Showing posts with label အမုန်းမရှိတဲ့ကမ္ဘာ. Show all posts
Showing posts with label အမုန်းမရှိတဲ့ကမ္ဘာ. Show all posts

Monday, February 7, 2011

ဒီတည

Look at the sky tonight. I'm singing stars for you!!
:အိုမဲဒဲတိုး
:gg:gg:gg:gg:gg:gg:gg:gg:gg
:gg:gg:gg:gg:gg:gg:gg:gg:gg:gg:gg:gg:gg


Wednesday, January 19, 2011

ပြာသိုလပြည့် အမေနေ့ ..။



အမေ.....။

အမေနေ့ ကိုရောက်တိုင်း၊
အမေ့မွေးနေ့ ရောက်တိုင်း၊
မောင်နှမတွေ မွေးနေ့ ရောက်တိုင်း၊
အမေ့ကို ခါတိုင်းနေ့ တွေထက်
ပိုပြီး လွမ်းဆွတ်မိတယ် အမေ..။

လောကအလယ်မှာ
သားသမီးတွေ လူပုံအလယ်
တင့်တယ်စေဖို့ 
အမေ ကြိုးစားရုန်းကန်ခဲ့ရတဲ့ရက်တွေ
ပြန်လည်သတိရမိပါတယ် အမေရယ်..။

ဘယ်မိဘမဆို
ကိုယ့်သားသမီးကို
ကြီးကျယ်မြင့်မြတ်တဲ့ဘဝကို
ပိုင်ဆိုင်စေချင်ကြမှာပါ..။

ငယ်ငယ်တုန်းက
အမေ့တန်ဖိုးကို
သိပ်ပြီးနားမလည်တတ်ခဲ့ပေမယ့်
လူ့ လောကအလယ်
ဖြတ်သန်းကြီးပြင်းချိန် ကြာမြင့်လာတာနဲ့ အမျှ
အမေ့တန်ဖိုးကို
ပိုလို့  နားလည် တန်ဖိုးထားတတ်ခဲ့တာကို
သမီးဝန်ခံပါရစေ...။

အမေရဲ့ ဘဝလမ်းတစ်လျှောက်
ပင်ပန်းခဲ့တဲ့အချိန်တွေ
အပန်းဖြေနားနေဖို့ 
အချိန်ကို ရောက်ခဲ့ပြီမို့ 
အမေ လေးစားချစ်ခင်တဲ့ အဖေရယ်
အမေတန်ဖိုးထားချစ်တဲ့သားသမီးမြေးတွေနဲ့ အတူ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေ ပြည့်စုံလို့ 
နောင်နှစ်ပေါင်း များစွာတိုင်
ဆက်လက်လျှောက်လှမ်းသွားကြမယ်နော်..။

အမေချစ်တဲ့သမီး

Monday, December 13, 2010

ရှိနေရတဲ့ ဘဝ



ရှိနေရတဲ့ ဘဝ
အသက်တော့ ရှိနေသေးတယ်
ဘ၀က လမ်းလျှောက်နေသေးတယ်
အိမ်မက်က လန့်နိုးနေသေးတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

ခရီးတွေက ကျန်နေသေးတယ်
အချစ်တွေက အငွေ့အဖြစ်နဲ့ လွင့်ပြန့်နေတယ်
ဆူးတစ်ခုကတော့ နှလုံးသားထဲမှာ စူးနစ်နေတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

အိမ်မက်တွေက အဲဒီဘက်မှာ ရှိနေသေးတာ သိရတယ်
နောက်ကျောမှာ ဓါးမိုးထားတာလဲ မြင်နေရတယ်
လက်ထဲမှာတော့ ဂျိုးဖြူလေးက ရုန်းထွက်ချင်နေလှတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

မြစ်တစ်စင်းဟာ ကွေ့ကောက်စွာဘဲ စီးနေတယ်
လေညင်းဟာ ရံဖန်ရံခါမှာ တိတ်ဆိတ်သွားတယ်
ချစ်ခြင်းဟာ လှိုင်းဂယက်လို ခဏခဏ လှူပ်ခတ်နေရတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ
အဲဒါ ကျွန်တော်တို့ ရှိနေရတဲ့ ဘဝ
အဲဒါ ဘ၀ထဲမှာ သူ့အလိုလို ဖန်တီးခံရတဲ့ ဘဝ
အဲဒါ စက်ရုပ်တစ်ရုပ်လို ဖန်တီးခံရတဲ့ ဘဝ
အဲဒါ တိမ်မည်းတွေကို သိမ်းဖယ်လို့ မရတဲ့ ဘဝ
ကျွန်တော် ရှိနေရတဲ့ ဘဝ
ရှိနေရတဲ့ ဘဝ
ဘဝ

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

BlueHope

13. December. 2010 , 03:00