Friday, June 4, 2010

အမြင်မှားတတ်တယ်-၂

စိတ်ပညာက ပုံရိပ်လေးတွေကို စုစုစည်းစည်းရလို့ သိမ်းတင်ထားဖို့ ဆုံးဖြတ်မိတယ်..။ စိတ်ဝင်စားစရာ အရမ်းကောင်းတယ်...။

အောက်ကပုံလေးကို မင်းဘာမြင်လဲဟင် !

GOOD လို့ ဖတ်မိတယ်ဟုတ်။ အဲလို ဖတ်မိရင် အဲလိုပဲ ကောင်းတယ်။ အဲလိုပဲ ဖတ်နော်။ မမှားဘူးသိလား...။ ဒါပေမယ့် EVIL လို့ မြင်သူရှိတယ်။ သူ့ကိုလည်း နားလည်ပေးလိုက်ပါ.. (အဖြူရောင်နဲ့ ပြန်ဖတ်ကြည့်ရင် EVIL လို့ မြင်နိုင်တယ်လေ..)

အောက်က ပုံမှာ စာလုံးတွေ ကြည့်ရတာ ခက်ပေမယ့် သေချာဖတ်ကြည့်လိုက်ရင် တစ်ခုခုရေးထားတာ တွေ့နိုင်တယ်။.


OPTICAL လို့ ..တွေ့လား..။ နောက်ထပ် သူ့နောက်ကွယ်မှာလည်း စာလုံးတွေ ကျန်သေးတယ် .။ သေချာကြည့်မှ မြင်နိုင်တယ်။ ရေးထားတာက ILLUSION တဲ့ .. ။ လောကကြီးမှာ optical illusion ဆိုတာ ရှိတယ်..။ အဲဒါတွေကြောင့် မိမိက မြင်တဲ့အမြင်(မိမိမျက်လုံးနဲ့ တပ်အပ်မြင်တာတွေ)ကိုပဲ တခြားသူက မှားတယ်လို့ ဝေဖန်ပြောလာစေတာပေါ့..

အောက်ကပုံက စာလုံးကိုလည်း ဖတ်ကြည့်ပါဦး ဘာမြင်လဲဟင်?

အပေါ်က စာလုံးဟာ TEACH မဟုတ်လား..။ “သင်ကြားသည်” တဲ့..။ သူ့အောက်မှာလည်း အရိပ်စာလုံး ရှိနေသေးတယ်။ သေချာစိုက်ပြီး ဖတ်ကြည့်လိုက်ပါဦး..။ .. LEARN တဲ့.. ။ “လေ့လာပါ”တဲ့..။ ဒီတော့.. သူများကို သင်မယ်လို့ တွေးခါနီးတိုင်း ကိုယ်တိုင်လည်း လေ့လာသင်ယူထားတဲ့ အခြေခံ (အရိပ်)လည်း လိုတယ်ဆိုတာ သတိထားမိစေတဲ့ ပုံလေးပေါ့..

ဒီအောက်ဆုံးက ပုံမှာ အမြင်သာဆုံးက ME ဆိုတဲ့ စကားလုံးလေးပါ.. “ငါ့ကို”ဆိုတဲ့ အဓိပ္ပါယ်လေ..။

ဒါပေမယ့် သေချာကြည့်ရင် မြင်နိုင်တာ ရှိသေးတယ်.. YOU တဲ့.. “မင်းကို” ဆိုတဲ့ အဓိပ္ပါယ်ပေါ့..။ ငါ့ကို နားလည်ပေးပါလို့ ပြောခါနီးတိုင်း မင်းကိုလည်း ငါနားလည်ပေးပြီးပြီလားဆိုတာကို သတိရမိစေတာပေါ့..နော်

အားလုံးကို ချစ်တဲ့
လသာည.. ဖြစ်ပါတယ်..။
reference: http://www.dailycognition.com/

5 comments:

ထား said...

ဟုတ်လိုက်လေ ဟုတ်လိုက် ဟုတ်လိုက်လေပဲ လသာညရေ။ ပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်။ အမြင်တူဘို့ဆိုတာ မလွယ်ပါဘူး။


ချစ်တဲ့

ထား

မိဆိုးလေး said...

နားလည်ခံစားလိုက်ပါတယ်..။ ချစ်ခြင်းများစွာဖြင့်..။

ဗက်ဆာ said...

ကိုယ်ကတော့ လသာညကို နားလည်တယ်လို့ ထင်တာပဲ။...... :) :) :)

pps said...

ဟားဟား..Teach & Learn, me & YOU
Good Idea!!!
Thanks for sharing!!!!!!!!

လသာည said...

:D
တကယ်တော့ နောက်ခံအမျိုးမျိုးကလာတဲ့ လူအမျိုးမျိုးက နောက်ခံအမျိုးမျိုးရှိတဲ့ အကြောင်းအရာတွေကို မြင်ကြတဲ့အခါ အမြင်တွေက မတူကြဘူးရယ်..။ ဒီတော့ ကိုယ်က ဒီလိုမြင်ချိန်မှာ သူကဒီလိုမြင်သွားတာဟာ သူကြည့်တဲ့ နောက်ခံနဲ့ ကိုယ်ကြည့်တဲ့နောက်ခံ မတူလို့ပဲဆိုတာ ကိုယ်က သတိထားမိရင် ကိုယ်နဲ့ အမြင်မတူတဲ့သူအားလုံးကို အလိုလို နားလည်ပေးမိသွားမှာပဲလို့ ခံစားမိတာနဲ့ ဒီပုံလေးတွေနဲ့ ဒီပိုစ်လေးကို ရေးသိမ်းထားလိုက်တာပါ။ အားလုံးကို တကယ်ကျေးဇူးးးး