Wednesday, July 21, 2010

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော မွေးနေ့ လေးတစ်ခုပါ..။



လသာည (ခ) မယ်နု ရဲ့  မွေးနေ့ 

အမှတ်တရလေးရေးပေးချင်တယ်။

ရစေချင်တဲ့ ဆုလဒ်များစွာ
ဖြစ်စေချင်တဲ့ ဆန္ဒများစွာ....နဲ့ ။
ရစေ ...ဖြစ်စေ ဆိုတဲ့ စေ တစ်လုံးပိုင်ရှင်သာ ဖြစ်ခဲ့ရင်
လိုအင်ဆန္ဒတွေ ဖြည့်တင်းပေးချင်ခဲ့။
စေ တစ်လုံးပိုင်ရှင် မဟုတ်ခဲ့ပေမယ့်

ရင်ထဲက သံယောဇဉ်များစွာနဲ့ 

ရင်းနှီးကာ မင်းပျော်ဖို့ ပေးလိုက်မယ်

အရာရာ ပျော်ရွှင်ချမ်းမြေ့ခြင်းအတိနဲ့ 

သတ္တိ၊ ခွန်အားစွမ်းအင်များ
မင်းရင်မှာ အမြဲတည်စေ။
မိဆိုးလေး

5 comments:

အိစံ said...

မိဆိုးလေး ရေ ...


ဖြောင်းဖြောင်း ....အင်း စေ က တစ်ယောက်သောသူအတွက်ကိုး....

လသာည said...

မိဆိုးလေးရေ..

ကဗျာပိုစ်တင်ပေးတာ ကျေးဇူးတင်ပါတယ်...။

ရေးတတ်သူဆိုတော့လည်း ကဗျာလေးက အသက်ကိုဝင်နေတာပဲ..။ ရစေ.. ဖြစ်စေ.. စေတလုံး ပိုင်ရှင်သာ တို့ဖြစ်ခဲ့ရင်လည်း မိဆိုးလေးတစ်ယောက် အလွမ်းများဝေးပါစေ.. အချစ်များနီးပါစေလို့ ဆန္ဒဖြည့်ပေးချင်တယ်။

အများကြီး ကျေးဇူးနော်..

ထား said...

လသာည မွေးနေ့
ပျော်ရွှင်စေရန် တောင်းဆုပန်
မွေးနေ့မှသည် မျှောမှန်းရည်
ရည်ရွယ်ရာဆီ လှမ်းတက်စေသား
အောင်မြင်စေရန် တောင်းဆုပန်
ဇူးဇူးလေးနဲ့ အမြန်နီးရန်

ရေးချင်ရာ ရေးချလိုက်တာ စာကြောင်းတော့ ဖြစ်သွားတာပဲ မကောင်းလဲ သီးခံပေးနော်။

ချစ်တဲ့

ထား

လသာည said...

ထားရဲ့ မွေးနေ့ဆုတောင်း ကဗျာမပီ စာမပီလေးကိုလည်း ကျေးဇူးတင်ပါတယ်..။ ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏.. :D

pps said...

ဝိုးးး...ဟုတ်နေလိုက်ကြတာ...
အခုမှ..စာဆိုရှင်တွေပေါ်လာတယ်..
စာဆိုရှင်မယ်ဆိုး နဲ့ မယ်ထား...ကွ...း))))))