Friday, July 16, 2010

Let's listen English!!!

အင်္ဂလိပ်စာ အသံထွက် ကိုယ်လဲ နားထောင်မယ်။ ဘေဘီတွေကိုလည်း ပေးနားထောင်မယ် ဆိုရင်---
ဟောဒီက ပဲပြုတ်--- အဲ-- အဲ--- ဟောဒီက အော်ဒီယို စာအုပ်လေးများပါရှင်။
http://www.freeclassicaudiobooks.com/
---- အမ်ပီသရီးဖိုင်လေးဆိုတော့ အိုကေ။
ဒါလေးက အဆင်တပြေ ဒေါင်းလို့ရတာလေး။

ရယ်ဒီမိတ်ကောင်းတာလေး လိုချင်ရင်တော့ -- တော့ပ် ၁၀၀ story of all time ဆိုပြီးရှာလို့ရပါ၏။

ဒီတစ်ပါတ်တော့ ဂျက်လန်ဒန်ရဲ့ Call of the Wild ကို နားထောင်ဖို့ ဆွဲထားတယ်။
ကလေးတွေဖို့ကောင်းဆိုပဲ။ ဟိ---ဟိ။ ကလေးမဟုတ်လဲ နားထောင်လို့ရတာပဲနော့။...

အော်။ ကမ္ဘာ့ရေးရာတွေကို စိတ်ဝင်စားမယ်။ အင်္ဂလိပ်သတင်းလေးများလဲ အမ်ပီသရီး ပလေယာလေးထဲ
ထည့်နားထောင်မယ်ဆိုရင် တစ်ပါတ်စာ သတင်းများကို ဒေါင်းချ နားဆင်နိုင်ပါတဲ့ ဘီဘီစီ သတင်း လင့်ခ် ပါရှင့်။
http://www.bbc.co.uk/podcasts/series/globalnews
ထမင်းဟင်းချက်ရင်း အခန်းရှင်းရင်း နားထောင်ရတာပေါ့နော့။---
ကျူရှင်မတက်နိုင်သူတွေကတော့ ဂလိုပေါ့လေ။---
မင်းနစံ--- ဂျနယ်။
အလွန် ပြာယာခတ်နေပါ၏။
မိုးကောင်းနေသည်မို့ အအေးမမိအောင် ဂရုစိုက်စေလိုပါ၏။
ဝ-- ကတော့ မိပြီးသွားပြီ။ ဆေးဖိုးနှမြောပါ၏။

7 comments:

ထား said...

ဂရုစိုက်နော် ဗက်ဆာရေ...........
စိတ်ပူတယ်..................
စိုးရိမ်တယ်................
Link အတွက် ကျေးဇူးပါနော်............


ချစ်တဲ့

ထား

Meengelay said...

Thanks a lot for sharing the useful link.

အိစံ said...

မလတ်ရေ


၁၂မျိုး စွယ်စုံရပါလား။ နားထောင်ုကည့် အုန်းမယ်။

မိဆိုးလေး said...

မလတ်..
မအားလပ်တဲ့ ကြားက
အိမ်လေးကို လာ လာကြည့်တဲ့အတွက်
ကြည်နူးပီတိ အပြည့်နဲ့ ပေါ့။
နွေးထွေးတဲ့
ဒို့ မိသားစုလေး
နောက်နောင်...တိုင်
ခိုင်မာစေ။
မိဆိုးလေး

လသာည said...

ဗက်ဆာရေ ကျေးဇူး။ မှတ်ထားလိုက်တယ်

pps said...

လောလောဆယ်Emmaကိုဒေါင်းနေတာ...
အတော်ပဲ..အိမ်မှာနားထောင်ဖို့...
ကလေးတော့ဟုတ်ဖူးးး.း)))
ဦးကျည်ပွေ့ပေါ့..အဟီး))))
ရှာဖွေမျှဝေတာ..ကျေးဇူးပါ..အမလတ်။

Wasser said...

ဝမ်းသာပါ၏။ ဒီနေ့တော့ ပိုအသုံးဝင်တာ တင်မယ်ရော။