Thursday, July 15, 2010

ဝှိတ် ချ....၀ှိတ်ချ ......ဖောင်း.....ဖောင်း

ကိုယ်လက်လှုပ်ရှားအားကစားလေး တစ်ခုခုကိုလုပ်ချင်တယ်ဆို
တော့ သူငယ်ချင်းကကျောင်းကအားကစား ခန်းမမှာ အေရိုးဗစ်သင်တန်းရှိတယ်။
Hip hopန့ဲ့ဘဲလေးတက်ချင်ရင်လည်းရတယ်တဲ့ ။ အေးကောင်းလိုက်တာ
ငါတ်ု့ အေရိုးဗစ်တက်ရအောင်ဆိုပြီး သူငယ်ချင်းနှစ်ယောက်သွားကြတယ်။

အားကစားခန်းအ၀င်မှာ ဖောင်ဖြည့် တာကြာတော့  (မလုပ်တတ်လို့ ပါ) အ၀တ်လဲခန်းကနေအထွက်မှာကို ၆နာရီခွဲနေပြီ။ သင်တန်းက ၆နာရီ ၂၀စတာလေ။တံခါးလေးအသာလေးတွန်းဝင်လိုက်တော့  အားလားလား အထဲ မှာလူ
ပြည့် ပဲ တီးလုံးဖွင့် ပြီး ကနေကြတာ ထိပ်ဆုံးမှာ နည်းပြဆရာ က သရုပ်ပြတယ်။




အိစံ လဲရောင်တောင်ပေါင်တောင်နဲ့ ညာအစွန်ဒုတိယတန်းရဲ့ ဘိတ်ဆုံးမှာရပ်ပြီး သူများလုပ်သလို လိုက်လုပ်တယ်။ သင်တန်းအခုမှ စခါစဆိုတော့ အကြောအချင်ပြေအောင် ကိုယ်လက်လှုပ်ရှား စခါစပဲရှိသေးတယ်..ဆရာ က ဂျပန်လို အာရုခု အာရုခုဆို ပြီးအော်ပေးတယ်။ အစတော့ ဘေးကအတူလာ
တဲ့ သူငယ်ချင်းလုပ်တာကြည့် ပြီးရီ သေးတယ် နောက်တော့  ရီမိမှာဆိုးလို့ မကြည့် တော့ ဘူး။ ဒစ်စကိုတီးလုံးလေးလည်းဖွင့် ထားတော့ အစပို င်းတော့ ကလို့ အကောင်းသားရှင့် ။ခုန်ခုန်ပြီး လှုပ်နေရတာဆိုတော့  တဖြည်းဖြည်းနဲ့ နည်းနည်းတော့ မောလာပြီ။


ခဏနေတော့ ဝှိတ်ချ..၀ှိတ်ချ ...ဖောင်း..ဖောင်းဆိုပြီး ဆရာ က ကွက်တွေ သင်တယ်
သူတို့ ဟာကလည်းဘာလုပ်တာပါလိမ့်  ဘောင်စင် ထိုးတာနဲ့ တူလိုက်တာပေါ့  မနည်းလိုက်ယူရတယ် တချက်နှစ်ချက်လောက်ခြေထောက်ကို ရှေ့ တိုးနောက်ဆုတ် ကစား လက်ကိုလည်း ထိုးမဲ့ ဟန်ပြင် ပြီးမှ လက်နှစ်ဖက်ကို အားစိုက်ပြီးရှေ့ ကို ထိုးရတယ် ။ ဆရာကနှစ်ခါ၃ခါလောက်ပြပြီးရင် သင်တန်း သား တစ်ယောက်ချင်းစီရဲ့ ရှေ့လာပြီး ကစားကွက်ကို ကစားတယ် ကျွမ်းကျင်တဲ့ သူတွေ ကတော့  လက်နှစ်ဖက်
နဲ့ ဆရာလက်မှာစွပ်ထားတဲ့ ဘောင်စင်ထိုးတဲ့  ဟာကို ကစားလို်က်ရင်
ဖောင်း.......ဖောင်းနဲ့ မြည်လာတယ်။ ကိုယ် က နားမလည်တော့ 
သူတို့ လက်ကွေးရင်လိုက်ကွေး ဆန့် ရင်ဆန့်  ဆရာက ဖောင်း..ဖောင်းလို့ ဆိုရင်
လက်ရှေ့ ဆန့်  တခါတခါလည်း ဘယ်ညာမှားနဲ့  တော်တော် တော့ ချွေးပြန်နေပြီ။ ဆရာကလူသစ်မှန်း
တော့သိပုံရတယ် ဟဂျိမဲတဲ့ နို့ ဟိတို ဆိုပြီး ဘာပြောမှန်းမသိဘူး နားမလည်လည်းလိုက်လုပ်လို့ ပြောတာထင်တာပဲ။





အိစံရှေ့ လဲ ရောက်ရော မြည်တော့ ဘူး နဂိုကတည်းက လက်အားမသန်ဘူးလေ။ ဆရာလည်း ၂ခါလောက်လာပြီးတော့ အားနာလို့ လားမသိဘူး လာတော့ ဘူး။ ဒီလိုနဲ့ ခဏနားမယ်ဆို
တော့ ပျော်လိုက်တာ။နင်ဟာကလည်းမောလိုက်တာဆို တော့ သူငယ်ချင်း က အိစံနင်ကလည်းသူများတွေတောင်လုပ်သေးတာလုပ်စမ်းပါတဲ့  ပြီးတော့ရီပြီး ဘောင်စင်သင်တန်းဟ
တဲ့ ။ပြန်စတော့ တော်တော်ကိုမောနေပြီ ငါဆက်လုပ်နိုင်ပါ့ မလား မသိဘူး ဆိုပြီး
် အားလျှော့ သွားသေးတယ် နာရီလည်းတကြည့် ကြည့် နဲ့  ။ဆရာက အာရုခု အာရုခုဆိုရင် သာလိုက်တာ နားရလို့ ။ အရှိန်လေးနည်းနည်းထိန်းပြီး ကစားလိုက်မှ အမောခံနိုင်သွားတယ် အိစံရှေ့ ကကောင်မလေးလည်း ပြီးခါနီးမောလာတော့ လက်ကို ၀တ္တရားကျေလေးပဲ မြှောက် ဆန့် လုပ်တော့ တယ် ။တော်တော်ကျွမ်းကျင်
နေတဲ့သူတွေဆိုရင်တော့ကစားတာအရမ်းလှတယ်။မောလည်းမမောကြဘူး။သူငယ်ချင်းကအားပေးတယ်တော်
တော်များများကမနှစ်ကလူဟောင်းတွေ နင်လည်းနောက်ဆိုလုပ်နိုင်မှာပါတဲ့ ။ ကကွက်တွေကအသစ်
်ဆိုရင်တော့ ငါမလိုက်နိုင်ဘူးဒီအတိုင်းပဲဆိုရင်တော့  ဆက်ကစားမယ် လို့ ပြောထားတယ်။


တစ်ပတ်မှာ တစ်ခါ အေရိုးဗစ်နဲ့ ဘောင်စင် အကဆက်တက်လိုက်အုန်းမယ် ဘော်ဘော်တို့ ရေ.......

7 comments:

မိဆိုးလေး said...

ဝှိတ်ချ..ဝှိတ်ချ..။ဖောင်းဖောင်း။
မယ်အိ တို့ တော့ လှသထက်လှကာ
လှပြီးရင်းနဲ့ လှနေတော့မယ်။

ဗက်ဆာ said...

လုပ်ထား။ လုပ်ထား ညီမလေး အိစံရေ။ ၂ တန်းရောက်လာရင်တော့ ပြာလာတော့မှာ။ သုံးတန်းရောက်လာရင်တော့ မေးလ်တောင် နပ်မှန်မှန် စစ်နိုင်တော့မှာမဟုတ်ဘူး။ ဟိဟိ။ :D :D

ထား said...

ဘရာဗို အားပေးတယ် အိစံရေ က က ။
ပြီးရင် ချစ်သောသူများပါ လိုက် က မယ်။


ချစ်တဲ့

ထား

လသာည said...

အားပေးတယ် ညီမလေးအိစံ/..ဇွဲနဲ့တောင့်ထား။ ဆက်လုပ်ဆက်လုပ်။

pps said...

ွှအမျိုးသမီးတို့..လှသထက်လှ...
တောင့်သထက်တောင့်....
မယ်ဆိုရင်...

နန်းအိအိxx အေရိုးဗစ် အန် ဘောင်စင်သရိန်းနီစင်တာ
နဲ့ဆက်သွယ်ကြပါရှင်....း)))))))

Meengelay said...

Ganbatte ganbatte...
I am not sure you will be getting slim or...hehehehe

အိစံ said...

မယ်အိတို့ လှချင်လို့ ဟုတ်ပါဘူး စာတွေပဲ တချိန်လုံးမကြည့်  ချင်လို့  လမ်းရှာတာ။

အညောင်းပြေအညာပြေလျှောက်လုပ်တာပါ

အားပေးတာကျေးဇူးအများကြီးတင်ပါတယ်ရှုင့် မီးဆိုးလေး မီးငယ်လေး ဗက်ဆာ မထား လသာည ပီပီအက်စ်