Saturday, July 17, 2010

ဆေးကြော်ငြာ

ဆေးက အရမ်းကောင်းတာမိုလို့ ဆေးကြော်ငြာချင်နေတာ ကြာပြီ။ လူအားပေမယ့် စိတ်မအားတာနဲ့ မတင်ဖြစ်ဘူး..။ စိတ်ကလည်း အားတယ်ကို မရှိပါဘူး..။ ကိုယ့်ကိုယ်ကိုယ်လည်း ရယ်မိတယ်..။ ငါနှယ် မအားဘူး မအားဘူးနဲ့ ထိုင်တဲ့အချိန်တွေများလိုက်တာလို့..

ကိုယ့်ထက် အတန်းကြီးတဲ့ ဗက်ဆာတို့ မိဆိုးလေးတို့တွေ phd တတိယနှစ်မှာ တခါတလေ မေးလ်တောင် မစစ်နိုင်ဘူးဆိုမှ အော် သူတို့ တော်တော်ပင်ပန်းကြပါလားလို့ တွေးမိတယ်။ ပီပီတို့ အိစံတို့ မီးငယ်လေးတို့လည်း အတူတူပေါ့လေ..။ အတန်းကြီးတော့ ကိုယ့်ထက် စာပိုလုပ်ရပေမပေါ့..။ အဲလိုပြောလို့ မယ်ထားကို သက်သာမယ်လို့လည်း မတွေးမိပါဘူး..။ ကလေးတစ်ယောက်နဲ့ တောင် တနေကုန် အရမ်းပင်ပန်းတယ်ဆိုတာ ကိုယ်တိုင်ခံစားသိထားတာမို့ ကလေးနှစ်ယောက်နဲ့ မိသားစုချက်ရေးပြုတ်ရေး၊ စီးပွားရေး လုပ်နေတဲ့သူမို့ တနေကုန် ဘယ်လောက်များ ပင်ပန်းလိုက်မလဲလို့ တွေးမိတော့ သနားမိတယ်။ သူငယ်ချင်းအားလုံး ပင်ပန်းလိုက်တာလို့ တွေးစာနာမိတယ်..။

ဒါပေမယ့်လည်း သူများသဘောင်္ပျက်လို့ လူသေတာထက် လောလောဆယ် ကိုယ့်ခြင်းတောင်း ပျောက်တာ အရေးကြီးတယ်ဆိုတဲ့ စကားလိုပဲ ကိုယ့်ကိုယ်ကိုတော့ တော်တော်လေး ပင်ပန်းနေပြီ ထင်နေခဲ့တာ လသာည ပါ။ တစ်ပတ်တခါလောက် ဆယ်မီနာလေး သွားဖတ် (မာစတာအဆင့်ဆိုတော့ သိပ်ပြီး heavy မဟုတ်ပါဘူး)။ အတန်းလေး ၂ ခုလောက်တက်၊ အချိန်ပိုတာနဲ့ internship ဆိုပြီး test company တောင် တစ်ပတ်တစ်ခါ သွားလိုက်သေးတာ..။ ကျန်တဲ့အချိန်ကတော့ စာလုပ်ချိန်နည်းနည်းနဲ့ အားနေတဲ့အချိန်များများပေါ့..။ ဒါလည်း အားတယ်လို့သာ ပြောရတာ လူအားတာပါ၊ စိတ်ကတော့ မအားဘူး..။ အားအားရှိ ဘလော့ နှစ်ခုကို တက်ချောင်းတယ်။ ဟိုသူငယ်ချင်းနေကောင်းလား ဒီသူငယ်ချင်း အဆင်ပြေလား လိုက်လုပ်တယ်။ အဲဒါနဲ့ တနေပြီး တနေ၊ တစ်ပတ်ပြီး တစ်ပတ်ကုန်ကုန်သွားတယ်။ အဲဒါနဲ့ မအားဘူး မအားဘူး ဖြစ်နေတာပါ..။

ကိုယ့်သယ်ရင်းလေးတွေကလည်း သဘောကောင်းတော့ မအားကြတဲ့ကြားထဲကပဲ အားလုံးအတွက် မပျင်းရအောင် တစ်ယောက်ပြီး တစ်ယောက်ပိုစ်လေးတွေ တင်ပေးကြတယ်။ ကျေးဇူးတကယ်တင်ရပါတယ်။ အားလုံးစိုက်ထုတ်ပေးတဲ့ အချိန်လေးတွေကို တွေးမိတိုင်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ အအားဆုံးဖြစ်သင့်တဲ့ ကိုယ်ကအစ မအားဘူးမအားဘူး အော်အော်နေပြီး ကျန်တဲ့သူတွေ ပိုစ်တင်ခိုင်းနေသလို ဖြစ်ဖြစ်နေခဲ့ရင် တကယ်ခွင့်လွှတ်ပါ..။ ဆောရီးနော်။

မနေ့က မိဆိုးလေးနဲ့ ဖုန်းရတော့ သူက ပြောတယ်။ သိပ်မကျန်တော့ဘူးနော်တဲ့..။ သူအသံက နည်းနည်း ၀မ်းနည်းသံပါတာကို သတိထားမိလိုက်တယ်။ သိပ်တော့ အလေးအနက် မတွေးလိုက်မိဘူး..။ နောက်မှ ပြန်စဉ်းစားမိတယ်။ သူပြောတာ ဟုတ်တယ်လို့..။ တကယ်လို့ ဂျပန်ကနေ ပြန်သွားတဲ့အခါ လုပ်ငန်းခွင်ထဲ ရောက်သွားရင် ဒီလူတွေဟာ အခုလို နေ့တိုင်းစကားလက်ဆုံ ကျဖို့ မပြောနဲ့ တစ်လတစ်ခါ တစ်နှစ်တခါတောင် တွေ့ရပါတော့မလာ့း... ။. လွမ်းသွားတယ်..။ ဘယ်တတ်နိုင်မလဲလေ နော။ တွေ့ဆုံကြုံကွဲ မဟုတ်လား..

ဒီတော့ အတူရှိနေနိုင်ချိန်လေး နှုတ်ဆက်ခွင့်ရှိနေတုန်းလေး အားလုံးကို နားလည်ဂရုစိုက်ပေးလိုက်တာဟာ အကောင်းဆုံးပဲလို့ ကိုယ့်ဘာသာ တွေးလိုက်မိတယ်။ မိဆိုးလေးက မနေ့ကပြောသွားသေးတယ်။ ပြန်သွားရင်လည်း ဆုံလို့ရအောင် ဒီဘလော့ကို ဒေါ့ကွန်းပြောင်းရအောင်တဲ့..။ မြန်မာပြည်ကနေ ကြည့်လို့ရအောင်ပေါ့လေ..။ ကောင်းတဲ့အကြံလေးလို့ ယူဆပေမယ့် အားလုံးရဲ့ သဘောထားလေးကို သိပြီးမှ လုပ်ရင် ကောင်းမယ်လို့ တွေးမိတယ်။ သဘောထားလေးကို ပြောကြပါဦး။ အားလုံးဆန္ဒရှိတယ်ဆိုရင် လသာညက ဒေါ့ကွန်းပြောင်းပေးဖို့ တာဝန်ယူပါတယ်။ အားလုံး အိုကေပါသလားး))

အဲ.. အာလူးရိုက်နေလို့ လိုရင်းကို မေ့တော့မယ်။ ဆေးကြာ်ငြာကို ဆက်ပါမယ်..။ မိုးရွာထဲမှာ စက်ဘီးလဲတုန်းက ဒဏ်ရာ မဖြစ်စလောက်ရလိုက်တယ်..။ သိပ်မများဘူး ပွန်းတာပဲ့တာလောက်ပါ..။ ဒါပေမယ့် သိတယ်မဟုတ်လား ဒဏ်ရာကြီးတဲ့သူက ချူပ်ပြစ်လိုက်ရင် မြန်မြန်ပျောက်သေးတယ်။ ဒဏ်ရာသေးရင် ရေစိုတိုင်း အနာဖေး အသစ်ဖြစ် သွေးပြန်ထွက်၊ ခန္ဓာကိုယ် အကွေးအဆန့်မှာ ပြန်သွေးထွက်၊ အဲလိုဖြစ်ပြီး အနာက တော်တော်နဲ့ မပျောက်တတ်ဘူး..။ အဲဒီအတွက် ဒီဆေးလေးကောင်းတယ်။ ဆေးက အရည်လေး..။ လက်သည်းနီ ပုလင်းလိုမျိုး အထဲမှာ စုပ်တံလေးနဲ့။ သူ့ကို စုပ်တံမျိုးလေးနဲ့ အနာပေါ်ကို ဆိုးရတာ။

အနာပေါ် ဆိုးဆိုးချင်းတော့ ထုံးစံအတိုင်း စပ်တာပေါ့နော်။ ဒါပေမယ့် ပါးစပ်နဲ့ လေမှုတ်ပြီး မြန်မြန်ခြောက်သွားအောင် လုပ်ပေးလိုက်။ ဒါဆို သူက အသားပလာစတာလိုမျိုး အနာပေါ်မှာ ကပ်သွားတာ၊ ရေချိုးလည်း မကွာဘူး။ အဲဒီတခါပဲ ဆေးပလာစတာ ထည့်စရာလိုတယ်။ အောက်က အရေပြားအသစ်လဲပြီး နောက်ဆုံးပျောက်သွားမှ အဲဒါလေးကို လက်နဲ့ ခွာထုတ်လိုက်ရတာ။

တော်တော်လေးကောင်းတယ်။ လက်သည်းနီ ဆိုးဖူးတယ်မို့လား၊ အဲလိုတခါတည်း ဖယောင်းလိုမျိုး တခါတည်း ကပ်သွားတာ..။ ကလေးရှိတဲ့အိမ်ဆို ကလေးကို ကပ်ပေးလိုက်ရင် တခါပဲ ပျောက်သွားမှာပါ။ ဆေးထပ်လိမ်းစရာလည်း မလိုတော့ဘူး။ ကစားရင်း ဆော့ရင်း ပလာစတာကွာပြီး သွေးထွက်သွားမှာလည် စိတ်မပူရဘူး။ ဒါကြောင့် ၀ယ်ပြီး ဆောင်ထားရင် ကောင်းတယ်လို့ အကြံပေးချင်တယ်။ တို့တော့ မြန်မာပြည်ပြန်ရင် သုံးလေးဗူးတော့ ၀ယ်သွားမလားလို့။ ကိုယ်သုံးဖို့ရော လက်ဆောင်ပေးဖို့ရောလေ..။ ၀ယ်ချင်တဲ့သူများ အဲဒီပုံလေးကို ကူးပြီး ပရင်ထုတ်ပြီး ဆေးဆိုင်တွေမှာ ရှာဝယ်လို့ရတယ်။ ယမ်း ၇၀၀လောက်တော့ ပေးရလိမ့်မယ်..

ကဲ အားလုံးအတွက် ပျော်စရာ ရက်သတ္တပတ်လေးဖြစ်ပါစေ..။ အနာရောဂါ ကင်းဝေးပါစေ..

လသာည ဖြစ်ပါတယ်..
(ဆေးပုလင်းဓါတ်ပုံကို သေချာမမြင်ရရင် မောက်စ်နဲ့ ကလစ်ကြည့်နော် အကြီးကြီး မြင်ရလိမ့်မယ်)

5 comments:

အိစံ said...

လသာညရေ ဆေးပုလင်းတော့ သေချာမြင်ရဘူး လက်စွပ်နှစ်ကွင်းတော့ သေချာမြင်ရတယ် အသည်းပုံလေးနဲ့ ဟိဟိ

ဆေး အတွက်
ကျေးဇူးပါရှင် ။ဘ၀ဆိုတာဒီလိုပါပဲလသာညရယ်
တွေ့ တုန်းချစ်ချစ်ခင်ခင် တွန်းတွန်းတိုက်တိုက်ပေါ့ ။

အမရေ အိစံထင်တာမမှားဘူးဆိုရင် မိဆိုးလေး အိမ်ရှင် သင်းဘောတက်သွားတာလွမ်းလို့  ၀မ်းနည်းသံပါတာထင်တယ် (မိဆိုးလေး ကွေ့ ပုချိ)

သူငယ်ချင်းတို့ အားလုံး disuki!gannbare!

pps said...

ဆေးညွှန်းလေး..ကျေးဇူး..အမ။
ဝယ်သွားဦးမယ်..အိမ်မှာဆောင်ထားအောင်။
ပုံလေးကြည့်ပြီး..အိနဲ့ငြင်းနေတာ..
အဲဒါ..လက်မောင်း..အဲဒါ..ခြေသလုံး..ဟီးးးးးးး

သူညားလည်းအားဘူး...း)
စိတ်မအားတာပိုဆိုး..
စိတ်မအား..အလကားနေ
ဝေလေလေ...ဝေလေလေ..း)

Wasser said...

စိတ်နာလိုက်တာ။ အားကြိုးမာန်တက်မန့်ပြီး ပျောက်ပြန်လို့။
လဲတညား ကျေးဇူးကမ္ဘာ။ ပလာစတာဝယ်ကပ်ရတာတွေက သုံးဗူးရှိနေပြီ။ အခု ၂၀လောက်ပါတာတွေ။ လူကလွှတိုက်၊ကျောက်သွေးဆိုတော့ ခနခန ထိဟယ်ရှဟယ်။ ကျေးဇူးကမ္ဘာ။
ဒေါ့ကွန်းပြောင်းကြမလား။ ကောင်းတာရော။ ၀- စပွန်ဆာ ယူပေးမယ်လေ။ လဲတညား ကဒ်နဲ့ဝယ်ပေါ့။ ငွေက ဒီကပို့ပေးမယ်။ အကြွေးခန မှတ်ထားဦး။ စက်တင်ဘာကျော်မှ ဆပ်မယ်။ ဟီးဟီး။
ပို့စ်တွေတော့ နဲနဲ ပြန်ပြင်ရမယ်။ ဖြုတ်သင့်တာတွေလဲ ဖြုတ်မယ်လေ။ အကျိုးရှိမှာလေးတွေလဲ ရေးတင်ကြတာပေါ့။ နံမယ်လေးလဲ ကောင်းကောင်းရွေးပြောင်းကြမလား။ ခပ်တိုတိုပေါ့။ သူများတကာ ၀င်ရတာလဲ လွယ်ရအောင်။ စဉ်းစားကြပါ။ မိဆိုးလေးတို့ အနုပညာသမားတွေ။

လသာည said...

အိစံ.ရေ .. ကျေးဇူးပါ။ ဟုတ်ပ “တွေ့ တုန်းချစ်ချစ်ခင်ခင် တွန်းတွန်းတိုက်တိုက်” ကောင်းပါတယ်း))

မယ်ပီရေ.. ခန့်မှန်း မှန်ပါတယ်ကွယ်.. အနီးကပ်ရိုက်လို့ပါ. တတောင်ဆစ် အထက်နားကပါ.

ဗက်ဆာ.. ပိုစ်ထဲမှာ ဒေါ့ကွန်းနဲ့ ပတ်သက်ပြီး ဆန္ဒမေးထားတာဖြေထားလို့ အရမ်းကျေးဇူး။ တကယ်က အဲဒီအဖြေကို သိချင်နေတာ.။ အခု တစ်ယောက်သိရပြီဆိုရင် ကျန်တဲ့သူတွေ ဆန္ဒကို စောင့်ကြတာပေါ့။ အားလုံးဆန္ဒရှိရင်တော့ ပြောင်းပေးမယ်လို့ တွေးထားတယ်။ အခုမဖြေချင်ဘူးဆိုလည်း လာမယ့်နှစ် မတ်လ မတိုင်ခင်အထိ စဉ်းစားပြီး ပြောပါလို့ မေတ္တာ ကွန်းသီး ရပ်ပါတယ်။

ဒါမှမဟုတ် ပြန်သွားလည်း သိပ်မအားကြမှာအတူတူ သံဃောဇဉ် အမျှင်မတန်းတော့ပါဘူး ဆိုရင်လည်း အခုလိုပဲ ထားလိုက်တာ ကောင်းပါတယ်လေ..နော. ;D

ကံကောင်းရင် တချိန်ချိန် blogspotလည်း မြန်မာပြည်က မြင်ချင်မြင်ရမှာ..ဆိုတော့ ဒေါ့ကွန်းပြောင်းတာ အပိုဖြစ်ချင်တောင် ဖြစ်နေဦးမှာ မို့လား..

ထား said...

ဆေးကြော်ငြာအတွက် ကျေးဇူး လသာညရေ...

ချစ်တဲ့

ထား