Monday, July 26, 2010

Let's cook မြီးရှည်


ပါဝင်ပစ္စည်းများ
၁။ အူဒုံခေါက်ဆွဲဖတ်နှင့် ပဲပင်ပေါက် (ရောပြုတ်ထားတယ်)
၂။ ၀က်သားပြုတ်ကြော်
၃။ ရှောက်ကောပတ်ကောလို့ခေါ်တဲ့ တရုတ်မဆလာ အမွှေးအကြိုင် ဆီချက်
(ဒါကတော့ ဗမာနိုင်ငံကပစ္စည်း) ဒီကတရုတ်ဆိုင်တွေမှာ ရှာကြည့်ကြပါ။
၎။ ကြက်သွန်ဖြူ ဆီချက်
၅။ ကြက်သွန်ဖြူတောက်တောက်စင်းနဲ့ ရှာလကာရည်
၆။ ကော်ရည် (ကော်မှုန့်ကို ရေများများနဲ့ ဖျော်၊ ဆား သကြား ထည့်ပြီး ကြိုပါ)
၇။ ပဲငပိအငန် (အမည်းရောင် ပဲငပိ) (Black Tobanjan )
၈။ ငရုတ်သီးကြော်
၉။ ဂျုံကြော်
၁၀။ ကြက်သွန်မြိတ်

အဲဒါတွေအားလုံးကို ပြင်ဆင်ပြီး အခုလို နည်းနည်းစီထည့်၊ ပွဲပြင်လိုက်ပါ။


ကဲ.. စားလို့ရပြီ။ (ဒီတစ်ခေါက် လုပ်စားတာ တော်တော်စားလို့ကောင်းတယ်..ဟိဟိ
စားလို့ကောင်းတော့ တယ်ရင်းတို့ကို တစ်ကယ်သတိရပါတယ်)
လွမ်းနေတဲ့ကြီးဖော်ငယ်ဖော်များ...အလုပ်ရှုပ်ပြာယာခတ်နေသူများ...၀ိတ်တက်လို့
ဒိုင်းယက် လုပ်ချင်ယောင်ဆောင်နေသူများ...ဥပုဒ်ကျိုးသွားသူများ... မြီးရှည်စားချင်သူများ...
အားလုံး အားလုံး တစ်ခန်းရပ်ပြီး ...အားပေးသွားကြပါအုန်းနော်။ ;))) :D

တရုတ်ဟင်းခတ် အမွှေးအကြိုင် (နောက်က အထုတ်က ဂျပန်က တရုတ်ဆိုင်က၊ ရှေ့က ဟာလေးတွေက ဗမာပြည်ကပါ)
ကော်မှုန့်
မီးငယ်လေး လျှောက်ချက်သည်။

8 comments:

မိဆိုးလေး said...

ဝါး ဟားဟား စားချင်တယ်..။:P

အိစံ said...

မီးငယ်လေး စားချင်တယ် မြီးရှည်ဆိုကြိုက်မှကြိုက်..

လသာည said...

ဒီကောင် တော်တော်ဆိုးတာပဲ ဟားဟား.. ဥပုသ်ကျိုးသွားတာ ဘူဒူလဲ...

မီးငယ်လေး.. ကော်မှုန့်က ဘယ်လိုဟာလဲ..။ (စက္ကူကပ်တဲ့ ကော်ထုတ်တော့ ဟုတ်ဖူးမိုလား) ဟိ.. တကယ်မသိလို့ပါ ဘယ်မှာဝယ်ရတာလဲ..။ ဂျပန်လို ဘယ်လိုခေါ်လဲ..။ နမူနာကို ဓါတ်ပုံရိုက်ပြ။

ရှောက်ကောပတ်ကောဆိုတာ ဘာလဲ။ တခါမှကြားဖူးပါဘူး။ ဓါတ်ပုံရိုက်ပြီး တင်ပေးလေ။

ထား said...

ရှလွှတ် ရှလွှတ် ပဲ လုပ်သွားရပါတယ်..........

ချစ်တဲ့

ထား

Wasser said...

အထက်သူတွေတော့ မြီးရှည်ကြိုက်ကြတယ်။ အောက်သူက ခေါက်ဆွဲသုပ် ပိုကြိုက်တာရော။ ဒါထက် ဗမာပြည်က ဆိုင်တစ်ဆိုင်မှာ စားဖူးတာက အမြှင်သေးလေးတွေနဲ့ ပြီးတော့ မြေပဲထောင်းလေးတွေလဲ ပါသေးတယ်။ အဲဒါက ဘာတဲ့လဲဟင်။ မြီးရှည်နဲ့တော့တူတာပဲ။ စပါဂတ်တီချောင်းလေးတွေနဲ့ တစ်ခါလောက် လုပ်စားကြည့်ရင် ကောင်းမယ်ထင်တယ်။

Meengelay said...

ဗက်ဆာရေ..
အဲဒါ ရှမ်းခေါက်ဆွဲဖြစ်နိုင်တယ်..
စပါဂတီချောင်းတွေနဲ့တော့ မကောင်းလောက်ဘူးထင်တယ်။
ခေါက်ဆွဲဖတ် そうめん ဒါမှမဟုတ်..သူနဲ့ အလုံးနည်းနည်း တုတ်တဲ့ ခေါက်ဆွဲဖတ် ဆိုရင်တော့ ရှမ်းခေါက်ဆွဲ ဖြစ်လောက်တယ်.
မသိရင် လသာညကို မေးလေ..
သူ ရှမ်းခေါက်ဆွဲ ချက်တတ်တယ်..အဟိ

Anonymous said...

“လသာည ရှမ်းခေါက်ဆွဲချက်တတ်တယ်”လို့ ချီးမြှောက်သွားပါသော မီးငယ်လေးကို ကျေးဇူးတင်လွန်းလို့ အိုခရာမကို အလည်လာပါဦး..။ ကျွေးပါရစေ.. ရှမ်းခေါက်ဆွဲတူးတူးလေးး))

ကော်မှုန့်ထုတ်ကို အခုမှ မြင်ဖူးးတယ်။ ဈေးသွားတော့မှ ကြည့်ကြည့်ဦးမယ်။ မအားတဲ့ ကြားထဲက ဓါတ်ပုံတွေ ရိုက်ပြီး တကူးတက တင်ပေးတာ မီးငယ်လေးကို အရမ်းကို ကျေးဇူးတင်ပါတယ်.....

အင်း.. မီးငယ်လေးကိုရမယ့် မီးငယ်လေးရဲ့ ချစ်သူကတော့ တကယ်ကို shiawase ဖြစ်မှာသေချာတယ်။ အရသာရှိတဲ့ဟင်းတွေ တနေ့တမျိုး မရိုးအောင် ချက်ကျွေးမယ့်သူမိုလို့လေ :D

လသာည

Meengelay said...

you are most welcome :D
ဟဲဟဲ..သိပ်ပြီး မချီးကျူးပါနဲ့အုန်း မမလသာည
ဒီမှာ အဆင်သင့် ၀ယ်စားလို့ မရလို့ပါ :P