Ryo Sakamoto ရဲ့ ကာတွန်းပုံလေးတွေကို အရင်ကတဲက ကြိုက်ခဲ့တယ်..။ သူ့ရဲ့ကာတွန်းတွေက ချစ်ခြင်းမေတ္တာနဲ့ စိတ်ခွန်အားပေးလို့ပါ ။ အခုရက် ကိုယ်ကအစ သူငယ်ချင်းအားလုံး ပင်ပန်းနေတဲ့အချိန်မို့ အားလုံးအတွက် ပိုစ်လုပ်ပေးလိုက်တယ်။ (ကိုယ်ကအစလို့ ပြောရတာက ပိုစ်တင်ရင် အားနေလို့လို့ ဗက်ဆာ ထင်မှာစိုးလို့ ဗက်ဆာကို နောက်သည်း) ။ သူငယ်ချင်းတွေအတွက် အချိန်ပေးပြီး (ချစ်လို့) တမင်ရေးတင်တာပါ။
ချစ်ရတဲ့ သယ်ရင်းပိစိလေးများ အားလုံး အလုပ်လုပ်ရင်း၊ စာဖတ်ရင်း နားတဲ့အချိန် ဒါလေးကို ဖတ်ပြီး အမောပြေသွားရင် .. ပိုစ်တင်ရကျိုးနပ်မှာပါ...
သူငယ်ချင်းရေ..

အပြန်အလှန် မအားကြလို့ မတွေ့နိုင်ကြပေမယ့် ဒို့ မင်းကို အမြဲ သတိရနေပါတယ်။

နေ့စဉ် အရောင်ပြောင်းလဲနေတဲ့ တိမ်တွေကို ကြည့်ပြီး စိတ်လေစရာမလိုဘူး။ သူတို့နဲ့လိုက်ပြီး ဆေးချယ်ပေးဖို့ ပဲလိုတယ်။

မင်းကို ချစ်လို့ ဆေးချယ်တဲ့အခါ (ဒို့ နောက်ပြောင်တဲ့အခါ) မင်းကို ချစ်လို့ပဲဆိုတာ မှတ်ထားနော် စိတ်ဆိုးရင် မရဘူး ဒါပဲး))

မင်း ပျော်တဲ့အခါပဲဖြစ်ဖြစ်၊ စိတ်ညစ်တဲ့အခါပဲ ဖြစ်ဖြစ်၊ အနားမှာ ရှိတဲ့ ဒို့ လို သူငယ်ချင်းတွေနဲ့ အတူတူ သီချင်းဆိုပစ်လိုက်.. ။ ထပ်ပြောမယ်.. သီချင်းဆိုပစ်လိုက်.. ၊ နော်း))

အထပ်ထပ် မှာဦးမယ်။ ပိန်ပိန် ၀၀ စိတ်မညစ်ပါနဲ့..။ မင်းဟာ ချစ်စရာ ကောင်းပြီးသား...။ ဒီကမ္ဘာထဲမှာ မင်းကို ချစ်တဲ့သူတွေ ရှိနေတယ်..။

အလုပ်တွေ ဘယ်လောက်များများ၊ စိတ်တွေဘယ်လောက် ရှူပ်ရှူပ်၊ စိတ်ပျက်စရာတွေ ရှိတဲ့အခါ မငိုနဲ့..။ (ဒို့ကို ရင်ဖွင့်လိုက်ပါ..) ဒို့ အနားမှာ ရှိနေမှာပါ။

( ဒို့ ဟာလည်း အမြဲ စိတ်မာသူမဟုတ်တော့ ဒို့ လည်း စိတ်ညစ်တတ်၊ အားငယ်တတ်တယ်။ ဒါကြောင့် ဒို့ လည်း ရင်ဖွင့်ပါရစေ..) ဒို့ အနားလည်း နေပေးပါ..။

ဒီလို ချစ်စရာကောင်းသော သူငယ်ချင်းများကို အရမ်းအရမ်းခြစ်သည် အဲ ချစ်သည်..။ I love you, all of my friends.
လသာည...
7 comments:
ပုံလေးတွေကချစ်စရာကောင်း...၊
အောက်ကစာသားလေးတွေကလည်းချစ်စရာကောင်း..၊
ဖန်တီးမျှဝေသူကလည်း..ခြစ်စရာကောင်း..း))))
အဟိ..Believe it or not,u r always on my mind, right???
ကျေးဇူး တကယ် တင်ပါတယ် လသာည။ စိတ်ခွန်အားနည်းနည်းလျှော့သွားပြီလို့ ထင်ရတဲ့အချိန် အခါခါပြန်ဖတ်ပါ့မယ်။ အဲဒါတွေကြောင့် (ခြစ်)ချစ်ရတာ <3
You all r always on my mind................
I Love You နော် လသာည.... :P
ချစ်တဲ့
ထား
ချစ်စရာကောင်းပါပေ့
ပုံလေးတွေရော..စာသားလေးတွေရော..ရေးတဲ့သူလေးရော...
အော်။ လဲတညား။ လဲတညား။ ဒါလိုလေးတွေကြောင့် အိမ်ဦးနတ်ခမျာ အလုပ်လေးလဲပြေး။ ဗာလချောင်ကြော်လေးလဲဝယ်၊ စမူဆာ ပလာတာလေးလဲဝယ်၊ အမြန်ချောနဲ့ပို့။ ဇနီးမယား အလှလေး ပြန်လာတော့လဲ မျိုးစုံ ချက်ကြွေး၊ ကြော်ကြွေးရ။ နဲ့။.. လျှို့ဝှက်ချက်တွေ တဖြည်းဖြည်း
ထွက်လာပြီရော။
မိဆိုးလေး။
သတိမပေးမရှိနဲ့။ ပညာယူထားနော်။...
ဟုတ်တယ်နော် ကာတွန်းလေးတွေက ချစ်စရာကောင်းတယ် ငါ့အတိုင်းပဲ.. သွပ်သွပ်းDD
ပညာယူလိုသူ အနီအသင်းသားများအတွက် သင်တန်းဖွင့်ရန် စီစဉ်နေပါတယ်..။ တက်ရောက်လိုသူ အမြန်စာရင်းပေးပါ ဟားဟား
အမရေ ပုံလေးတွေအားလုံးအိစံကြိုက်တယ်
ကျေးဇူး
Post a Comment