိုတာ လုပ်စားကြမင့် ဗက်ဆာခင်က ဇီးသီးလ္ဘက်ကို သုပ်စားတော့ နံမယ် မပျက်လောက်ပါဘူး ကြံစည်၏။

ဇီးသီးကို စဉ်းကာ လ္ဘက်၊ အချိုမှုန့်၊ငံပြာရည်၊ ပုဇွန်ခြောက်၊ ခရမ်းချဉ်သီးတစ်လုံးနဲ့နှပ်ကာ မြည်းကြည့်တော့ စားကောင်းတာ တွေ့ရသည်နှင့် အမုန်းမရှိတဲ့သူများကို သတိရမိ၏။

အဲသလိုပဲ စိတ်ဒုက္ခပေးလိုက်တော့မယ်။ ရပ်ရွာကို။

ပြင်ဆင်ပြီးသကာလမှာ ပို့ စ်တင်ရအောင် ဓါတ်ပုံရိုက်၏။ ဇီးသီးကို ပြန်စဉ်း .. ငါးဟင်းထဲထည့်မယ့်ဟာကို ဓါတ်ပုံရိုက် ပြရ၏။ ဇီးသီးကိုလည်း ဓါတ်ပုံရိုက်ရပါသေး၏။

စဉ်းထားသော ဇီးသီး

ငါးဟင်းနဲ့ ဇီးသီးနဲ့ ချဉ်ဟင်းလေး ချက်တာကိုလဲ ရိုက်ပြချင် တာနဲ့ ရိုက်လိုက်ပါသေး၏။

ပို့စ်ဖြစ်သွားပါပြီ။ အထက်မှာတော့ ဇီးသီးစိမ်း မတုန်းသေး ဟု ထင်မိပါသည်။ ဖူကူအိုကာတော့ တုံးပြီ ထင်ရ၏။

ခွင့် သုံးရက် တင်ပါသည်။

6 comments:

pps said...

လ္ဘက်ဆို..ဘယ်တော့မှမရိုးနိုင်ပါ...
ဇီးသီးနဲ့သုပ်တာလေး..ပုံမြင်ရတာ..သရေကျစရာ
ပြောရင်း.ကြည့်ရင်း..စားချင်လာပြီ..ရှလွှတ်..း))))

Anonymous said...

လဘက်စားသွားတယ်ကြည့် ရင်းနဲ့ အလိုလို စားဖြစ်သွားတယ်


မလတ်ရတဲ့ သူတော့ ဗိုက်ပူတော့ မှာပဲ။


အိစံ

ြ

လသာည said...

ငါးဟင်းနဲ့ လ္ဘက်သုပ် ကလေး စားချင်စရာ။ လဖက်ပန်းကန်က နည်းသလားလို့ ။ တို့ အိမ်က ညီအစ်မများတယ်လေ။ ဒီလိုပုံဆို တချို့က လက်က ဇွန်းချတာမဟုတ်ဖူး။ ရပ်ကွက်လူကြီးခေါ်ရတာ။ နောက် များများသုပ်ပေးပါ ဒါပဲ။း))))

Meengelay said...

စားချင်တယ်..စားချင်တယ်...
Oishisouuuuuu..

ထား said...

အောင်မငီး........သရေတွေယို........
ဂလု ဂလု ဗျိုးးးးး

ချစ်တဲ့

ထား

Wasser said...

PPS, Ei, Latharnya, Htar, Meengelae,
Thanks for comments.

:D :D :D :D