Tuesday, June 22, 2010

ဗဟုသုတ ဒိုင်ယာရီ-၁


ကလေးငယ်တစ်ဦး အမိဝမ်းတွင်းမှ ကျွတ်လျှင်ကျွတ်ခြင်း ငိုရခြင်း

သန္ဓေသားဘ၀က မိခင်၏ အချင်းမှတဆင့် အောက်ဆီဂျင်ကို ရယူခဲ့ပေမယ့် မွေးဖွားလာပြီးနောက် ကိုယ့်အားကိုယ်ကိုး၍ အသက်ရှုဖို့ လိုအပ်လာတယ်။ ထို့ကြောင့် ငိုခြင်းဖြင့် အသက်ရှူလိုက်ခြင်းဖြစ်တယ်။ မငိုပဲ လူကြီးများလို အသက်ရှူလိုမရပါ။ သန္ဓေသား၏ အဆုတ်လေအိတ်များမှာ မွေးစတွင် လုံးဝပိတ်လျက်ရှိနေခဲ့သောကြောင့် ငိုကြွေးခြင်းဖြင့် လေကို အရှိန်ပြင်းစွာနှင့် ပမာဏများစွာ ၀င်စေနိုင်ပါတယ်။ ထိုသို့ဖြင့် အဆုတ်၏ လေအိပ်တွေပွင့်ကာ လေကိုရှူနိုင်သွားပါတယ်။ ထိုနောက်ပိုင်းမှာ တော့ ကလေးငယ်သည် သာမန်အသက်ရှူခြင်းဖြင့် အောက်ဆီဂျင်ကို လိုသလောက်ရယူနိုင်မှာ ဖြစ်ပါတယ်..။ မွေးစကလေး ငိုခြင်းသည် ကျန်းမာကြောင်း အထောက်အထားတစ်ခုသာ ဖြစ်ပါတယ်။

ဗိုက်ဆာခြင်းသည် ဦးနှောက်နှင့်ဆိုင်သည်

ထမင်းဆာခြင်း၏ အမှန်စင်စစ်မှာ ဦးနှောက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဟိုက်ပိုသားလမတ် နှင့် သက်ဆိုင်ပေတယ်။ ဟိုက်ပိုသားလမတ်တွင် အစာစားစေသော သို့မဟုတ် စားရန်ဆန္ဒကို ဖြစ်စေတဲ့နေရာ feeding centre နဲ့ အစာမစားချင်တဲ့ သို့မဟုတ် အစာကိုဝအီတဲ့ စိတ်ဖြစ်စေတဲ့satiety centre ဆိုပြီး ရှိပါတယ်။ သွေးမှာ သကြားဓါတ်ပမာဏ များနေတဲ့အခါ satiety centre ကြောင့် ဗိုက်မဆာတတ်ပါ။ အလားတူ သွေးမှာ သကြားဓါတ်ပမာဏ နည်းသွားတဲ့အခါ feeding centerကြောင့် ထမင်းဆာ လာပါလိမ့်မယ်။

ဦးနှောက်၏ အရေးကြီးဆုံး အပိုင်း

မက်ဒေါလာ သည် ဦးနှောက်၏ အရေးကြီးဆုံး အပိုင်းဖြစ်ပါတယ်။ ဦးနှောက်၏ အောက်ဆုံးအပိုင်း ကျောရိုး အာရုံကြောမရဲ့ အပေါ်မှာ ကပ်လျှက် တည်ရှိတဲ့ ဦးနှောက်အစိတ်အပိုင်းဖြစ်ပါတယ်။ မက်ဒေါလာက ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်ခြင်း၊ သွေးဖိအားထိန်းညှိခြင်း၊ နှလုံးခုန်ခြင်း၊ အသက်ရှူခြင်း စတဲ့ လုပ်ငန်းတွေကို ထိန်းချူပ်ပေးသူပါ။ ကျန်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေ ထိခိုက်ပေမယ့် အသက်ရှင်နိုင်သေးသော်လည်း မက်ဒေါလာ ပျက်ယွင်းသွားရင်တော့ လူတစ်ယောက်ချက်ချင်းသေသွားနိုင်တယ်။

ညင်သာစွာ ပွတ်သပ်ပေးပါက နာကျင်တာတွေ ပျောက်တတ်တာ ဘာကြောင့်လဲ..

တခါတလေ နဖူးနဲ့ တစ်ခုခုနဲ့ တိုက်မိတဲ့အခါ လက်ကအလိုလို နဖူးကို ပွတ်မိရဲ့သားဖြစ်သွားတယ်။ အဲလိုပွတ်လိုက်တဲ့အခါ နာတာလေး နည်းနည်းသက်သာသွားသလို ခံစားမိတယ်။ တကယ်တော့ ခန္ဓာကိုယ် နေရာတစ်ခုခုကို မတော်တဆ ထိခိုက်မှုကြောင့် နာသွားတဲ့အခါ အဲဒီနေရာကို လက်နဲ့ ညင်ညင်သာသာ ပွတ်ပေးလိုက်ရင် နာကျင်တာတွေ နည်းနည်းသက်သာသွားတတ်တာမှာ အကြောင်းရှိပါတယ်။ အဲဒါကတော့ နာကျင်မှုဝေဒနာက ထိခိုက်မိတဲ့နေရာမှ စတင်ပေါ်လာပြီး အာရုံကြောတစ်လျှောက် လှုံဆော်မှုအဖြစ် ဖြတ်သန်းကာ ကျောရိုးအာရုံကြောမကို ၀င်ရောက်တယ်။ အဲဒီကတဆင့် ဦးခေါင်းအတွင်းမှာ ရှိတဲ့ ဦးနှောက်ထဲသို့ ဆက်လက်သတင်းပို့တယ်။ ဦးနှောက်ရဲ့ အာရုံလက်ခံတဲ့အပိုင်းက “ဘယ်နေရာမှာ နာသွားတယ်၊ ဘယ်အပိုင်းက ပိုနာတယ်၊ ဘယ်အပိုင်းက စူးစူးရှရှနာတယ်”လို့ ပုံဖော်ပေးတယ်။

အဲဒီနာကျင်မှုဝေဒနာရဲ့ လှုံဆော်မှုသွားတဲ့လမ်းက ကျောရိုးအာရုံကြောမမှာ တခါးgate တစ်ခုရှိတယ်။ ထိခိုက်မိတဲ့ နေရာကို လက်နဲ့ ပွတ်သပ်လိုက်ခြင်းက အဲဒီတခါးကို ပိတ်လိုက်သလိုဖြစ်ပြီး နာကျင်မှုဝေဒနာရဲ့ လှုံဆော်မှုက တခါးကို မဖြတ်နိုင်တော့ပဲနဲ့ ဦးနှောက် ကို နာကြောင်း သတင်းပို့ဖို့ မဖြစ်နိုင်တော့တာမို့ နာကျင်တာ သက်သာသွားတာပဲ ဖြစ်ပါတယ်။ အဲဒီလို နာကျင်မှုကို ပိတ်ဆို့ခြင်းကို ဆေးပညာမှာ gate control theory လို့ခေါ်တယ်။ (တရုတ်အပ်စိုက်ပညာဟာ ဒီသဘောကို ယူထားတာပါ)

ဘာကြောင့် သမ်းဝေရသလဲ

ဆေးပညာမှာ ဘာကြောင့် သမ်းဝေရသဲဆိုတဲ့ အကြောင်းရင်းကို တိကျသေချာစွာ မသိနိုင်သေးပါ။ အိပ်ချင်လို့ သမ်းတယ်လို့ ထင်ကြတာပါပဲ..။ ဒါပေမယ့် အနားက တစ်စုံတစ်ယောက်က သမ်းလိုက်ရင် မိမိက အိပ်ငိုက်ချင်စိတ်မရှိပေမယ့် လိုက်သမ်းဝေဖြစ်သွားပါတယ်။ အလားတူပဲ ကိုယ့်အနားက လူတွေလည်း လိုက်သမ်းဝေတာကို တွေ့ရလိမ့်မယ်..။ ဆေးပညာမှာကတော့ သမ်းခြင်းဟာ ကူးစက်တပ်သော အသက်ရှူခြင်းနဲ့ ပတ်သက်တဲ့ အမှုအကျင့် လို့ ဆိုပါတယ်.။ သမ်းတဲ့အတွက် အဆုတ်ရဲ့ ပိတ်ဆို့နေတဲ့ လေအိတ်ငယ်များပွင့်စေတဲ့ခြင်း နှင့် အဆုတ်မှ သွေးများ နှလုံးသို့ ကောင်းစွာရောက်ရှိစေခြင်း စတဲ့ အကျိုးကျေးဇူးများ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဘာကြောင့် ကြို့ထိုးရသလဲ

ကြို့ထိုးခြင်းသည် ရင်ဘတ်ပိုင်းနဲ့ ၀မ်းဗိုက်ပိုင်းကို ခွဲခြားထားတဲ့ ၀မ်းခေါင်းကြွက်သားရဲ့ စည်းဝါးမှန် စွာ ကျုံ့ညစ်ခြင်းကြောင့် ဖြစ်ပါတယ်။ သွေးထဲမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်များခြင်းသည် ကြို့ထိုးခြင်းကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ သွေးမှာ ယူရီးယားများခြင်းနဲ့ နိုထရိုဂျင် ပါတဲ့ အညစ်အကြေးများခြင်းတို့ ကြောင့်လည်း ကြို့ထိုးတတ်တယ်လို့ ဆိုပါတယ်။ ကြို့ထိုးခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုရှိပြီး ကြာရှည်စွာ သိစိတ်နဲ့ ထိန်းချူပ်လို့ မရပါဘူး..။

မူရင်း.. ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)ရဲ့ စာပေဗိမာန်စာမူဆုရ -ဆေးပညာ ဗဟုသုတ ဒိုင်ယာရီ

နှစ်သက်သည်များကို လသာည. ကူးယူမှတ်သား ဖြန့်ဝေသည်..

8 comments:

ဗက်ဆာ said...

လသာညကြီး။ ကျေးဇူးနော်။ ဗဟုသုတတွေအတွက်။ :D :D

Anonymous said...

လသာညုကီး ကျေးဇူးပါရှုင့် ။။။။။။

ဝါးးးးးးးးးးးးးးးးးးးးးးးးးးးးသမ်းသွားသည်။


အိစံ

pps said...

၁။အော်ဟော်...ဒါကြောင့်ကိုး(မွန်းလို့မှတ်တား)
၂။ဒါဆို..ခုတလော.သွေးမှာသကြားဓာတ်များနေတယ်း))
၃။မဖြစ်ဘူး..မက်ဒေါနား..အဲ..လာကိုမပျက်အောင်ထိန်းမှ
၎။ပု..နာဘူး..ထ..ထ.(ဂိတ်ကိုအမြန်ဆုံးပိတ်မှ..း)
၅။ဝါးးးးးးးးးးးးးးးးးးးးးးးးးးးးသမ်းသွားသည်။(အထက်ကကူး)
၆။အခုလို..မျှဝေပေးတာ..ကျေး..အေ့..ကျေး..အွန့်..
ဇူးပါလို့..အေ့...း))))))))))))))

pps said...

မေးစရာ..ကျန်နေလို့..း)))
လူကြီးတွေကြို့ထိုးရင်..အထူးသဖြင့်..ထမင်းစားခါနီး.
သီးသလိုနဲံရောသွားတာလေ..
အဲဒါအန္တရာယ်ရှိတတ်လားဟင်..မေမေ..တခါတလေဖြစ်
တတ်တယ်..သူဖြစ်ရင်..ကိုယ်က
လန့်လန့်သွားတာ.....

ppsလည်းအဆာလွန်ရင်ဖြစ်တတ်ပေမယ့်..
မေမေဖြစ်တာက..တော်တော်နဲ့မကျနိုင်လို့...

မိဆိုးလေး said...

အမ ကျေးဇူးဒိုင်နိုဆော..။
မျှဝေပေးတဲ့အတွက်။

လသာည said...

ဝါးးးးးးးးးးးးးးးးးးးးးးးး (ဘယ်ကောင် စသမ်းတာလဲကွ။ ငါပါ သမ်းသွားပြီ။ သမ်းတာကူးတယ်ဆို) ၀ါးးးးးးးးးး

ဒီပိုစ်က လိုအပ်တဲ့အခါ ပြန်ကြည့်ရအောင် စာအုပ်ထဲက ကူးပေးတာပါ။ ပျင်းသွားရင် ခွေးလွှတ်ကြပါနော်။ ဗဟသုတုက အဲလိုမျိုး ပျင်းစရာ ကောင်းတယ် ခေးတို့ရယ်း))

ပီပီအက်စ်.. အစ်မတိဘူး သူက အဲလောက်ပဲ ရေးထားတယ်လေ နော်ဂေါ်မန်း။ အာရိကတိုး..

အားလုံး.. ကျေးဇူးဒိုင်နိုဆောဘိုးအေ

ထား said...

ဗဟုသုတတွေ ရှာမှီး သိုလှောင်ပေးတဲ့ လသာညရေ
ရှဲရှဲနော်... ရှဲရှဲဆိုလို့ ဘာမှကြော်တာဟုတ်ဘူး....ကျေးဇူးပါလို့ နော် နော် နော်....


ချစ်တဲ့

ထား

လသာည said...

ပီပီအက်စ်ရေ..
သီးခြင်းအကြောင်း လျှောက်ရှာဖတ်လိုက်တော့
ထမင်းစားရင်း သီးတာ မကောင်းဘူးတဲ့။ အသက်၅နှစ်အောက်ကလေးတွေဆို ပိုဆိုးတယ်။ လူကြီးတွေလည်း သီးလို အဆင်မသင့်ရင် အသက်အန္တရယ်ထိခိုက်နိုင်တယ်တဲ့...