Saturday, May 8, 2010

ဝိတ်တက်နေရင်

Junk ပို့စ်လို့ ဆိုချင်ဆို လတာညရေ။

(Nong Poy မေးလ် ဖော်ဝပ်ပေးတဲ့ KL ကိုကျေးဇူးတင်ပါသည်။ )

ဗက်ဆာ အားကျမိသူတွေကလဲ များလိုက်ပါဘိသမှပါပဲ။

ခုတလော အားကျမိသူတစ်ဦးကတော့ Nong Poy ဆိုရင်တော့ ဗက်ဆာတို့ကတော့ အခြောက်မတောင် မချန် အားကျ နေပြီလို့ ထောမနာ ပြုခံရနိုင်ပါတယ်။

သို့သော်လဲ ငါးပေ မပြည့်ချင်တဲ့ အရပ်နဲ့ ဒီနှစ်ထဲမှာ ၅၄ ကီလို ဂိတ်ဆုံးကို ပြန်မဆင်းတာကို နာကျင်လာတဲ့ ဗက်ဆာ တစ်ယောက်တော့ Nong Poy ဓါတ်ပုံကို ဒီရက်ပိုင်း ခန ခန ကြည့်ဖြစ်ပြီး စားချင် ၀ါးချင်စိတ်ကို မြိုသိပ်လိုက်တာ တစ်ပါတ်ထဲမှာ ထူးထူးထွေထွေ မလုပ်ရပါပဲလျက် တစ်ကီလို ခွဲလောက် ကျသွားတော့ကာ ဒီကိစ္စအတွက် သူမပဲ ကျေးဇူးတင်ရမလို ဖြစ်နေပါပြီ။

ဗက်ဆာတို့ Nong Poy ကို အားကျချက်များ ဒီ အသက်အရွယ်နဲ့ သွားတွေတောင် Brace ဖမ်းချင်စိတ်ပေါက်လာတယ်။ ပိုက်ဆံကုန်မှာစိုးလို့ ငြိမ်နေလိုက်တာ။ စကားပြောနွဲ့နှောင်းချက်ကလဲ မိန်းမ ဗက်ဆာတို့ အတုယူလောက်တယ်။ (သူမ အ၀တ်အစားတော့ အတုမယူပါဘူး :P :P :P ) (Nong Poy ၀ီကီ ပီးဒီးယားနှင့် ယူကျူ တွင် ရှာနိုင်ပါသည်။)

ကဲကဲ။ အူညားတွေက ယောကျာ်းဖြစ်ရဲ့သားနဲ့ လှလှပပ ဖြစ်အောင် လုပ်နိုင်သေးရင် မိန်းမဖြစ်တဲ့ ဗက်ဆာတို့က (ကျားကျားယားယား လွှတိုက် နေရပေမဲ့လေ) ၀ိတ်လေးကျအောင် ဘာ့ကြောင့် မလုပ်နိုင်ရမှာလဲ--- နော့ လေ။ ---

ပျိုပျိုမေတို့ လှသထက်လှကြပါစေသော်ဝ်။

6 comments:

Anonymous said...

တို့လည်း တိုကျိုပြန်တုန်းက ရတဲ့မေးတွေကို သေချာပြန်မစစ်ရသေးတော့kl မေးလ်ကို မဖတ်ရသေးဘူး။ အတော်ပဲ ကျေးဇူးပါ ဗက်ဆာနဲ့ KL ရေ။

သူကတော့ တကယ်ပဲ ချောတာပါဟာ။ ပြောကို ပြောချင်ပါဘူးးD
ဟေ့ကောင် ဘဲလေးက က လေကွာ..။ မကချင်ရင် မျောက်ကဖြစ်ဖြစ် ကပါ။ ငါလည်း အဲဒါ ရှာနေတာ ကချင်လို့ ၀ိတ်မြန်မြန်ကျအောင်လေ ဟိ..

Misoegyi said...

ဝမှလှတာလို့ပဲကြားဖူးတာနော်..မမဝဝလှလှတို့ရယ်...:)
ဒီကပိန်ညှောင့်နေလို့စိတ်ပျက်ပါတယ်..ဝနည်းလေးများပေးသနားပါ။...
ခင်တဲ့....

ဗက်ဆာ said...

မျောက်ကပဲ ကကြတာပေါ့ လတာညရယ်။ လတာညက အဖြစ်မဆိုးသေးပါဘူးတွယ်။
မိဆိုးကြီး။ ဗက်ဆာနဲ့ လာနေ။ တစ်ပါတ်ကို ၂ကီလို တက်စေရမည်။ အာမခံသည်။ :D :D :D
ကာရေ-- ခဲသာ သကြားလေးစွက်ပြီး ချက်စားပါ မိဆိုးကြီးရယ်။ အမြန် ၀လာပါလိမ့်မယ်။ တစ်နေ့ ကို ထမင်း လေးနပ်စား။ ကြက်ဥကို ချစ်စိတ်ကို မွေးလိုက်။ နောက်မှ ၀လာလို့ ဆိုပြီး ဗက်ဆာကို မပြောနဲ့နော်။ :D :D

ထား said...

ဝိတ်ချကြမယ်။တစ်ကယ်ပါ။ ချလေ မကျလေပါပဲ။စိတ်ညစ်လာပြီ။

ချစ်တဲ့

ထား

Anonymous said...

ဟုတ်တယ်ဗက်ဆာ...ချထား။

အမှန်တကယ်လဲ မလတ်ကယဉ်စစနဲ့ ချောတယ်။

အိစံ

ဗက်ဆာ said...

ထားရေ။ ထားကို ပြောခဲ့သလို
ဒီတစ်ပါတ် အမှန် တကယ်ကျသွားတာရော။ ရှေ့တစ်ပါတ် တစ်ကီလို ဆက်ချကြစို့။ (အတော် ရည်မှန်းချက် ကြီးကြပါသည်။ :D :D)
ရွှေအိကြီး။
ရွှေအိကြီးပဲ ဗက်ဆာကို အမှန်အတိုင်း မြင်သေး။ ဟေး ဟေး။ ..... :D :D :D