Sunday, July 18, 2010

အိုခိဝို စကဲတဲ့နယ်။

လူနေပါးသော အရပ်တွင် နေထိုင်ပါလျင် သတိထားနိုင်စေပါရန်။ ဥပမာ ဖူကူအိုကာ ဆင်ခြေဖုံး။

လဲတညားတို့ နေမျိုးနွယ် နိုင်ငံက အဲဂလိုပဲလား။ ---- ဟင်း။--- ( :D :D မဟုတ်တာဆို သူ့နိုင်ငံဖြစ်သွားရော။ )

အတော် လေတယ်။

လိုင်ဘရီမှာ စာအုပ်လေး ငှားပြီး ပြီးလွယ် စီးလွယ် မက်ဒေါနားက မက်ပေါ့ ၁၀၀ တန်လေးနဲ့ပဲ ညနေစာ လိုက်ပါတော့မယ်လေ လို့ အောင့်မေ့ပြီး မက်ဒေါနား မှာ မက်ပေါ့လေး ၀ယ်ပါတယ်။

ပင်ပန်းလွန်းနေခဲ့တော့ အစာလေး စားရတုန်းလေး အပြင်မှာ ခတအဲ ချောင်းရေ စီးသံလေးကို ကဗျာဆန် ဆန် နာခံရင်း မက်ပေါ့လေးကို ကိုက်မယ် အောင့်မေ့ပြီး ခတအဲ ချောင်းဘေး တစ်လျှောက် ဘီးလေး စီးပြီး ချောင်းဘေးက ပန်းခြံလေး (ကလေးကစားကွင်းပါရှင်ာ။ နေ့လည်ဆို ကလေးတွေ ကစားဖို့ ကွင်းပြောင်လေးနဲ့ ကစားစရာတွေ တပ်ထားပေါ့။) ကို သွားပါတယ်။

ကားလမ်းကနေလှမ်းကြည့်ရင် အပင်တွေ ကွယ်ပြီး မမြင်ရပါဘူး။ ၀င်ပေါက်မရှိပေမဲ့ စက်ဘီးပဲ သွားလို့ရတဲ့ ကျောက်ခင်းလမ်း ဘက်က ၀င်ပေါက်လေးထဲကို ခေါက်ဘီးလေးကို ထိုးထည့်ဖို့ ကြိုးစားနေတုန်း ကျားပေါက် လေး ၂ ကောင် ရယ်မောစကားသံကြားရပါတယ်။ အော်။ .... ကောင်းတာပေါ့ ။ လူရှိတော့ ၀လဲ သိပ်ပြီး မကြောက်ရတော့ ဘူးပေါ့ အောင့်မေ့ပြီး စက်ဘီးကို တွန်းရင်း ထိုင်ခုံ ကိုရှာပါတယ်။ မျက်လုံးက လူသံတွေ ရှိတဲ့ ဖက်ကို ဘယ်လို ရောက်သွားမှန်းမသိဘူး။

အလယ်--- လယ်။

ကမန်းကတန်း စက်ဘီးကို နောက်ကြောင်း ပြန်တွန်း ။ စောက ၀င်ပေါက်ထဲ စက်ဘီးကို ကမန်းကတန်း ပြန်တွန်းထွက်ရပါတယ်။

ဝ-- မတိခဲ့ရပါလားတွယ်။ ရေက ပန်းခြံ အပေါ်ကနေ ကို ဘယ်လို ပေးထားမှန်း မသိဘူး ခုမှတွေ့တယ်။ အိမ်ခန်းထဲ က ရေချိုးနည်းနဲ့ ကျားပေါက် တစ်ကောင်က ချိုးနေတာ။ လူသံကြားလို့ထင်ပါရဲ့။ သူက နောက်ကျောပေးထားလိုက်ပုံပေါ်တယ်။ ဖင်ပြောင်လေးနဲ့။
သူ့အဖော်ကတော့ အ၀တ်အစားနဲ့ပါ။ သဘောတွေကျပြီး ရယ်နေလေရဲ့။ ၂၀ ကျော်လေးတွေထင်ပါရဲ့။

ညစ်တယ်။ သတိတွေလဲ ထားကြဦး။ သတိဆိုတာ ပိုတယ်မရှိတဲ့။ လူရှင်းရာ နေကြရင်ဖြင့်။

ဖွားဖွား ဗက်ဆာ။

5 comments:

လသာည said...

soo ka, ki wo tukemashoo :))

အိစံ said...

ဖွားဖွား အနီသင်းကနေ လိမ္မော်ရောင်ပြောင်းသွားတာဘာလို့ လဲ ထူးခြားပြီလား

မိဆိုးလေး said...

မိဆိုးလေးတို့ က ရေညှိကောက်ရတာက ရေပူစမ်းတွေဆိုတော့ တစ်ခါတစ်လေ မိန်းကလေးတွေဘက်မှာမရှိဘဲ
ယောက်ျားလေးတွေဘက်ရှိတဲ့အခါ
ရှေ့မျက်နှာအောက်ထား(နောက်ထားရင်လဲတွေ့ မှာပဲမို့ )
ဝင်ခဲ့ရတာတွေရှိခဲ့တယ်။
အတူတူသွားတဲ့
ဂျပန်စီနီယာကတော့မေးရှာပါရဲ့ 
ကိုယ့်မျက်နှာအနေထားကို သတိပြုမိပုံရပါရဲ့ 
ခင် ရရဲ့ လားတဲ့။ဟေးဟေး
သူက အိမ်ထောင်သည်ဆိုတော့ (ဂျပန်ဖြစ်တာလဲပါမယ်)
အေးအေးဆေးဆေးပဲ
ရေချိုးနေတဲ့ကြားက ဖြတ်သွားပြီး
ဒီနားကရေညှိများတယ်
ဒီနား ဟိုနားနဲ့ ။
ခုတော့
အဲဒီဝဋ်ကျွတ်သွားလို့ တော်သေး ။
အဲနီးဝေး အာရိဂတိုး
ခိအိုစွတ်ခဲမတ် :P

pps said...

ဟားဟားဟား...ဖင်ပြောင်လေးနဲ့..
တွေးတွေးပြီးရယ်...း)))))

Wasser said...

ဝုတ်ပါ့လဲတညားရေ။
မိဆိုးလေးရယ်။ ဖတ်ပြီးရယ်ရတာရော။ အဖြစ်က မသက်သာပါလားဟယ်။ :D :D
ပန်းခြံဆိုတော့ ကိုယ်လဲ ကြောင်သွားတာပါ။ ဒါပေမဲ့ ရေပူစမ်း ရေညှိကောက်ရတဲ့ အလုပ်တော့
ခံစားချက် အတော်ဆိုးမယ် လို့ တွေးမိတယ်။ :D :D
အိကြီး။ အနီရောင်က လုံးဝ တာ့တာ ပဲမို့ လိမ္မော်ရောင် လုပ်လိုက်တာ။ ဟိဟိ။ စပိန်အသင်း အားကျတာလဲ ပါတာရော။
ပီပီ။ ၀ုတ်ပါ့။ မျက်နှာပြောင်ပြီး ရှေ့မလှည့်ဝံ့တာထင်ပါရဲ့။ မျက်နှာမပြောင်ပဲ ဖင်ပြောင်သောသူပေါ့ ပီပီရယ်။ :D :D