Saturday, July 24, 2010

ကြိုဆိုပါ၏။

http://www.khitpyaing.org/index.php?route=detail/comment

တစ်နေ့က အငယ်မနဲ့ ဖုန်းပြောတော့ ဆရာ၊ ဆရာမတွေ တိုဖယ် နဲ့တူတဲ့ စာမေးပွဲဖြေနေကြရတယ် --- လောလောဆယ်တော့ အမှတ်တွေ နည်းနေကြတယ် ကြားတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် နောက်တော့ နည်းလမ်းတွေ ရှာဖွေလာပြီး အင်္ဂလိပ်စာ ကောင်းလာကြမယ် လို့ ယူဆရပါတယ်။

ပါရဂူစတက်တော့ကျမ်းကြီးကျပ်တဲ့ ဂျပန်ကပါရဂူဘွဲ့ရလာတဲ့ ဆရာက အင်္ဂလိပ်စာကလွဲပြီး ဘယ်ဘာသာကိုမှ မလေ့လာရဖူးလို့ စည်းကမ်းထုတ်တာကို သတိရမိတယ်။
ဂျပန်လို နိုင်ငံမျိုးကတော့ ရှင်သန်ဖို့အရေး ဂျပန်စာ ကို ထမင်းစားရေသောက် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ဖို့ အရေးတကြီး လိုတာကို လက်ခံပါတယ်။ ရောက်ခါစက ငိုခဲ့ရတာ မှတ်မိနေသေးတယ်ရော။ ဒါပေမဲ့ နိုင်ငံခြားမှာ ဆင်ပိုဇီယမ်သွားတာတို့ ဘာတို့နဲ့ ရေရှည် အတွက်ဆိုရင်တော့ အင်္ဂလိပ်စာကို ပစ်ထားလို့ ဖြစ်ကိုမဖြစ်ဖူး ဆိုတာကိုလဲ သတိချပ်မိပါတယ်။ ရေးဖတ်တာနဲ့ ပြောဆိုတာကလဲ ကွာသေးတယ်မဟုတ်လား။

လူတွေက ကိုယ်လုပ်ချင်တာ လုပ်နေကြရရင် ချမ်းမြေ့တယ် ဆိုတာသိပေမဲ့လဲ --- စိတ်ချမ်းသာဖို့ဆိုတာ ကိုယ့်စိတ်ထားပေါ် အဓိက မူတည်တယ် ဆိုတာသိပေမဲ့လဲ ---- တစ်ခါတစ်လေ ပါတ်ဝန်းကျင်ရဲ့ ဖိအားဆိုတာမျိုးကလဲ ---

အားလုံး ကိုယ်ကျမ်းမာ စိတ်ချမ်းသာ ကြီးပွါးအောင်မြင်ကြပါစေရန် ဗက်ဆာမှ ဆုမွန်ကောင်း တောင်းပါသည်။

ဒီနှစ်ဘွဲ့ယူမယ့်သူတွေက အလုပ်များနေမယ်ဆိုတာ သဘောပေါက်ပါ၏။ ဘွဲ့မယူနိုင်သေးတဲ့သူက ဘာ့ကြောင့် ပြာယာခတ်နေရသလဲဆိုတာ တွေးမိရင် နဲနဲတော့ ငိုချင်ပါ၏။

6 comments:

လသာည said...

fighting fighting!!

အိစံ said...

မလတ်ရေ

You can do it!

မိဆိုးလေး said...

အားလုံးက ဒူဒူပါပဲ..။ ကိုယ်ယုံကြည်ရာ..။ ရည်ရွယ်ရာ..။
ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေ ရောက်ကြမှာပါ..။
ဘာလို့ လဲဆိုတော့ ရောက်ချင်တဲ့ဆန္ဒနဲ့  ရပ်မနေဘဲ
သွားနေကြလို့ ပါပဲ။

မီးငယ်လေး said...

Long long ago တုံးက တစ်ခါဖြေဖူးပေမဲ့ တို့တွေလဲ ဒီမှာ ဖြေသွားရရင် ကောင်းမလား မသိဘူး။
အဲဒီလိုစာမေးပွဲရှိတာ အားပေးပါတယ်။ ဘာပဲဖြစ်ဖြစ် ပီအိပ်ခ်ျဒီတွေ အင်္ဂလိပ်စာကောင်းလာမှာကို မျော်လင့်လျှက်

Wasser said...

လဲတညား။ Let's do.
မိဆိုးလေး။ အားပေးတာကျေးဇူးပါ။
အိစံရေ။ ဗက်ဆာ လောဘကြီးနေတာလားမသိပါဘူး။ ဒါပေမယ့် လုပ်ချင်တာတွေက ဒီမှာလုပ်မှဖြစ်မှာလိုဖြစ်နေတော့ အခွင့်အရေးက တစ်ရာခိုင်နှုန်းပဲ ရှိရင်တောင် ဖမ်းဆုပ်ကြည့်ချင်သေးတာရော။
မီးငယ်လေး။ အစ်မတော့ ဒီမှာမဖြေဖြစ်သေးဘူးထင်တာပဲ။ မပြင်ဆင်နိုင်လို့ပါ။ ပြင်ဆင်ပြီးမှပဲ ဖြေချင်တယ်လေ။ ဈေးကြီးတာကိုး။နောက် သုံးနှစ်အတွင်းတော့ ဖြေဖြစ်မယ်ထင်ပါတယ်။
မင်းနစံ။ ကြိုးစားကြရအောင်။

ထား said...

ဗက်ဆာရေ Genbare !!!