Thursday, October 21, 2010
ထွေရာလေးပါး စကားစမြည် (၁)
 အီးကဒ်း)))
 အီးကဒ်ဆိုတော့ လည်း ဘီကဒ်၊ စီကဒ်မဟုတ်တာတော့ သေချာတယ်။ အားလုံးသိတဲ့အတိုင်း အခုခေတ်က
အခု မိဆိုးလေး၊နဲ့ ရွှေငရုတ်မမမြိုင်ကို သတင်းကောင်းပေးလိုက်မယ်။ မင်္ဂလာဆောင် ဖိတ်ချင်ရင် အီးကဒ် သုံးလို့ ရပြီ။ မလတ်၊ ပီပီ၊မထား၊ လသာညနဲ့ အိစံတို့ကို မဖိတ်လိုက်ရမှာ မပူနဲ့တော့။ လသာညကတော့ အိစံ နင် မင်္ဂလာဆောင်လို့ အီးကဒ်ပို့ရင် ငါလည်းလက်ဖွဲ့ကို အီးကဒ်နဲ့ ပြန်ဖွဲ့မယ်တဲ့ ။
အီးကဒ် နမူနာလေး။
(ညီမလေးတစ်ယောက်သို့ အမှတ်တရပါ။)
ပီပီပြောသောဒသနး)))
ပီပီတို့အဖွားက ပုံပြောကောင်းသလို မြေးကလည်းမခေဘူးရှင့်၊ ဇလေးနဲ့။ ပြောလိုက်ရင် ကွက်တိပဲ။ သူစိတ်ပါလာရင် အိစံတို့ ဘာမှမပြောတတ်လို့ ငြိမ်နေရတယ်။ သဘောကျတဲ့ အခန်းပါလာရင်တော့ ဟားဟား ဆိုပြီး ထရယ်လိုက်တယ်။ တစ်ရက်မှာတော့ မယ်အိရေ..တဲ့ ၊မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ နောက်တစ်ခုက ဘာတဲ့အေ တဲ့။ ဥပေက္ခာပါအမရဲ့ လို့ ..ဆိုတော့အေးအေးတဲ့။ အဲဒီလေးမျိုးမှာ လူတွေဟာ မေတ္တာထားရမလား ရတယ်အေတဲ့၊ ထားနိုင်တယ်။ ကရဏာလည်းရသေးတယ်၊ ဥပေက္ခာဆိုတာတော့ လူတိုင်းမထားနိုင်ဘူးတဲ့။ အခက်ဆုံးကတော့ မုဒိတာပဲ တဲ့။ မုဒိတာပွားနိုင်ဖို့သာ ဆိုတာမလွယ်ဘူးတဲ့၊ ဒီလေးမျိုးကို နိုင်ရင် လူ့ဘ၀မှာရပြီတဲ့ ။(ဘာရတာလဲ ဟင်??)းD- (မှတ်ချက်ကို လသာည ရေးသည်)
(ပီပီရဲ့ ဒသနများစွာထဲ က အမှတ်တရတစ်ခုပါ။)
 အယ်ဒီတာချုပ်သို့း)))
အယ်ဒီတာချုပ်က သူများကအီး ဆိုတော့ "အိစံ ငါလည်းခေတ်မှီချင်တယ်"တဲ့ ... ။ ဟုတ်လားအမရယ်လို့ အိစံ
တော့ ခုနကမှအပူဝမ်း သွားလိုက်ရလို့ နေလို့ ကောင်းသွားတယ်လို့ ....းD။  ဒါဆို အမအတွက် ဘာလုပ်ပေးရမလဲဆိုတော့ .."အေး ငါဖျားနေတာ (၇)ရက်ပြည့်ပြီဆိုပြီး  အီးကဒ်ပို့လိုက်စမ်း" ဆိုလို့  အေးအေးချမ်းချမ်း အစိမ်းရောင်ကဒ်လေး ပို့လိုက်တယ် ဟားဟား ဟား။
အိစံ ရေးသည်။
5 comments:
မိဆိုးလေး said...
မယ်အိတို့ များ အရေးအသား ကောင်းသလို..။
မျက်နှာလဲ ကြီးသအေ့...။ ညနေက အိဆီဖုန်းဆက်ရဦးဆိုပြီး အယ်ချုပ်ရယ် ချက်ချင်းဖုန်းချသွားတယ်...။
ကျုပ်အေ..။ ပြောချင်ပါဘူး ဆန့် ငင်ဆန့် ငင်နဲ့  ကျန်ခဲ့ပေါ့ (စကား :P) အဲလိုချစ်ထှာတော့ တော့ကို..။ ခွိ
မယ်ပီရဲ့  ဒသန ဟုတ်သတော့
ခုခေတ်လူတွေ ပိုဆိုးပေါ့တော် ကျူပ်လဲပါသကိုး။
အတတ်နိုင်ဆုံးတော့ ကြိုးစားသတော့
မုဒိတာလဲ ပွားပေးပါတယ်။ ကျုပ်က ဥပက္ခာ မထားတတ်တာတော့ ပါးစပ်ကသာ နေနိုင်ပေမယ့် ရင်ဘတ်ကြီးက မရဘူးရယ်..။
အယ်ချုပ် ဘာခမဲ လိုနေသလဲ မသိဘူးတော်
မြန်မြန်နေကောင်းတော့နော်..။
အော် မယ်အိ ရေ အီးကဒ်ကတော့ ဟိုရောက်ရင် သိပ်လိုမယ်မထင်ပေါင်တော်
ကျုပ်က ဟိုရောက်ရင် ဥပက္ခာထားလိုက်တော့မှာတော့..။ :P:P
ချစ်တဲ့
မိဆိုးလေး ဖြစ်ပါတယ်..။
Anonymous said...
အဟွန်းအဟွန်း ငါ့နာမည်ကြားလိုက်သလားလို့..။ အိုလေ ဥပက္ခာပြုလိုက်တာ ကောင်းပါတယ်။ သူတို့ အီးယူကြတာ အဲ အီးကဒ်လှူကြတာ မုဒိတာပွားပေးလိုက်မယ် ;)))
ပီပီက လေးမျိုးနိုင်ရင် လူ့ဘ၀မှာ ရပြီဆိုလို့ ဘာရတာလဲလို့ ဖြေသွားဖြေသွား။ မဖြေရင် ဟိုထင် ဒီထင် လျှောက်ထင်ပစ်မှာနော်။
လသာည
မီးငယ်လေး said...
မင်္ဂလာဆောင် ဖိတ်ချင်ရင် အီးကဒ် သုံးလို့ ရပြီ။ ဆိုသော စကားအား ဥပက္ခာပြု၍ အီးကဒ် သုံး ဖူးသောသူများအား မုဒိတာပွား၍့ ပြန်သွားပါကြောင်း...:P
ပေပေ said...
ဟေးးးးး..ပိုစ့်တခုလုံးလဲ..
အီးခေတ်
အီးလိုက်ဘရီ
အီးတစ်ကတ်
အီးကဒ်
အီးငွေ့တွေလှိုင်လှိုင်ထလို့
ဥပေက္ခာတောင်မပြုနိုင်တော့ပါဘု...
အီးစံရယ်..............း))))))))))))
ထား said...
တ အီး ထဲ အီး နေကြတော့
ထားလဲ အီးချင်လာတယ်။
အီးလိုက်ဦးမယ်..........
လာလေရော့............
ဘူ...ဘူ......ဘူ..........
ဟီးဟီး ချစ်လို့ အပျော်နော်.......
ချစ်တဲ့
ထား