Saturday, December 25, 2010

Friday, December 24, 2010

နေ့စဉ်ဘ၀ထဲက ဟာသများ-၃

(၁)
တရားခံ ဘယ်သူလဲဟေ့း)





\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.
..........................................................
(၂)
ချစ်..ချစ်..ချစ်လိုက်ပုံများး)





\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.






Wednesday, December 22, 2010

Let's make မုန့်ရေပါး

မန္တလေးအခေါ် မုန့်ရေပါး။ ရန်ကုန်အခေါ် လမ်းသရဲမုန့်တဲ့ ဟုတ်လား။ နောက်ထပ် ဘယ်နေရာက ဘယ်လိုခေါ်လဲမသိ။ တစ်ကယ်တော့ မုန့်ရေပါးလုပ်နည်းကို KTML ကြီးသင်ပေးသွားလို့ လုပ်တတ်တာပါ။
အယ်ဒီတာချုပ်တောင်မေ့နေလောက်ပြီ။ တစ်ခါတုံးက ဆန်မှုန့်ထုပ် ဓာတ်ပုံပို့ပေးမယ် ဆိုပြီး ပြောထားဖူးတယ်။ အဲဒါကို သတိရတာနဲ့ ပိုစ်ရေးလိုက်တယ်။


ဒါက ဂျပန်မှာ ၀ယ်လို့ရတဲ့ ဆန်မှုန့်ထုပ်လေးပါ။

မုန့်ရေပါး လုပ်ရန်လိုအပ်သော ပစ္စည်းများ။
၁။ ဆန်မှုန့်ုထုတ် ၁ ထုတ် (မုန့်ရေပါး ၆ ပြားလောက်ရတယ်။)
၂။ ကြက်ဥ ၂လုံး (သို့) ၃ လုံး
၂။ ခရမ်းချဉ်သီး (ကြီး ၂ လုံး)
၃။ ပဲပင်ပေါက် ၁ ထုတ်
၎။ ငရုတ်သီးစိမ်း ၁၀ တောင့်
၅။ မဆလာ
၆။ ဆား နဲ့ ဆီ
၇။ ဒယ်အိုပြား အနောတော်ဆိုဒ် ကောင်းကောင်း။

ဆန်မှုန့်တစ်ဆ ရေသုံးဆ ရောပြီး နာရီဝက်လောက်စိမ်ပေးထားပါ။
အရည်ပျစ်ဖို့မလိုပါ။ အရည်ခပ်ကျဲကျဲဖြစ်မှ မုန့်ပါးပါးဖြစ်မှာ။
ခရမ်းချဉ်သီး နဲ့ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ။
ကြက်ဥကို ကြေအောင် ခေါက်ထားပါ။

အားလုံးပြင်ပြီးရင် ဒယ်အိုးပြားထဲကို ဆီနည်းနည်းထည့်ပါ။ မုန့်နှစ်ရည်တွေ အနေတော် လောင်းထည့်ပြီး
ပြန့်သွားအောင် ဒယ်အိုးကို စောင်းလှည့်ပေးနော်။ ကြက်ဥခေါက်ထားတာကိုလည်း ညီညီညာညာဖြစ်အောင် မုန့်နှစ်ရည်တွေပေါ်ထပ်ပြီး ဖြန့်ခင်းပေးပါ။

ပြီးရင် ဆားနည်းနည်းဖြူးလိုက်ပြီး ပဲပင်ပေါက်လေးတွေကို ဖြန့်ခင်း၊  အဖုံးလေးခဏအုပ်ထားပါ။
မိနစ်ဝက်လောက်ရရင် ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစိမ်း စိတ်ထားတာလေးတွေကို ထပ်ပြီး ဖြန့်ခင်းလိုက်နော်။
ပြီးရင် မိနစ်ဝက်လောက် အဖုံးခဏ ထပ်အုပ်ထားပါအုန်း။
ဘေးသားလေးတွေက အရင်စပြီး ကြွတ်လာလိမ့်မယ်။ ဆီကြိုက်ရင် ဘေးသားတွေ တစ်ဝိုက်ကိုဆီနည်းနည်း ထပ်လောင်းပေးလိုက်ပြီး ဆီတွေပြန့်သွားအောင် ဒယ်အိုးကို စောင်းလှည့်ပေးပါ။
မီးငယ်လေးတို့ကတော့ ခဏခဏဘေးသားတွေ တူးသွားဖူးတယ်။

ကဲ ရပြီ။ အလှဆုံး ကြော်လို့ရတဲ့ မုန့်ရေပါးပုံလေးပါ။ မဆလာနံ့ မွှေးမွှေးလေးနဲ့ ချဉ်စပ်စပ်လေး စားလို့ကောင်းတယ်။စမ်းကြည့်လိုက်ကြပါအုန်းနော်။


မှတ်ချက်။  တစ်ခြမ်းနည်းနည်းတူးသွားလို့ လှတဲ့ တစ်ခြမ်းပဲ ရိုက်ထားတာ။ :D

မီးငယ်လေး ပစ်ထည့်ချက်သည်။

ဂျပန်ပြည်ကို ရေးတဲ့စာ

Tuesday, December 21, 2010

Sunday, December 19, 2010

နိုင်ပ၏ ပူတူးလေးများ


စတိုင်လှမှ စတားဖြစ်တာ..

ကစားရုံကစား၊ ရန်ဖြစ်နဲ့ တည့်တည်နေနော်။ လူကြီး ရှိတယ်..



ဟေ့ကောင်တွေ မဆူနဲ့ဆို...။ အိပ်ရေးပျက်တယ်၊ ဟော. ဘာကြည့်နေတာလဲ စိတ်တိုလာပြီနော်။
(ဓ-ဓ)/"

Saturday, December 18, 2010

အရသာရှိသော ကဗျာတစ်ပုဒ်။

---
ကလီစာအစုံစုံ
အဖုံဖုံပါတဲ့
ဝက်သားတုတ်ထိုး

အကောင်းဆုံးဟာ
တစ်ခုပေးစမ်းပါ--- ဆိုတော့
အသဲ--ပါ အစ်ကို။
ရော့ --- အင့်---- တဲ့။

ဟင့်---အင်း။ -- ဟင့်---အင်း။
မကြိုက်ဖူး--- အငြင်း။

ဘေးနားက ----
ထမီတိုတို
အကြေကောက်နဲ့ မိန်းမပျို။
ကျမ-- ကြိုက်တယ်--- ဆိုပြီး။

တုတ်ချွန်နဲ့ထိုး။
ပြုတ်ရည်ပူထဲ---နှစ်။
ငရုတ်ဆီနဲ့--- တို့--- ပြီး။

ဂျွတ်--- ဂျွတ်--- သံထွက်။
မြိန်ယှက်စွာဝါး။
ပြီး----
စားလို့ ကောင်းလိုက်တာ--- တဲ့။

အဆုံးတစ်ခု
ကောက်ချက်ပြုမိ။
မိန်းခလေးများ။
အသဲ -- ကြိုက်တတ်၏။
-----------------------------------------
ကဲ။ --- ဘယ်လောက် အရသာရှိလိုက်တဲ့ ကဗျာလဲ--- ဟင်း။

--- ဘွားဆာ မှတ်ထားတာ။ --- တက္ကသိုလ် မဂ္ဂဇင်းထဲက။

Friday, December 17, 2010

နားမလည်ဘူး


Sometime...

သူက
တခါတလေမှာ သိပ်ကို ခံစားမိစေတယ်
တခါတလေမှာ သိပ်ကို ဥပေက္ခာဆန်လွန်းတယ်
တခါတလေမှာတော့ သူက ဓါးနဲ့ မွန်းမွန်းပစ်နေတယ်

သူက
တခါတလေမှာ ဖြူစင်လွန်းနေတယ်
တခါတလေမှာ ဆေးရောင်စုံဆန်နေတယ်
တခါတလေမှာတော့ သူက မုတ်သုန်မိုး ရွာသွန်းပစ်ပလိုက်တယ်

သူက
တခါတလေမှာ လမင်းကြီးလို ၀င်းထိန်လို့နေတယ်
တခါတလေမှာ နေမင်းကြီးလို အရောင်တွေ လင်းလို့ နေတယ်
တခါတလေမှာတော့ သူက အယ်နီညာရာသီဥတုမျိုး ပူအေးအိုက်စပ် စေပြန်တယ်

သူက တခါတလေမှာ ပန်းသီးလို ချိုမြမြ ရှိနေတယ်
တခါတလေမှာ တည်သီးလို ခပ်မာမာ ဆတ်ဆတ်လေး ရှိနေတယ်
တခါတလေမှာတော့ သူက ငရုတ်သီး တစ်တောင့် ပစ်ကျွေးလိုက်ပြန်တယ်

သူက
တခါတလေမှာ စမ်းရေပမာ ငြိမ့်ညောင်းသာယာနေတယ်
တခါတလေမှာ နံက်ခင်း တေးသံပမာ သီးကျွေးမှု ပြုလေ့ရှိတယ်
တခါတလေမှာတော့ သူက အိုင်ငယ်လေးထဲက ဖားသူငယ် အမှတ်နဲ့ ရီမောနေပါတယ်

သူက
တခါတလေမှာ သိပ်ကို ရက်စက်လွန်းပါတယ်...

BlueHope
13.12.2010, 11:00AM

Thursday, December 16, 2010

နေ့စဉ်ဘ၀ထဲက ဟာသများ-၂

(၁)
ကိုယ့်သောကနဲ့ ကိုယ်




\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.

.........................................................................

(၂)
ကြိုတင်ကောက်ခံငွေ



အခုထဲက ဆွေးနွေးမှကို ဖြစ်မယ်.

အခုက ၁၃ နှစ်ဆိုတော့.. အသက် ၃၃နှစ်အထိ စီမံကိန်း...

....................................................................
\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.



Wednesday, December 15, 2010

The Chant Of Metta - English subtitled version





CHANT OF METTA

Aham avero homi
May I be free from enmity and danger

abyapajjho homi
May I be free from mental suffering

anigha homi
May I be free from physical suffering

sukhi - attanam pariharami
May I take care of myself happily

Mama matapitu
May my parents

acariya ca natimitta ca
teacher relatives and friends

sabrahma - carino ca
fellow Dhamma farers

avera hontu
be free from enmity and danger

abyapajjha hontu
be free from mental suffering

anigha hontu
be free from physical suffering

sukhi - attanam pariharantu
may they take care of themselves happily

Imasmim arame sabbe yogino
May all meditators in this compound

avera hontu
be free from enmity and danger

abyapajjha hontu
be free from mental suffering

anigha hontu
be free from physical suffering

sukhi - attanam pariharantu
May they take care of themselves happily


Imasmim arame sabbe bhikkhu
May all monks in this compound

samanera ca
novice monks

upasaka - upasikaya ca
laymen and laywomen disciples

avera hontu
be free from enmity and danger

abyapajjha hontu
be free from mental suffering

anigha hontu
be free from physical suffering

sukhi - attanam pariharantu
May they take care of themselves happily

Amhakam catupaccaya - dayaka
May our donors of the four supports: clothing, food, medicine and lodging

avera hontu
be free from enmity and danger

abyapajjha hontu
be free from mental suffering

anigha hontu
be free from physical suffering

sukhi - attanam pariharantu
May they take care of themselves happily

Amhakam arakkha devata
May our guardian devas

Ismasmim vihare
in this monastery

Ismasmim avase
in this dwelling

Ismasmim arame
in this compound

arakkha devata
May the guardian devas

avera hontu
be free from enmity and danger

abyapajjha hontu
be free from mental suffering

anigha hontu
be free from physical suffering

sukhi - attanam pariharantu
may they take care of themselves happily

Sabbe satta
May all beings

sabbe pana
all breathing things

sabbe bhutta
all creatures

sabbe puggala
all individuals

sabbe attabhava - pariyapanna
all personalities (all beings with mind and body)

sabbe itthoyo
may all females


Top
sabbe purisa
all males

sabbe ariya
all noble ones (saints)

sabbe anariya
all worldlings (those yet to attain sainthood)

sabbe deva
all devas (deities)

sabbe manussa
all humans

sabbe vinipatika
all those in the four woeful planes

avera hontu
be free from enmity and dangers

abyapajjha hontu
be free from mental suffering

anigha hontu
be free from physical suffering

sukhi - attanam pariharantu
may they take care of themselves happily

Dukkha muccantu
May all being be free from suffering

Yattha-laddha-sampattito mavigacchantu
May whatever they have gained not be lost

Kammassaka
All beings are owners of their own Kamma (Karma)

Purathimaya disaya
in the eastern direction

pacchimaya disaya
in the western direction

uttara disaya
in the northern direction

dakkhinaya disaya
in the southern direction

purathimaya anudisaya
in the southeast direction

pacchimaya anudisaya
in the northwest direction

uttara anudisaya
in the northeast direction

dakkhinaya anudisaya
in the southwest direction

hetthimaya disaya
in the direction below

uparimaya disaya
in the direction above

Sabbe satta
May all beings

sabbe pana
all breathing things

sabbe bhutta
all creatures

sabbe puggala
all individuals (all beings)

sabbe attabhava - pariyapanna
all personalities (all beings with mind and body)

sabbe itthoyo
may all females

sabbe purisa
all males

sabbe ariya
all noble ones (saints)

sabbe anariya
(those yet to attain sainthood)

sabbe deva
all devas (deities)

sabbe manussa
all humans

sabbe vinipatika
all those in the 4 woeful planes

avera hontu
be free from enmity and dangers

abyapajjha hontu
be free from mental suffering

anigha hontu
be free from physical suffering

sukhi - attanam pariharantu
may they take care of themselves happily

Dukkha muccantu
May all beings be free from suffering

Yattha-laddha-sampattito mavigacchantu
May whatever they have gained not be lost
Top

Kammassaka
All beings are owners of their own kamma (Karma)

Uddham yava bhavagga ca
As far as the highest plane of existence

adho yava aviccito
to as far down as the lowest plane

samanta cakkavalesu
in the entire universe

ye satta pathavicara
whatever beings that move on earth

abyapajjha nivera ca
may they are free of mental suffering and enmity

nidukkha ca nupaddava
and from physical suffering and danger

Uddham yava bhavagga ca
As far as the highest plane of existence

adho yava aviccito
to as far down as the lowest plane

samanta cakkavalesu
in the entire universe

ye satta udakecara
whatever beings that move on water

abyapajjha nivera ca
may they are free of mental suffering and enmity

nidukkha ca nupaddava
and from physical suffering and danger

Uddham yava bhavagga ca
As far as the highest plane of existence

adho yava aviccito
to as far down as the lowest plane

samanta cakkavalesu
in the entire universe

ye satta akasecara
whatever beings that move in air

abyapajjha nivera ca
may they are free of mental suffering and enmity

nidukkha ca nupaddava
and from physical suffering and danger.

မိဆိုးလေး

အမုန်းတွေ မရှိတဲ့ ကမ္ဘာ (ဘလော့ခ် ရှစ်လပြည့် အမှတ်တရ ၂)


အမုန်းမရှိတဲ့ ကမ္ဘာ

အိမ်မက်တို့ လန့်နိုးတိုင်း အမြဲတမ်း တမ်းတမိတာ
အခက်အခဲ တစ်ခုတွေ့တိုင်း အမြဲတမ်း အောက်မေ့မိတာ
ပျော်စရာတွေ တွေ့တိုင်း တိုင်တည်ပြီး ပြောပြချင်တာ
ရီစရာတွေ တွေ့တိုင်း မျှဝေကြည်နူးစေချင်တာ
စိတ်မကောင်းစရာကြုံတိုင်း မျက်နှာဖုံးတပ်ပြီး ရင်ဖွင့်ပြချင်တာ
စားကောင်းတာလေးတွေကိုလည်း သူသူငါငါ ကျွေးချင်မိတာ
ထူးဆန်ထွေလာလေးတွေကိုလည်း ပုံပြင်အလားဖွဲ့နွဲ့ချင်မိတာ
အဲဒါ အဲဒါ အမုန်းမရှိတဲ့ ကမ္ဘာ....

အမုန်းတွေ မရှိတဲ့ ကမ္ဘာ
အချစ်တွေ ပြုံအောကျပြီး လန်းဆန်းသစ်လွင်နေတဲ့ ကမ္ဘာ
အလှတွေ တစ်စုတစည်းတည်း နုပျိုလန်းဆန်းနေတဲ့ ကမ္ဘာ
ခံစားချက်တွေ ဖြေသိမ့်စေပြီး ဖေးကူပေးနေတဲ့ ကမ္ဘာ
အဲဒါ အဲဒါ အမုန်းမရှိတဲ့ ကမ္ဘာ...

အမုန်းတွေ မရှိတဲ့ ကမ္ဘာ
ဒီကမ္ဘာမှာ ဘယ်သူ မပျော်ချင်ဘူးလဲပြော
ဒီကမ္ဘာမှာ ဘယ်သူ မနားစက်ချင်ဘူးလဲပြော
ဒီကမ္ဘာမှာ ဘယ်သူ တေးမသီဆိုချင်ဘူးလဲပြော
ပြော ပြော ပြော....
အဲဒါ အမုန်းမရှိတဲ့ ကမ္ဘာလို့ ပြော
အဲဒါ အဲဒါ အမုန်းမရှိတဲ့ ကမ္ဘာ...

ဘလူးနှင့် သူ၏ မမများ (ဘလော့ခ် ရှစ်လပြည့် အမှတ်တရ)


အမုန်းမရှိတဲ့ ကမ္ဘာကို ကျွန်တော် ဘလူးဟာ ဘယာကျော် ပိုစ့်ရှင်ရဲ့ အမွမ်းတင် စကားကြောင့် မထင်မှတ်ဘဲ ရောက်လာခဲ့ပါတယ်...ဘလော့ခ် ခေါင်းစဉ်းလေးကို တချက် ကြည့်လိုက်မိပြီး သကာလမှတော့ ... အမုန်းမရှိမှတော့ အချစ်တွေ ပေါ်များနေတယ်လို့ မှတ်ယူလို့ ရတဲ့ အတွက် မေတ္တာငွေ့တွေ လွမ်းခြုံနေတဲ့ ကမ္ဘာလေးလို့တောင် စိတ်ထဲ ခံစားလိုက်ရပါတယ် ..... ရှိနှင့်ပြီးသား ပိုစ့်လေးတွေကို ပရော်စီမျိုးစုံနဲ့ ကျော်ခွ တက်နင်းပြီး လိုက်စပ်စုကြည့်တာ မပြီးသေးပေမဲ့ အရမ်းကို သဘောကျသဗျ.... နောက်... ဘလူးရောက်လာပြီး မကြာဘူး သူကြီး လသာညက ရှစ်လပြည့် မွေးနေ့ အခမ်းအနားလေးကို ဘာမှ မကျွေးဘဲ မိတ်ဆက် ဘလော့ခ်လေးနဲ့ အသက် ၂၀ကို ဘယ်လောက် စွန်းနေမှန်း မသိရတဲ့ ညီအမကိုးဖော်ရဲ့ အတွင်းရေးကို ကြေငြာခန်းဖွင့်လိုက်တော့ ဟားဟားဟားလို့တောင် အသံထွက် ရီမိပြီး ဒီညီအမတွေကို အမွမ်းတင်ပေးအုံးမှ ဆိုပြီး စိတ်ကူးမိခဲ့ပါတယ် ....

ဟုတ်ပါတယ် ရလာတဲ့ စိတ်ကူးကတော့ အောက်မှာ ရေးထားတဲ့ အတိုင်းပါဘဲ.... ရှုစားကြပါကုန်....
  1. လသာညက သူကြီးပါ ပြာတာလိုလဲ လှုပ်ရှားရှာ...
  2. ဗက်ဆာကတော့ စိတ်မြန်ပါ့ တဖက်လူ နားကို အားမနာလှ...
  3. မိဆိုးလေးက ခါးပတ်နက်ပါ သဘောကောင်းသူုလို့ ဆိုကြတာ...
  4. ကေလေးဟာ အရယ်သန်လှ ဘယာကြော်ပို့စ်နဲ့ အလုပ်များခဲ့ရ...
  5. မယ်ထားကတော့ ရှဲဒိုးပါ ချစ်တဲ့ထားလို့ တွင်ထားတာ...
  6. မယ်ပီဟာ လူဆိုးတဲ့ဗျ မေတ္တာပေါတဲ့ ဘလော့ခ်ဂါခင်ဗျ...
  7. အိစံကတော့ ငယ်ဆုံးပါ ရွှေပြည်အေးတရားလည်း ဟောတတ်တာ...
  8. နိုင်ပဟာ ကြောင်သခင်မ သူ့ ပိုစ့်မျော်ရင်းနဲ့ အိုမင်းရ...
  9. မီးငယ်လေးက အလည်လွန်တာ ကိုယ့်အိမ်ကိုယ်ပင် ပြန်မရောက်တာ....
  10. ဘလူးကတော့ လူသစ်ခင်ဗျ ဆိုဒ်ထဲမှာတော့ အလန်းဆုံးဗျ....


Happy Birthday ပါ အမုန်းမရှိတဲ့ကမ္ဘာ.......

Tuesday, December 14, 2010

ကျွန်မ၏ ဆိုးပေကြီးများ-၂

ဘလူးက ဘလော့ဘက်ဂရောင်း ပြောင်းဖို့ အကြံပြုတာကို မြင်တာနဲ့ ပြုံးမိတယ်။ ကဲ ဘာပဲဖြစ်ဖြစ် ဒီဘလော့အကြောင်းလေးကို ဘလူးကို ရှင်းပြဦးမှ..လို့ တွေးမိတာနဲ့ ပိုစ်လုပ်တင်လိုက်တယ်။ ဒီဘလော့ ရာဇ၀င်ကို ဒီဘလော့ရဲ့ ခေါင်သူကြီးဆိုလည်းဟုတ်၊ သန့်ရှင်းရေးဆိုလည်းဟုတ်၊ ပြာတာဆိုလည်း ဟုတ်တဲ့ လသာညကပဲ ရှင်းပြရတာပေါ့လေး)

ဘလော့တွင်ဖွဲ့စည်းထားသော မန်ဘာများ..
၁) ဗက်ဆာ... အင်မတန်မှ စိတ်မြန်ပါတယ်။ စကားပြောလည်း မြန်ပါတယ်။ ဖုန်းပြောရင် သူပြောလိုရာကို တောက်လျှောက်မနားပဲ ပြောသွားလို့ နားထောင်ရင်း ကိုယ်ကလိုက်မောနေရသူပါ။
၂) မိဆိုးလေး..နာမည်မှာ “ဆိုး”ပါနေပါတယ်။ သတိထားပါ (^^)။ ခါးပတ်နက် ဘွဲ့ကို ရထားပါတယ်။ နောက်တာပါ။ သူက တအားသဘောကောင်းပါတယ်..။
၃) မီးငယ်လေး..နာမည်နဲ့လိုက်အောင် အေးချမ်းပါတယ် (လို့ ထင်ရပါတယ်း))။ သူက တခြားမှာ ဘလော့တစ်ခုလည်း ပိုင်ပါတယ်။ ဒါပေမယ့် သူ့ကို ဒီမှာခေါ်မွေးစားလိုက်ပြီးကတဲ့က ဒီမှာပျော်သွားပြီး သူ့ဘလော့ကို မပြန်သလောက်ပါ (^^)/
၎) K လေး..သူကတော့ အရယ်သန်ပါတယ်။ ဘယာကြော်တစ်ပွဲနဲ့ ဘလော့ဂါဖြစ်ခဲ့သူပါး)))

အဲဒီလေးယောက်+ လသာညက အသက်မတိမ်းမယိမ်း သက္ကရာဇ်တစ်ခုတည်းဖွားတဲ့ ဖွားဖက်တော်တွေပါ။ အသက် ၂၀ကျော်တွေပီပီ တော်တော်ထက်တယ်။ ဘာထက်တာလဲတော့ မသိပါ။

ညီမလေးတွေကတော့..

၅) မယ်ထား.. သူကတော့ တကယ့်ကို “အားလုံး ပျော်ရွှင်ပါစေနော်၊ ချစ်တဲ့ထား”ဆိုတဲ့ တံဆိပ်တုံးလေးကို အမြဲနှိပ်ပြီး နှုတ်ဆက်တတ်သူပါ။ သူ့အတွက်လည်း ရှဲဒိုးလုပ်ပြီး ပိုစ်တစ်ပုဒ် တင်ပေးထားသေးတယ်။
၆) မယ်ပီ... အဲ သူ့နာမည်ကို မိဆိုးကြီးလို့လည်း ခေါ်တတ်တယ်။ အဲ့နာမည်လား?? သူကိုယ်တိုင်ပဲ မှည့်ထားတယ်။ “ဆိုးလား မဆိုးလား နာမည်ကြည့်ပါလား” တကယ့် ဂျစ်ကန်ကန်လေးပါ။ ဒါပေမယ့် သူရေးတဲ့စာတွေက ဆရာမကြီး ဒေါ်စောမုံညင်း ရေးတဲ့စာတွေလိုပဲ ဖတ်ရတာ မေတ္တာငွေတွေနဲ့ ပြည့်နေလို့ စိတ်အေးချမ်းတယ်။
၇) မယ်အိ ခေါ် အိစံ.. သူကတော့ အသက်ငယ်ဆုံးပါ။ အသက်ငယ်ပေမယ့် ရွှေပြည်အေးတရားတွေတော့ သူကပဲ ဒိုင်ခံဟောတတ်သူလေးပါ။ သူက အရယ်လည်း သန်တယ်.. အဲ အငိုလည်း သန်တယ်း))

ပိုစ်မတင်သေးသော်လည်း တင်ဖို့စိုင်းပြင်းနေသူလေးလည်း ရှိသေးတယ်။ လာမယ်ကြာမယ်ပေါ့...
၈) နိုင်ပ.. ကြောင်လေးတွေအတွက် အသက်ရှင်နေသူပါ။ သူ့အိမ်သွားပြီး လူခေါ်ဘဲနှိပ်ရင် ကြောင်လေးတွေ အရင်ထွက်လို့ ကြောင်များသခင်မလေးလို့ နာမည်ပေးထားတယ်း)

၉) လသာည.. ဒီဘလော့မှာ တခါတခါ သူကြီး၊ တခါတခါ ပြာတာလုပ်နေသူပါ...

(အရင်က မန်ဘာကိုးယောက်တိတိ ရှိပါတယ်။ အခုတော့ နောက်တိုး ဘီလူး အဲ BLUE နဲ့ ပေါင်းရင်တော့ ဆယ်ယောက်ပေါ့နော်)

ဘလော့စဖွဲ့စည်းပုံ.
ဒီလိုပါပဲ။ ဟေ့ကောင်တွေ ဒီဘလော့လေးက တို့အားလုံးအတွက် ဘလော့နော်။ လာ ဒီဘလော့မှာ ဆုံကြမယ်ဆိုပြီး မေးလ်တစ်ကြောင်းနဲ့ စဖွဲ့လိုက်တာပါပဲ..။ သူတို့ကလည်း နားညည်းမခံပါဘူး၊ ချက်ချင်းပဲ ခေါင်းညိမ့်ပြီး ချက်ချင်းအဖြေပေးတယ်။ အိုကေ နောက်ရက် လာမယ်နော်တဲ့..

ဒါပေမယ့်လည်း လွယ်လွယ်နဲ့တော့ မန်ဘာလိုက်မလုပ်ပါဘူး..။ မျက်လုံးလေး စွေပြီး လှမ်းကြည့်ရုံလေးက စတယ်။ ဒါနဲ့ ဖုန်းနဲ့ဆက်၊ မေးလ်နဲ့ပို့ အကြိမ်ကြိမ် အာပေါက်အောင် ပြောတော့မှ ဆင်ပေါက်လေးတွေ လမ်းလျှောက်သလို အိပဲ့အိပဲ့လေးလှမ်းလာတယ်...။ တကယ်တော့ မလာချင်လို့ မဟုတ်ဖူး (မအားလို့ ဘာလို့ ညာလို့ ဆိုတာတွေ) ကိုယ်ကသိနေပေမယ့် အဲ့လိုပဲ ချော့ရတာပေါ့နော်း))

ဘလော့က အချင်းချင်းအပြန်အလှန် စကားပြောတဲ့ စကားဝိုင်းအသွင်နဲ့စခဲ့တာပါ..။ စီဘောက်မှာ စလိုက်နောက်လိုက်နဲ့ တော်တော်ပျော်စရာကောင်းပါတယ်။ ကျောင်းကပြန်ရင် မေးလ်ထက် စီဘောက်အရင်စစ်တဲ့အထိပါ။

ဘလော့တင်းပလိတ်..
မူလဘလော့တင်းပလိတ်က လသာညက လုပ်ခဲ့တာပါ။ ဒါပေမယ့် နောက်ခံကာလာပြောင်းချင်တော့ သူတို့အားလုံးကို အရင်ညှိပါတယ်။ “ကာလာပြောင်းချင်တယ် ကြိုက်မကြိုက် vote လုပ်ပါ”လို့။ လုပ်တဲ့သူလည်း လုပ်တယ်။ မလုပ်တဲ့သူလည်း မလုပ်ဘူး..။ အဲဒါနဲ့ “ငါ ကာလာပြောင်းရမှာလား။ မပြောင်းရဘူးလားဟယ်”လို့ မျက်နှာငယ်လေးနဲ့ တကယ်မေးတော့မှ အားလုံးက ဖြေတယ်။ “ ဘာလို့ မေးနေတာလဲ ကိုယ့်ဘာသာ အဆင်ပြေသလို လုပ်ပါလား။ ဒါပေမယ့် ဟိုအရောင်တော့မကြိုက်ဖူး တဲ့..။ (ဒါများ စောစောက ပြောရောပေါ့နော် :D )

ပိုစ်တင်ခြင်း..
ပိုစ်တင်ဖို့ တော်တော်ကို နားညည်းအောင် တောင်းယူရပါတယ်။ “ရေးဖို့ စဉ်းစားနေပါတယ်”။ “မကြာမီလာမည် မျှော်”ဆိုတာက စပါတယ်။ ထုတ်ဝေသူသာဆိုရင် ပိုစ်မရလို့ မွဲလောက်ပါတယ်။ နောက်တော့လည်း နားညည်းလို့ထင်ရဲ့ မအားတဲ့ကြားကပဲ ပိုစ်တွေ သူတို့ရေးပေးပါတယ်။ အဲ တချို့လည်း ရှိသေးတယ်၊ ပိုစ်တစ်ပုဒ်လောက်တင်ရသေးတယ် ပိုစ်တင်တာ ခွင့်တစ်လယူသည် ဆိုတာမျိုး..။ ကျွန်မ မနိုင်ပါးD

တစ်ယောက်သောသူဆိုရင် “ပိုစ်ကို draft ထဲမှာထားတယ်နော်။ ၀င်ဖတ်လိုက်ကြပါ”လို့ ပြောတတ်သေးတယ်။ သေချာရေးပြီး တင်ထားတာတောင် မနည်းဖတ်နေရတာ၊ အဲဒီထဲမှာ ဘာလုပ်ထားတာလဲလို့ ခေါင်းခေါက်ချင်သော်လည်း မခေါက်ရဲပဲ ကိုယ့်ဘာသာ ပွစိပွစိပြောပြီး ငြိမ်နေရတယ် (==;) ဆိုးပေကြီးပါ..

ပိုစ်တွေကိုလည်း တစ်ယောက်တင်ပြီးတိုင်း သွားcheck ရသေးတယ်။ ဘာလို့လည်းဆိုတော့ တင်သူက စေတနာ တလဟောနဲ့ ပိုစ်လေးလှအောင် ကာလာပေါင်းစုံ စာလုံးဆိုဒ်ပေါင်းစုံ ဝေေ၀ဆာဆာ တင်ပေးသွားတာပေမယ့် စာလုံးတွေက ဖတ်ရတာ မညီမညာဖြစ်နေတာတွေ၊ လေဘယ်တွေ မေ့နေတာတွေ၊ မေ့ပြီး အတွင်းရေးတွေပါ ပါကုန်တာတွေ လိုက်ကြည့် ပြင်ပေးရတယ်။ ဘာနဲ့တူလည်း ဆိုတော့ မင်းသမီးလေး အလှပြင်ပြီး ဇာတ်ခုံရှေ့ထွက်သွားတော့ ကျန်ခဲ့တဲ့ မိတ်ကပ်ဗူးတွေ၊ နှုတ်ခမ်းနီဗူးတွေ လိုက်သိမ်းရတဲ့ မင်းသမီးနောက်လိုက်လိုမျိုးး))) ဒါနဲ့ပဲ မင်းသမီးနောက်လိုက် မလုပ်ချင်တာနဲ့ ကိုယ့်ဘာသာ ရာထူးပေးမိတယ် အယ်ချူပ် (အယ်ဒီဒါချူပ်)ဆိုပြီး..

ကွန်မန့်ခြင်း..
ဟုတ်ကဲ့..သေချာပါတယ်။ များသောအားဖြင့် ကွန်မန့်ချင်မှမန့်ကြပါတယ်။ မန့်ချင်ရင်လည်း သုံးလေးခါမန့်ချင်မန့်တယ်။ တခါတလေကျတော့ ပြောသေးတယ်.. “မန့်စရာမလိုအောင် ကောင်းနေတော့ မန့်လိုက်မှ အရသာပျက်မှာစိုးလို့ မန့်တော့ဘူး”ဆိုတာမျိုး ရှိပါတယ်း))

စီဘောက်မှာ နှုတ်ဆက်ခြင်း
နှုတ်ဆက်သူရှိသလို သူများရေးတာကိုပဲ လိုက်ဖတ်ပြီး ရယ်ပြီး ပြန်သူရှိပါတယ်း)) နောက်တော့ စီဘောက်ရေးသူက ကိုယ်ချည်းရေးရတာ ပျင်းလာပြီး “တော်ပြီ မရေးတော့ဘူး”ဆိုပြီး ဆန္ဒပြရတဲ့အထိလည်း ဖြစ်ခဲ့ဘူးတယ်။

လင့်ခ်ခြင်း
 ဘလော့တော်တော်များများကို လည်ဖတ်တတ်ပါတယ်။ ဒါပေမယ့် ဒီဘလော့အနေနဲ့ သူများဘလော့ခ်ကို မလင့်ခ်ခဲ့ရဘူး။ သွားလည်ပြီး ကွန်မန့်မပေးနိုင်ရင် အားနာလို့.တဲ့.။လာလာလည် အားပေးတဲ့ ငွေလမင်းနဲ့ ချင်းတွင်းသူ ဘလော့လေးကိုလည်း ရောက်ပါတယ်။ လာလည်တာ အထူးကျေးဇူးတင်ပါတယ်လို့..

နောက်ပြီး ဒီဘလော့ကို လသာညရဲ့ဘလော့မှာ လင်ခ်ဖို့အတွက်လည်း ခွင့်ပြုချက်တင်ထားတာ ပြီးခဲ့တဲ့လကမှ ကျတယ်..။ ဆုံးဖြတ်ချက်တွေ အဲလို နှေးပါတယ်..။

ဒါကတော့ အမုန်းမရှိတဲ့ကမ္ဘာရဲ့ လက်ရှိအနေအထားပါ။ အခုဆို ဘလော့လေးစဖွဲ့စည်းတာ ၈ လပြည့်သွားပါပြီ။ တကယ်တော့ အမုန်းမရှိတဲ့ကမ္ဘာမှာ အားလုံးက တကယ့်ကို ညီအစ်မတွေလို မိသားစုတွေလို ချစ်ကြပါတယ်။ အမုန်းဆိုတာ တကယ်လည်း မရှိပါ။

လသာညပူဆာလို့ မရေးတတ်ရေးတတ်နဲ့ ရေးပေးခဲ့တဲ့ ပိုစ်လေးတွေ အခုဆို အများကြီးပါ။ ပိုစ်တွေမဟုတ်ပါဘူး။ ဂရုစိုက်မှုတွေလို့ ယူဆပါတယ်။ အပြင်မှာ စိတ်ပင်ပန်းလာသမျှ အချင်းချင်း ဘလော့မှာ ရင်ဖွင့်ကြ၊ နောက်ကြ၊ ပြောင်ကြ လုပ်ထားတာတွေ ပါပါတယ်။ ရေးသားထားတဲ့ စာတွေဟာ သူများတွေအတွက် ဗဟုသုတတွေ ဘာတွေပေးတဲ့ ပိုစ်ဖြစ်ချင်မှဖြစ်နိုင်ပေမယ့် အချင်းချင်းအတွက်တော့ တကယ့်ကို ရသမြောက်စာသားတွေသာ ဖြစ်ပါတယ်..။

မရေးချင်ဘူးဆိုသော်လည်း ပိုစ်မှာထားခဲ့တဲ့ အမှတ်တရ ကွန်မန့်တိုင်းအတွက်လည်း အားလုံးကို အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်။ ဒါတွေဟာ ရေးသူအတွက် အသိအမှတ်ပြုပေးတဲ့ ကြင်နာမှုလေးတွေပဲ မဟုတ်လား။ စီဘောက်က နှုတ်ဆက်စကားလေးများအတွက်လည်း ကျေးဇူးတင်ပါတယ်။ နေကောင်းကျန်းမာကြောင်းလေး သိရတော့ စိတ်အေးရတာပေါ့..။ (ဟိ.. စကားခေါ်နေတာ ဟုတ်ပါဘူး တကယ်ပါ)

ကိုယ့်အတွက်တော့ ဒီဘလော့ဟာ ဘာနဲ့တူလည်း ဆိုတော့ တနေကုန်လျှောက်လည် ဟိုသွားဒီသွားလျှောက်သွားပြီး အိမ်ပြန်လာချိန် ကိုယ့်မိသားစုနဲ့ ပြန်တွေ့ရသလို စိတ်အေးချမ်းရလို့ပါ...။

...ဘ၀မှာ ကိုယ့်ကိုချစ်တဲ့သူတွေရှိတဲ့နေရာဟာ အငြိမ်းချမ်းဆုံးပဲ မဟုတ်လား..

ကဲ.. အားလုံးလည်း ဘလော့ရှစ်လပြည့်အထိမ်းအမှတ် နှင့် အဖွဲဝင်အသစ် blue ကိုလည်း ကြိုဆိုတဲ့ပွဲပါ... kanpai!!! ။ အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ...။

Monday, December 13, 2010

ရှိနေရတဲ့ ဘဝ



ရှိနေရတဲ့ ဘဝ
အသက်တော့ ရှိနေသေးတယ်
ဘ၀က လမ်းလျှောက်နေသေးတယ်
အိမ်မက်က လန့်နိုးနေသေးတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

ခရီးတွေက ကျန်နေသေးတယ်
အချစ်တွေက အငွေ့အဖြစ်နဲ့ လွင့်ပြန့်နေတယ်
ဆူးတစ်ခုကတော့ နှလုံးသားထဲမှာ စူးနစ်နေတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

အိမ်မက်တွေက အဲဒီဘက်မှာ ရှိနေသေးတာ သိရတယ်
နောက်ကျောမှာ ဓါးမိုးထားတာလဲ မြင်နေရတယ်
လက်ထဲမှာတော့ ဂျိုးဖြူလေးက ရုန်းထွက်ချင်နေလှတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

မြစ်တစ်စင်းဟာ ကွေ့ကောက်စွာဘဲ စီးနေတယ်
လေညင်းဟာ ရံဖန်ရံခါမှာ တိတ်ဆိတ်သွားတယ်
ချစ်ခြင်းဟာ လှိုင်းဂယက်လို ခဏခဏ လှူပ်ခတ်နေရတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ
အဲဒါ ကျွန်တော်တို့ ရှိနေရတဲ့ ဘဝ
အဲဒါ ဘ၀ထဲမှာ သူ့အလိုလို ဖန်တီးခံရတဲ့ ဘဝ
အဲဒါ စက်ရုပ်တစ်ရုပ်လို ဖန်တီးခံရတဲ့ ဘဝ
အဲဒါ တိမ်မည်းတွေကို သိမ်းဖယ်လို့ မရတဲ့ ဘဝ
ကျွန်တော် ရှိနေရတဲ့ ဘဝ
ရှိနေရတဲ့ ဘဝ
ဘဝ

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

BlueHope

13. December. 2010 , 03:00





ပန်းသီး


ရူးနေပြီလား
ကျနော်ရူးသွားပြီလား
ကျနော်မေ့လောက်မှ ပြန်ထ
တရေးနိုး ရေထသောက်တာ မဟုတ်ပါဘူး...
ပန်းသီးတိုင်းမှာ အညှာရှိပါတယ်။
အခွံပါးပါးလေး ရှိပါတယ်။
အစေ့လေးတွေလဲ သေးသေးလေးနဲ့ မျိုချလို့ရပါတယ်။
အရောင်မျိုးစုံရှိတဲ့ အခွံကိုလည်း ၀ါးစားလို့ရပါတယ်။
ပန်းသီးရဲ့ အသားကတော့ တစ်ရောင်တည်း နီးပါးရှိပြီး
အချိုနဲ့ အချဉ်ဆိုပြီး ရှိပါတယ်။
ဘယ်အရသာဖြစ်ဖြစ် စားလို့ သိပ်ကို ကောင်းပါတယ်။
ကြိုးစားပြီး အဲ့ဒီအရသာတွေကို သေသေချာချာ ခံစားကြည့်ပါ။
ဒါပေမဲ့ ကျနော်က ပန်းသီးအညှာ ဖြစ်ခဲ့တယ်..
BlueHope

Sunday, December 12, 2010

Register for Halo card

အားလုံးသိပြီးသားလဲ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်..။
ဒီမှာ တော်တော်များများ အသုံးများတဲ့ halo card ကို
register လုပ်ပြီးသုံးတာလေးမျှဝေချင်လို့ ပါ..။
halo card မှာတော့ ဘယ်လိုလုပ်ရတယ်ဆိုတာ ပါကောင်း ပါပါလိမ့်မယ်။
နယ်မှာနေတဲ့သူတွေက ကဒ်နံပါတ်တွေပဲ မှာသုံးကြတာဆိုတော့
မတွေ့ မိတော့တာပါ။

0034110 call ပြီးရင် 
ဘာသာစကားရွေးခိုင်းပါတယ်။ 
1 က ဂျပန်လို 2 က အင်္ဂလိပ်လို instruction ပါ။
မိမိကြိုက်ရာဘာသာရွေးပြီး နှိပ်ပြီးရင် 
(ဆိုလိုတာက 1 ဒါမှမဟုတ် 2 ကိုနှိပ်ပြီးရင်)
register လုပ်ဖို့  1 ကို ပြန်နှိပ်ခိုင်းပါတယ်။ ပြီးရင်ကဒ်နံပါတ်ထည့်ပါလို့ 
ပြောတဲ့အခါ 33# card ID(12 digits)#
နှိပ်ပြီးတာနဲ့  ကဒ်ကိုregister လုပ်ဖို့  1 ကို ပြန်နှိပ်ပါ။
(0034110call and then press1 or 2 and then press 1 and then  33#card ID#press1)
အဲဒါဆို
ကဒ်က amount 
ဘယ်လောက်ကျန်သေးတယ်ဆိုတာပြောပါတယ်။
ပြီးရင် register  လုပ်ပြီးပြီဆိုတာ ပြောပါတယ်။
ကိုယ်သုံးမယ့် ကဒ်အရေအတွက်အားလုံးကို
register တစ်ခါထဲ လုပ်ထားလိုက်လို့ ရပါတယ်။
ကဒ်ထည့်ထားသလောက်မိနစ်ကိုပေါင်းပြီး
amount ကို ပြောပါတယ်။

ကိုယ်ခေါ်ချင်တဲ့ဖုန်းနံပါတ်ကို
003411695xxxxxxxx ကို phone book ထဲမှာ
save ထားလိုက်ရင် နံပါတ်တွေ အများကြီးနှိပ်နေစရာမလိုဘဲ
တိုက်ရိုက်နှိပ်ခေါ်လိုက်ရုံပါပဲ။
ပိုမြန်ချင်တယ်ဆိုရင်တော့
speed dial မှာထည့်ထားလိုက်ပေါ့ :D
သေချာတာ တစ်ခုက အလွယ်တကူခေါ်လို့ ရနေလို့ 
ဖုန်းကဒ်ပိုသုံးမိမှာ အမှန်ပါပဲ  :P
ဖုန်းဆက်ခြင်းဖြင့် ဘဝအမောတွေ ပြေပျောက်နိုင်ကြပါစေ..။ :)

မိဆိုးလေး ၁၂.၁၂.၂၀၁၀

Funny experiences in Philippines

Hello my friends,

Pleases enjoy my funny experiences in Philippines when you are free. My English is not good.

I wish you Good Luck in everything!!

warmest regards,
Shwe Ei.



i. Funny mistake
It was happened in the University of Los Banos, which is far about 2 hours by Bus from Manila. While I was shopping, I wanted to go toilet. So I asked the security person “Where is the toilet”. She confirmed me “what?” I said again toilet. Ohh I see! Then she showed me a shop. Meanwhile, she explained the shopkeeper what I want by Philippines Language. I think, there is toilet inside the shop. When I entered the shop, the seller showed me the showcase of Wallets. I do want to laugh. But I didn’t. After at a glance, I said “Thank you, I want to see another shop”. Then I went out. The people in here used to tell “Rest-rooms “instead of Toilet.

ii. We are Myanmar
In Los Banos, I stay in the University Training Center where visitors can also stay. There are about 50 Korea students and 20 Bangladesh attending the training in different courses. I stay only one in my room. Internet is only useable around the Reception corner. So the corner is full of people at night. One day morning, four Korea students came around me while I was studying. They are practicing English speaking. One boy said “Sis, we have exam tomorrow. We are going to make Presentation. Please listen. We want to practice” I said “Ok, I can help you”. After that, they start presentation one by one. They are so brave and active even though speaking English is very difficult for them. Next day morning, this boy asked me “Where are you from” I answered that “I am from Myanmar”. He said “Myanmar? Myanmar people can speak English well?” I said “Yes…..We are Myanmar, We can speak”. At that time, he said “I am from Korea, poor in English” with angry and pity face”.


iii. Funny Kiss
After four-days stay in Los Banos, I move to Mania. I stay in the Department of Environment and Natural Resources “DENR Hostel”. Forest Management is one of the Management Burro of DENR. Hostel is allowed for DENR staff, his/her families and researcher. It is for all DENR staff in Philippines. So the visitors have to share the room in order to occupy the space. Six or 5 persons can stay in one room. Hostel is very cheap and safety. There is 24 hours security.
My first room-mate is Ms. Astra, Director of Environment Burro in Region 13 graduated with Chemical Engineering. She is 58 years old now. In Philippines, government staff can work until 65 years old if they want. She came DENR to sit exam for promotion. Despite her exam in the next day morning, she do everything; watching TV, talking with me about her career life with 3 children, eating and sleeping. She also shared me about the concept of “Senior Citizens” in Philippines.
One of her unique characters is that she loves the Beauty. She woke up around 5 am to make up her face. There is one mirror in our room and she brings it near her bed. She changed the shoe based on the color of her dress. I am sill in the bed. After a while, I wake up and start my physical exercise. Astar said Ohh Ei Ei Good Good.
Before she leave for her daughter home in Manila, she said “Ei Ei, give me your address in Myanmar. I will come your wedding if I can”. Then she came near me to hold my upper body with her arms and gave her face to kiss. My body is not harmony with her and I kiss only her neck. After me, she makes a kiss to new room-mate, project manager in NGOs. They are very flexible and relax. Project Manger also said “Mom, Be a safe and nice trip before they kiss”. Mom is used for respecting to the customer or listener. But I don’t like the culture of Kissing even it is the face.
However, another new room-mate, Ms. Latty, also a Director of Environment, she gave me a kiss (haehae) before she leave for Japan for conference. Ms. Latty said that she started her job from the lowest position.


*During my stay in DENR Hostel, I got many friends who make me not to feel homesick. So I deeply thank them. All are over 50 years old. Only project manager is 41. Overall, Filipinos are kind and they love me. And I learnt some meaning of Life from them*

Saturday, December 11, 2010

သီးစုံကျောက်ကျော (ခရစ်စမတ်)

မီးငယ်လေးရေ။ တင်ပေးလိုက်ပြီနော့။ သယ်ရင်း တစ်ယောက်ကလည်း အပေါက် ဘယ်လို ဖောက်သလဲ မေးနေခဲ့တယ်။ :D :D :D

လျှို့ဝှက်ချက် ကတော့ အောက်က တုန့်ယန်း စွပ်ပြုတ် တည်တဲ့ ခွက်လေးနဲ့ တူတဲ့ ပုံစံခွက်က အခရာပါပဲ။ အတိအကျတော့ ရှာမရတာနဲ့ သဘောတရားတူတာကို တင်ပေးလိုက်တာ။ ပုံစံခွက်က နှုတ်သီးတော့ မပါဘူးရယ်။

Add caption


ကျောက်ကျောကတော့ မြန်မာ မိန်းခလေး အတော်များများ ကျိုတတ်ပါတယ်နော့။ မသိရင်လဲ လုလု ဆီ သွားကြည့်လို့ရသလို (ရှိမယ် ထင်တာပဲ။) ကျောက်ကျောထုပ်ဝယ်ရင်လဲ အညွှန်းက ပါပါတယ်။

ကျောက်ကျော တစ်ထုပ်ရှိလို့ကတော့ မျိုးစုံ ဆော့လို့ ရတယ်။ ဟုတ်တယ်မလား။

အသင့်ပြင်ထားရမှာက။

၁။ ဘလူးဘယ်ရီ၊ ရေခဲထားတာ ဖြစ်ဖြစ်၊ ဘူးထဲက ဖြစ်ဖြစ်၊ သူက ကျောက်ကျော အထဲရောက်တော့ ဘေးနားကို အရောင်ပြန့်တော့ ချစ်စရာလေး ဖြစ်လာရော။
၂။ သစ်တော့သီး (ပန်းသီးလဲ ဖြစ်တာပဲ။) ကို ပါးပါးလှီး၊ ကြယ်ပုံစံခွက် (ခရစ်စမတ်မို့လေ) ထပ်ဆော့ချင်ရင်လည်း မုန်လာဥနီကို ပန်းပုံဖောက်တဲ့ ချယ်ရီပန်း ဘာညာ -- အဲဒီ ပုံစံခွက်နဲ့ ဖောက်ချထားတာတွေ။ (အဲဒါပုံစံခွက် တွေက ယန်း ၁၀၀ ဆိုင်မှာ ရောင်းပါတယ်။ သေးသေးပဲဝယ်နော်။)
၃။ ကီဝီသီးကို အခွံနွှာ၊ အနေတော် လေး အ၀ိုင်းလှီး၊ ပြီးရင် လေးစိတ် လှီးလိုက်။
၎။ ကျောက်ကျော အနီလေးတွေ သက်သက် အရင်ကြိုပြီး Cube သေးသေးလေးတွေ လှီးထားဖို့။ ဘိုဆန်ဆန် ခရစ်စမတ် သိပ်ပီသချင်ရင်တော့ အရောင် အနီအတွက် ၀ိုင်နီ ထည့်ချလိုက်တာ။ ၀ိုင်နီသောက်နေကျ သူတွေ ဖို့တော့ အိုကေပါတယ်။ မကြိုက်တတ်ရင်တော့ တစ်ခုခုနဲ့ နီအောင်လုပ်ရုံပဲ။ နှင်းဆီသီး၊ ခေါင်ရမ်းပန်း လ္ဘက်ခြောက် (Rose Hip and Hibiscus tea) နဲ့ ကျိုရင်လဲ အိုကေမယ် ထင်တယ်။ မစမ်းဖူးဘူး။ အဲဒါက အတော်နီတာပဲ။ အနံ့လဲ မရှိဘူးရော။ ချဉ်လဲ ချဉ်တော့ ကောင်းမယ်ထင်တာပဲ။ :D :D

ရယ်ဒီ။

၁။ ကြိုထားတဲ့ ကျောက်ကျော (သကြား ဘာညာထည့်ဖို့တော့ ကိုယ့်ဘာသာကိုယ်သာ ထည့်ကြပါတော့) ကို ပုံစံခွက်ထဲကို တစ်ဝက်လောင်းချတယ်။
၂။ ကြယ်တွေ၊ ကီဝီတွေ၊ ဘလူးဘယ်ရီတွေ၊ ကျောက်ကျောနီလေးတွေ စီထည့်တယ်။ လက်နဲ့ တစ်ခု စီ ကဗျာ ဆန်ဆန်လေး စီရတာ။
၃။ လက်ကျန် ကျောက်ကျော ကို ဆက်လောင်းတယ်။
၎။ အမြုပ်လေးတွေ ထတာ သိပ်ကြီးနေမယ်ဆိုရင် ကမန်းကတန်း သွားကြားထိုးတံ အသစ်လေးနဲ့ ပူဖောင်းလေးတွေ လိုက်ဖောက်တယ်။
၅။ အအေးခံထားလိုက်တယ်။

အိုကေ သွားပလားဆိုရင် ရေလေးနဲ့ နဲနဲ ဆေးသလို လုပ်ပြီး ပန်းကန် အုပ်ပြီး ခလောက် ချ၊ မှောက်ချလိုက်ရင် --- ဟော။ --- ဒီမှာ ရပြီ။

ချောကလက် ကိတ်မုန့်နဲ့ လိုက်တာရော။

ဝါသနာပါလို့ ကိုယ့်ဘာသာကိုယ် ဆော့ချင်ရင် ပင်ပွါးတို့ အုန်းသီးနုနု ခြစ်ထားတာတို့၊ အုန်းနို့တို့။ သရက်သီးမှည့် တုံးလေးတွေ တို့။ --- စိတ်ကြိုက်ဆော့ နိုင်တာပဲ။ ဟုတ်တယ်မို့လား။

Friday, December 10, 2010

အနှိုင်းမဲ့



၁။ ယိုင်လဲလုနီးပါး ငါလျှောက်တဲ့လမ်း
အကွေ့အကောက်တွေ များလွန်းတော့
ငါ့ရင်မှာ တကယ် မကောင်းဖြစ်ရတယ်။

၂။ ဝေးနေချိန်ဘ၀မှာ မင်းနဲ့ငါ ပေါင်းဖက်ဖို့
မျှော်လင့်ချက်ဆိုတာ မရှိဘူး မပြောနိုင်တော့
သိပ်ကို တန်ဖိုးကြီးကြီး ဖြစ်ရတယ်။

၃။ သူ့စိတ်တွေသာ ငါ့စကားကြားရင်
ဖျားသွားမှာစိုးလို့ များများ မပြောနိုင်တာကို
အောက်မေ့ခြင်း ကင်းပြီလို့ ထင်မှာ စိုးရတယ်။

၎။ ကြောင့်ကြမဲ့ ဘ၀မှာ တကယ်ပိုင်ဆိုင်တာ ဆိုလို့
နှလုံးသားတစ်ခုတည်းသာ သန့်စင်နေတော့
စိုးရွံ့စိတ်နဲ့ဘဲ ကိုယ့်ကိုကိုယ် သိမ်ငယ်နေလိုက်တော့တယ်။

၅။ အက်ကြောင်းထပ်တာကို သိလျှက်နဲ့ ဖုံးကွယ်ချင်တာ
ကိုယ့်အကြောင်းနဲ့ ကိုယ်ဆိုတော့
စိတ်ဆိုတာ အစိုးမရတဲ့ ခန္ဓာရဲ့ သော့ချက် ဖြစ်ရတယ်။

၆။ အတိတ်ကို စွန့်ဖို့ အကြောင်းပေါ်လာတိုင်း
တချက်လေး စောင်းငဲ့ကြည့်ရုံနဲ့ ကိုယ်ရှိနေတာ မင်းတွေ့ရင်
ငိုကြွေးခြင်းဆိုတာ နတ္တိလို့ ခံယူထားစေချင်တယ်။

၇။ ကိုယ့်ဘ၀ရဲ့ တသက်တာ မြတ်နိုးခြင်းကို
မှတ်ကျောက်တင်ဖို့ မင်းနှလုံးသားက လက်ခံခဲ့ရင်
ဘယ်ပုံသဏ္ဍာန်နဲ့ဘဲ ဖြစ်ဖြစ်
ကြည်နူးခြင်းကို... ပြောမပြတတ်အောင်ကို
မျက်စိစုံမှိတ်ပြီး ဂုဏ်ယူနေမိမယ်....

BlueHope



Thursday, December 9, 2010

နေ့စဉ်ဘ၀ထဲက ဟာသများ-၁

(၁) 
ဆုံးမစကား



........................................................................................................

(၂)
အကြီးဆုံး လောင်းကစား





.............................................................................................
မူရင်း The Wonderful World of Sazae-san (Machiko Hasegawa, 1997)

Tuesday, December 7, 2010

တံခါးလေးစေ့ရုံလေးပဲ......တဲ့

ချမ်းချမ်းစီးစီး..ချန်းချန်းရဲ့သီချင်းလေးနားထောင်သွားပါအုန်း...း)))))

Saturday, December 4, 2010

Feeling34

အဲဒီကောင်မလေးပေါ့...ကလေးဘဝအရွယ်ငယ်ငယ်လေးကတည်းက
ကြီးနိုင်ငယ်ညှင်းကိုမကြိုက်....
ဘက်လိုက်တယ်ထင်ရင်..အားနည်းသူကိုဖေးကူ....
ထစ်ကနဲဆို..ဘက်မမေးနဲ့...နဂါးဇာတိပြခဲ့လေတတ်တာ...

ဒီကောင်မလေးပေါ့... လူလားမြောက်လာသည့်တိုင်
ဟန်ဆောင်အသိုင်းအ၀ိုင်းကိုမုန်း....
လောကဝတ်ဆိုတာ..နားမလည်...
ဒါတွေတတ်မှအရာဝင်မယ်ဆို..တော်ပါကွယ်..လို့ကျူးရင့်ခဲ့လေတတ်တာ...

အဲဒီကောင်မလေးပေါ့....အခုတော့..အခုတော့...အသွင်တွေပြောင်း...
နဂါးမလေးလိုလဲ.. အမောက်မထောင်သာ..ရေမြွေအသွင်ပြောင်း အဆင်ပြေလား...အင်း....နေကောင်းလား..အင်း...ပျော်လား...အင်း
တအင်း..အင်းနဲ့...ဟန်ဆောင်မှုမှာ..ပျော်ဝင်..
ရေလိုက်ငါးလိုက်...အလိုက်အထိုက်...။

အဲဒီကောင်မလေးပေါ့...ဒီဇင်ဘာညရဲ့ဟောဒီနေ့လေးတနေ့မှာ
ဟန်ဆောင်မျက်နှာဖုံးကို..အသာချွတ်ပြီး..
ဆန္ဒလေးတခု...ဖွင့်ဟခွင့်ရခဲ့ရင်
ဟောဒီလို..ကျူးရစ်လိုက်ချင်သတဲ့...
....................................................
ခုနှစ်သက္ကရာဇ်တွေက..လူတယောက်ကိုပြောင်းလဲစေခဲ့လေရင်ဖြင့်..
ကျေးဇူးပြုပြီး..ကျေးဇူးပြုပြီး...နာရီလက်တန်ပြောင်းပြန်ရစ်..
ဟိုးးးး...သုံးဆယ်ကျော်ကာလလေးပြန်ရောက်စေချင်လိုက်တာ....

ရုပ်ပုံ..ဂူဂဲ

ဒီဇင်ဘာ ၄ ရက် ပီပီအက်စ်လေး မွေးနေ့

ဒီနေ့ဟာ ပီပီအက်စ်လေးရဲ့ မင်္ဂလာရှိသော မွေးနေ့လေး ဖြစ်ပါတယ်။ စနေသမီးဖြစ်လို့ ဒီနေ့ဟာ တိုက်ဆိုင်စွာ မွေးနေ့နဲ့ မွေးရက် ကွက်တိဖြစ်တဲ့ နေ့လေးပါ။


တစ်ယောက်တည်းလည်း မကြောက်ဖူးလို့ ဂျစ်ကန်ကန်အော်တတ်ပေမယ့် တကယ်တော့ အိစံမပါရင် ဘယ်မှ သိပ်မသွားရဲသူး))

အခုမွေးနေ့မှာလည်း အနားမှာ ဘယ်သူမှမရှိလို့ တစ်ယောက်တည်းပဲ မွေးနေ့ပွဲကို ကျင်းပနေသတဲ့။ (ဆောရီးနော် မွေးနေ့ရက်တွက် မွှားသွားလို့း))




အားလုံးကချစ်ရတဲ့ ပီပီအက်စ်လေး ယနေ့ မင်္ဂလာရှိသော မွေးနေ့မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံပါစေ။ ပညာရေးအပါအ၀င် ကိစ္စ၀ိစ္စအားလုံးမှာ အခက်အခဲအားလုံးကို ကျော်ဖြတ်အနိုင်ယူနိုင်ပါစေ။ ကောင်းသောလိုရာဆန္နအားလုံး ပြည့်ပါစေ။ ဆန္ဒနဲ့ ဘ၀ထပ်တူကျပါစေ။ မိသားစုကို ခင်တွယ်တတ်တဲ့၊ ခင်မင်သူတွေကို သံဃောဇဉ်ကြီးတတ်သူဖြစ်လို့ မိမိခင်မင်သူများနဲ့ သက်ထက်ဆုံး မခွဲမခွာနေရပါစေ။ (အရွယ်မလွန်ခင် အချစ်ကိုလည်း ရှာဖွေတွေ့ရှိပါစေလို့း)))))




မွေးနေ့ပွဲက နေ့လည်ဖြစ်သွားလို့ မွေးနေ့ကိတ်၊ အိုမိုချိ မုန့် ၊ ကော်ဖီလေးတွေနဲ့ပဲ ဧည့်ခံလိုက်ပါတယ်။






ပီပီအက်စ်ကို
အရမ်းချစ်တဲ့..
အမုန်းမရှိတဲ့ ကမ္ဘာသယ်ရင်းများ