Showing posts with label ဗဟုသုတ. Show all posts

Thursday, August 5, 2010
Saturday, July 17, 2010
ဆေးကြော်ငြာ
ဆေးက အရမ်းကောင်းတာမိုလို့ ဆေးကြော်ငြာချင်နေတာ ကြာပြီ။ လူအားပေမယ့် စိတ်မအားတာနဲ့ မတင်ဖြစ်ဘူး..။ စိတ်ကလည်း အားတယ်ကို မရှိပါဘူး..။ ကိုယ့်ကိုယ်ကိုယ်လည်း ရယ်မိတယ်..။ ငါနှယ် မအားဘူး မအားဘူးနဲ့ ထိုင်တဲ့အချိန်တွေများလိုက်တာလို့..
ကိုယ့်ထက် အတန်းကြီးတဲ့ ဗက်ဆာတို့ မိဆိုးလေးတို့တွေphd တတိယနှစ်မှာ တခါတလေ မေးလ်တောင် မစစ်နိုင်ဘူးဆိုမှ အော် သူတို့ တော်တော်ပင်ပန်းကြပါလားလို့ တွေးမိတယ်။ ပီပီတို့ အိစံတို့ မီးငယ်လေးတို့လည်း အတူတူပေါ့လေ..။ အတန်းကြီးတော့ ကိုယ့်ထက် စာပိုလုပ်ရပေမပေါ့..။ အဲလိုပြောလို့ မယ်ထားကို သက်သာမယ်လို့လည်း မတွေးမိပါဘူး..။ ကလေးတစ်ယောက်နဲ့ တောင် တနေကုန် အရမ်းပင်ပန်းတယ်ဆိုတာ ကိုယ်တိုင်ခံစားသိထားတာမို့ ကလေးနှစ်ယောက်နဲ့ မိသားစုချက်ရေးပြုတ်ရေး၊ စီးပွားရေး လုပ်နေတဲ့သူမို့ တနေကုန် ဘယ်လောက်များ ပင်ပန်းလိုက်မလဲလို့ တွေးမိတော့ သနားမိတယ်။ သူငယ်ချင်းအားလုံး ပင်ပန်းလိုက်တာလို့ တွေးစာနာမိတယ်..။
ဒါပေမယ့်လည်း သူများသဘောင်္ပျက်လို့ လူသေတာထက် လောလောဆယ် ကိုယ့်ခြင်းတောင်း ပျောက်တာ အရေးကြီးတယ်ဆိုတဲ့ စကားလိုပဲ ကိုယ့်ကိုယ်ကိုတော့ တော်တော်လေး ပင်ပန်းနေပြီ ထင်နေခဲ့တာ လသာည ပါ။ တစ်ပတ်တခါလောက် ဆယ်မီနာလေး သွားဖတ် (မာစတာအဆင့်ဆိုတော့ သိပ်ပြီး heavy မဟုတ်ပါဘူး)။ အတန်းလေး ၂ ခုလောက်တက်၊ အချိန်ပိုတာနဲ့ internship ဆိုပြီး test company တောင် တစ်ပတ်တစ်ခါ သွားလိုက်သေးတာ..။ ကျန်တဲ့အချိန်ကတော့ စာလုပ်ချိန်နည်းနည်းနဲ့ အားနေတဲ့အချိန်များများပေါ့..။ ဒါလည်း အားတယ်လို့သာ ပြောရတာ လူအားတာပါ၊ စိတ်ကတော့ မအားဘူး..။ အားအားရှိ ဘလော့ နှစ်ခုကို တက်ချောင်းတယ်။ ဟိုသူငယ်ချင်းနေကောင်းလား ဒီသူငယ်ချင်း အဆင်ပြေလား လိုက်လုပ်တယ်။ အဲဒါနဲ့ တနေပြီး တနေ၊ တစ်ပတ်ပြီး တစ်ပတ်ကုန်ကုန်သွားတယ်။ အဲဒါနဲ့ မအားဘူး မအားဘူး ဖြစ်နေတာပါ..။
ကိုယ့်သယ်ရင်းလေးတွေကလည်း သဘောကောင်းတော့ မအားကြတဲ့ကြားထဲကပဲ အားလုံးအတွက် မပျင်းရအောင် တစ်ယောက်ပြီး တစ်ယောက်ပိုစ်လေးတွေ တင်ပေးကြတယ်။ ကျေးဇူးတကယ်တင်ရပါတယ်။ အားလုံးစိုက်ထုတ်ပေးတဲ့ အချိန်လေးတွေကို တွေးမိတိုင်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ အအားဆုံးဖြစ်သင့်တဲ့ ကိုယ်ကအစ မအားဘူးမအားဘူး အော်အော်နေပြီး ကျန်တဲ့သူတွေ ပိုစ်တင်ခိုင်းနေသလို ဖြစ်ဖြစ်နေခဲ့ရင် တကယ်ခွင့်လွှတ်ပါ..။ ဆောရီးနော်။
မနေ့က မိဆိုးလေးနဲ့ ဖုန်းရတော့ သူက ပြောတယ်။ သိပ်မကျန်တော့ဘူးနော်တဲ့..။ သူအသံက နည်းနည်း ၀မ်းနည်းသံပါတာကို သတိထားမိလိုက်တယ်။ သိပ်တော့ အလေးအနက် မတွေးလိုက်မိဘူး..။ နောက်မှ ပြန်စဉ်းစားမိတယ်။ သူပြောတာ ဟုတ်တယ်လို့..။ တကယ်လို့ ဂျပန်ကနေ ပြန်သွားတဲ့အခါ လုပ်ငန်းခွင်ထဲ ရောက်သွားရင် ဒီလူတွေဟာ အခုလို နေ့တိုင်းစကားလက်ဆုံ ကျဖို့ မပြောနဲ့ တစ်လတစ်ခါ တစ်နှစ်တခါတောင် တွေ့ရပါတော့မလာ့း... ။. လွမ်းသွားတယ်..။ ဘယ်တတ်နိုင်မလဲလေ နော။ တွေ့ဆုံကြုံကွဲ မဟုတ်လား..
ဒီတော့ အတူရှိနေနိုင်ချိန်လေး နှုတ်ဆက်ခွင့်ရှိနေတုန်းလေး အားလုံးကို နားလည်ဂရုစိုက်ပေးလိုက်တာဟာ အကောင်းဆုံးပဲလို့ ကိုယ့်ဘာသာ တွေးလိုက်မိတယ်။ မိဆိုးလေးက မနေ့ကပြောသွားသေးတယ်။ ပြန်သွားရင်လည်း ဆုံလို့ရအောင် ဒီဘလော့ကို ဒေါ့ကွန်းပြောင်းရအောင်တဲ့..။ မြန်မာပြည်ကနေ ကြည့်လို့ရအောင်ပေါ့လေ..။ ကောင်းတဲ့အကြံလေးလို့ ယူဆပေမယ့် အားလုံးရဲ့ သဘောထားလေးကို သိပြီးမှ လုပ်ရင် ကောင်းမယ်လို့ တွေးမိတယ်။ သဘောထားလေးကို ပြောကြပါဦး။ အားလုံးဆန္ဒရှိတယ်ဆိုရင် လသာညက ဒေါ့ကွန်းပြောင်းပေးဖို့ တာဝန်ယူပါတယ်။ အားလုံး အိုကေပါသလားး))
အဲ.. အာလူးရိုက်နေလို့ လိုရင်းကို မေ့တော့မယ်။ ဆေးကြာ်ငြာကို ဆက်ပါမယ်..။ မိုးရွာထဲမှာ စက်ဘီးလဲတုန်းက ဒဏ်ရာ မဖြစ်စလောက်ရလိုက်တယ်..။ သိပ်မများဘူး ပွန်းတာပဲ့တာလောက်ပါ..။ ဒါပေမယ့် သိတယ်မဟုတ်လား ဒဏ်ရာကြီးတဲ့သူက ချူပ်ပြစ်လိုက်ရင် မြန်မြန်ပျောက်သေးတယ်။ ဒဏ်ရာသေးရင် ရေစိုတိုင်း အနာဖေး အသစ်ဖြစ် သွေးပြန်ထွက်၊ ခန္ဓာကိုယ် အကွေးအဆန့်မှာ ပြန်သွေးထွက်၊ အဲလိုဖြစ်ပြီး အနာက တော်တော်နဲ့ မပျောက်တတ်ဘူး..။ အဲဒီအတွက် ဒီဆေးလေးကောင်းတယ်။ ဆေးက အရည်လေး..။ လက်သည်းနီ ပုလင်းလိုမျိုး အထဲမှာ စုပ်တံလေးနဲ့။ သူ့ကို စုပ်တံမျိုးလေးနဲ့ အနာပေါ်ကို ဆိုးရတာ။

အနာပေါ် ဆိုးဆိုးချင်းတော့ ထုံးစံအတိုင်း စပ်တာပေါ့နော်။ ဒါပေမယ့် ပါးစပ်နဲ့ လေမှုတ်ပြီး မြန်မြန်ခြောက်သွားအောင် လုပ်ပေးလိုက်။ ဒါဆို သူက အသားပလာစတာလိုမျိုး အနာပေါ်မှာ ကပ်သွားတာ၊ ရေချိုးလည်း မကွာဘူး။ အဲဒီတခါပဲ ဆေးပလာစတာ ထည့်စရာလိုတယ်။ အောက်က အရေပြားအသစ်လဲပြီး နောက်ဆုံးပျောက်သွားမှ အဲဒါလေးကို လက်နဲ့ ခွာထုတ်လိုက်ရတာ။

တော်တော်လေးကောင်းတယ်။ လက်သည်းနီ ဆိုးဖူးတယ်မို့လား၊ အဲလိုတခါတည်း ဖယောင်းလိုမျိုး တခါတည်း ကပ်သွားတာ..။ ကလေးရှိတဲ့အိမ်ဆို ကလေးကို ကပ်ပေးလိုက်ရင် တခါပဲ ပျောက်သွားမှာပါ။ ဆေးထပ်လိမ်းစရာလည်း မလိုတော့ဘူး။ ကစားရင်း ဆော့ရင်း ပလာစတာကွာပြီး သွေးထွက်သွားမှာလည် စိတ်မပူရဘူး။ ဒါကြောင့် ၀ယ်ပြီး ဆောင်ထားရင် ကောင်းတယ်လို့ အကြံပေးချင်တယ်။ တို့တော့ မြန်မာပြည်ပြန်ရင် သုံးလေးဗူးတော့ ၀ယ်သွားမလားလို့။ ကိုယ်သုံးဖို့ရော လက်ဆောင်ပေးဖို့ရောလေ..။ ၀ယ်ချင်တဲ့သူများ အဲဒီပုံလေးကို ကူးပြီး ပရင်ထုတ်ပြီး ဆေးဆိုင်တွေမှာ ရှာဝယ်လို့ရတယ်။ ယမ်း ၇၀၀လောက်တော့ ပေးရလိမ့်မယ်..
ကဲ အားလုံးအတွက် ပျော်စရာ ရက်သတ္တပတ်လေးဖြစ်ပါစေ..။ အနာရောဂါ ကင်းဝေးပါစေ..
လသာည ဖြစ်ပါတယ်..
(ဆေးပုလင်းဓါတ်ပုံကို သေချာမမြင်ရရင် မောက်စ်နဲ့ ကလစ်ကြည့်နော် အကြီးကြီး မြင်ရလိမ့်မယ်)
ကိုယ့်ထက် အတန်းကြီးတဲ့ ဗက်ဆာတို့ မိဆိုးလေးတို့တွေ

Tuesday, June 22, 2010
ဗဟုသုတ ဒိုင်ယာရီ-၁
ကလေးငယ်တစ်ဦး အမိဝမ်းတွင်းမှ ကျွတ်လျှင်ကျွတ်ခြင်း ငိုရခြင်း
ဗိုက်ဆာခြင်းသည် ဦးနှောက်နှင့်ဆိုင်သည်
ထမင်းဆာခြင်း၏ အမှန်စင်စစ်မှာ ဦးနှောက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဟိုက်ပိုသားလမတ် နှင့် သက်ဆိုင်ပေတယ်။ ဟိုက်ပိုသားလမတ်တွင် အစာစားစေသော သို့မဟုတ် စားရန်ဆန္ဒကို ဖြစ်စေတဲ့နေရာ feeding centre နဲ့ အစာမစားချင်တဲ့ သို့မဟုတ် အစာကိုဝအီတဲ့ စိတ်ဖြစ်စေတဲ့satiety centre ဆိုပြီး ရှိပါတယ်။ သွေးမှာ သကြားဓါတ်ပမာဏ များနေတဲ့အခါ satiety centre ကြောင့် ဗိုက်မဆာတတ်ပါ။ အလားတူ သွေးမှာ သကြားဓါတ်ပမာဏ နည်းသွားတဲ့အခါ feeding centerကြောင့် ထမင်းဆာ လာပါလိမ့်မယ်။ဦးနှောက်၏ အရေးကြီးဆုံး အပိုင်း
မက်ဒေါလာ သည် ဦးနှောက်၏ အရေးကြီးဆုံး အပိုင်းဖြစ်ပါတယ်။ ဦးနှောက်၏ အောက်ဆုံးအပိုင်း ကျောရိုး အာရုံကြောမရဲ့ အပေါ်မှာ ကပ်လျှက် တည်ရှိတဲ့ ဦးနှောက်အစိတ်အပိုင်းဖြစ်ပါတယ်။ မက်ဒေါလာက ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်ခြင်း၊ သွေးဖိအားထိန်းညှိခြင်း၊ နှလုံးခုန်ခြင်း၊ အသက်ရှူခြင်း စတဲ့ လုပ်ငန်းတွေကို ထိန်းချူပ်ပေးသူပါ။ ကျန်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေ ထိခိုက်ပေမယ့် အသက်ရှင်နိုင်သေးသော်လည်း မက်ဒေါလာ ပျက်ယွင်းသွားရင်တော့ လူတစ်ယောက်ချက်ချင်းသေသွားနိုင်တယ်။ညင်သာစွာ ပွတ်သပ်ပေးပါက နာကျင်တာတွေ ပျောက်တတ်တာ ဘာကြောင့်လဲ..
တခါတလေ နဖူးနဲ့ တစ်ခုခုနဲ့ တိုက်မိတဲ့အခါ လက်ကအလိုလို နဖူးကို ပွတ်မိရဲ့သားဖြစ်သွားတယ်။ အဲလိုပွတ်လိုက်တဲ့အခါ နာတာလေး နည်းနည်းသက်သာသွားသလို ခံစားမိတယ်။ တကယ်တော့ ခန္ဓာကိုယ် နေရာတစ်ခုခုကို မတော်တဆ ထိခိုက်မှုကြောင့် နာသွားတဲ့အခါ အဲဒီနေရာကို လက်နဲ့ ညင်ညင်သာသာ ပွတ်ပေးလိုက်ရင် နာကျင်တာတွေ နည်းနည်းသက်သာသွားတတ်တာမှာ အကြောင်းရှိပါတယ်။ အဲဒါကတော့ နာကျင်မှုဝေဒနာက ထိခိုက်မိတဲ့နေရာမှ စတင်ပေါ်လာပြီး အာရုံကြောတစ်လျှောက် လှုံဆော်မှုအဖြစ် ဖြတ်သန်းကာ ကျောရိုးအာရုံကြောမကို ၀င်ရောက်တယ်။ အဲဒီကတဆင့် ဦးခေါင်းအတွင်းမှာ ရှိတဲ့ ဦးနှောက်ထဲသို့ ဆက်လက်သတင်းပို့တယ်။ ဦးနှောက်ရဲ့ အာရုံလက်ခံတဲ့အပိုင်းက “ဘယ်နေရာမှာ နာသွားတယ်၊ ဘယ်အပိုင်းက ပိုနာတယ်၊ ဘယ်အပိုင်းက စူးစူးရှရှနာတယ်”လို့ ပုံဖော်ပေးတယ်။အဲဒီနာကျင်မှုဝေဒနာရဲ့ လှုံဆော်မှုသွားတဲ့လမ်းက ကျောရိုးအာရုံကြောမမှာ တခါးgate တစ်ခုရှိတယ်။ ထိခိုက်မိတဲ့ နေရာကို လက်နဲ့ ပွတ်သပ်လိုက်ခြင်းက အဲဒီတခါးကို ပိတ်လိုက်သလိုဖြစ်ပြီး နာကျင်မှုဝေဒနာရဲ့ လှုံဆော်မှုက တခါးကို မဖြတ်နိုင်တော့ပဲနဲ့ ဦးနှောက် ကို နာကြောင်း သတင်းပို့ဖို့ မဖြစ်နိုင်တော့တာမို့ နာကျင်တာ သက်သာသွားတာပဲ ဖြစ်ပါတယ်။ အဲဒီလို နာကျင်မှုကို ပိတ်ဆို့ခြင်းကို ဆေးပညာမှာ gate control theory လို့ခေါ်တယ်။ (တရုတ်အပ်စိုက်ပညာဟာ ဒီသဘောကို ယူထားတာပါ)
ဘာကြောင့် သမ်းဝေရသလဲ
ဆေးပညာမှာ ဘာကြောင့် သမ်းဝေရသဲဆိုတဲ့ အကြောင်းရင်းကို တိကျသေချာစွာ မသိနိုင်သေးပါ။ အိပ်ချင်လို့ သမ်းတယ်လို့ ထင်ကြတာပါပဲ..။ ဒါပေမယ့် အနားက တစ်စုံတစ်ယောက်က သမ်းလိုက်ရင် မိမိက အိပ်ငိုက်ချင်စိတ်မရှိပေမယ့် လိုက်သမ်းဝေဖြစ်သွားပါတယ်။ အလားတူပဲ ကိုယ့်အနားက လူတွေလည်း လိုက်သမ်းဝေတာကို တွေ့ရလိမ့်မယ်..။ ဆေးပညာမှာကတော့ သမ်းခြင်းဟာ ကူးစက်တပ်သော အသက်ရှူခြင်းနဲ့ ပတ်သက်တဲ့ အမှုအကျင့် လို့ ဆိုပါတယ်.။ သမ်းတဲ့အတွက် အဆုတ်ရဲ့ ပိတ်ဆို့နေတဲ့ လေအိတ်ငယ်များပွင့်စေတဲ့ခြင်း နှင့် အဆုတ်မှ သွေးများ နှလုံးသို့ ကောင်းစွာရောက်ရှိစေခြင်း စတဲ့ အကျိုးကျေးဇူးများ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ဘာကြောင့် ကြို့ထိုးရသလဲ
ကြို့ထိုးခြင်းသည် ရင်ဘတ်ပိုင်းနဲ့ ၀မ်းဗိုက်ပိုင်းကို ခွဲခြားထားတဲ့ ၀မ်းခေါင်းကြွက်သားရဲ့ စည်းဝါးမှန် စွာ ကျုံ့ညစ်ခြင်းကြောင့် ဖြစ်ပါတယ်။ သွေးထဲမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်များခြင်းသည် ကြို့ထိုးခြင်းကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ သွေးမှာ ယူရီးယားများခြင်းနဲ့ နိုထရိုဂျင် ပါတဲ့ အညစ်အကြေးများခြင်းတို့ ကြောင့်လည်း ကြို့ထိုးတတ်တယ်လို့ ဆိုပါတယ်။ ကြို့ထိုးခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုရှိပြီး ကြာရှည်စွာ သိစိတ်နဲ့ ထိန်းချူပ်လို့ မရပါဘူး..။မူရင်း.. ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)ရဲ့ စာပေဗိမာန်စာမူဆုရ -ဆေးပညာ ဗဟုသုတ ဒိုင်ယာရီ
နှစ်သက်သည်များကို လသာည. ကူးယူမှတ်သား ဖြန့်ဝေသည်..
Subscribe to:
Posts (Atom)