Saturday, July 3, 2010

သီချင်းလေးတွေနဲ့အတူ...၈(The end)



၉။
ဆိုဖီယာလေးရဲ့လက်ထပ်ပွဲမှာ...ဖြစ်နိုင်ချေဖခင်...ဆမ်းမ်၊ဘေလ်နဲ့ဟာရီတို့၃ဦးစလုံး
တက်ရောက်လာတယ်တဲ့.....။သူတို့ကိုသူတို့လည်း..ဆိုဖီယာရဲ့ဝမ်း..သဒ်..ဖားသားအဖြစ်..
ကျေကျေနပ်နပ်..ခံယူကြသတဲ့....အဟတ်....း)

တကယ်တော့..မိခင်ကိုယ်တိုင်ကကိုမဝေခွဲတတ်ခဲ့ဘူးထင်ပါရဲ့.......
၃ယောက်စလုံးနဲ့ကြုံတွေ့ချစ်ကြိုက်ခဲ့တာကလည်းမရှေးမနောင်းဆိုပဲ..........

မိခင်ဒိုနာဟာ..သမီးလေးရဲ့ဖခင်ဘယ်သူဘယ်ဝါလို့.မဝေခွဲတတ်ပေမယ့်......သူမရဲ့
အချစ်စစ်...ကိုတော့ဟောဒီလိုရှာဖွေတွေ့ရှိသွားပါသတဲ့ကွယ်.......

(ဒီဇာတ်ကွက်ကလေးကိုတော့..မျက်စိရိုင်းသွားရင်ခွေးလွတ်ကြပါလို့...အဟိ)



သူကတော့...ပထမဆုံးတွေ့ဆုံချစ်ပြီး၊ စေ့စပ်သူရှိလို့ပြန်သွားရတဲ့.....ဆမ်းမ်
ပါတဲ့ကွယ်.....

နောက်ဆုံးတော့..ဆိုဖီယာလေးကိုင်တိုင်ကိုက..ဒီ၃ယောက်ထဲကဘယ်သူ
ဆိုတာကို...မသိချင်တော့ပါဘူးတဲ့လေ..အားလုံးဟာချစ်သောဖေဖေပါတဲ့လေ..း)

မင်္ဂလာခန်းမသဘင်ဟာလည်း...သမီးဆိုဖီယာလေးရဲ့လက်ထပ်ပွဲအစား..
မိခင်ဒိုနာ နဲ့ ဆမ်းမ်တို့ရဲ့ပြန်လည်ပေါင်းစည်းပွဲလေးဖြစ်သွားပါသတဲ့.......

ဒီလိုနဲ့ပဲ....ဆိုဖီယာလေးအကောင်အထည်ဖော်ချင်တဲ့အိပ်မက်လေးဟာ....
အခုတော့ချစ်သောစကိုင်းနဲ့အတူ........................................................။

The End.
(ဤတွင်..ဇာတ်လမ်းပမာ..နားဆင်စရာအခန်းမှာ.....
မိခင် Donna အဖြစ် Meryl Streep
သမီး Sophie အဖြစ်Amanda Seyfried
ဖြစ်နိုင်ချေဖခင်များသော...
Sam အဖြစ်Pierce Brosnan
Harry အဖြစ် Colin Firth
Bill အဖြစ် Stellan Skarsgård နဲ့
Sophie ချစ်သူ Sky အဖြစ် Dominic Cooper တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး..၊
နောက်ခံတေးသီချင်းများကိုတော့..သရုပ်ဆောင်သူများကိုယ်တိုင်ပါဝင်သီဆိုထားပါတယ်ရှင်..။
သောတရှင်များ..ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေရှင်...း)

ဝန်ခံချက်။ ။ ဒီဇာတ်လမ်းလေးမှာတေးသီချင်းပေါင်း(၂၀)ရှိပြီး၊ မူရင်းကတော့ABBA
လို့ခေါ်တဲ့Pop Groupဆီကပါတဲ့..။ ဒါကြောင့်..မူရင်းသီချင်းနားထောင်ဖူးရင်
အဆိုတော်နဲ့စာသားတစ်ချို့လွှဲကောင်းလွှဲနိုင်ပါတယ်လို့.....း) ကျမနှစ်သက်တဲ့တေးလေးတွေပဲရွေးပြီး...တတ်နိုင်ဆုံးပုံဖော်ခဲ့ပေမယ့်..
ဘာသာမပြန်တတ်လို့သီချင်းတွေချည်းပေးနားထောင်မိတာရယ်၊ ဆက်တိုက်မတင်ဖြစ်တာရယ်၊ ပြီးတော့..အရန်သီချင်းတွေကိုချန်ခဲ့တာ
ရယ်ကြောင့်...ဇာတ်လမ်းကောက်ကြောင်းမပေါ်ခဲ့ရင်.......................
ကျမ..ပုံပြောမိ..အပြစ်ရှိပါ၏လို့......း)

အော်မေ့လို့..မယ်ပီတို့ပုံပြောကောင်းပုံပြောပါတယ်...
ကိုယ်ကလည်းယူကျုကပေးသလောက်တာတင်နိုင်တာ..အများစုကရုပ်သေ
ပုံတွေနဲ့ချည်းပဲဆိုတော့...စာသားပါတာပဲကိုဦးစားပေးတင်မိပါတယ်...
ဒါပေမယ့်..ဇာတ်ကွက်ပုံတွေကိုတော့....အတတ်နိုင်ဆုံး..ရှာဖွေတင်ပါတယ်..
ခု..နောက်ပိုင်းဇာတ်ကွက်ကလေးတွေသာယူကျုက..ပေးလို့..တင်နိုင်တာ..
အပိုင်း၆ကစလို့ပေါ့.....အဲဒီမှာမှ..တယောက်သောသူကမေးပါတယ်.........
“အမ..ခုဟာ..ဇာတ်လမ်းကြောင်းပြောနေတာလားတဲ့”....အွန့်..း(
မယ်ပီတို့ပုံပြောကောင်းပုံပြောပါတယ်...း)))))))))))


Ref: Wikipedia, Internet Movies Database, You tube

7 comments:

မိဆိုးလေး said...

ဒါမှ ဒို့ မယ်ပီကွ ဝေး ဖြောင်းဖြောင်းဖြောင်း..။ အဲဒီ အဖေ ၃ ယောက် အမေ ၁ ယောက် သမီး ၁ယောက်ကို မိဆိုးလေးဆီလွှတ်လိုက်ပါ..။DNA စစ်ပေးမယ်လို့ ..။ဟီးးး။
ပုံပြောကောင်းတဲ့ မယ်ပီ ရွာဓလေ့ပုံပြင်လေးတွေကို ဆက်လက်စောင့်စားနေပါတယ်ရှင်..။

လသာည said...

မိဆိုးလေးက ပြောနေတယ် “ပုံပြောကောင်းတဲ့ မယ်ပီ ”တဲ့ ။

မယ်ပီ, say I do I do.

“ရွာဓလေ့ပုံပြင်လေးတွေကို ဆက်လက်စောင့်စားနေပါတယ်” တဲ့..

မယ်ပီ, say I do. :)))

ဘယ်လိုပဲဖြစ်ဖြစ် အခုလို ရှာဖွေတင်ပြပေးတာ ကျေးဇူးအများကြီး တင်ရပါတယ် ညလေးပီရယ်။ မယ်ပီရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ဖဲ့ပြီး တင်ပေးထားတာပဲဟာ..။။ ကျေးဇူးအများကြီး အများကြီး တင်ရှိပါကြောင်း...အောင်းအောင်းအောင်း (အယ်ခိုးသံ)

ဗက်ဆာ said...

ဒါထက် လဲသညား။ နဲ့ မိဆိုးလေး။ ကလေး အဖေဆိုတာမျိုးက တစ်ယောက်တည်းလား ။ ၂ယောက် ၃ယောက်ဆိုတာက ဘိုင်အိုလိုဂျီသဘောအရ ဖြစ်နိုင်သလားဟင်။ မိဆိုးလေး တစ်လွဲမထင်နဲ့နော်။ သက်ရှိတွေနဲ့ လုပ်နေသူမို့ မေးကြည့်တာ။
ပီပီရေ။
အားမကျပါကွဲ့။ မြို့သဘာဝတွေကိုကွယ်။ တောမှာပွင့်တဲ့ ပန်းရယ်။ တောမှာပဲ လန်းဆန်း--ဟန်း---ဟန်း။... ပါမယ်။ ဟယ်။ ဟယ်။.... (အဲခိုးသံ.. ဟမ်းဟမ်း။ .. လသာညအတုကို ယူသည်။)
အော်။ ဒါမျိုးလဲ ရှိသကိုး။ တော်ပါသေးရဲ့။ ကျွန်ုပ်ကတော့ အဖေကို သိပါသည်။ ဖခင် ဦးမောင်မြင့်ဖြစ်သည်။ ဖခင်ဦးမောင်မြင့်၏ မကောင်းသော ကောင်းသော ဗီဇ အားလုံးလဲ ရထားသောသူဖြစ်သောကြောင့် အဖေရှာရန် မလိုသဖြင့် အမေ့ကို ကျေးဇူးတင်ရပါသည်။
:D :D :D :D

pps said...

သမီးနဲ့အဖေများပေါ့နော်..း)
ဇာတ်လမ်းဆိုပေမယ့်..အပြင်လောကမှာရော..
ဒီလိုတွေဖြစ်တတ်လားတွေးမိပါရဲ့...

ဟုတ်တယ်..အမလတ်မေးသလိုမေးချင်ပါရဲ့..
လဲသညားနဲ့မိဆိုးလေးရေ.....

အားလုံးကျေးဇူးကျေးဇူးကျေးဇူး..ဟူးဟူးဟူး..း))))

Anonymous said...

ဟာ.. ငါလည်း တိဘူးလေဟာ။ (ဇူးဇူးလေးက အဖေတစ်ယောက်တည်းနဲ့ ဖြစ်လာတာဆိုတော့ ခွိ.. ၀ါးဟားဟား) ။
ဒိုနာ ကိုယ်တိုင်ကို မေးရင် သိလေမလားပဲ..။ ဆက်မေးကြပေတော့..း)))))

မိဆိုးလေး said...

BIOLOGY အရတော့ အမမျိုးဥတစ်ခုနဲ့ ကျားsperm တစ်ခုပဲပေါင်းပြီး မျိုးအောင်တယ်။ ပြီးတော့ သန္ဓေစတည်တာပဲလေ။ ခုဟာက ဘယ် တစ်ယောက်မှန်းမသိတာက ဘယ် sperm မှန်းမသိတာနေမှာပေါ့။ ဟိဟိ
အဲဒါကြောင့် DNA စစ်ပေးမယ်ပြောတာလေ။ ဘယ်တစ်ယောက်ဖြစ်လဲဆိုတာ။ ပြစ်မှုဆိုင်ရာတွေမှာ စစ်တဲ့နည်း။
မြန်မာရာဇဝင်မှာတော့ ဒွတ္တပေါင်မင်းသားက ခမည်းတော်ကညီနောင်နှစ်ယောက်တဲ့။ :)
မိဆိုးလေးလဲကောင်းကောင်းမသိပါ။ :P

pps said...

(ဇူးဇူးလေးက အဖေတစ်ယောက်တည်းနဲ့ ဖြစ်လာတာဆိုတော့ ခွိ.. ၀ါးဟားဟား)ဝေးဟေးဟေး..း)

ဟုတ်ပနော်.DNAစစ်လိုက်ရင်ပြီးရော..း)))
ပြသနာက..ကာယကံရှင်တွေကိုယ်တိုင်ကိုက
let it beပါတဲ့..မခက်ပေဘူးလား..း))))

ကြည့်ပြီးတဲ့ပရိတ်သတ်က..အဖေဘယ်သူနဲ့ပတ်သတ်
ပြီး..ဒွိဟကျန်နေခဲ့ပေမယ့်..ဇာတ်လမ်းထဲက......
အဖေဖော်ထုတ်ချင်တဲ့သမီးလေးကိုယ်တိုင်က..အဲဒီ၃ဦး
စလုံးရဲ့တာဝန်ယူချင်တဲ့စိတ်၊ပြီးတော့စတွေ့တွေ့ချင်း
သွေးကစကားပြောပြီးခန့်မှန်းမိမယ်လို့ထင်ခဲ့ပေမယ့်..
လက်တွေ့ကျဒီလူလဲအဖေတော်ချင်.ဟိုလူလဲတော်ချင်
ဖြစ်နေခဲ့သတဲ့..း)))...

တခါတလေလည်း..အမှန်တရားက..လူကိုနာကျည်
စေမယ်ဆိုရင်..မသိတာကအကောင်းသား..း)))
ကျမဆို..ငယ်ငယ်က..အမေ့ပိုးခဲ့သူတွေ..အိမ်လည်လာရင်.လက်သီးနဲ့ထိုးချင်နေခဲ့တာ...အဟေးဟေး))