၃။ ပိုးချင်ဦးဟ.....မိန်းမ
အဲဒီဦးဖိုးစုံကြီးပဲပေါ့အေ…..ဒီတခါတော့သူများရွာ..လူပျိုလှည့်သတဲ့….
အပိုးသန်လို့တာ..ဘယ်ခြေကျင်ဟုတ်မလဲ..လှည်းနဲ့တဲ့အေ….
ရွာကနေ…အလုပ်သိမ်းချိန်နေဝင်ရီသရောထွက်…ဟိုကိုညဖက်လူပျိုလှည့်…..
ပြီးတော့..မိုးမသောက်ခင်ရွာပြန်ဝင်ပေါ့…နဲတဲ့ဇွဲလားအေ..အအိပ်ပျက်
အစားပျက်….
အံမယ်..သူတို့ခေတ်လူပျိုလှည့်တာလဲ ပေါ့သေးသေးဟုတ်ဘူးတဲ့…
တောင်ရှည်နဲ့ဘာနဲ့..ခေါင်းလည်း…ပေါင်းရသေးဆိုလား…..
တညမတော့..ထုံးစံအတိုင်း..အဲဒီရွာလူပျိုလှည့်ကအပြန်..လမ်းမှာ…
ဦးဖိုးစုံကြီး..သရဲအခြောက်ခံရသတဲ့…
သရဲကလဲ..ခြောက်စရာရှားရှား..သူ့တောင်ရှည်ဆွဲတာတဲ့အေ…………
လှည်းပေါ်မှာသရဲကတောင်ရှည်ဆွဲလိုက်…သူကတောင်ရှည်လျှော့ပေးလိုက်
လှည့်လဲမကြည့်ရဲနဲ့….နောက်ဆုံးတော့ ရွာအမြန်ရောက်အောင်ဒုန်းစိုင်းမောင်း
တော့တာပဲတဲ့အေ…
ဦးဖိုးစုံကြီးဟာ…သရဲခြောက်ခံရလို့ကြောက်ကလည်းကြောက်..ပုဆိုးမပါပဲ
ရွာဝင်ရလို့ရှက်ကလဲရှက်နဲ့..ဘာမှမေးမရပဲ..အိမ်ရောက်တော့..ထိုးအိပ်
တော့တာတဲ့....
မနက်လင်းအားကြီးမှ…ညကအပြင်မှာထားတဲ့..လှည်းကိုသိမ်းဘို့ပြင်တော့..
လှည်းဘီးမှာ..ဦးဖိုးစုံတောင်ရှည်ကြီးက..ရစ်လိုက်လို့တဲ့အေ……။
7 comments:
ပီပီတို့ ပုံပြောကောင်းပါတယ် ဆို။
:D :D :D
ဂွတ်တယ်...:))))
ဖွားမြေးကလဲ ဘလော့ ပါးဝလာပြီ...P
တစ်ပုဒ်ချင်းစီပဲတင်တော့ တယ်တော်။
(လသာည အိစံ ဒီညရေးပေးမယ်နော်....)
ကောင်းတယ် ပီပီအက်စ် အိစံ။
ဟေးဟေးဟေး ဒါမှ ဒို့  မယ်ပီကွ..။
ဖြစ်မှဖြစ်ရလေ
ကိုဖိုးစုံကြီးရယ်
တော့ မလဲ တကထဲတော်..။ :P
မေကြီးကိုပြောပြလိုက်ပါ့မယ်...ဖွားပြောတဲ့ပုံပြင်နားထောင်ကောင်းတယ်တဲ့လို့...း)
ဟုတ်လား....အဲဒါဘလော့ပါးဝတာတဲ့လား....
(ဖြစ်ညှစ်လည်းရေးပေးရသေး...ဟင်း)
စာနဲ့ချရေးတော့..ဇဝေဇဝါဟ...ပြန်မေးခဲ့ပါဦးမယ်..
မိဆိုးလေးပြောမှ..ပိုသဘာဝကျသွားတယ်..ဟေးဟေး)))
သရဲကလဲ ဦးဖိုးစုံကြီး ပုဆိုး မပါတာ မြင်ပြီး ပြန်ကြောက်ရင် ကြောက်နေမှာပဲနော် ပီပီ :P
ချစ်တဲ့
ထား
ဟိုဒင်း စကားမစပ် မိဆိုးလေး ငယ်ငယ်က ကန့်လန့်ကာ အချမှာ စကပ်လေးပါသွားတာ ဒီသရဲများ ဖြစ်နေမလားးP
ပီပီ ပုံပြင်လေးတွေ ပီပြင်စွာ ရယ်ရတယ်ကွာ။ ညည်းက တော်လိုက်တာအေ..
Post a Comment