Sunday, November 7, 2010

Departure or Arrival?????



ဒီတခေါက်အိမ်အပြန်....လေဆိပ်ကိုအဖေနဲ့အမေပဲလာကြိုကြတယ်...

ညီမလေးနဲ့ကဖုံးနဲ့အကျိုးအကြောင်းပြောထားပြီးပေမယ့်..စိတ်ထဲတထင့်ထင့်..။
အဆင်မှပြေပမလား......။
ဟော...တွေ့ပါပြီ...အဖေနဲ့အမေ့ကို...မှန်ကာရဲ့ဟိုဖက်မှာ..။
လှမ်းပြီးလက်မြှောက်ပြလိုက်ပေမယ့်..အဖေ့ကိုကြည့်ရတာ...မြင်တဲ့ပုံမပေါ်။
ဘာပဲဖြစ်ဖြစ်..စိတ်တော့အေးသွားပါပြီ။
လေဆိပ်ကအထွက်..အဖေကတက္ကဆီသွားခေါ်တယ်...။
ကြာလိုက်တာ...ပြောတော့ခဏဆိုပြီး။

အင်း..ဒီတခေါက်လေဆိပ်သွားရမှာ...လင်မယား၂ယောက်တည်း...။
တက္ကဆီခေါ်တော့..လေဆိပ်ပေါ့...အပြန်အတွက်ပါစောင့်ပေးဆိုတော့..စိတ်ချတဲ့..။
ဟိုရောက်တော့...ကားဆရာချပေးတဲ့နေရာကနေအထဲဝင်။
အင်း..တမျိုးတော့တမျိုးပဲ...အဆင်အပြင်မတူသလိုလို။
ယောင်ချာချာဖြစ်နေတုံး..၀န်ထမ်းကမေးတယ်..ဘယ်လေယာဉ်နဲ့လဲတဲ့...။
လာကြိုတာပါဆိုမှ....စောင့်ရမယ့်နေရာလမ်းညွှန်လိုက်တယ်....။
ဟော...ဟော..ဟိုမှာထင်တယ်...။
တူတော့တူတယ်....ဒါနဲ့ဘောင်းဘီကြီးနဲ့ဟလို့...ဇဝေဇ၀ါဆိုတော့..အနားကအိမ်သူက
မျက်စောင်းထိုးတယ်...။
သားအမိ၂ယောက်ကိုခဏဆိုပြီးထားခဲ့ပြီး..အလာတုံးကခေါ်လာတဲ့ကားဆီသွားလိုက်တယ်။

အင်း..ဒီအဖိုးကြီး..ပြန်မြန်း..သွားပြီလား..ဒါမှမဟုတ်..ဟိုမြန်းပါသွားပြီလားမသိ...။
စောင့်နေပါဆိုလို့...အခုဆို..၁နာရီနီးနီးရှိနေပြီ..။
ဟော...ဟော...လာပါပြီ..။
အဖိုးကြီးလဲကားပေါ်ရောက်...ကားကိုလမ်းမကြီးပေါ်မောင်းထွက်လိုက်တယ်။

ဟိုးးးး..ကားဆရာ...ဟိုးးးးးးးးးးးးးးးးးးးး။
ဘယ်ကိုမောင်းတာလဲဗျ......
ကျုပ်မိန်းမနဲ့သမီး..ကျန်ခဲ့ပြီ..........ကျန်ခဲ့ပြီ...
ကျုပ်တို့က..သမီးလာကြိုတာဗျ.....ခင်များကလဲ။

6 comments:

လသာည said...

ဟောဗျာ.. ဟားဟားဟား ဖြစ်ရလေ ပီပီရာ..
နည်းနည်းလေးတော့ လွဲလိုက်မှ..:D

သနားပါတယ် ဦးကြီးကို။ သူ့ခမြာ လာကြိုရတာ ဘောင်းဘီနဲ့ သမီးတွေ့တော့..လူမှားပြီထင်ပြီး ကားသမားကို ဘာမှမပြောပဲ ၀င်ထိုင်လိုက်တာနေမှာ.. ))))

လသာည said...

ဆောရီး ဘောင်းဘီဝတ်ထားတဲ့ သမီး ဟိဟီး အရေးမှားသွားတယ်

မိဆိုးလေး said...

ဟေး တို့ လဲ ကြွားရဦးမယ် ဒီတစ်ခေါက်ပြန်ရင် မေကြီးနဲ့ ဖေကြီးတို့  လာကြိုမှာပါကွ ဟေးဟေး။
ဖေကြီးကတော့ မှတ်မိလောက်ပါတယ်
ပြီးခဲ့တဲ့တစ်ခေါက်ပြန်တုန်းက ဘောင်းဘီဝတ်တာမြင်ဘူးသွားလို့  ခွိခွိ

မိဆိုးလေး said...

မယ်ပီရဲ့  စာလေးတွေ ဝေးနေတာကြာပါပေါ့
မြင်မိလိုက်တယ် ကွက်ကွက်ကွင်းကွင်းပဲ ဟိဟိ
ဘောင်းဘီနဲ့ .........။ ဟီးးးးးးးးးး

pps said...

စကားလေးလုံးမကွဲတဲ့အဖေနဲ့တက္ကဆီသမားကြား
နားလည်မှုလွှဲတာ.အမတို့ရေ(ဒီတခါ..ပီပီမလွှဲဘူးးးး)

ကားဆရာက..အဖေက..အမေ့ကိုလေဆိပ်လိုက်ပို့တာထင်သတဲ့....အဟတ်။

ဒါကြောင့်အဖေလည်းကားပေါ်ရောက်ရော..၀ူးကနဲမောင်းထွက်ပါရောတဲ့..။

အမေကတော့..ငါတော့ကြိမ်းကြေသွားတော့မှာပဲတဲ့.း)

ကျေးဇူးပါ....မတွေ့တာကြာတော့မေ့ပြီလားလို့..အဟိ။

လသာည said...

မေ့စရာလား.. လို့

ကဲ နဘဲလိုက်ကျွေးတော့ :D