Sunday, September 26, 2010

အိပ်မက်ကိုယ်စီ


ဘ၀အတွက် လှပသော အိပ်မက်ကိုယ်စီ မက်နိုင်ကြပါစေ..။
ချစ်တဲ့ လသာည


Friday, September 24, 2010

ဟာသလေးတွေ ပြောပြမယ်

အားလုံး ပျင်းနေမလားလို့ မပြောရတာ ကြာတဲ့ ဟာသပြောပြမယ်. ။ အားလုံးပျော်ပြီး ဥာဏ်ရွှင်အောင်လို့...။ သိပ်မရယ်ရရင် ခွင့်လွှတ်နော်။
---------------------------

ပညာရှင်လေး
ဆရာမ။ ။ အမျိုးသားများ ကိုယ်တိုင်ဆောက်လုပ်ပြီး ကိုယ်တိုင်သွားလို့ မရတဲ့ နေရာ ဘယ်နေရာလဲ။ သိတဲ့ ကျောင်းသားပြောစမ်း..
ကျောင်းသား။ ။ အမျိုးသမီး အိမ်သာပါ ဆရာမ..
ဆရာမ။ ။ တခြားအဖြေ မရှိတော့ဘူးတဲ့လားကွာ ...(++)
(တကယ့်အဖြေကို ဘယ်သူ သိလဲကွး)))
---------------------------

ပင်လယ်သေသွားပြီလား
ဆရာမ။ ။ ပင်လယ်သေအကြောင်း မင်းသိသလောက်ပြောပြပါဦး
ကျောင်းသား။ ။ ကျွန်တော် ပင်လယ်ဖျားတာတောင် မသိလိုက်ဖူးခင်ဗျ
---------------------------

စာအကြောင်း သိပ်မတွေးနဲ့လေ
တခါက သားအဖ ၂ယောက် ခရီးတိုတစ်ခုထွက်တယ်။ အဖေက အတန်းပညာသိပ်မတတ်ဘူး။ သားကတော့ ခေတ်ပညာတတ်တတ်ပေါ့လေ။ ညရောက်တော့ ပါလာတဲ့ တောစခန်းနားတဲအိမ် tent လေး ဆင်ပြီး အိပ်ကြတယ်။ နာရီနည်းနည်းကြာတော့ အဖေက သားကိုလှုပ်နိုးလိုက်ပြီး အခုလိုမေးလိုက်တယ်။

အဖေ။ ။ သား မင်းကောင်းကင်ကိုကြည့်လိုက်စမ်း ဘာတွေမြင်လဲ ငါ့ကိုပြောစမ်းပါ
သား။ ။ ကြယ်တာရာ သန်းပေါင်းများစွာ မြင်တယ် အဖေ
အဖေ။ ။ အင်း အဲဒီတော့
သား.။ ။ နက္ခတ္တဗေဒအရ ဆိုရင်တော့ ကြယ်ဆိုတာက တောက်လောင်နေတဲ့ မီးလျှံလုံးကြီးတဲ့ အဖေ။ အဲလို မီးလျှံလုံးတွေ အများကြီး စုဝေးနေတဲ့ ကြယ်အစုအဝေးကို ဂလက်ဆီလို့ခေါ်တယ်။ ပြီးတော့ အဲလို ဂလက်ဆီ...

အဖေ။ ။. ဟုတ်တော့ ဟုတ်မှာပါ ငါ့သားရယ် ဒါပေမယ့် (သက်ပြင်းချရင်း ဆက်ပြောတယ်) ငါတို့ tent လေး သူများခိုးသွားပြီဆိုတာ မင်းသိအောင် ငါ ဘယ်လောက် စောင့်ရမှာလဲ..
---------------------------

ချစ်သူထံသို့ချစ်သ၀ဏ်လွှာ
အချစ်ရေ.. ငါမင်းဆီကို ချစ်ခြင်းများစွာဖြင့်စာရေးလိုက်ပါတယ်။ မင်းနဲ့ချစ်ခဲ့တာ စက်တင်ဘာ ၂၄ ရက်( သောကြာနေ့)ကစပြီး မင်းကို ချစ်မိတာပါ။ နောက်နှစ် စက်တင်ဘာ ၂၃ ရက်ဆိုရင် နာရီပေါင်း ၁၅၀၀ ဖြစ်ပြီ။ ဒါကြောင့် အကြိုအချစ်သ၀ဏ်လွှာကို ကြိုးစားပြီး ရေးလိုက်တာပါ။ တကယ်လို့ ကိုယ့်တို့ အချင်းချင်း ဆွေးနွေးညှိုနှိုင်းလို့ သုံးလအတွင်း အဆင်ပြေရင် အတည် ချစ်သူများအဖြစ် ဆက်လက် သတ်မှတ်ပေးဖို့ အသင့်ရှိပါတယ်။

နောက်တဆင့်တက်ပြီး ရှေ့ရေးအတွက် အလုပ်ကိစ္စကစပြီး စဉ်းစားဖို့အစီအစဉ်ရှိပါတယ်။ အဆင်ပြေရင် ချစ်သူအဖြစ်မှ အိမ်သူအဖြစ် ရာထူးတိုးပေးဖို့လည်း ရာထားထားပါတယ်။ ကိုယ်တို့ နှစ်ဦးအတွက် အတူတူ ရှယ်ယာသုံးဖို့ ကော်ဖီဖိုး၊ ဘီယာဖိုးက စပြီး ကျန်တဲ့ တီဗွီ စတဲ့အရာတွေကို ၀ယ်ဖို့အထိလည်း ကြိုတင် စိတ်ကူးထားပါတယ်။ အဲဒီနောက်တော့ မင်းရဲ့ အားထုတ်မှုနဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ဒီထက်ပိုကြီးမားတဲ့ ပစ္စည်းတွေကိုပါ ၀ယ်ပေးရလိမ့်မယ်ထင်တယ်။ မင်းအသုံးစရိတ်အတွက် ကုန်ကျငွေကို ကြင်နာစွာ စိုက်ထုတ်ပေးမှာပါ။

အချစ်ရေ.. အခုစာကို ရပြီဆိုရင် ကိုယ့်အချစ်ကို လက်ခံမခံ ရက်ပေါင်း သုံးဆယ်အတွင်း အကြောင်းပြန်ပေးစေလိုပါတယ်ကွယ်။ ရက်ပေါင်း သုံးဆယ်အတွင်းမှ အကြောင်းမပြန်ရင်တော့ ဒီအချစ်သ၀ဏ်လွှာဟာ အလိုလို cancel ဖြစ်သွားမှာ ဖြစ်ကြောင်းနဲ့ ကိုယ့်အနေနဲ့ တခြားတစ်ယောက် ရှာရပါလိမ့်မယ် ဖြစ်ကြောင်းလည်း တခါတည်း အကြောင်းကြားပါတယ်။

တကယ်လို့များ မင်းက ကိုယ့်အချစ်ကို လက်မခံနိုင်ဘူးဆိုလျှင်လည်း ဒီသ၀ဏ်လွှာကို မင်းရဲ့ ညီမလေးကို လက်ဆင့်ကမ်းလို့လည်း ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ကန့်ကွက်ရန်မရှိပါ။

အချစ်ရဲ့ ပူးပေါင်းပါဝင်မှုကို အထူးကျေးဇူးတင်ပါတယ်။
မင်းအတွက် အကောင်းဆုံးသော ဆန္ဒမွန်ဖြင့်
လူအရင်းအမြစ် မန်နေဂျာ (HR Manager)
---------------------------
ဒန့်တန်တန် \(^^)/ မရယ်ရရင် ခွေးလွှတ်ပါရန်..

(သို့သော် အထူးသတိပြုရန်... ဘလော့ရေးရင် (ပိုစ်ရေးရင် ) အားလို့ထင်ပြီး “လသာညတို့ ဘလော့တွေရေးနေလိုက်တာ အားနေတယ်ထင်ပါ့၊ တို့များကျတော့ မအားပေါင် လို့ လာပြောတဲ့ကောင် သေဒဏ်နော်း))) (နောက်တာပါ။ သေဒဏ် ဟုတ်ဖူး..။ )
လသာည

Thursday, September 16, 2010

၁၇-ရက် ၉ လ မိဆိုးလေးမွေးနေ့

ချစ်စွာသော မိဆိုးလေး...........................................
ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ။
အောင်မြင်မှုများစွာ ယခုထက်ပိုရရှိပါစေ။
စိတ်၏ အေးချမ်းခြင်းနဲ့ ပြည့်စုံပါစေ။
ယခုမှစ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ကြည်နှုးပြီး
မိဘကို ကျေးဇူးဆပ်နိုင်သော သမီးကောင်းရတနာအဖြစ်
အချစ်နဲ့လည်း ပေါင်းဖော်နိုင်ပါစေ..... လို့
မိဆိုးလေးကို ချစ်သော အမုန်းမရှိသောကမ္ဘာမှ သူငယ်ချင်းများ မှ ဆုတောင်းပေးပါတယ်။

For a happy birthday and a happy, healthy and lucky year. "To live in your own way, to reach for your own goals, to be the person you want to be. Wishing u happiness on your birthday!"


ပန်းကြိုက်တဲ့ ညီမလေးအတွက် ပန်းတခြင်းနော်။.. ပန်းကို မိုးမလင်းခင် စောစောပို့မှ... ဟော..ဟဲ..


(အသက်၂ လနီးပါး ငယ်သူ ချစ်ညီမလေး မိဆိုးလေးအတွက် အမှတ်တရ (သူငယ်ချင်းများအားလုံးကိုယ်စား) လသာည ပိုစ်တင်သည် (^^)//
ဟေ့ကောင် မိဆိုးလေး မင်း အသက်တစ်နှစ်ကြီးပြန်ပြီနော်.. ငါလိုပဲ ဟဲဟဲး)))

သူငယ်ချင်းတို့ မျက်စိအေးစေဖို့

တစ်ရက်... တစ်ရက်.. ကွန်ပြူတာနဲ့ မျက်နှာအပ်နေရတဲ့ သူများ..စိမ်းစိုတဲ့ တောတောင်ရှုခင်းတွေနဲ့ ဝေးကွာနေတဲ့သူများအတွက်..ဒီပုံလေးတွေကို ကလှစ်နှိပ်ကြည့်ပြီး မျက်စိ အပန်းဖြေသွားကြပါအုံးနော်..
မီးငယ်လေးက ဒီရှုခင်းလေးတွေ..တစ်မျှော်တစ်ခေါ်ကြီးကို တစ်ဝကြီး ကြည့်ခဲ့ရလိုက်တော့ တော်တော် မျက်စိကြည်သွားတယ်လို့ ခံစားလိုက်ရလို့..မျှဝေပေးချင်တာပါ။ တစ်ခါ တစ်လေ..အစိမ်းရောင်ရှုမျှော်ခင်း တွေကို ကြည့်ပေးခြင်းဟာ လူရော၊ စိတ်ရော၊ မျက်စိရော လန်းဆန်းစေပါလားနော်.... :))))

 ခိတကျူးရှူးက Hiraodai country side park ကိုအသွား လမ်းမှာတွေ့ရတဲ့ တောင်တွေလေ။
ကျောက်တုံးတွေနဲ့ တောင်တန်းများ
 
Hiraodai country side park ကိုရောက်ပြီ။
 
စိမ်းစိုတဲ့ မြက်ခင်းပြင်နဲ့ တောင်တန်းများ
 ဒါက သဘာဝကျောက်လိုဏ်ဂူအသွားလမ်းက ရှုခင်းတွေပေါ့။
 
 
 သဘာဝကျောက်တုံးများ

 ကဲ အစိမ်းရောင်ပုံတွေ ခံစားပြီးပြီဆိုရင်တော့ အဆစ်ထည့်ပေးတဲ့ လိုဏ်ဂူထဲကပုံတွေ ကြည့်ကြပါအုံး :D
 
 
လိုဏ်ဂူထဲက စမ်းချောင်းလေးထဲက ရေက ရေခဲရေလိုအေးစက်နေပေမဲ့ လမ်းလျှောက်ခဲ့ရတာ တော်တော်ပျော်စရာကောင်းခဲ့ပါတယ်။
 တစ်ချို့နေရာက တော်တော် ကျဥ်းပြီး နိမ့်လို့ ခန္တာကိုယ်ကြီးတဲ့သူဆိုရင် ၀င်လို့မရလောက်ဘူး။
အော်မေ့လို့ ။။ ဒီလိုဏ်ဂူနာမည်က Senbuthu Stalactite Cave တဲ့။

Tuesday, September 14, 2010

အမုန်းမရှိသူများအတွက် ခရီးသွားမှတ်တမ်း

မင်းနစံ။

ဂေါ်ဘုစတရှိတဲ့ မတ်စ်။
ဗက်ဆာ ပို့စ်သုံးခု ရေးပြီး Draft ထဲ ထည့်ထားပါတယ်။
ခရီးသွားဖို့ စီစဉ်ထားသူတွေ ၀င်ကြည့်ဖို့ တိုက်တွန်းပါတယ်။
အဲဒါတွေကို ဘလော့ဂ်ပေါ်မတင်ဖို့လဲ မေတ္တာရပ်ခံပါတယ်။


ဗက်ဆာက လူချစ်လူခင်များလွန်းတော့ အရာရာကို ဂရုစိုက်မှ တော်မယ်လို့ စဉ်းစားမိလို့ပါ။

မင်းနစံ။ ဂင်းခိဒဲ့ ဂမ်ဘရော။

Saturday, September 11, 2010

သူငယ်ချင်းများအတွက်

ပီပီလည်း ပြန်သွားတာ ၁ လခွဲတော့မယ်။ လူအကုန်လုံး အလုပ်တွေများနေတော့ ပိုစ်လည်း ကိုယ်ကအစ မတင်နိုင်တော့ဘူး။ မယ်အိ မယ်ပီ မယ်ဆိုး မယ်မီး မယ်ထားနဲ့ မယ်ဗက်ဆာ အားလုံး ပျင်းများနေမလားလို့ တွေးမိပါတယ်။ ဒါပေမယ့် တကယ့်ကို ကိုယ့်ဝမ်းနာ ကိုယ်သာသိမို့.. မလှုပ်သာဘူး။ လူကအားနေတဲ့အချိန်တောင် စိတ်ကမအားတော့ အမြဲမအားသလို ဖြစ်နေတယ်။ ပိုစ်တွေ မတင်ဖြစ်ပေမယ့် စကားတွေ မပြောဖြစ်ပေမယ့် အားလုံးကိုတော့ သတိရနေပါတယ်။

အားလုံးအတွက် အားပေးစကားတွေ မပြောဖြစ်တာတောင် ကြာပေါ့..။ (ကိုယ်တိုင်လည်း အားကပြတ်ပြတ်နေလို့ (++;) ပါ..)ဒီနေ့တော့ စာရှာရင်း ကိုယ့်ကြိုက်တဲ့ ကာတွန်းပုံလေးတွေ တွေ့တာနဲ့ ထပ်တင်လိုက်တယ်. .း)))ဒါလေးက coco chanရဲ့ ခရီးသွားတဲ့ ပို့ဆောင်ရေးယဉ်ကြီးပေါ့..။ ကိုရေမြင်းလေးက သူ့သူငယ်ချင်းလေး coco chanအတွက် တာဝန်ယူပိုဆောင်ပေးနေတယ်ပေါ့နော်.။ ရှုခင်းလေးကအစ သာယာပြီး ကြည်နှုးစရာ ချစ်စရာလေး....။ စိတ်ကူးလေး လှတယ်နော်။ လသာညလည်း ရေမြင်းလို ရေမကူးတတ်ပေမယ့် သူငယ်ချင်းတွေအတွက် ပျော်ရွှင်တဲ့ ကမ္ဘာလေးကို ပိုဆောင်ပေးတဲ့ ပိုဆောင်ယဉ်တော့ ဖြစ်ချင်သား..။
အားလုံးကို ဘယ်လောက်ချစ်သလဲ မေးတဲ့သူရှိခဲ့ရင် ဖြေဖို့ သက်သေပါ။ ကိုက်စားချင်အောင် ချစ်တယ်နော် ၀ါးဟားဟားး))) လသာည အသည်းစားသည် မပြောရ...ဒီပုံလေးကတော့ သုံးပုံထဲမှာ ကိုယ့် အကြိုက်ဆုံးပုံပဲ။ ဒီလောက်ကျယ်ပြောတဲ့ စင်္ကြာဝဠာကြီးထဲမှာ အရာရာမှာ အတော်ဆုံး အထင်ရှားဆုံး အကြီးကျယ်ဆုံးတွေ မဖြစ်ချင်ပါဘူး။ မျှော်လင့်ချက်တွေ မြင့်ရင် မြင့်သလောက် စိတ်တွေပူပန်ရတယ်။ ပင်ပန်းရတယ်။ ကိုယ့်အနေနဲ့ တစ်ထောင့်တနေရာကမှာ နေပြီး တစ်စုံတစ်ခုသော အကြောင်းအရာနဲ့ အကောင်းဆုံး အစက်အပျောက်လေးတစ်ခု ဖြစ်ရင် တော်ပါပြီ လို့.. အခုတလော ပိုတွေးဖြစ်လာတယ်။ ငြိမ်းချမ်းခြင်းဆိုတာ သောကနဲ့ ပူလောင်နေချိန်မှာမှ ပိုအလိုရှိ၊ ပိုတန်ဖိုးရှိလာတာ..။ အရမ်းကို စိတ်ငြိမ်းငြိမ်းလေး နေချင်နေတယ်။

အားလုံးကို ချစ်တဲ့
လသာည ဖြစ်ပါတယ်

Thursday, September 9, 2010

ဂုဏ်ပြုရုံလေး

ကြိုးစားမှုရဲ့ ရလာဒ်အဖြစ် မကြာခင် ဒီဂရီပိုက်ပြန်တော့မယ့် သူငယ်ချင်း(တွေ)အတွက် ကြိုတင် လွမ်းဆွတ်စွာ အမှတ်တရ တင်တာပါ။

Tuesday, September 7, 2010

ဂျပန်နိုင်ငံမှ ဒံပေါက်



။။။။။
အဆင်မပြေပဲ ပဲအိုးတူးပြီး သွားတဲ့နောက် အဆင်ပြေသွားတဲ့ ဒံပေါက် ချက်နည်းကို တင်ပေးလိုက်ပါတယ်။ မအားတာ၊ ခရီးလွန်တာနဲ့ ၂၀၁၀ ခုနှစ် ၈-လပိုင်း၊ ၉လပိုင်းမှာ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး ကျန်းမာရေး (အော် ဗေဒင်ဟောစာတမ်းနဲ့ မွှားသွားလိုး))) စတာတွေနဲ့ ဘလော့မရေးနိုင် ဖြစ်နေတာ ခွင့်လွှတ်ကြပါနော် (^^)/ ။။ ဒီပိုစ်မှာ လိုအပ်တဲ့ အဆာပလာ ပစ္စည်းလေးတွေ ၀ယ်ဖို့ပါ အဆင်ပြေအောင် ရေးပေးဖို့ စဉ်းစားမိတယ်။

ဒံပေါက် ၆-ယောက်စာ အတွက် လိုအပ်သော ပစ္စည်းများ

၁- Basmatiဆန် (တစ်ကီလို တစ်အိတ်)
၂- ဘရာဇီး ကြက် တစ်ကောင် သို့မဟုတ် ကြက်ပေါင် -၆ ပေါင်
၃- ဒိန်ချဉ်ပလိန်း ရယ်ဒီမိတ် (၄၅၀ ဂ၇မ်) တစ်ဗူး
၎- ထောပတ် ၂-ဇွန်း သို့မဟုတ် ထောပတ်အထုတ်သေးသေး ၂ ခု
၅- ဒံပေါက်မဆလာ (တို့တော့ မ၀ယ်ဖြစ်လို့ မထည့်ဖြစ်ဖူး)
၆- ဆန်ဆိုးဆေး အနီ၊ အ၀ါ ၊ အစိမ်း
၇- သစ်ဂျပိုး မှုန့် ၁-ဇွန်းခန့်
၈-ကရဝေး ၆-ရွက်၊
၉-သီဟိုစေ့၊ စပျစ်သီးခြောက် (ကြိုက်ရင် တခြား သစ်သီးခြောက်ပါ ထည့်)
၁၀- ပဲစိမ်းစေ့ (ဒါကတော့ ဂျပန်နိုင်ငံမှာ ပေါပါတယ်)

တိုကျိုမှာ ဆိုရင်တော့ မြန်မာဆိုင်မှာ လိုတဲ့ ပစ္စည်းတွေ ၀ယ်လိုရနိုင်ပေမယ့် တခြားမြို့မှာ ရောက်နေတဲ့အခါ ဒံပေါက်ချက်ဖို့ အခက်အခဲ ဖြစ်တတ်တယ်။ တကယ်တော့ အဲဒီပစ္စည်းတွေက ဂျပန်နိုင်ငံက ဘယ်မြို့က ဆူပါမားကတ်တွေမှာမဆို ရှိပေမယ့် ဂျပန်လိုအခေါ်အဝေါ်မသိလို့သာ မတွေ့တာပါ။ ဒါကြောင့် ရောက်တဲ့နေရာမှာ ၀ယ်လို့ရအောင် ပစ္စည်းလေးတွေပါ ဓါတ်ပုံရိုက်ပြီး တင်ပေးလိုက်တယ်။

ဒီပုံက ဘယ်ဘက်က ဗူးလေး သုံးဗူးက ဒံပေါက်ထမင်းကို ဆေးဆိုးတဲ့ပစ္စည်းလေးတွေပါ။ ကိတ်မုန့်အတွက် လိုအပ်တဲ့ ပစ္စည်းတွေရောင်းတဲ့ ကောင်တာဘက်မှာ ဂျုံမှုန့်၊ ချော့ကလက်မှုန့်၊ သစ်သီးခြောက်ထုတ် စတာတွေနဲ့အတူ တွေ့ရတတ်တယ်။

အပေါ်ပုံက ဘေးက ၀ါဝါ ပုလင်းလေးကတော့ သစ်ဂျပိုးခေါက် (シナモン) cinnamon လို့ခေါ်တယ်။ အောက်ပုံက ကလဝေးရွက် (ローレル)ပါ။ သစ်ဂျပိုးခေါက်နဲ့ ကလဝေးရွက် ကို ကာရေး (カレー)နှင့်ပတ်သက်ပြီး ရောင်းတဲ့ အမှုန့်တွေနားမှာ တွေ့လိမ့်မယ်။


ထောပတ်-
ထောပတ်ကတော့ အမျိုးမျိုး ရှိပါတယ်။ ကိုယ်ကြိုက်တဲ့ အမျိုးအစားကို ယူသုံးပါ။ လသာည သုံးတာကတော့ အောက်က ထောပတ်ကို ၀ယ်သုံးခဲ့တယ် (အခဲသေးသေးလေးတွေ ၈-ခု ပါတယ်။ ၂-ခုလောက်ကို ဒံပေါက်ထဲထည့်ရင် ရပြီ။)

ဒါကတော့ ဒိန်ချဉ်ဗူး ၄၅၀-ဂရမ်ပါတယ်။ လသာညတော့ အကုန်ထည့်လိုက်တာပဲ..။

နောက်ပြီး ထပ်ဝယ်ဖို့ လိုတဲ့ သီဟိုစေ့၊ စပျစ်သီးခြောက်၊ ပဲစိမ်းစေ့တွေကို ယမ်းတစ်ရာဆိုင် သို့မဟုတ် အပေါ်က စတိုးဆိုင်တွေမှာပဲ နည်းနည်းစီ ၀ယ်လို့ရတယ်။

အဓိက လိုအပ်တဲ့ ဆန် ကိုတော့ ကုလားဆိုင်မှာ ၀ယ်လို့ရမယ်ထင်တယ်။ နောက်ဆုံးမရရင်တော့ ကိုယ့်ရှိတဲ့ ဆန်နဲ့ လုပ်ကြည့်ပေါ့နော်။ ကြက်သားကလည်း ဘရာဇီးကြက် (မြန်မာကြက်လိုပဲ စားရတာ ချိုလို့လေ) တစ်ကောင်လောက်ဆို ရမယ်ထင်တယ်။

လုပ်နည်း..
တကယ်တော့ လုပ်နည်းကတော့ သူများလုပ်တာတွေ လျှောက်ဖတ်ပြီး ကိုယ့်မှာရှိတဲ့ပစ္စည်းရယ်၊ ကိုယ်နားလည်သလို လိုက်လုပ်လိုက်တာပါ။ အာလုံးလည်း ဒီနည်းကို သဘောကျရင် လုပ်ကြည့်နော်။

၁) ဆန်ကို ရေ နာရီဝက် စိမ်ပြီး ပေါင်းအိုး (Rice cooker)မှာ ဆန်ရယ်၊ ထောပတ်ခဲရယ်၊ ဒိန်ချဉ်ရယ်၊ ဆားအနည်းငယ်ကို ရောထည့်ပြီး ခလုပ်နှိပ်ချက်လိုက်တယ်။ ရေကိုတော့ ပုံမှန်ထက် လက်တလုံးစာ လျော့ထည့်တယ်။ ထမင်းမာတာ ကိစ္စမရှိပေမယ့် ပျော့သွားရင် အဆင်မပြေလို့လေ။ (ထမင်းကို အရောင်ဆိုးရင် ရေဖြန်းဦးမှာ ဆိုတော့ အခုချက်တာ ထမင်းမာထားမှ နောက်ဆုံးမှာ အနေတော်ဖြစ်သွားမှာ) ထမင်းပွက်ချိန်လောက်မှာ ထောပတ်ခဲ ကျေအောင် ယောင်းမနဲ့၂ ခါလောက် မွှေပေးလိုက်တယ်။

၂) ထမင်းချက်တုန်းကို ကြက်သွန်နီ ဥကြီး ၃ လုံးလောက်ကို မီးဖိုပေါ်မှာ နွမ်းတဲ့အထိ (အညိုရောင် ရတဲ့အထိ ကြော်လိုက်တယ်)။ ပြီးရင် ဆယ်ထားပြီး ကြက်သွန်နီကြော်နဲ့ ဟင်းခတ်မဆလာတွေဖြစ်တဲ့ သစ်ဂျပိုးခေါက်မှုန့်၊ ကလဝေးရွက်၊ သစ်သီးခြောက်၊ ပဲစိမ်းစေ့ စတာတွေကို သမအောင် မွှေထားလိုက်တယ်။ (ဒီကတဲက ဒံပေါက်နံ့ ထွက်နေပြီး))

၃) ကြက်သားကို တုံးတစ်ပြီး ငံပြာရည်၊ ဆား၊ ဂျင်း၊ ကြက်သွန်ဖြူ(ကြိတ်ထားတယ်)၊ သကြားနည်းနည်းနဲ့ ခါတိုင်းကြက်သားချက်သလို လုံးချက်ချက်လိုက်တယ်။ ကြက်သားက နှုးလာပြီး ဆီပြန်မွှေးလာတဲ့အခါ ချလိုက်တယ်။

၎) ထမင်းအိုး ကျက်တဲ့အခါ ပေါင်းအိုးလိုက် ဇလုံအကြီးကြီးထဲကို မှောက်ပြီး သွန်လိုက်တယ်။ ခရင်းလေးနဲ့ အသာလေးဆွထားလိုက်ပါ။

၅) ထမင်းဆေးဆိုးဖို့အတွက် ဆေးမှုန့်လေးတွေကို ရေနည်းနည်းနဲ့ ဖျော်ထားလိုက်တယ်။ အနီတခွက်၊ အ၀ါတခွက်၊ အစိမ်းတခွက် သုံးခွက်ပေါ့။ (ပထမဆုံးလုပ်တုန်းက ရေများပြီး အမှုန့်နည်းသွားလို့ အရောင် သိပ်မရလိုက်ဖူးး))

၅) ပြီးရင် ထမင်းသုံးပုံတစ်ပုံလောက်ပြန်ယူပြီး ထမင်းပေါင်းအိုးထဲမှာ ပြန်ဖြန့်ထည့်ပါ။ ပြီးရင် ထမင်းပေါ်ကို အနီရောင် ဆေးလေးကို ဟိုတကွက်ဒီတကွက် နည်းနည်းစီ ဖျန်းလိုက်တယ်။ နောက် အစိမ်းရောင်နဲ့ အ၀ါရောင်ကိုလည်း အဲလိုပဲ ဟိုတကွက် ဒီတကွက် မထပ်အောင် လိုက်ဖျန်းတယ်။

၆) ပြီးရင် အဲဒီအပေါ်ကို ကြက်သွန်နီနဲ့ ဟင်းခတ်အဆာပလာတွေ ရောထားတဲ့ ဇလုံထဲကနေ ကြက်သွန်နီကြော် သုံးပုံပုံပြီး တစ်ပုံကို ဇွန်းနဲ့ လိုက်ဖြန့်လိုက်တယ်။ ကြက်သားဟင်း သုံးပုံတစ်ပုံကို ဖြန့်ထည့်တယ်။

ရ) ပြီးရင် အပေါ်က ထမင်းနောက်သုံးပုံတစ်ပုံကို ယူပြီး ထပ်ဖြန့်တယ်။ အနီ၊ အ၀ါ၊ အစိမ်း ကိုလည်း အပေါ်ကအတိုင်း လိုက်ဖြန်းတယ်။

၈) အပေါ်ကနေ ကြက်သွန်နီကြော် နောက်သုံးပုံတစ်ပုံ ကို ယူပြီး ဇွန်းနဲ့ လိုက်ဖြန့်တယ်။ ကြက်သားဟင်း သုံးပုံတစ်ပုံကို ဖြန့်ထည့်တယ်။

၉) နောက်ထပ် ကျန်ထမင်းနဲ့ ဟင်းတွေကိုလည်း အပေါ်ကအတိုင်း ထမင်းတထပ်၊ ကြက်သွန်နီကြော် တထပ်၊ ကြက်သားဟင်းတထပ် ဆိုတဲ့ ပုံစံနဲ့ လိုက်ထည့်လိုက်ပါ။

၁၀) ပြီးရင် ပေါင်းအိုးထဲ ထည့်၊ cook ခလုပ်နှိပ်၊ ၁၅ မိနစ်လောက် ထားလိုက်တယ်။ ၁၅ မိနစ်ပြည့်တော့ warm ခလုပ်ပြောင်းနှိပ်ပြီး ထားလိုက်ပါ။ စားလို့ရပါပြီး)))

အအီပြေ အချဉ်အတွက်တော့ အဲဒီနေ့က သရက်ချဉ် ၀ယ်လို့ရတာနဲ့ သုတ်ဖြစ်သွားတယ်။ နောက်ပြီးတော့ အိစံက သခွားသီးနဲ့ အချဉ်သုတ်လုပ်ပေးပါတယ်။ ဒီတခါ ချက်တာ အဆင်ပြေသွားတော့ တော်တော်စားကောင်းတယ်။ မအီလည်း မအီဘူး။ ကဲ အားလုံး ချက်စားကြည့်လိုက်ကြနော်။

မအားတဲ့ကြားကပဲ မဖြစ်မနေ လာရောက်ပြီး အားပေးသွားတဲ့ သူငယ်ချင်း နှစ်ယောက်ကို အရမ်းကို ကျေးဇူးတင်ပါတယ်..။

ပျော်စရာလည်း ကောင်းတဲ့ တကယ့်ကို အမှတ်တရ နေ့ တစ်နေ့ပါ။

လသာည လျှောက်ချက်တာ ဖြစ်ပါတယ်။