Sunday, June 13, 2010

ရီစရာပြောပြမယ်


ကျောင်းသား တစ်သိုက် လှော်ကားဥယျာဉ်ကို ပျော်ပွဲစားထွက် ပြီး ကစားကြတယ်။ ကစားနည်းလေး က မဲလိပ်လေးတွေမှာ စိတ်တို မျောက်ညို၊ မိုးဒီ မော့ စ်၊ ဗိုလ်အောင်ဒင်နဲ့ 
မမြ၀င်း၊ လီယိုနာဒိုနဲ့ ကိတ်ဝင်းစလက်၊ ဦးကပ်စေးနဲ့ ခင်မောင်သိန်းထွန်းဝင်း ဆိုပြီး အတွဲလေးတွေတွဲထားတယ်။ မဲလိပ်အရ ကိုယ်ကျရာအတွဲကို လက်ဆွဲပြေးရတယ်။ အတွဲမမှားရဘူး။နောက်ဆုံးမှပန်းတိုင်ေ၇ာက်တဲ့ အတွဲ က အားလုံးတောင်းဆိုတာတစ်ခုလုပ်ပေးရမယ်ပေါ့ နော်။ ကျောင်းသားခေါင်းဆောင် က ရွှီခနဲ ခရာမှုတ်တဲ့ အချိန်မှာ အားလုံးကမဲလိပ်ကိုယ်စီပြေးနှိုက်ကြ ပြီး ကိုယ်နဲ့ ကျတဲ့ အတွဲဖော်ကို အမြန်ခေါ်ပြီး ပြေးကြတာ ဗိုလ်အောင်ဒင်နဲ့ မမြ၀င်းအတွဲကျန်ခဲ့ တယ်။
အဲဒီတော့ ပရိတ်သတ်ကြီး ကသူတို့ နှစ်ယောက်ကို ဗိုလ်အောင်ဒင်နဲ့ မမြ၀င်း ရန်ဖြစ်တဲ့ အခန်း
သရုပ်ဆောင်ခိုင်းကြတယ်။ ကောင်မလေးနဲ့ ကောင်လေးကရှက်တော့  တခြားဟာလုပ်ခိုင်း
ဖို့ တောင်းဆိုပေမဲ့ မရဘူး။ မှတ်မိသလောက်ပဲပြောပါဆိုပြီး ၀ိုင်းအော်ကြတယ်။
နောက်ဆုံးတော့ ကောင်လေးလည်းဘာမှမတတ်နိုင်တော့ ဗိုလ်အောင်ဒင်စတိုင်ဖမ်း
ဖို့ ဘောင်းဘီဆွဲတင်လိုက်ကာရှိသေးတယ် ကောင်မလေးကမျက်လုံးပြူးမျက်ဆံပြူးနဲ့ 
မ…….မလုပ်ပါနဲ့ အစ်ကိုကြီးရယ်……ကျွန်မ မမာလို့ ပါ ဆိုပြီး ဗိုလ်အောင်ဒင်ဇာတ်ကားထဲက မမြ၀င်းပြောသလို ပြောချလိုက်တော့ ဝါးခနဲ ပွဲကျသွားတယ်။ ကောင်လေး ကလည်းခေသူမဟုတ်..
ဟားဟားဟား သိပ်ကြောက်သွားသလား မမြ၀င်း…..ဗိုလ်အောင်ဒင် ဘောင်းဘီချွတ်တာ ရေချိုးမလို့ ပါ ……၀ါးခနဲ ပွဲကျသွားပြန်တယ်။
ကောင်မလေး က အို…..ရှင်……ရှင် အရှေ့ မတိုးနဲ့ နော်…ရှင် အရှေ့ ဆက်တိုးရင် ကျွန်မဟိုဟာကြီးနဲ့ ထိုးလိုက်မယ် ဆို တော့ အားလုံးက
ဘယ်ဟာကြီးလဲဗျို့ ……
ကောင်မလေး က အဲ…….ကတ်ကြေး……..ကတ်ကြေး…..
ပွဲကြသွားပြန်တယ်။
အားလုံး ကဗိုလ်အောင်ဒင်ဆက်ပြောပါဗျို့ ဆိုတော့ 
ဟားဟား မမြ၀င်း မင်းကငါ့ ကို ကတ်ကြေးနဲ့ ထိုးမယ်ဟုတ်လား၊ဒီမှာကြည့် စမ်း မမြ၀င်းဒါဘာလဲ….လက်ထဲမှာ ဘာမှမပါတော့ သေနတ်ပုံစံလုပ်ပြတာလေ
အဲဒီတော့ ကောင်မလေး က လက်ညှိုး …..တဲ့ 
အားလုံး က၀ါးခနဲ ရီကြပြန်တယ်။
ကောင်လေး က မှင်ပြန်သတ်လိုက်ပြီး
သေနတ်လုပ်ပါဟနင်ကလည်း……..ဆိုတော့ မှ ကောင်မလး ကအေး…….
.သေနတ်တဲ့ …..ကောင်လေး ကခါးကို ဟန်ပါပါပြန်ထောက်ပြီး…..
အေး မင်းငါ့ ကို ကတ်ကြေးနဲ့ ထိုးမယ်ဟုတ်လား…ဟားဟား ငါ့ ရဲ့ မဟူရာ သေနတ်ထဲ ကငွေရောင် ကျည် ဖူးလေးတွေ မင်းရဲ့ ရင် မှာထာဝရ အကိန်းအောင်းစေချင်ဘူးဆိုရင် မင်းစကားကို သရန် ၊ သရင်၊ သရောလိုက်ပါ…….၀ါးခနဲ ပွဲ ကျသွားတယ်။ အမှန် သူပြောချင်တာက ပြန်ပြင်ပြောလိုက်ပါလို့ ဆိုချင်တာကို လျှာကလိပ်
နေတော့ အဲဒီလိုဖြစ်သွားတယ်။
အားလုံးအူနှိပ်ပြီးရယ်ကြသတည်းးးးးး။
အကြည်တော်ရဲ့  နတ်နေကိုင်းဝတ္ထုထဲက ရီရလို့ ပြန်ပြောပြ၏...ဖတ်ပြီးသားဆိုရင်တော့ ဆောရီးပါရှင့် 

အိစံ

5 comments:

pps said...

ဟားဟား..ကြံကြံဖန်ဖန်တွေးတဲ့..အကြည်တော်
သရန်သရင်သရော...ပြန်ပြင်ပြော..း))))))


သူ့ဆီက..ငှားဖတ်မလို့ရှိသေး...
ခုလိုရီရလို့ပြန်ပြောပြတော့...ကျေးဇူးပါရှဉ့်..အဲ..ရှင့်

လသာည said...

ဟားဟားဟားဟား မကြောက်ပါနဲ့ မမြလေးရယ်...
ဗိုလ်အောင်ဒင် ဘောင်းဘီချွတ်တာ “သွေးစုတ်ကျွတ်ကို”ရှာမလို့ပါကွယ်။ (အဲဒီအရပ် ကျွတ်ပေါတယ်လေး))

အကြည်တော်ရဲ့ အဲဒါကို ဖတ်ဖူးတယ်။ တအားရယ်ရတယ်။ အခုထပ်ဖတ်ရလည်း ရယ်ရတာပဲ။ ရိုက်တင်ပေးတာ ကျေးဇူးတင်ပါတယ် သအိသအံရယ်.. (အိစံကို လျှာခလုပ်တိုက်သွားခြင်းး))))

ထား said...

ဟေးးးးးး အိစံ ဘာဆောရီးပါရှင့်လဲ..........
သရန် သရင် သရောလိုက်ပါ ......... ဟားဟားဟား

ချစ်တဲ့

ထား

မိဆိုးလေး said...

ရေချိုးမလို့ လား..။ :P
သူငယ်ချင်းထဲမှာလဲရှိတယ်။
စကားပြောရင်
အဲလို ရရစ်တွေမှာ လျှာလိပ်တာလေ..။
လျှာရဲ့ လှုပ်ရှားနိုင်စွမ်းနဲ့ ပတ်သက်တာထင်တယ်။

ဗက်ဆာ said...

ရွှေအိ ဖြစ်ပါသည်။ :D :D