Sunday, July 18, 2010

cont: Let's listen English

ပြာနေပါသည်။ ဖွဲကတော့ ထွက်သင့်သလောက်လဲထွက်ပါ၏။

ပြာယာခတ်နေတဲ့ အထဲက စကားကလဲ များချင်သေး။ ၀ုတ်ပါဘူး။ တင်မိတဲ့ ပို့ စ်လေးတော့ နောက်ဆက်တွဲလေး ရှိလာတော့လဲ တင်လိုက်တာပဲ ကောင်းပါတယ်လို့။
အိုင်တီ ခေတ်ထဲမှာ အင်ဖော်မေးရှင်းတွေကတော့ ဒီလိုပဲလေ။ အသစ်--အသစ်တို့ က အဟောင်းတို့ကို အလျင်အမြန် --- ။
စက်ရုပ်ထက် နဲနဲလေးပဲ သာပြီး ဖတ်နေတဲ့ ၀ထ္ထုကိုနားထောင်ရတာ ဆားမပါတဲ့ ဟင်းနဲ့ ထမင်းစားရသလိုပဲ။
ဗမာပြည်မှာတုန်းက သေချာ ဖတ်ပြတဲ့  ရှားလော့ဟုမ်း ပုံပြင်တွေနားထောင်ခဲ့ဖူးတော့ ဒီ ၀ထ္ထုတွေ နားထောင်ရတာ တော်တော် ခံစားချက်မသက်မသာ ဖြစ်ရပါတယ်။ ဆော့ဖဲဝဲ ဖတ်သလား လူဖတ်သလားတောင် မစဉ်းစားချင်တော့ပါဘူး။

ခံနိုင်ရည်စွမ်းကုန်သွားတဲ့ နောက်မှာ ဆရာဖြစ်သူ ဒီနေ့လည် အိမ်ပြန်သွားတာနဲ့ လိုင်ဘရီကို ပြေးပြီး မေးမြန်းရှာဖွေတော့ ငှားနိုင် နားထောင်နိုင်ခဲ့ပါပြီ။
ဒီမှာ-- ဒီမှာ-- ဂလိုလေး။

ဟူး--- ခုမှပဲ
စိတ်ချမ်းသာတော့တယ်။ ခု Little Women ကိုနားထောင်နေပါတယ်။ စတာနဲ့ ဗေသိုဗင်ရဲ့ နံမယ်ကြီး Für Elise ကိုနားထောင်ရပြီးတော့ သေချာဖတ်ပြတဲ့ အမျိုးသမီးရဲ့ အသံကို ကြားရပါတယ်။ တကယ့်ကို စကားဝိုင်းထဲ နားထောင်နေရသလိုပါပဲ။

ညီမထားဘေဘီတွေနဲ့ လဲတညား ရဲ့ ဇူးဇူးလေးဖို့ကတော့။ (ဖူကူအိုကာ လိုင်ဘရီ ဆိုတာ ရှိတယ် ညီမထားရဲ့။ မိတ်ဆွေတွေ မေးကြည့်နော်။)

အဲဒါတွေက အဆင့်အမျိုးမျိုးရှိတယ် တယ်ရင်းတို့ရဲ့။ (အဟီး။ လဲတညားတော့ သိပြီးသားနေမှာပါ။ ညီမထားတော့ ဗမာပြည်နဲ့ ပြတ်လတ်နေတော့ကာ။) အဆင့်ငါး က Intermediate တန်းဆိုပဲ။ အဲဒီ ၀ထ္ထုတွေက ဗမာပြည်မှာ အထက်တန်း ကျောင်း သင်ရိုးမှာ သင်ပြီးသားပါ။ ဥပမာ Wuthering Heights (Emily Bronte) ဆိုရင် အဆင့်ငါး ဖြစ်ပါသည်။ Great Expectation (Charles Dickens) လဲ အဆင့်ငါးပါ။ Treasure Island ဆိုရင် ကိုးတန်းတုန်းက သင်ခဲ့ရတဲ့ The Brave Boy ရဲ့ ၀ထ္ထုပေါ့။

သို့သော်လည်း။---- သိကြတဲ့ အတိုင်း။

ဗမာပြည်မှာ ဗက်ဆာတို့တုန်းက သင်ရတဲ့ စာအုပ်ပါးလေးက မူလ ၀ထ္ထုမဟုတ်ပါဘူး။ အတိုချုပ်ထားပြီးသားပါ။ အခု ဖတ်တဲ့ ၀ထ္ထုက ပိုပြီးတိုအောင် ခြုံ့ထားပြီးသားပါ။ အဆင့် ငါးရဲ့ သဒ္ဒါနဲ့ ဝေါဟာရနဲ့ တန်အောင်ပေါ့။ မခက်ပါဘူး။

တော်တော်တိုပေမဲ့ အဓိက ကတော့ နားယဉ်အောင် ဆိုပါတော့။ ဘောက်သံလေးပိုပြီး ဘိုသံလေးများ ပေါက်လာမလားပေါ့။ ငပိရည်ကြိုက်သူက ဘောက်သံလေးများ ပိုလာမလားလို့ ဒီလိုပဲ အကြံအဖန် လုပ်ရတာပဲလေ။

အဓိက ဆိုလိုချင်တာက ကလေးတွေကို အဆင့်တစ် တို့ နှစ်တို့ကနေ စပြီး စာအုပ်နဲ့ ကျင့်ပေးရင် ကလေးကို ၀န် ပိစေမယ် မထင်ပါဘူးလို့။ ----
ထင်ရာ မြင်ရာ နဲ့ လျှောက် ဆရာကြီး လုပ်ကြည့်တာ။ တကယ်တော့မီးလဲ ဘိုလို မတော်ပါဘူး။ ထမင်းမငတ်ရုံလေးပါပဲ။ ဂတ်ကိုင်းရှိလို့ ထပူ တာပါ။

ရေတက် ငါးစင်ရိုင်း ဗက်ဆာ ဖြစ်ပါသည်။

စာကြွင်း။ ။ခု တော့ စက်ထဲမှာ အမ်ပီသရီးနဲ့ရောက်ကုန်ပါပြီ။

သိပြီးသားသူတွေတော့ ကျော်ဖတ်ပါရန်။

စီဒီကို ထည့်ပြီးရင် ၀င်းဒိုးမီဒီယာပလေယာမှာ Rip ရပါသည်။ Rip ကိုအဆင်ပြေသလို ကလစ်ကြည့်ရင် More Option လား Option လား ကို ခေါ်ပြီး ဆေ့ဖ်မယ့် နေရာမှာ ဖိုင် အမျိုးအစားကို အမ်ပီသရီး ပြောင်းလိုက ပြောင်းပေးထားလိုက်နိုင်ပါသည်။ တယ်လီဖုန်းဖြင့် နားထောင် သူများကတော့ ၀င်းဒိုးမီဒီယာ ပလေယာမှာ ဖိုင်အမျိုးအစား ပြောင်းလို့ရလောက်ပါသည်။ တောသူမက တယ်လီဖုန်းကို ကိုယ်နဲ့ကပ်ပြီး အမြဲယူသွားရတာ အသဲကျိန်းလို့ အမ်ပီသရီးပလေယာနဲ့ပဲ ------ အသံကွာလတီ ကောင်းဖို့ လဲ ပြောင်းပေးနိုင်ပါသေးသည်။

ဂျနယ်။ မင်းနစံ။ ကြိုးစားကြပါစို့။

5 comments:

လသာည said...

ကျေးဇူးတင်ပါတယ် ဗက်ဆာရေ..။ အဲဒါလေး ဇူးဇူးလေးအတွက် ရှာဖွေစုဆောင်း ထားလိုက်ဦးမယ်။

အိစံ said...

ကျေဇူးမလတ်ရေ....စိတ်ဝင်စားတယ်

Wasser said...

လဲတညားရေ။ ဗမာပြည်မှာ ရှိတာရော။ ကော်ပီစာအုပ်ရော တိပ်တွေရော။ ဒီက စီဒီ ကော်ပီရိုက်သွားလဲ အိုကေတာရော။
ဒါထက် ဘလက် ဗြူးတီး ဆိုတာကောင်းတယ်။ မြင်းနက် တစ်ကောင်အကြောင်း။ ကလေးတွေ အိုင်ဒီယာကောင်းလေးတွေ ရမယ် ထင်တယ်။ လဲတညား အရင် နားထောင်ကြည့်လေ။
ကျေးဇူး အိရေ။ ကြိုးစားကြပါစို့။

လသာည said...

အိုကေသယ်ရင်း။ ကျေးဇူး..။ နားထောင်လိုက်ဦးမယ်..။ ဇူးဇူးအတွက် ကောင်းမယ်ထင်တာ အားလုံး အားတဲ့အချိန်တွေမှာ ကူးထားလိုက်မယ် စိတ်ကူးတယ်..

ထား said...

ဗက်ဆာရေ ကျေးဇူးကမ္ဘာဆိုင်နော်.......

ချစ်တဲ့

ထား