Showing posts with label ရောက်တက်ရာရာ. Show all posts
Showing posts with label ရောက်တက်ရာရာ. Show all posts

Wednesday, March 9, 2011

ဂျပန်ပြည်က လူနာ

တခါတော့ ဂျပန်ပြည်က မြို့တမြို့ရဲ့ အိမ်ခန်းတစ်ခုမှ နေပြီး မြန်မာပြည်က အစ်မဆီကို ဖုန်းဆက်လိုက်တယ်..

ဟလို...

ဟုတ်ကဲ့ ကျွန်မ  ကျုကျု ပါ ။ ဒီဌာနက ဒေါက်တာ ဒေါ်တင်တင် နဲ့ တွေ့ချင်လို့ပါ။

ခဏကိုင်ထားနော်..

hai (ဟိုက်)..

(..)??? အစ်မ ဘာများဖြစ်သွားပါသလဲ

အိရဲ.. မဟုတ်ပါဘူး...။

ခင်ဗျာ.. ကျွန်တော့်နာမည် ကိုအောင်ပါ။ အိရဲ မဟုတ်ပါဘူးခင်ဗျ..

အိုကေ အိုကေ ရှင်းလေ ရှူပ်လေ။ ဆိုရေ ၀ ၀ါကတ်တယ်ရု ရော ( sore wa wakatteru yo) (".").

ဗျာ.. ????

ဟာ.. မုဇုဂါးရှိး.. နား...။ ဂျ.. ဒေါ်တင်တင် ကိုသာ ခေါ်ပေးပါတော့ ရှင် ..

ဟုတ် ဟုတ် ကဲ့..

 ထိုသူက ဖုန်းကို ဘေးမှာ ခဏချထားလိုက်ပြီး တဖက်ကို လှမ်းခေါ်လိုက်သံကို ကြားလိုက်ရတယ်.။

“ဒေါက်တာ ဒေါ်တင်တင်. ဒီမှာ ခင်ဗျားရဲ့ လူနာထင်တယ်”

ဟာ တောက် ဒီလူတော့.... (((>.<)))

ဂျပန်စကား မတောက်တခေါက်ကလည်း တခါတခါ လူကို လူနာဖြစ်စေ၏..

ဒန့်.. တန့် .. တန့်...

မုဇုဂါးရှီး.........နဲ Muzukashii..ne (^^)/

လေ့လာသူတစ်ဦးမှ ဖြစ်ရပ်မှန်တစ်ခုအား တင်ပြသည် ..

Tuesday, November 23, 2010

အိုဘယ့်..သံယောဇဉ်

ကျမကတိရိစ္ဆာန်ချစ်တတ်သူပေမယ့်..ကြောင်ကိုတော့သိပ်စိတ်ထဲမှာမရှိလှခဲပါ့ဘူး...။

ကြောင်ဆိုတဲ့အမျိုးကလည်း..မွေးရင်မနေတတ်ဘူးဆိုလား..။
သူ့အလိုလို..သခင်အိမ်ရွေးတယ်ဆိုလား..။
နောက်ပြီး..အိမ်ပူလဲမခံဘူးဆိုလား...။
ဟုတ်မဟုတ်မသိပါဘူး...အိမ်မှာက.အခြားအိမ်မွေးတိရိစ္ဆာန်လေးတွေ..မွေးတတ်ပေမယ့်
ကြောင်ကိုတော့..တခုတ်တရမမွေးဖြစ်ခဲ့တော့။
ဒါပေမယ့်....ဘေးအိမ်ကကြောင်တကောင်ကောင်..အိမ်မှာလာ.လာနေတတ်
တာတော့ရှိတယ်။သူက..စားချိန်တွေပဲလာတတ်လို့..အိမ်ကြောင်လို့သတ်မှတ်လို့
ရဘူးလေ...။နောက်ပြီး..ဗိုက်ဝရင်အကိုင်တောင်ခံတာမဟုတ်တော့..ကြောင်ပါးကြီးဆိုပြီး
စိတ်ထဲတောင်ခုမိတယ်.အိမ်မှာမွေးထားတဲ့ရှဥ့်ကလေးတွေ..ငှက်ကလေးတွေဆို..
သူပဲအစဖျောက်ပစ်တာကများတာ...။ဒီတော့ကာ..တိရိစ္ဆာန်တွေနဲ့..လက်ပွန်းတတီး
နေတတ်တဲ့ကျမကကြောင်ဆိုတဲ့သတ္တဝါနဲ့တော့..ခပ်စိမ်းစိမ်းပဲနေပါ့မယ်ပေါ့ရှင်...။

တိရိစ္ဆာန်လေးတွေမွေးမြူရတာ...ပျော်သလောက်..သူတို့လေးတွေ..ခွဲခွာသွားရင်
တော်တော်ပူလောင်တာရော...။နောက်တော့..အမေက..ဘာမှပေးမမွေးတော့ဘူး...
ခွေးကလွှဲလို့ပေါ့ရှင်..။သူကတော့..ကြောင်ရန်မကြောက်ရဘူးလေ....ပြီးတော့..နယ်မှာ..
ခွေးက..တအိမ်တကောင်အနည်းဆုံးရှိတတ်ကြတာကလား..။ကိုယ့်အိမ်မှာမရှိလည်း
တခြားအိမ်ကခွေးလေးတွေကို..အစာခေါ်ကျွေးတတ်တော့..ကျမတို့အိမ်ဟာဖြင့်..
ခွေးမရှိတဲ့အချိန်မရှိအောင်ပါပဲ..။..ဘေးအိမ်ကခွေးတွေဆိုရင်..သခင်အစစ်အပြင်ထွက်ရင်
မလိုက်ဘူး..ကျမတို့အပြင်ထွက်ရင်လိုက်လွန်းလို့..အပြင်တခါထွက်မယ့်ကြံရင်..
ခွေးပုန်းရတာ..တဒုက္ခ။..မှတ်မှတ်ရရ..နယ်မှာနေတုန်းကမွေးခဲ့တဲ့ခွေးလေးတွေအမည်က..
လက်ဖြူ၊အောင်နက်၊ကြာဖြူ၊သူဇာ၊ကောက်ရတဲ့...။

ဟော..နယ်ကပြောင်းလာတော့...တိရိစ္ဆာန်တကောင်ကောင်အမြဲမွေးထားတတ်တဲ့..
ကျမတို့အိမ်ဟာ..မပြီးမပြည့်စုံသလိုပါပဲ..။...ပိုင်ရှင်မဲ့ခွေးလေးတွေကို..ထမင်းကျန်ဟင်းကျန်
ကျွေးဖြစ်ပေမယ့်..အိမ်ခေါ်မွေးဖို့အထိတော့..သိပ်မတွယ်လှဘူးရယ်..။
ကျမကသာခွေးမွေးထားချင်စိတ်ဖြစ်နေပေမယ့်လောလောဆယ်ကြုံနေရတာက...ကြွက်။
ဟုတ်တယ်..လား..လား..သူတို့က..သိပ်အတင့်ရဲတာ..။..အကောင်ကလဲကြီးတော့..
ထောင်ချောက်ဆင်ပြန်ရင်လဲ..စိတ်မချမ်းသာရ..။နောက်ဆုံးတော့..သူငယ်ချင်းတယောက်
အိမ်ကနေ..ကြောင်မွေးဘို့တောင်းရတော့တာပေါ့..။ကြောင်ကိုတခုတ်တရပထမဆုံးမွေးဖူးခြင်းပါပဲ....။

ကြောင်လေးက..သေးသေးလေးရယ်...။...ကြွက်ကြောင့်မွေးဖြစ်ပေမယ့်...တကယ်က..
ကြွက်ကသူထက်ကြီးနေတာလေ...။....တကယ့်သေးသေး..ကြောင်ကလေးလေးဆိုတော့..
သူကိုပဲ..ဂရုစိုက်နေရတာကလား...။....အဖေကဆို..သူဆော့ဘို့..ပိန်ပေါင်လေးဝယ်ပေးပြီး..
ကြိုးလေးနဲ့ဆွဲဆော့..နဲ့..အဖေ့အချစ်တော်ဖြစ်လာရတာပေါ့...။..ဒါပေမယ့်..အမည်သညာတောင်
မမည့်ရသေးပဲ...ကြောင်ကလေး..သေသွားရှာတယ်..။နောက်ထပ်မွေးဘို့...ကြောင်လဲ..
မတောင်းဖြစ်တော့ပါဘူး..။သူ့အလိုလို..လာလည်တဲ့ကြောင်ပဲစောင့်တော့မယ်ဆိုပြီးပေါ့..။

ဟော..မကြာပါဘူး..ရှင်..။ကြောင်တကောင်အလည်ရောက်လာပါရောလား...။
ကျမတို့လည်း..အခြေအနေစောင့်ကြည့်ပြီး..အစာကျွေးတော့..နောက်ပိုင်း..အိမ်မြဲသွားတော့တာပဲ..။
ဒါပေသိ..အဲဒီအချိန်က..အိမ်မှာ..ခွေးပေါက်ကလေးတွေ(ဒေးဗစ်၊ဂျက်ကီ၊မည်းလေး..တဲ့..း).
မွေးထားတော့..သူ့ခမျာ....ခွေးလေးတွေဆော့တဲ့ဒဏ်မနဲခံရတာပေါ့...။
ကြွက်မခုတ်ပေသိ..သူရှိနေလို့ထင်ရဲ့...အရင်လို..မဟုတ်တော့ဘူး..။
သူက..သိပ်သဘောကောင်းလွန်းတော့...ခွေးလေးတွေလည်းဆော့ဖေါ်ရ..ကျမတို့ကိုင်ရင်လည်း
ငြိမ်နေတာရော..။..ညည..လူပေါ်လာအိပ်ပြီး..တခွီးခွီးအသံကိုတော့..ကျမ..သည်းညည်းမခံနိုင်တာ
ကလွှဲလို့....သူကလည်း..အိမ့်အချစ်တော်လေး..ဖြစ်လာခဲ့တယ်။
သက်ဆိုးတော့မရှည်ဘူးရယ်..နေမကောင်းဖြစ်နေပြီး....နောက်ဆုံးအချိန်အထိ..သူ့ကိုခေါ်ရင်
အမြီးကလေး..လှုပ်ပြရင်း..ကျမတို့နဲ့ခွဲခွာ..သွားရှာပြန်တယ်.။

နောက်တော့..အိမ်မှာ..ကြောင်လာရင်ပေးမနေတော့ဘူး..။အဓိကကတော့..တအိမ်လုံးအချစ်တော်
လက်ကျန်ခွေးလေးကြောင့်ပေါ့(ဂျက်ကီရယ်လေ)..။သူက(ခွေးစကားပြောတယ်ဆိုလည်းဆိုတော့)
မနာလိုသိပ်ဖြစ်တာရော..တခြားမပြောနဲ့..အိမ်လည်လာတဲ့ကလေးမမြူရဲအောင်ပ..။
မျက်ထောင့်နီကြီးနဲ့ကြည့်တော့တာ..။..ဆိုတော့..ဘေးအိမ်ကြောင်တွေ၊လမ်းဘေးခွေးတွေ
အစာလာတောင်းရင်..အိမ်ပြင်ထွက်ကျွေးရ..သူ့စောင့်ကြည့်ရ..တဒုက္ခပေါ့...။
ဒါပေသိ..ဒီတခေါက်အိမ်အပြန်..အိမ်မှာ..အိမ်သားတယောက်တိုးနေပါရောလား....။ 
သူကတော့..ဟောဒီကောင်ကြီးပေါ့ရှင်..။


တကိုယ်လုံးအနက်ရောင်လွမ်းထားတဲ့..ညီမလေးက.မီးလေး(အထီးပါ..အမြီးလေးလို့
ခေါ်ရကနေ..မီးလေးဖြစ်)..လို့ခေါ်တဲ့သူကတော့...တကယ့်အိမ်ကြီးရှင်ကြီးလို..
ကျမကို.....စိမ်းစိမ်းကြီးကြည့်နေလေရဲ့..။ဟုတ်တယ်လေ..သူ့အတွက်တော့....
ကျမကနောက်မှရောက်လာတဲ့ဧည့်သည်ရော..။ကျမကိုမြင်လို့လဲ...
ထွက်ပြေးသွားခြင်းလည်းမရှိ..ကြိုဆိုခြင်းလည်းမရှိတဲ့..သူ့ကို..
ကျမကလည်းခပ်စိမ်းစိမ်းပဲပြန်ကြည့်မိရဲ့..။

ရောက်လာပုံကလည်း...အိမ်ရှေ့ကနေကို...အတင်းဝင်တာတဲ့လေ..။
အဖေက..ချီပြီး..အပြင်ထုတ်ရင်..အဖေ့အရင်..အိမ်ထဲပြန်ဝင်တာတဲ့..။
ခွေးကြောင့်မဖြစ်ပါဘူးဆိုပြီး..ဘယ်လိုနှင်နှင်...ထုံပေပေရုပ်နဲ့တဲ့....
အိမ်ကခွေးဗိုလ်လည်း..သူနဲ့ကျမှ...မာန်လျော့ရတာတဲ့လေ..။
အစကတော့မာန်လားဟိန်းလားလုပ်ပေမယ့်..သူ့မကြောက်လို့..လဒမှိုင်..
မှိုင်ရတာကကျမရဲ့ခွေးပဲပေါ့ရှင်..။..နောက်မှရောက်လာပေမယ့်...ကြောင်ဆိုတော့
ဘယ်နေရာမဆိုသွားလာခွင့်ရနေတော့...ထမင်းစားပွဲပေါ်တက်လား..တက်ရဲ့..၊
စောင်ပုံပေါ်ခွေလားခွေရဲ့..နဲ့.၊..သူသိပ်ချမ်းလာရင်..လူတွေကြားတိုးဝှေ့တက်
ထိုင်လားထိုင်ရဲ့နဲ့...တအိမ်လုံးမင်းမူနေလေတော့..ကျမရဲ့ခွေးလေးခမျာ..နေနှင့်အုန်းပေါ့
တနေ့နေ့တွေ့မယ်စတိုင်နဲ့..ဟောဒီလိုအိပ်စောင့်နေလေရဲ့.။



ကျမကတော့..အိမ်မှာဧည့်သည်တပိုင်းလိုဝင်လိုက်ထွက်လိုက်နဲ့..အိမ်သားအသစ်ကို..
ရင်းနှီးဘို့သိပ်မကြိုးစားဖြစ်ဘူးရယ်..။...ညီမလေးကတော့..သူ့ကြောင်အကြောင်းပြောရရင်
မမောနိုင်မပန်းနိုင်။..သူ့ကြောင်က..မီးလေးလို့ခေါ်ရင်..အမြီးလှုပ်ပြတတ်ကြောင်း..၊
..သူနဲ့ဆော့ချင်ရင်..ခြေညှိုးလေးတာလှုပ်ပြလိုက်..အလွန်အူးယားတတ်တဲ့အကြောင်း..၊
တနေရာရာအိပ်မိရင်..အဲ့နေရာကိုပဲ..၃၊၄ရက်ဆက်တိုက်ဝင်ခွေနေတတ်ကြောင်း.၊
တခါတလေ..ခွေးကိုကြောက်ချင်ယောင်ဆောင်တတ်သေးကြောင်း...၊
တခါကတော့..အိပ်နေတဲ့ခွေးနှုတ်ခမ်းမွေးသွားမွေးမွေးပေးမိလို့...ခွေးလန့်နှိုးသွားပြီး..
၂ကောင်လုံးဝရုံသုံးကားထွက်ပြေးကြတဲ့အကြောင်း..စုံလို့ပေါ့လေ..။
ကျမက..လေနည်းနည်းလျှော့လို့ပြောရင်..ကြောင်ခေါ်ပြီးလုပ်ခိုင်းပေမယ့်...
ကိုရွှေကြောင်နက်ကထုံမြဲ..ပေမြဲ။..တကယ်တော့..ဒီအလေ့တွေဟာ..ကြောင်တွေ
လုပ်လေ့လုပ်ထရှိတာဖြစ်ကောင်းဖြစ်ပေမယ့်..ညီမလေးကတော့..ဒါကိုပဲ..စကားလုပ်ပြောပေါ့..။

ဟော..ဒီလိုနဲ့..ကျမပြန်ဖို့အချိန်တန်လို့အထုတ်တွေပြင်တော့(သူ့ကိုခေါ်လိုက်ရင်..
အမြီးလေးပဲလှုပ်ပြပြီး..အသိအမှတ်ပြုတတ်တာကလွှဲရင်..ဘာသိဘာသာပဲနေတတ်တဲ့)
ကိုရွှေကြောင်နက်က..ဟောဒီလို..ကျမအိတ်ထဲဝင်ခွေပြီး...ကျမကိုမပြန်ပါနဲ့အုန်းလို့..
တားနေသယောင်ယောင်...။


Saturday, July 24, 2010

ကြိုဆိုပါ၏။

http://www.khitpyaing.org/index.php?route=detail/comment

တစ်နေ့က အငယ်မနဲ့ ဖုန်းပြောတော့ ဆရာ၊ ဆရာမတွေ တိုဖယ် နဲ့တူတဲ့ စာမေးပွဲဖြေနေကြရတယ် --- လောလောဆယ်တော့ အမှတ်တွေ နည်းနေကြတယ် ကြားတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် နောက်တော့ နည်းလမ်းတွေ ရှာဖွေလာပြီး အင်္ဂလိပ်စာ ကောင်းလာကြမယ် လို့ ယူဆရပါတယ်။

ပါရဂူစတက်တော့ကျမ်းကြီးကျပ်တဲ့ ဂျပန်ကပါရဂူဘွဲ့ရလာတဲ့ ဆရာက အင်္ဂလိပ်စာကလွဲပြီး ဘယ်ဘာသာကိုမှ မလေ့လာရဖူးလို့ စည်းကမ်းထုတ်တာကို သတိရမိတယ်။
ဂျပန်လို နိုင်ငံမျိုးကတော့ ရှင်သန်ဖို့အရေး ဂျပန်စာ ကို ထမင်းစားရေသောက် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ဖို့ အရေးတကြီး လိုတာကို လက်ခံပါတယ်။ ရောက်ခါစက ငိုခဲ့ရတာ မှတ်မိနေသေးတယ်ရော။ ဒါပေမဲ့ နိုင်ငံခြားမှာ ဆင်ပိုဇီယမ်သွားတာတို့ ဘာတို့နဲ့ ရေရှည် အတွက်ဆိုရင်တော့ အင်္ဂလိပ်စာကို ပစ်ထားလို့ ဖြစ်ကိုမဖြစ်ဖူး ဆိုတာကိုလဲ သတိချပ်မိပါတယ်။ ရေးဖတ်တာနဲ့ ပြောဆိုတာကလဲ ကွာသေးတယ်မဟုတ်လား။

လူတွေက ကိုယ်လုပ်ချင်တာ လုပ်နေကြရရင် ချမ်းမြေ့တယ် ဆိုတာသိပေမဲ့လဲ --- စိတ်ချမ်းသာဖို့ဆိုတာ ကိုယ့်စိတ်ထားပေါ် အဓိက မူတည်တယ် ဆိုတာသိပေမဲ့လဲ ---- တစ်ခါတစ်လေ ပါတ်ဝန်းကျင်ရဲ့ ဖိအားဆိုတာမျိုးကလဲ ---

အားလုံး ကိုယ်ကျမ်းမာ စိတ်ချမ်းသာ ကြီးပွါးအောင်မြင်ကြပါစေရန် ဗက်ဆာမှ ဆုမွန်ကောင်း တောင်းပါသည်။

ဒီနှစ်ဘွဲ့ယူမယ့်သူတွေက အလုပ်များနေမယ်ဆိုတာ သဘောပေါက်ပါ၏။ ဘွဲ့မယူနိုင်သေးတဲ့သူက ဘာ့ကြောင့် ပြာယာခတ်နေရသလဲဆိုတာ တွေးမိရင် နဲနဲတော့ ငိုချင်ပါ၏။