Tuesday, June 8, 2010

ဦးခေါင်းသေးတဲ့ ရောဂါ

တစ်ရက်မှာ လူတစ်ယောက်ဟာ ရုံးအားလပ်ရက်မှာ ဈေးဝယ်ထွက်ရင်း နာမည်ကြီးကုမ္ပဏီက ဈေးကြီးကြီး ဦးထုပ်တစ်လုံးကို ၀ယ်လာခဲ့တယ်..။



သဘောကျလွန်းလို့ ရုံးကို နေ့တိုင်းဆောင်းရင်း ရုံးက မိတ်ဆွေတွေကို ဦးထုပ်ဈေးကြီးကြောင်း၊ ဘယ်ကုမ္ပဏီလုပ်ဦးထုပ်ဖြစ်ကြောင်း စသည်ဖြင့် ချီးမွမ်းခန်း မနားမနေ ဖွင့်လေ့ရှိသတဲ့..

နေ့တိုင်း ပြောလွန်းနေတော့လည်း သူ့မိတ်ဆွေတွေ နားငြီးလာကြတယ်ပေါ့....


ဒါနဲ့ .. သူ့မိတ်ဆွေတွေဟာ ခေါင်းချင်းဆိုင်လို့ အကြံတစ်ခု ၀ိုင်းထုတ်ပြီး သူ့ဦးထုပ်ဝယ်တဲ့ ကုမ္ပဏီကနေပြီး အမျိုးအစားတူ၊ အရောင်တူ ၄ ခုဝယ်လိုက်ကြတယ်။ ပြီးတော့ ဦးထုတ်တွေမှာ သူ့နာမည်ကို ပါ တပါတည်းရေးထားလိုက်တယ်တဲ့....။ ဦးထုပ်ဆိုဒ်တော့ မတူဘူး။ သူ့ဦးထုပ်ရဲ့ ဆိုဒ်နံပါတ်က ၅ရ ဖြစ်ပေမယ့် သူ့မိတ်ဆွေတွေက ၅၈၊ ၅၉၊ ၆၀၊ ၆၁ ဆိုပြီးဆိုဒ်နံပါတ် ၄ မျိုးခွဲဝယ်ခဲ့ကြတယ်။


ဝယ်ပြီး ပထမဆုံးနေ့မှာ သူ့မရှိခင် သူ့ဦးထုပ်ကို သူတို့ဝယ်ထားတဲ့ ဦးထုပ်ဆိုဒ်နံပါတ် ၅၈ နဲ့ လဲထားလိုက်ကြတယ်။

ဒါပေမယ့် ဆိုဒ်နံပါတ် ၅၈ ဟာ ဆိုဒ်နံပါတ် ၅၇နဲ့ သိပ်မကွဲတာကြောင့် သူ သတိမထားမိခဲ့ဘူး..။

ဒုတိယနေ့မှာ ဆိုဒ် နံပါတ် ၅၉ နဲ့ လဲပြီး ထားလိုက်ကြတယ်။



ဒီနေ့တော့ သူ့စိတ်ထဲမှာ သူ့ဦးထုပ် နည်းနည်းကြီးနေသလားလို့ တွေးမိတယ်တဲ့...။



ဦးထုပ်ကို သေချာကြည့်တယ်။ ကုမ္ပဏီအတူတူ၊ အရောင်အတူတူ၊ သူ့နာမည်လည်း ရေးထားတယ်။ “အင်း.. ငါ စိတ်ထင်တာ နေမှာပါ”လို့ တွေးပြီး ဒီအတိုင်းပဲ စိတ်ချလက်ချ ဆောင်းသွားခဲ့တယ်။



တတိယနေ့ကျတော့လည်း သူ့မိတ်ဆွေတွေက ဆိုဒ်နံပါတ် ၆၀ နဲ့ လဲထားကြပြန်တယ်။



ဒီတခါတော့ သူဦးထုပ်ဟာ သူ့ခေါင်းမှာ တော်တော်ချောင်နေတာကို သတိထားမိပြီး စိတ်ပူသွားတယ်။

ဒါနဲ့ ဦးထုပ်အရောင်နဲ့ သူ့နာမည်ကို သေချာပြန်စစ်ဆေးတယ်။


“ အင်း အားလုံး အတူတူပဲ ၊ဒီ ဦးထုပ်ဟာ ငါ့ဦးထုပ်ပဲ...၊ ဒါပေမယ့် တစ်ခုခုတော့ မှားနေပြီ.. ။ ဟုတ်တယ်.. တစ်ခုခုပဲ၊ ငါ့ ဦးထုပ်က အရင်က ငါ့ခေါင်းနဲ့ အံကိုက်ပါ..။ အခု မကိုက်တော့ဘူး..။ ဧကန္တ.. ငါ့ဦးခေါင်းပဲ သေးသွားလို့လား”လို့ တွေးမိတယ်။



ကိုယ့်ခေါင်းကို ကိုယ့်လက်နဲ့ပြန်စမ်းကြည့်တယ်။ နောက် မှန်ထဲလည်း သေချာကြည့်တယ်။

အင်း ငါ့ခေါင်းက အရင်လိုပါပဲ.. အား စိတ်ရှုပ်လာပြီ နေပါစေတော့ မတွေးတော့ဘူး...။

စတုတ္ထမြောက်နေ့ ရောက်တော့ မိတ်ဆွေတွေက.. သူ့ဦးထုပ်ကို ဆိုဒ်နံပါတ် အကြီးဆုံး ၆၁ နဲ့ လဲထားကြတယ်။



သူတအားကို တုန်လှုပ်သွားတယ်..။ တကယ်ပဲ.. ငါ့ ဦးခေါင်းဟာ သေးသထက် သေးနေပါလား...။ ဒါနဲ့ သူစိတ်တအားပူပြီး ဆရာဝန်ကို ဖုန်းဆက်လို့ အကြောင်းစုံ ပြောပြပြီး မေးတယ်။..



ဦးခေါင်းသေးရင် ဘာဖြစ်တတ်သလဲဆိုတာကို ပြောပြပါ ဒေါက်တာ..တဲ့..။



ဆရာဝန်ကလည်း အဲဒီလို ဦးခေါင်းသေးတဲ့ ရောဂါအကြောင်း မကြားဖူးဘူးဗျာ..။ သိပ်ပြီးတော့ စိတ်ပူစရာ မရှိပါဘူး..။ ခင်ဗျားစိတ်ထင်တာ နေမှာပါလို့ ပြန်ရှင်းသတဲ့..။

အဲဒီနေ့က စပြီး သူ့ဦးခေါင်း သေးသထက် ပိုသေးလာမှာကို စိုးရိမ်တဲ့အတွက် ဦးထုပ်ကို အဝေးကိုလွှင့်ပစ်လိုက်သလို ဦးထုပ်အကြောင်းလည်း မပြောရှာတော့ဘူးတဲ့.....။ မိတ်ဆွေများလည်း နားငြီးသက်သာ သွားတာပေါ့နော်။.



. .. ပုံပြင်လေးက ဒါပါပဲကွယ်...း)))
............................................ x .....................................................


ဒီတပတ်တော့ ဆယ်မီနာ နားတာမို့ လက်ကမြင်းနေတာ..း) ။ နောက်အပတ်ကစပြီး ပြန်ပြီးတိုင်ပတ်ဦးမယ် ထင်တယ်..။ သယ်ရင်းများ.. နားငြီးသက်သွားလိမ့်မယ်..(နောက်တာပါ).။ ချစ်ရတဲ့ သယ်ရင်းလေးများ အမောပြေပါစေ...။အားလုံးကျန်းမာရေး ဂရုစိုက်ပါ...

မှတ်ချက် ။ ။ lab ထဲက ဟာသစာအုပ်တစ်အုပ်ထဲမှာ အမည်မသိကာတွန်းဆရာရဲ့ ကာတွန်းလေးတွေပါ။ ပုံလေးတွေ သဘောကျလို့ သယ်ရင်းလေးတွေကို မျှတာပါ..။(ကာတွန်းပုံတွေမှာ ကိုယ့်နာမည်ထည့်ထားပေမယ့် ကိုယ်ဆွဲတာ မဟုတ်..။ စကန်ဖတ်ထားတာသာ ဖြစ်ကြောင်းလည်း ၀န်ခံပါရစေနော်၊ အထင်ကြီးမှာ စိုးလို့ပါ.း)

အားလုံးကို ချစ်တဲ့
လသာညဖြစ်ပါတယ်..

6 comments:

ထား said...

ဦးခေါင်းသေးရောဂါ ရမှာဆိုးလို့ ထား ဦးထုပ် ၀ယ်ရင် လသာညကို ပြောတော့ဘူး....... အဟိ.........


ချစ်တဲ့

ထား

မိဆိုးလေး said...

ဟားဟားဟား..
လသာည ရဲ့စာဖတ်ပြီး မိဆိုးလေး ကြုံခဲ့တာ သတိရလို့ ။
အရင်က T shirt တွေ အမြဲဝတ်တယ်။
ဒါပေမယ့် သိတဲ့အတိုင်းပဲ (လျှော်တိုကား) ဖြစ် ဖြစ်သွားတယ်လေ။
ဒီတော့ သူငယ်ချင်းကို ပြောမိတယ်။
အင်္ကျီက ဝတ်ရင်းနဲ့ ချောင်လိုက်လာတယ်ဟ။
ချောင်ရခြင်းအကြောင်းက ဖြစ်နိုင်ချေ Hypothesis နှစ်ခုရှိတယ်။
တစ်ခုက အင်္ကျီက ကျယ်လာတာလား
ဒါမှမဟုတ် လူက ပိန်သွားတာလားဆိုတာပဲ ဆိုတော့
ဟီးးးးးးးးးးးးးးးးးးးး
ချစ်ဖို့ ကောင်းတဲ့ သူငယ်ချင်းလေးက
လူက ပိန်သွားတာလို့  သတ်မှတ်မယ်တဲ့(နားငြီး သက်သာအောင်လို့ နေမှာ) ခွိခွိ။
မှတ်ချက်။ ။ ပိန်ချင်သော မိဆိုးလေး ။ (အရှိတ ကာရ ဒိုက်ယက်တို စုရု :P)

လသာည said...

ဟားဟား ဦးထုပ်ဝယ်ချင်ဝယ်..ဒါပေမယ့်
ဦးခေါင်းလည်း မသေးစေနဲ့.....

စွပ်ကျယ်ဝယ်ချင်ဝယ်.. ဒါပေမယ့်
ကိုယ်လုံးလည်း မသေးစေနဲ့..

မြန်မာပြည် မပြန်မချင်း အရာမယွင်း သိမ်းဆည်းထားရန် ဖြစ်သည်..း)))
ပုံ /ဌက်ကထ

အိစံ said...

ရီရတယ်လသာည

အိသူငယ်ချင်း ဖြူစန်းက လှလားလို့ုကည့် ခိုင်းရင်

၂ ခါလောက်တော့ ကောင်းကောင်းပြောတယ် ၃ ၄ခါလောက်မေးရင် ဒီတစ်ခါမမေးနဲ့ တော့ တဲ့ ။


ဘာမှတော့ ဆိုင်ဘူး သတိရသွားလို့ ပါ.....

pps said...

ဒီပို့လေးက..ဟာသရသအပြင်..အခြားရသလေးတွေကိုပါခံစားမိတယ်...;p
ကြွားဖို့သာသိပြီး..တကယ့်ဦးနှောက်ပါသေးနေတယ့်
ကိုကြွားပို...'_'
ဘာမဟုတ်တာလေးနဲ့..သူများကိုချွတ်လိုက်ရလို့
ပီတိတွေဖြစ်နေကြတဲ့သူ့မိတ်ဆွေများ...>_<

ပြီးတော့..ပုံလေးတွေကိုစာသားလေးတွေနဲ့
သရုပ်ဖော်ပီပြင်စေတဲ့..စာရေးသူ..း))))

လသာည said...

ဟုတ်ကဲ့ ကျေးဇူးအများကြီး တင်ပါတယ်..း))))