Saturday, July 10, 2010

သူငယ်ချင်းတို့ ခိုခို့ ယို

လူတစ်ယောက်ရဲ့ ခို ခို့ ယို ဟာ အမြဲတမ်းပြောင်းလဲနေတယ်လို့ ကျွန်မ ယူဆတယ်။ လွမ်းတာရှိသလို ပျော်တာလည်းရှိတာပေါ့ ။ ခိုခို့ ယိုက ဒိုးခိဒိုးခိ လည်းဖြစ်သေးတယ်တဲ့ ရှင်။ ခိုခို့ ယို ကို တစ်ချို့ က သူငယ်ချင်းအချင်းချင်းရင်ဖွင့် ရင်းနဲ့  နှစ်သိမ့် တယ်။ IT ခေတ်ဆို
တော့ လည်း သူငယ်ချင်းတွေရဲ့ စိတ်ခံစားမှုကို G-talk message တို့ Face Book တို့ ကနေ တစ်စွန်းတစ်စ လှမ်းမြင်လို့ ရ ပြီ။ စာကြည့်လို့  မရအောင် လွမ်းနေတာလား ? လွမ်းတာက အိမ်ရှင်ကိုလား အမေကိုလား ? Very Very busy? Research လုပ်နေတာကောဘယ်လိုအခြေအနေရှိနေ
လဲ? လောလောဆယ် သူငယ်ချင်းဟာပျင်းနေတာလား ဘောလုံးပွဲ အာရုံစိုက်နေကြတာလား? ကော်ဖီသောက်နေတာလား?

ကဲ လာပြီ.....

သူငယ်ချင်းနံပါတ် (၁)

သူငယ်ချင်းရဲ့ အိမ်ရှင် ကသဘောင်္သားလေ အိမ်ရှင်ကို လွမ်းတဲ့ အခါတင်လေ့ ရှိတဲ့ message တွေက



I miss you (ပင်လယ်ကိုမျက်နှာမူပြီးရပ်နေတဲ့ ပုံလေးနဲ့ တွဲတင်တယ်) ။






(Marine Bunker Fuel), Singapore (ဒါကတော့ သဘောင်္တွေကို ရေနံလိုက်ဖြည့် ပေးရတဲ့ ရေနံတင်သဘောင်္တဲ့  အိမ်ရှင်ရှိနေတယ် ) ကြည့် ရတာ အစစအရာရာအဆင်ပြေပါစေ
လို့ မှန်းဆပြီး ဆုတောင်းနေတာထင်တယ်။အိမ်ရှင်ရေကံကောင်းလိုက်တာ။ ကိုသိန်းတန်ကိုသိန်းတန်စိုးသဘောင်္ပေါ်တက်ခဲ့ မယ်လို့ တော့ မယောင်လောက်ဘူးလို့ ထင်ရတာပဲ။

When you missing me, please thinking our past, enjoy your present time and try the best our future



(ကောင်လေးနဲ့ ကောင်မလေးငယ်ငယ်တုန်းကစက်ဘီးစီးတဲ့ ပုံလေးနဲ့  သူတို့ ၂ယောက်က ငယ်သူငယ်ချင်းတွေ)

၅၂၈နဲ့ ၁၅၀၀ကွာတော့ ဖုန်းဆက်တဲ့ုကာချိန်တာကွာတာပါတဲ့  အမေကိုလည်းလွမ်းတတ်တော့ messageလေးတွေတင်တယ်




အမေ... ဒီနေ့  သမီး အခန်းလေးကို မြန်မာပြည် သမီးအခန်းလေးနဲ့  အတတ်နိုင်ဆုံးတူအောင် ဖန်တီးထားတယ်။ သမီးချစ်တဲ့ သစ်ပင်လေးတွေရယ်၊ သမီးကြိုက်တဲ့ မြန်မာသီချင်းတွေရယ်၊ သမီးကြိုက်တဲ့ မြန်မာသနပ်ခါးလေးလိမ်းလို့ ၊သမီးကြိုက်လို့ ဆိုပြီး အမေ အမြဲတမ်း ချက်ကျွေးတတ်တဲ့ ဟင်းလေးတွေရယ်..။ အမေရယ် သမီး အမေ့အိမ်ကို ပိုလွမ်းလာတယ်။

ဒီနေ့ သမီးအရမ်းကျေနပ်တယ် အမေ။ သမီးတို့ မြန်မာလူမျိုးတွေလဲ နည်းပညာမစုံလင်ပေမယ့် တတ်နိုင်တဲ့အားအင်လေးနဲ့ သူတို့ နည်းတူ လုပ်နို်င်တယ်ဆိုတာ
ဒီနေ့ စာတမ်းဖတ်ပွဲမှာပြနိုငခဲ့တယ်။ (New species ရှာဖွေတွေ့ ရှိခဲ့သော မြန်မာနိုင်ငံမှ supervisor နှင့် သူငယ်ချင်းများကိုလဲ ကျေးဇူးတင် ဂုဏ်ပြုပါတယ်)

သူငယ်ချင်းနံပါတ် (၂)

အကောင်းကြိုက်လျှင်သူများထက်အပင်ပန်းခံရမည်ကိုမကြောက်ပါနှင့်။ ဘုရားဝတ်တက်လိုစိတ်မရှိလျှင် ပေ၍ ၀တ်တက်ဝတ်ကပ်ပြုပါ။ တံမြက်စည်းလှည်းခြင်း စသောသေနာသန၀တ်များကို ပြုလုပ်လိုစိတ်မရှိလျှင် ပေ၍ အဆိုပါ ၀တ်များကိုပြုပါ။ စာအံစာကျက် စာကြည့်လိုစိတ်မရှိလျှင် ပေ၍ စာအံ၊စာကျက် စာကြည့်ကျင့်ကိုကျင့်ပါ။ အချုပ်အားဖြင့် ကုသိုလ်ရေးရာ အလုပ်ဟူသမျှ...ကို လုပ်လိုစိတ်မရှိသော်လည်း ပေ၍လုပ်ပါလေ။
(ကျေးဇူးရှင် ပထမ မစိုးရိမ်ဆရာတော်ကြီး)

Home sweet Home! Coffee time!ဒီသူငယ်ချင်းကတော့  တခါတလေ
စာကြည့် ရတာပျင်းမဲ့ ပုံပဲ .....၊။ ဒါပေမဲ့ အချိန်ကိုတော့ စနစ်တကျသုံးချင်တဲ့ 
အကျင့် ရှိပုံရတယ်။ကိုယ့် ကိုယ်ကိုလည်း အားပေးတတ်တယ်လို့ ထင်တယ်။ သေချာတာတော့  အုန်းနို့ ခေါက်ဆွဲချက်ကောင်းတယ်.......


သူငယ်ချင်းနံပါတ် (၃)

တရွေ့ တရွေ့ နဲ့ ပေါ့ တချိန်ကြတော့ လေ ကာရန်တွေညှိ ညီစေမယ် ကြိုးပမ်းခဲ့ သမျှ အော်အဆုံးတော့ လေ နွမ်းခဲ့ သမျှ ငြိမ်းစေမယ်

ဖူဂျီလေးဆင့် မှာဖရဲသီးစားရင် ဖယောင်းလိုချောသတဲ့  (အိစံသိတာတော့  ဖူဂျီကို တစ်ခေါက်မှ မရောက်ဖူးရင် ဗကာတဲ့  ...၂ခေါက်ထပ်သွားရင်လည်း ဗကာတဲ့ ။ ၁ခေါက်တည်း
သွားတဲ့ သူသာလျှင် အမှန်ဆုံးတဲ့  အသိဂျပန်တစ်ယောက်ပြောပြတဲ့ ဟာသလေးပါ)

(ဖူဂျီ၅ဆင့် )


သူလည်းဝမ်းသာ၊ငါလည်းရွှင်ပြုံး၊ နှလုံးစိတ်ဝမ်း၊လန်းလာယခု၊ ချမ်းသာကိုပြုလျက်၊ရန်လည်းကင်းဝေး၊ ဘေးလည်းမခ၊အအေးရဖို့၊ ရွှန်းမြအသရေ၊ထွန်းပပါစေ......

ဘောလုံးပွဲလောင်းကြအုန်းမလား...မြန်မာမလေးပါတယ်..ကျွန်မတို့ ကအာဖရိကကပါတဲ့ ။

I am busy with sleeping!

အင်းးးး ဒီသူငယ်ချင်းကတော့ အခါအားလျော်စွာ gtalk message ကိုပြောင်းလေ့ ရှိတယ်။ ဟာသဥာဏ်တော့ ရှိပုံရတယ် Research အခြေအနေကောင်းသလား မကောင်းဘူးလားကို ခန့် မှန်းကြည့်  လို့ ရတယ်။ စာလုပ်နေရတာကို ဘုရားတရားနဲ့  ထိန်းရင်းနဲ့  အားပေးနေတယ်ထင်တယ်......


သူငယ်ချင်းနံပါတ် (၄)
ရူပါမလန်းလို့ မတူတာမှန်းတယ်လို့ မထင်ပါနဲ့ မူယာမကျွမ်း Qတာမစွမ်းပေမဲ့ မင်းအတွက်ဆို Superman လေးလို စွမ်းဆောင်ပေးမှာပါ..........။


သူငယ်ချင်းနံပါတ် (၅) နဲ့ အခြားဘော်ဘော်များ
လာပါအချစ်ရယ်.. ဆိုက်ကားနင်းမယ်.. ကူလီထမ်းမယ်.. ဘိန်းမုန့်ရောင်းမယ် ကြည်နူးဖွယ်.. ပန်းတောင်းကိုရွက်ကာ ဘုရားပေါ်တက်.. ကန်ဘောင်မှာ အတူတူထိုင်မယ်လာ ဆိုက်ကားပေါ်တက်...

Enthusiasm starts the wheels of the imagination to turning.

ဲJust only one step can reach the goalဒီသူငယ်ချင်း ၂ step လောက်လှမ်းလိုက်ရင် ဘာဖြစ်မလဲ မသိဘူး။


သြော်လူ့ ပြည်လောက လူ့ လောကကားအိုရနာရသေရဦးမည်တကား။

Learn something new daily, to stop learning is to die!

Have a nice day! အမုန်းမရှိတဲ့ ကမ္ဘာကဘော်ဘော်တစ်ယောက်ပါ)

စပိန် မှ စပိန်နော် တစ်ပိန်ပဲရှိတယ် နှစ်ပိန်ရှိရင် ၀အောင်လုပ်ပစ်လိုက်မယ်ကွ


အိစံ (တချို့ မှတ်ထားတွေက ပျောက်ကုန်လို့  ခေါင်းစဉ်ကလည်းဘာပေးရမှန်းမသိလို့  ဟဲဟဲ)

8 comments:

မိဆိုးလေး said...

ရွှေအိ ရဲ့ ခြစ်မိခြစ်ရာ
မိဆိုးလေးအဆစ်ပါ
နောက်များအခါ မယ်အိရှေ့
မက်ဆေ့ ရေးမယ်ဆို သတိပြု..။
ဟေးဟေးဟေး
စတာနော် မယ်အိ
မှတ်တမ်းတင်ထားပေးတဲ့အတွက်
ညလေးရေ
ကျေးဇူး ဒိုင်နိုဆော..။
ချစ်တဲ့
မိဆိုးလေး

pps said...

အင်း..ဒိသူငယ်မ..ဟာဖြင့်...
ကိုယ့်ကိုယ်ကိုလျှိုက်ဝှက်ချင်သလောက်...
တူညားတွေရဲ့ခံစားချက်တွေကိုတော့..
လက်တို့ပြီးတော့..ပြောရအုံးမယ်..ဖြစ်နေပါပကေား))

ရေးလိုက်တော့..
ရေးလိုက်တော့..
ရေးလိုက်တော့..ဟေးးးးးးးး(အေး)

အားပေးလျှက်

က်ေဆာ said...

ရွှေအိကွ။
ဖြောင်းဖြောင်းဖြောင်း။
အားပေးနေ၏။
လုပ်နော်။ လုပ်။
:D :D :D

ထား said...

သတိတရလေး ပြောပေး ရေးပေးတဲ့ အိစံရေ ပိုချစ်သွားပြီနော်...

ချစ်တဲ့

ထား

လသာည said...

နောက်ပြီး “ဟေ့ကောင်တွေ အကြီးလည်းတော် အငယ်လည်းတော်” ဆိုတဲ့ မက်ဆေ့လည်း ဖတ်ဖူးတယ်

“ချဉ်ရည်ဟင်းချက်ထားတယ်”လို့ ကြွားတဲ့ မက်ဆေ့လည်း ဖတ်ဖူးတယ်။

အိစံ.. အာရိကတိုး ပါ။ အားလုံးရဲ့ မှတ်တမ်းလေးတွေကို တင်ပေးလို့.. အမြန်ဆုံး အနီအသင်းဘ၀ကနေ ကျွတ်ပါစေ

မီးငယ်လေး said...

hahaha.. Ei san...arigatou..ဟုတ်ပါ့..တစ်ခါတစ်လေ မဟုတ်ဘူး ၂ခါတစ်လေ ၃ခါတစ်လေ..စာကြည့်ရတာ ပျင်းတယ်။။ တယ်ရင်းတွေကို ဒီလို ဂရုတစိုက်ရှိတဲ့အတွက် အာရိကတိုး
အနီသင်းဆိုတာ ဘာပါလိမ့်..

အိစံ said...

မီးဆိုးလေး မီးငယ်လေး ဗက်ဆာ ပီပီအက်စ် မထားလသာည သူငယ်ချင်းအားလုံး အားပေးတာ ကျေးဇူး ဒိုင်နိုဆော ))))း

လသာညရေ ကွင်းလုံးကျွတ်ကျွတ်အုန်းမှာ လက်ဖွဲ့  ဖို့ သာများများစုထား။

Anonymous said...

မီးငယ်လေးရေ အနီသင်းဆိုတာအိစံတို့ လို ချောချောလှလှတွေ စာကြိုးစားနေကြလို့  အယ်ဒီတာချုပ်က ဂုဏ်ပြူထားတာ