Wednesday, July 28, 2010
ဇူလိုင် ၂၈-ရက်နေ့ ဗက်ဆာ မွေးနေ့
ဇူလိုင် ၂၈-ရက်နေ့မှာ ကျရောက်တဲ့ ဗက်ဆာ မွေးနေ့အတွက် အမှတ်တရပါ..။
Happy Birthday to You, Wasser!!!
ပျော်စရာ မွေးနေ့လေးဖြစ်ပါစေ.. ဗက်ဆာ..။
ယနေ့မှစပြီး ပိုမိုပြီး အောင်မြင်တိုးတက်ပါစေ..။ ထာဝရ အစဉ်ချမ်းမြေ့ပါစေ..လို့။
ချစ်တဲ့..
အမုန်းမရှိတဲ့ ကမ္ဘာမှ သူငယ်ချင်းများ (ကိုယ်စား)
လသာည
Monday, July 26, 2010
Let's cook မြီးရှည်
ပါဝင်ပစ္စည်းများ
၁။ အူဒုံခေါက်ဆွဲဖတ်နှင့် ပဲပင်ပေါက် (ရောပြုတ်ထားတယ်)
၂။ ၀က်သားပြုတ်ကြော်
၃။ ရှောက်ကောပတ်ကောလို့ခေါ်တဲ့ တရုတ်မဆလာ အမွှေးအကြိုင် ဆီချက်
(ဒါကတော့ ဗမာနိုင်ငံကပစ္စည်း) ဒီကတရုတ်ဆိုင်တွေမှာ ရှာကြည့်ကြပါ။
၎။ ကြက်သွန်ဖြူ ဆီချက်
၅။ ကြက်သွန်ဖြူတောက်တောက်စင်းနဲ့ ရှာလကာရည်
၆။ ကော်ရည် (ကော်မှုန့်ကို ရေများများနဲ့ ဖျော်၊ ဆား သကြား ထည့်ပြီး ကြိုပါ)
၇။ ပဲငပိအငန် (အမည်းရောင် ပဲငပိ) (Black Tobanjan )
၈။ ငရုတ်သီးကြော်
၉။ ဂျုံကြော်
၁၀။ ကြက်သွန်မြိတ်
အဲဒါတွေအားလုံးကို ပြင်ဆင်ပြီး အခုလို နည်းနည်းစီထည့်၊ ပွဲပြင်လိုက်ပါ။
ကဲ.. စားလို့ရပြီ။ (ဒီတစ်ခေါက် လုပ်စားတာ တော်တော်စားလို့ကောင်းတယ်..ဟိဟိ
စားလို့ကောင်းတော့ တယ်ရင်းတို့ကို တစ်ကယ်သတိရပါတယ်)
လွမ်းနေတဲ့ကြီးဖော်ငယ်ဖော်များ...အလုပ်ရှုပ်ပြာယာခတ်နေသူများ...၀ိတ်တက်လို့
ဒိုင်းယက် လုပ်ချင်ယောင်ဆောင်နေသူများ...ဥပုဒ်ကျိုးသွားသူများ... မြီးရှည်စားချင်သူများ...
အားလုံး အားလုံး တစ်ခန်းရပ်ပြီး ...အားပေးသွားကြပါအုန်းနော်။ ;))) :D
မီးငယ်လေး လျှောက်ချက်သည်။
Labels:
စားကြမယ်ဟေ့ ကောင်းကောင်း,
မီးငယ်လေး
Sunday, July 25, 2010
အတောင်ပံများ
မနေ့ကနဲ့ ဒီနေ့အထိ ၂၆နာရီဆက်တိုက် ထူးခြားစွာ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲလေးတစ်ခု ကျင်းပခဲ့တယ်..။ ကီလိုမီတာ ၂၀၀ကို လူပေါင်း ၁၁ ယောက်နဲ့ အပြေးပြိုင်ခဲ့တယ်..။ ပြိုင်တာက ဇွဲကို ပြိုင်တာ..။
ပူပြင်းတဲ့ နေပူပူအောက်မှာ ချွေးတွေထွက်ပြီး လဲကျမတတ်ဖြစ်နေတာတောင် "ဘေးနားမှာ သူငယ်ချင်းတွေ ရှိနေတယ်။ ငါတစ်ယောက်တည်း မဟုတ်ဖူး"ဆိုတဲ့ အသိက သူတို့ အားလုံးကို အားဖြစ်စေခဲ့တယ်..။
နာကျင်မောပန်းလွန်းလို့ လဲကျမတတ် ဖြစ်နေချိန်တိုင်း သူငယ်ချင်းအားလုံးရဲ့ မျက်နှာကို မြင်ယောင်ရင်း ပြေးနေကြတယ်.. အားကျစရာ ကောင်းလိုက်တာ...။ ပြိုင်ပွဲပြီးသွားချိန် အပြုံးမျက်နှာတွေက တအားကို ၀မ်းသာမျက်ရည်တွေနဲ့ တောက်ပနေတယ်။ အားကျစွာ ကိုယ်ပါလိုက်ပြုံးဖြစ်သွားတယ်..
ဒါနဲ့ ချက်ချင်းသတိရလိုက်တယ်။ ငါ့မှာလည်း ပြေးဖော်တွေ ရှိနေပါလားလို့..။ အားလုံးဟာ မိဝေးဘဝေးမှာ အခက်အခဲတွေကို ကျော်ဖြတ်နေရကြရသလို အခက်အခဲများစွာနဲ့ ကြိုးစားနေကြတယ်။ ဒါနဲ့တောင် ဘာလို့များ ငါတစ်ယောက်တည်း ပင်ပန်းတယ်လို့ တခါတရံ တွေးနေခဲ့ပါလိမ့်.. အားလျော့ချင်စိတ် ဖြစ်နေရပါလိမ့်လို့...။
ကိုယ့်ရင်ထဲက အမြဲပဲ အဖော်အဖြစ်ချစ်ရတဲ့ သူငယ်ချင်းတွေကို စကားတစ်ခု ပြောပြချင်နေတယ်။ ကျေးဇူးတင်ပါတယ်..။ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ် ဆိုတဲ့ စကားပါ..။
အမြဲ အဖော်အဖြစ် ရပ်တည်နေတဲ့ သူငယ်ချင်းအားလုံးကို စိတ်နဲ့ မှန်းပြီး အောက်က အားမာန်ပါတဲ့ သီချင်းလေးကိုလည်း ဆိုဖြစ်တယ်..။ (သီချင်းစာသားလေးက အဓိပ္ပါယ်ရှိလွန်းလို့ ဘာသာပြန်ဖြစ်သွားတယ်။ ကိုယ့်အတွက် အားဖြစ်စေတဲ့ သီချင်းမို့ အမှတ်တရ ဒီဘလော့မှာ တင်ခွင့်ပြုပါ)
もしも僕に翼があれば どこへ飛んでゆくだろう
選んだ道を振り返らずに 信じていけるだろうか?
တကယ်လို့များ အတောင်ပံတစ်စုံသာ ငါရရင် ကောင်းကင်ကို ပျံသန်းဖြစ်မယ်ထင်တယ်..
ရွေးချယ်ထားတဲ့ လမ်းကို နောက်ပြန်လျှောက်ဖို့ မကြိုးစားပဲ
(အဲဒီလမ်းကို) ယုံကြည်စွာ ဖြစ်သန်းသွားလို့ ရနိုင်တယ်မဟုတ်လား
若い時代本当はみんな翼を持ってる
いつの間にか広げないまま忘れてしまうみたい
ငယ်ရွယ်ချိန်ဟာ အားလုံးမှာ တောင်ပံတွေကို ပိုင်ဆိုင်ချိန်ပဲ..။
တောင်ပံရှိတာကို မေ့လျော့ပြီး အတောင်မဖြန့်ပဲ တသက်လုံး နေသွားမိတော့မလို့ပဲ..
夢は叶わないから夢なんですか
不安はいつも問いかけてくる だけどもう迷わない
အိမ်မက်ဆိုတာ တကယ်မဖြစ်နိုင်လို့ အိမ်မက်လို့ ဆိုကြသလား..?
ကြောင့်ကြစိတ်တွေနဲ့ အမြဲမေးခွန်းထုတ်ဖြစ်ပေမယ့် အခုတော့ မတွေဝေချင်တော့ဘူး..
翼広げて羽ばたこう 君に吹いてる風を感じて
今 大空へ羽ばたこう 夢は必ず叶うから
အတောင်ပံကို ဖြန့် ပျံသန်းစို့..။ တိုက်ခိုက်လာတဲ့ လေနုအေးရဲ့အတွေ့ကို ခံစားလို့
ဟိုး အမြင့်ကြီးဆီ ပျံသန်းစို့.. သေချာတယ် အိပ်မက်ဆိုတာ သေချာပေါက် တကယ်ဖြစ်လာနိုင်တယ်..
いつも誰かに支えられて 知った「愛」の意味
ともに笑って ともに涙し ともに生きる事
(ကိုယ်အောင်မြင်ရတာဟာ) ဘယ်တော့မဆို တစ်စုံတစ်ယောက်ရဲ့ အားပေးမှုထောက်ပံမှု ကြောင့်သာဖြစ်တယ်။ ထောက်ပံမှုနောက်က ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပါယ်ကို ငါသိပြီ
သူတို့နဲ့ အတူတူ ရယ်မယ်။ အတူတူ ငိုမယ်။ အတူတူ ဘ၀ကို ရှင်သန်မယ်။
何も出来ない僕が なぜ飛べたんだろう
目には見えない 仲間の風が 今も僕に吹いてる
ဘာမှ မလုပ်နိုင်တာတော့ ဟုတ်တယ်။ ဒါပေမယ့် အဲလို ကိုယ်က ကောင်းကင်ကိုရော ဘာကြောင့် မပျံနိုင်ရမှာလဲ.. မျက်လုံးနဲ့ ကြည့်ရင် မမြင်နိုင်တဲ့ သူငယ်ချင်းဆိုသူရဲ့
သံဃောဇဉ် လေနုအေးအထိအတွေ့ကို အခုခံစားသိသွားပြီ
夢を信じてもう一度 きっと僕にも風が吹いてる
翼だけでは飛べないから 君の勇気が力になる
မျှော်လင့်ချက် အိပ်မက်ကို ယုံကြည်ပြီး တစ်ကြိမ်ထပ်ပြီးကြိုးစားစို့
လေနုအေးရဲ့အရသာ ကျွန်တော်သိပြီ..
အတောင်ပံရှိတာ တစ်ခုတည်းနဲ့ မပျံသန်းနိုင်ဘူးဆိုတော့
မင်းရဲ့ သတ္တိက (ငါ့အတွက်)လည်း အားဖြစ်စေတယ်
流した涙が教えてくれた 誰にだってそう翼はあるんだ
ကျဆင်းသွားတဲ့ မျက်ရည်တွေက သင်ပေးနေတယ်။
ဘယ်သူ့မှာမဆို အဲလိုအတောင်ပံတွေရှိတယ်တဲ့..
信じる心と勇気があれば 大丈夫 空見上げて
ယုံကြည်စိတ်နဲ့ သတ္တိသာ ရှိရင် ကောင်းကင်ပြင်ဆိုတာ မော့ကြည့်လို့ရပြီ
さぁ翼広げて羽ばたこう 愛する人を見つけるために
ကဲ.. အတောင်ပံကို ဖြန့် ချစ်သူငယ်ချင်းများကို ရှာဖွေဖို့
今 大空へ羽ばたこう 命と同じ人に出会う日まで
အခုပဲ ကောင်းကင်ကျယ်ကို ပျံသန်းစို့..။ ၀ိညာဉ်တူ သူငယ်ချင်းများနဲ့ တွေ့တဲ့အထိ
翼広げて羽ばたこう 君に吹いてる風を感じて
今 大空へ羽ばたこう 夢は必ず叶うから
ラララ…
လသာည .. ဖြစ်ပါတယ်
Saturday, July 24, 2010
ကြိုဆိုပါ၏။
http://www.khitpyaing.org/index.php?route=detail/comment
တစ်နေ့က အငယ်မနဲ့ ဖုန်းပြောတော့ ဆရာ၊ ဆရာမတွေ တိုဖယ် နဲ့တူတဲ့ စာမေးပွဲဖြေနေကြရတယ် --- လောလောဆယ်တော့ အမှတ်တွေ နည်းနေကြတယ် ကြားတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် နောက်တော့ နည်းလမ်းတွေ ရှာဖွေလာပြီး အင်္ဂလိပ်စာ ကောင်းလာကြမယ် လို့ ယူဆရပါတယ်။
ပါရဂူစတက်တော့ကျမ်းကြီးကျပ်တဲ့ ဂျပန်ကပါရဂူဘွဲ့ရလာတဲ့ ဆရာက အင်္ဂလိပ်စာကလွဲပြီး ဘယ်ဘာသာကိုမှ မလေ့လာရဖူးလို့ စည်းကမ်းထုတ်တာကို သတိရမိတယ်။
ဂျပန်လို နိုင်ငံမျိုးကတော့ ရှင်သန်ဖို့အရေး ဂျပန်စာ ကို ထမင်းစားရေသောက် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ဖို့ အရေးတကြီး လိုတာကို လက်ခံပါတယ်။ ရောက်ခါစက ငိုခဲ့ရတာ မှတ်မိနေသေးတယ်ရော။ ဒါပေမဲ့ နိုင်ငံခြားမှာ ဆင်ပိုဇီယမ်သွားတာတို့ ဘာတို့နဲ့ ရေရှည် အတွက်ဆိုရင်တော့ အင်္ဂလိပ်စာကို ပစ်ထားလို့ ဖြစ်ကိုမဖြစ်ဖူး ဆိုတာကိုလဲ သတိချပ်မိပါတယ်။ ရေးဖတ်တာနဲ့ ပြောဆိုတာကလဲ ကွာသေးတယ်မဟုတ်လား။
လူတွေက ကိုယ်လုပ်ချင်တာ လုပ်နေကြရရင် ချမ်းမြေ့တယ် ဆိုတာသိပေမဲ့လဲ --- စိတ်ချမ်းသာဖို့ဆိုတာ ကိုယ့်စိတ်ထားပေါ် အဓိက မူတည်တယ် ဆိုတာသိပေမဲ့လဲ ---- တစ်ခါတစ်လေ ပါတ်ဝန်းကျင်ရဲ့ ဖိအားဆိုတာမျိုးကလဲ ---
အားလုံး ကိုယ်ကျမ်းမာ စိတ်ချမ်းသာ ကြီးပွါးအောင်မြင်ကြပါစေရန် ဗက်ဆာမှ ဆုမွန်ကောင်း တောင်းပါသည်။
ဒီနှစ်ဘွဲ့ယူမယ့်သူတွေက အလုပ်များနေမယ်ဆိုတာ သဘောပေါက်ပါ၏။ ဘွဲ့မယူနိုင်သေးတဲ့သူက ဘာ့ကြောင့် ပြာယာခတ်နေရသလဲဆိုတာ တွေးမိရင် နဲနဲတော့ ငိုချင်ပါ၏။

ဗက်ဆာ,
ရောက်တက်ရာရာ
Wednesday, July 21, 2010
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော မွေးနေ့ လေးတစ်ခုပါ..။
လသာည (ခ) မယ်နု ရဲ့  မွေးနေ့ 
အမှတ်တရလေးရေးပေးချင်တယ်။
ရစေချင်တဲ့ ဆုလဒ်များစွာ ဖြစ်စေချင်တဲ့ ဆန္ဒများစွာ....နဲ့ ။
ရစေ ...ဖြစ်စေ ဆိုတဲ့ စေ တစ်လုံးပိုင်ရှင်သာ ဖြစ်ခဲ့ရင်
် လိုအင်ဆန္ဒတွေ ဖြည့်တင်းပေးချင်ခဲ့။
စေ တစ်လုံးပိုင်ရှင် မဟုတ်ခဲ့ပေမယ့်
ရင်ထဲက သံယောဇဉ်များစွာနဲ့ 
ရင်းနှီးကာ မင်းပျော်ဖို့ ပေးလိုက်မယ်
အရာရာ ပျော်ရွှင်ချမ်းမြေ့ခြင်းအတိနဲ့ 
သတ္တိ၊ ခွန်အားစွမ်းအင်များ မင်းရင်မှာ အမြဲတည်စေ။
မိဆိုးလေး
Labels:
မွေးနေ့
အယ်ဒီတာချုပ်၏ ၁၇ နှစ်မြောက်မွေးနေ့ အမှတ်တရ
အယ်ဒီတာချုပ်ရဲ့ ၁၇ နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ချစ်သောခင်ပွန်းနဲ့ သမီးဇူးဇူးလေး တို့အပါအ၀င် နောက်တိုးလေးများနဲ့ ပျော်ရွှင်စွာ လုပ်ချင်တာတွေ လုပ်နိုင်ပါစေလို့ ချစ်ခင်စွာ ဆန္ဒပြုပါသည်။
(အယ်ဒီတာချုပ်နဲ့ ပါတ်သတ်ပြီး အမှတ်တရတွေ အများကြီး ရေးချင်သေးတယ်။ ဦးနှောက်က အပူလောင်ပြီး ဟန်းနေတာနဲ့။)
ကော်မန့်တွေ ပြီးရင် စုပြီးဒီထဲ ထည့်ထားမယ်။ အမှတ်တရပေါ့။ အမှတ်တရ ရေးချင်သူများရှိလဲ ဒီထဲမှာပဲ လာဆက်ရေးကြပါရှင့်။
အော်...ဒီနေ့...ချစ်ရတဲ့ခိုင်လေးမွေးနေ့..ကိုယ်အလုပ်ကအပြန်..
အမြန်ဆုံးနည်းနဲ့..ပန်ကန်လုံးစီးပြီး..ဟောဒီလို..မွေးနေ့ကိတ်ကို..
မောင်..လာပို့နေတာနော်
(11:50pm)
ဟူး..အချိန်မှီကောင်းပါရဲ့..ခိုင်ရေ..မောင်လာပြီ...
ကဲကဲ..အချိန်နောက်ကျသွားမှာကြောက်လို့..မောင်ကိုယ်တိုင်..
မွေးနေ့ဖယောင်းတိုင်..မှုတ်ပေးမယ်..ဖူး..ဖူး...
အော်..ကဲပါ..နားနားနေနေ..နေပါ..
ခိုင်ကိုယ်တိုင်ပဲ..ဟောဒီလို..အဟီးးးးး))))
အိုး..ဝိုး...တော်ပါသေးရဲ့..Happy Belated Birthdayမဖြစ်တော့လို့....;p
(11:59pm, 21-07-2010)
(ပြုံးတော်မူဖို့..ပုံစီတယ်..ဂူဂယ်ကကွယ်..း)

Monday, July 19, 2010
Sunday, July 18, 2010
အိုခိဝို စကဲတဲ့နယ်။
လူနေပါးသော အရပ်တွင် နေထိုင်ပါလျင် သတိထားနိုင်စေပါရန်။ ဥပမာ ဖူကူအိုကာ ဆင်ခြေဖုံး။
လဲတညားတို့ နေမျိုးနွယ် နိုင်ငံက အဲဂလိုပဲလား။ ---- ဟင်း။--- ( :D :D မဟုတ်တာဆို သူ့နိုင်ငံဖြစ်သွားရော။ )
အတော် လေတယ်။
လိုင်ဘရီမှာ စာအုပ်လေး ငှားပြီး ပြီးလွယ် စီးလွယ် မက်ဒေါနားက မက်ပေါ့ ၁၀၀ တန်လေးနဲ့ပဲ ညနေစာ လိုက်ပါတော့မယ်လေ လို့ အောင့်မေ့ပြီး မက်ဒေါနား မှာ မက်ပေါ့လေး ၀ယ်ပါတယ်။
ပင်ပန်းလွန်းနေခဲ့တော့ အစာလေး စားရတုန်းလေး အပြင်မှာ ခတအဲ ချောင်းရေ စီးသံလေးကို ကဗျာဆန် ဆန် နာခံရင်း မက်ပေါ့လေးကို ကိုက်မယ် အောင့်မေ့ပြီး ခတအဲ ချောင်းဘေး တစ်လျှောက် ဘီးလေး စီးပြီး ချောင်းဘေးက ပန်းခြံလေး (ကလေးကစားကွင်းပါရှင်ာ။ နေ့လည်ဆို ကလေးတွေ ကစားဖို့ ကွင်းပြောင်လေးနဲ့ ကစားစရာတွေ တပ်ထားပေါ့။) ကို သွားပါတယ်။
ကားလမ်းကနေလှမ်းကြည့်ရင် အပင်တွေ ကွယ်ပြီး မမြင်ရပါဘူး။ ၀င်ပေါက်မရှိပေမဲ့ စက်ဘီးပဲ သွားလို့ရတဲ့ ကျောက်ခင်းလမ်း ဘက်က ၀င်ပေါက်လေးထဲကို ခေါက်ဘီးလေးကို ထိုးထည့်ဖို့ ကြိုးစားနေတုန်း ကျားပေါက် လေး ၂ ကောင် ရယ်မောစကားသံကြားရပါတယ်။ အော်။ .... ကောင်းတာပေါ့ ။ လူရှိတော့ ၀လဲ သိပ်ပြီး မကြောက်ရတော့ ဘူးပေါ့ အောင့်မေ့ပြီး စက်ဘီးကို တွန်းရင်း ထိုင်ခုံ ကိုရှာပါတယ်။ မျက်လုံးက လူသံတွေ ရှိတဲ့ ဖက်ကို ဘယ်လို ရောက်သွားမှန်းမသိဘူး။
အလယ်--- လယ်။
ကမန်းကတန်း စက်ဘီးကို နောက်ကြောင်း ပြန်တွန်း ။ စောက ၀င်ပေါက်ထဲ စက်ဘီးကို ကမန်းကတန်း ပြန်တွန်းထွက်ရပါတယ်။
ဝ-- မတိခဲ့ရပါလားတွယ်။ ရေက ပန်းခြံ အပေါ်ကနေ ကို ဘယ်လို ပေးထားမှန်း မသိဘူး ခုမှတွေ့တယ်။ အိမ်ခန်းထဲ က ရေချိုးနည်းနဲ့ ကျားပေါက် တစ်ကောင်က ချိုးနေတာ။ လူသံကြားလို့ထင်ပါရဲ့။ သူက နောက်ကျောပေးထားလိုက်ပုံပေါ်တယ်။ ဖင်ပြောင်လေးနဲ့။
သူ့အဖော်ကတော့ အ၀တ်အစားနဲ့ပါ။ သဘောတွေကျပြီး ရယ်နေလေရဲ့။ ၂၀ ကျော်လေးတွေထင်ပါရဲ့။
ညစ်တယ်။ သတိတွေလဲ ထားကြဦး။ သတိဆိုတာ ပိုတယ်မရှိတဲ့။ လူရှင်းရာ နေကြရင်ဖြင့်။
ဖွားဖွား ဗက်ဆာ။

မျှဝေခံစားမှု
cont: Let's listen English
ပြာနေပါသည်။ ဖွဲကတော့ ထွက်သင့်သလောက်လဲထွက်ပါ၏။
ပြာယာခတ်နေတဲ့ အထဲက စကားကလဲ များချင်သေး။ ၀ုတ်ပါဘူး။ တင်မိတဲ့ ပို့ စ်လေးတော့ နောက်ဆက်တွဲလေး ရှိလာတော့လဲ တင်လိုက်တာပဲ ကောင်းပါတယ်လို့။
အိုင်တီ ခေတ်ထဲမှာ အင်ဖော်မေးရှင်းတွေကတော့ ဒီလိုပဲလေ။ အသစ်--အသစ်တို့ က အဟောင်းတို့ကို အလျင်အမြန် --- ။
စက်ရုပ်ထက် နဲနဲလေးပဲ သာပြီး ဖတ်နေတဲ့ ၀ထ္ထုကိုနားထောင်ရတာ ဆားမပါတဲ့ ဟင်းနဲ့ ထမင်းစားရသလိုပဲ။
ဗမာပြည်မှာတုန်းက သေချာ ဖတ်ပြတဲ့  ရှားလော့ဟုမ်း ပုံပြင်တွေနားထောင်ခဲ့ဖူးတော့ ဒီ ၀ထ္ထုတွေ နားထောင်ရတာ တော်တော် ခံစားချက်မသက်မသာ ဖြစ်ရပါတယ်။ ဆော့ဖဲဝဲ ဖတ်သလား လူဖတ်သလားတောင် မစဉ်းစားချင်တော့ပါဘူး။
ခံနိုင်ရည်စွမ်းကုန်သွားတဲ့ နောက်မှာ ဆရာဖြစ်သူ ဒီနေ့လည် အိမ်ပြန်သွားတာနဲ့ လိုင်ဘရီကို ပြေးပြီး မေးမြန်းရှာဖွေတော့ ငှားနိုင် နားထောင်နိုင်ခဲ့ပါပြီ။
ဒီမှာ-- ဒီမှာ-- ဂလိုလေး။
ဟူး--- ခုမှပဲ
စိတ်ချမ်းသာတော့တယ်။ ခု Little Women ကိုနားထောင်နေပါတယ်။ စတာနဲ့ ဗေသိုဗင်ရဲ့ နံမယ်ကြီး Für Elise ကိုနားထောင်ရပြီးတော့ သေချာဖတ်ပြတဲ့ အမျိုးသမီးရဲ့ အသံကို ကြားရပါတယ်။ တကယ့်ကို စကားဝိုင်းထဲ နားထောင်နေရသလိုပါပဲ။
ညီမထားဘေဘီတွေနဲ့ လဲတညား ရဲ့ ဇူးဇူးလေးဖို့ကတော့။ (ဖူကူအိုကာ လိုင်ဘရီ ဆိုတာ ရှိတယ် ညီမထားရဲ့။ မိတ်ဆွေတွေ မေးကြည့်နော်။)
အဲဒါတွေက အဆင့်အမျိုးမျိုးရှိတယ် တယ်ရင်းတို့ရဲ့။ (အဟီး။ လဲတညားတော့ သိပြီးသားနေမှာပါ။ ညီမထားတော့ ဗမာပြည်နဲ့ ပြတ်လတ်နေတော့ကာ။) အဆင့်ငါး က Intermediate တန်းဆိုပဲ။ အဲဒီ ၀ထ္ထုတွေက ဗမာပြည်မှာ အထက်တန်း ကျောင်း သင်ရိုးမှာ သင်ပြီးသားပါ။ ဥပမာ Wuthering Heights (Emily Bronte) ဆိုရင် အဆင့်ငါး ဖြစ်ပါသည်။ Great Expectation (Charles Dickens ) လဲ အဆင့်ငါးပါ။ Treasure Island ဆိုရင် ကိုးတန်းတုန်းက သင်ခဲ့ရတဲ့ The Brave Boy ရဲ့ ၀ထ္ထုပေါ့။
သို့သော်လည်း။---- သိကြတဲ့ အတိုင်း။
ဗမာပြည်မှာ ဗက်ဆာတို့တုန်းက သင်ရတဲ့ စာအုပ်ပါးလေးက မူလ ၀ထ္ထုမဟုတ်ပါဘူး။ အတိုချုပ်ထားပြီးသားပါ။ အခု ဖတ်တဲ့ ၀ထ္ထုက ပိုပြီးတိုအောင် ခြုံ့ထားပြီးသားပါ။ အဆင့် ငါးရဲ့ သဒ္ဒါနဲ့ ဝေါဟာရနဲ့ တန်အောင်ပေါ့။ မခက်ပါဘူး။
တော်တော်တိုပေမဲ့ အဓိက ကတော့ နားယဉ်အောင် ဆိုပါတော့။ ဘောက်သံလေးပိုပြီး ဘိုသံလေးများ ပေါက်လာမလားပေါ့။ ငပိရည်ကြိုက်သူက ဘောက်သံလေးများ ပိုလာမလားလို့ ဒီလိုပဲ အကြံအဖန် လုပ်ရတာပဲလေ။
အဓိက ဆိုလိုချင်တာက ကလေးတွေကို အဆင့်တစ် တို့ နှစ်တို့ကနေ စပြီး စာအုပ်နဲ့ ကျင့်ပေးရင် ကလေးကို ၀န် ပိစေမယ် မထင်ပါဘူးလို့။ ----
ထင်ရာ မြင်ရာ နဲ့ လျှောက် ဆရာကြီး လုပ်ကြည့်တာ။ တကယ်တော့မီးလဲ ဘိုလို မတော်ပါဘူး။ ထမင်းမငတ်ရုံလေးပါပဲ။ ဂတ်ကိုင်းရှိလို့ ထပူ တာပါ။
ရေတက် ငါးစင်ရိုင်း ဗက်ဆာ ဖြစ်ပါသည်။
စာကြွင်း။ ။ခု တော့ စက်ထဲမှာ အမ်ပီသရီးနဲ့ရောက်ကုန်ပါပြီ။
သိပြီးသားသူတွေတော့ ကျော်ဖတ်ပါရန်။
စီဒီကို ထည့်ပြီးရင် ၀င်းဒိုးမီဒီယာပလေယာမှာ Rip ရပါသည်။ Rip ကိုအဆင်ပြေသလို ကလစ်ကြည့်ရင် More Option လား Option လား ကို ခေါ်ပြီး ဆေ့ဖ်မယ့် နေရာမှာ ဖိုင် အမျိုးအစားကို အမ်ပီသရီး ပြောင်းလိုက ပြောင်းပေးထားလိုက်နိုင်ပါသည်။ တယ်လီဖုန်းဖြင့် နားထောင် သူများကတော့ ၀င်းဒိုးမီဒီယာ ပလေယာမှာ ဖိုင်အမျိုးအစား ပြောင်းလို့ရလောက်ပါသည်။ တောသူမက တယ်လီဖုန်းကို ကိုယ်နဲ့ကပ်ပြီး အမြဲယူသွားရတာ အသဲကျိန်းလို့ အမ်ပီသရီးပလေယာနဲ့ပဲ ------ အသံကွာလတီ ကောင်းဖို့ လဲ ပြောင်းပေးနိုင်ပါသေးသည်။
ဂျနယ်။ မင်းနစံ။ ကြိုးစားကြပါစို့။
ပြာယာခတ်နေတဲ့ အထဲက စကားကလဲ များချင်သေး။ ၀ုတ်ပါဘူး။ တင်မိတဲ့ ပို့ စ်လေးတော့ နောက်ဆက်တွဲလေး ရှိလာတော့လဲ တင်လိုက်တာပဲ ကောင်းပါတယ်လို့။
အိုင်တီ ခေတ်ထဲမှာ အင်ဖော်မေးရှင်းတွေကတော့ ဒီလိုပဲလေ။ အသစ်--အသစ်တို့ က အဟောင်းတို့ကို အလျင်အမြန် --- ။
စက်ရုပ်ထက် နဲနဲလေးပဲ သာပြီး ဖတ်နေတဲ့ ၀ထ္ထုကိုနားထောင်ရတာ ဆားမပါတဲ့ ဟင်းနဲ့ ထမင်းစားရသလိုပဲ။
ဗမာပြည်မှာတုန်းက သေချာ ဖတ်ပြတဲ့  ရှားလော့ဟုမ်း ပုံပြင်တွေနားထောင်ခဲ့ဖူးတော့ ဒီ ၀ထ္ထုတွေ နားထောင်ရတာ တော်တော် ခံစားချက်မသက်မသာ ဖြစ်ရပါတယ်။ ဆော့ဖဲဝဲ ဖတ်သလား လူဖတ်သလားတောင် မစဉ်းစားချင်တော့ပါဘူး။
ခံနိုင်ရည်စွမ်းကုန်သွားတဲ့ နောက်မှာ ဆရာဖြစ်သူ ဒီနေ့လည် အိမ်ပြန်သွားတာနဲ့ လိုင်ဘရီကို ပြေးပြီး မေးမြန်းရှာဖွေတော့ ငှားနိုင် နားထောင်နိုင်ခဲ့ပါပြီ။
ဒီမှာ-- ဒီမှာ-- ဂလိုလေး။
ဟူး--- ခုမှပဲ
စိတ်ချမ်းသာတော့တယ်။ ခု Little Women ကိုနားထောင်နေပါတယ်။ စတာနဲ့ ဗေသိုဗင်ရဲ့ နံမယ်ကြီး Für Elise ကိုနားထောင်ရပြီးတော့ သေချာဖတ်ပြတဲ့ အမျိုးသမီးရဲ့ အသံကို ကြားရပါတယ်။ တကယ့်ကို စကားဝိုင်းထဲ နားထောင်နေရသလိုပါပဲ။
ညီမထားဘေဘီတွေနဲ့ လဲတညား ရဲ့ ဇူးဇူးလေးဖို့ကတော့။ (ဖူကူအိုကာ လိုင်ဘရီ ဆိုတာ ရှိတယ် ညီမထားရဲ့။ မိတ်ဆွေတွေ မေးကြည့်နော်။)
အဲဒါတွေက အဆင့်အမျိုးမျိုးရှိတယ် တယ်ရင်းတို့ရဲ့။ (အဟီး။ လဲတညားတော့ သိပြီးသားနေမှာပါ။ ညီမထားတော့ ဗမာပြည်နဲ့ ပြတ်လတ်နေတော့ကာ။) အဆင့်ငါး က Intermediate တန်းဆိုပဲ။ အဲဒီ ၀ထ္ထုတွေက ဗမာပြည်မှာ အထက်တန်း ကျောင်း သင်ရိုးမှာ သင်ပြီးသားပါ။ ဥပမာ Wuthering Heights (Emily Bronte) ဆိုရင် အဆင့်ငါး ဖြစ်ပါသည်။ Great Expectation (
သို့သော်လည်း။---- သိကြတဲ့ အတိုင်း။
ဗမာပြည်မှာ ဗက်ဆာတို့တုန်းက သင်ရတဲ့ စာအုပ်ပါးလေးက မူလ ၀ထ္ထုမဟုတ်ပါဘူး။ အတိုချုပ်ထားပြီးသားပါ။ အခု ဖတ်တဲ့ ၀ထ္ထုက ပိုပြီးတိုအောင် ခြုံ့ထားပြီးသားပါ။ အဆင့် ငါးရဲ့ သဒ္ဒါနဲ့ ဝေါဟာရနဲ့ တန်အောင်ပေါ့။ မခက်ပါဘူး။
တော်တော်တိုပေမဲ့ အဓိက ကတော့ နားယဉ်အောင် ဆိုပါတော့။ ဘောက်သံလေးပိုပြီး ဘိုသံလေးများ ပေါက်လာမလားပေါ့။ ငပိရည်ကြိုက်သူက ဘောက်သံလေးများ ပိုလာမလားလို့ ဒီလိုပဲ အကြံအဖန် လုပ်ရတာပဲလေ။
အဓိက ဆိုလိုချင်တာက ကလေးတွေကို အဆင့်တစ် တို့ နှစ်တို့ကနေ စပြီး စာအုပ်နဲ့ ကျင့်ပေးရင် ကလေးကို ၀န် ပိစေမယ် မထင်ပါဘူးလို့။ ----
ထင်ရာ မြင်ရာ နဲ့ လျှောက် ဆရာကြီး လုပ်ကြည့်တာ။ တကယ်တော့မီးလဲ ဘိုလို မတော်ပါဘူး။ ထမင်းမငတ်ရုံလေးပါပဲ။ ဂတ်ကိုင်းရှိလို့ ထပူ တာပါ။
ရေတက် ငါးစင်ရိုင်း ဗက်ဆာ ဖြစ်ပါသည်။
စာကြွင်း။ ။ခု တော့ စက်ထဲမှာ အမ်ပီသရီးနဲ့ရောက်ကုန်ပါပြီ။
သိပြီးသားသူတွေတော့ ကျော်ဖတ်ပါရန်။
စီဒီကို ထည့်ပြီးရင် ၀င်းဒိုးမီဒီယာပလေယာမှာ Rip ရပါသည်။ Rip ကိုအဆင်ပြေသလို ကလစ်ကြည့်ရင် More Option လား Option လား ကို ခေါ်ပြီး ဆေ့ဖ်မယ့် နေရာမှာ ဖိုင် အမျိုးအစားကို အမ်ပီသရီး ပြောင်းလိုက ပြောင်းပေးထားလိုက်နိုင်ပါသည်။ တယ်လီဖုန်းဖြင့် နားထောင် သူများကတော့ ၀င်းဒိုးမီဒီယာ ပလေယာမှာ ဖိုင်အမျိုးအစား ပြောင်းလို့ရလောက်ပါသည်။ တောသူမက တယ်လီဖုန်းကို ကိုယ်နဲ့ကပ်ပြီး အမြဲယူသွားရတာ အသဲကျိန်းလို့ အမ်ပီသရီးပလေယာနဲ့ပဲ ------ အသံကွာလတီ ကောင်းဖို့ လဲ ပြောင်းပေးနိုင်ပါသေးသည်။
ဂျနယ်။ မင်းနစံ။ ကြိုးစားကြပါစို့။
Labels:
ဗက်ဆာ,
မျှဝေခံစားမှု
Saturday, July 17, 2010
ဆေးကြော်ငြာ
ဆေးက အရမ်းကောင်းတာမိုလို့ ဆေးကြော်ငြာချင်နေတာ ကြာပြီ။ လူအားပေမယ့် စိတ်မအားတာနဲ့ မတင်ဖြစ်ဘူး..။ စိတ်ကလည်း အားတယ်ကို မရှိပါဘူး..။ ကိုယ့်ကိုယ်ကိုယ်လည်း ရယ်မိတယ်..။ ငါနှယ် မအားဘူး မအားဘူးနဲ့ ထိုင်တဲ့အချိန်တွေများလိုက်တာလို့..
ကိုယ့်ထက် အတန်းကြီးတဲ့ ဗက်ဆာတို့ မိဆိုးလေးတို့တွေphd တတိယနှစ်မှာ တခါတလေ မေးလ်တောင် မစစ်နိုင်ဘူးဆိုမှ အော် သူတို့ တော်တော်ပင်ပန်းကြပါလားလို့ တွေးမိတယ်။ ပီပီတို့ အိစံတို့ မီးငယ်လေးတို့လည်း အတူတူပေါ့လေ..။ အတန်းကြီးတော့ ကိုယ့်ထက် စာပိုလုပ်ရပေမပေါ့..။ အဲလိုပြောလို့ မယ်ထားကို သက်သာမယ်လို့လည်း မတွေးမိပါဘူး..။ ကလေးတစ်ယောက်နဲ့ တောင် တနေကုန် အရမ်းပင်ပန်းတယ်ဆိုတာ ကိုယ်တိုင်ခံစားသိထားတာမို့ ကလေးနှစ်ယောက်နဲ့ မိသားစုချက်ရေးပြုတ်ရေး၊ စီးပွားရေး လုပ်နေတဲ့သူမို့ တနေကုန် ဘယ်လောက်များ ပင်ပန်းလိုက်မလဲလို့ တွေးမိတော့ သနားမိတယ်။ သူငယ်ချင်းအားလုံး ပင်ပန်းလိုက်တာလို့ တွေးစာနာမိတယ်..။
ဒါပေမယ့်လည်း သူများသဘောင်္ပျက်လို့ လူသေတာထက် လောလောဆယ် ကိုယ့်ခြင်းတောင်း ပျောက်တာ အရေးကြီးတယ်ဆိုတဲ့ စကားလိုပဲ ကိုယ့်ကိုယ်ကိုတော့ တော်တော်လေး ပင်ပန်းနေပြီ ထင်နေခဲ့တာ လသာည ပါ။ တစ်ပတ်တခါလောက် ဆယ်မီနာလေး သွားဖတ် (မာစတာအဆင့်ဆိုတော့ သိပ်ပြီး heavy မဟုတ်ပါဘူး)။ အတန်းလေး ၂ ခုလောက်တက်၊ အချိန်ပိုတာနဲ့ internship ဆိုပြီး test company တောင် တစ်ပတ်တစ်ခါ သွားလိုက်သေးတာ..။ ကျန်တဲ့အချိန်ကတော့ စာလုပ်ချိန်နည်းနည်းနဲ့ အားနေတဲ့အချိန်များများပေါ့..။ ဒါလည်း အားတယ်လို့သာ ပြောရတာ လူအားတာပါ၊ စိတ်ကတော့ မအားဘူး..။ အားအားရှိ ဘလော့ နှစ်ခုကို တက်ချောင်းတယ်။ ဟိုသူငယ်ချင်းနေကောင်းလား ဒီသူငယ်ချင်း အဆင်ပြေလား လိုက်လုပ်တယ်။ အဲဒါနဲ့ တနေပြီး တနေ၊ တစ်ပတ်ပြီး တစ်ပတ်ကုန်ကုန်သွားတယ်။ အဲဒါနဲ့ မအားဘူး မအားဘူး ဖြစ်နေတာပါ..။
ကိုယ့်သယ်ရင်းလေးတွေကလည်း သဘောကောင်းတော့ မအားကြတဲ့ကြားထဲကပဲ အားလုံးအတွက် မပျင်းရအောင် တစ်ယောက်ပြီး တစ်ယောက်ပိုစ်လေးတွေ တင်ပေးကြတယ်။ ကျေးဇူးတကယ်တင်ရပါတယ်။ အားလုံးစိုက်ထုတ်ပေးတဲ့ အချိန်လေးတွေကို တွေးမိတိုင်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ အအားဆုံးဖြစ်သင့်တဲ့ ကိုယ်ကအစ မအားဘူးမအားဘူး အော်အော်နေပြီး ကျန်တဲ့သူတွေ ပိုစ်တင်ခိုင်းနေသလို ဖြစ်ဖြစ်နေခဲ့ရင် တကယ်ခွင့်လွှတ်ပါ..။ ဆောရီးနော်။
မနေ့က မိဆိုးလေးနဲ့ ဖုန်းရတော့ သူက ပြောတယ်။ သိပ်မကျန်တော့ဘူးနော်တဲ့..။ သူအသံက နည်းနည်း ၀မ်းနည်းသံပါတာကို သတိထားမိလိုက်တယ်။ သိပ်တော့ အလေးအနက် မတွေးလိုက်မိဘူး..။ နောက်မှ ပြန်စဉ်းစားမိတယ်။ သူပြောတာ ဟုတ်တယ်လို့..။ တကယ်လို့ ဂျပန်ကနေ ပြန်သွားတဲ့အခါ လုပ်ငန်းခွင်ထဲ ရောက်သွားရင် ဒီလူတွေဟာ အခုလို နေ့တိုင်းစကားလက်ဆုံ ကျဖို့ မပြောနဲ့ တစ်လတစ်ခါ တစ်နှစ်တခါတောင် တွေ့ရပါတော့မလာ့း... ။. လွမ်းသွားတယ်..။ ဘယ်တတ်နိုင်မလဲလေ နော။ တွေ့ဆုံကြုံကွဲ မဟုတ်လား..
ဒီတော့ အတူရှိနေနိုင်ချိန်လေး နှုတ်ဆက်ခွင့်ရှိနေတုန်းလေး အားလုံးကို နားလည်ဂရုစိုက်ပေးလိုက်တာဟာ အကောင်းဆုံးပဲလို့ ကိုယ့်ဘာသာ တွေးလိုက်မိတယ်။ မိဆိုးလေးက မနေ့ကပြောသွားသေးတယ်။ ပြန်သွားရင်လည်း ဆုံလို့ရအောင် ဒီဘလော့ကို ဒေါ့ကွန်းပြောင်းရအောင်တဲ့..။ မြန်မာပြည်ကနေ ကြည့်လို့ရအောင်ပေါ့လေ..။ ကောင်းတဲ့အကြံလေးလို့ ယူဆပေမယ့် အားလုံးရဲ့ သဘောထားလေးကို သိပြီးမှ လုပ်ရင် ကောင်းမယ်လို့ တွေးမိတယ်။ သဘောထားလေးကို ပြောကြပါဦး။ အားလုံးဆန္ဒရှိတယ်ဆိုရင် လသာညက ဒေါ့ကွန်းပြောင်းပေးဖို့ တာဝန်ယူပါတယ်။ အားလုံး အိုကေပါသလားး))
အဲ.. အာလူးရိုက်နေလို့ လိုရင်းကို မေ့တော့မယ်။ ဆေးကြာ်ငြာကို ဆက်ပါမယ်..။ မိုးရွာထဲမှာ စက်ဘီးလဲတုန်းက ဒဏ်ရာ မဖြစ်စလောက်ရလိုက်တယ်..။ သိပ်မများဘူး ပွန်းတာပဲ့တာလောက်ပါ..။ ဒါပေမယ့် သိတယ်မဟုတ်လား ဒဏ်ရာကြီးတဲ့သူက ချူပ်ပြစ်လိုက်ရင် မြန်မြန်ပျောက်သေးတယ်။ ဒဏ်ရာသေးရင် ရေစိုတိုင်း အနာဖေး အသစ်ဖြစ် သွေးပြန်ထွက်၊ ခန္ဓာကိုယ် အကွေးအဆန့်မှာ ပြန်သွေးထွက်၊ အဲလိုဖြစ်ပြီး အနာက တော်တော်နဲ့ မပျောက်တတ်ဘူး..။ အဲဒီအတွက် ဒီဆေးလေးကောင်းတယ်။ ဆေးက အရည်လေး..။ လက်သည်းနီ ပုလင်းလိုမျိုး အထဲမှာ စုပ်တံလေးနဲ့။ သူ့ကို စုပ်တံမျိုးလေးနဲ့ အနာပေါ်ကို ဆိုးရတာ။
အနာပေါ် ဆိုးဆိုးချင်းတော့ ထုံးစံအတိုင်း စပ်တာပေါ့နော်။ ဒါပေမယ့် ပါးစပ်နဲ့ လေမှုတ်ပြီး မြန်မြန်ခြောက်သွားအောင် လုပ်ပေးလိုက်။ ဒါဆို သူက အသားပလာစတာလိုမျိုး အနာပေါ်မှာ ကပ်သွားတာ၊ ရေချိုးလည်း မကွာဘူး။ အဲဒီတခါပဲ ဆေးပလာစတာ ထည့်စရာလိုတယ်။ အောက်က အရေပြားအသစ်လဲပြီး နောက်ဆုံးပျောက်သွားမှ အဲဒါလေးကို လက်နဲ့ ခွာထုတ်လိုက်ရတာ။
တော်တော်လေးကောင်းတယ်။ လက်သည်းနီ ဆိုးဖူးတယ်မို့လား၊ အဲလိုတခါတည်း ဖယောင်းလိုမျိုး တခါတည်း ကပ်သွားတာ..။ ကလေးရှိတဲ့အိမ်ဆို ကလေးကို ကပ်ပေးလိုက်ရင် တခါပဲ ပျောက်သွားမှာပါ။ ဆေးထပ်လိမ်းစရာလည်း မလိုတော့ဘူး။ ကစားရင်း ဆော့ရင်း ပလာစတာကွာပြီး သွေးထွက်သွားမှာလည် စိတ်မပူရဘူး။ ဒါကြောင့် ၀ယ်ပြီး ဆောင်ထားရင် ကောင်းတယ်လို့ အကြံပေးချင်တယ်။ တို့တော့ မြန်မာပြည်ပြန်ရင် သုံးလေးဗူးတော့ ၀ယ်သွားမလားလို့။ ကိုယ်သုံးဖို့ရော လက်ဆောင်ပေးဖို့ရောလေ..။ ၀ယ်ချင်တဲ့သူများ အဲဒီပုံလေးကို ကူးပြီး ပရင်ထုတ်ပြီး ဆေးဆိုင်တွေမှာ ရှာဝယ်လို့ရတယ်။ ယမ်း ၇၀၀လောက်တော့ ပေးရလိမ့်မယ်..
ကဲ အားလုံးအတွက် ပျော်စရာ ရက်သတ္တပတ်လေးဖြစ်ပါစေ..။ အနာရောဂါ ကင်းဝေးပါစေ..
လသာည ဖြစ်ပါတယ်..
(ဆေးပုလင်းဓါတ်ပုံကို သေချာမမြင်ရရင် မောက်စ်နဲ့ ကလစ်ကြည့်နော် အကြီးကြီး မြင်ရလိမ့်မယ်)
ကိုယ့်ထက် အတန်းကြီးတဲ့ ဗက်ဆာတို့ မိဆိုးလေးတို့တွေ

Subscribe to:
Posts (Atom)