Saturday, July 3, 2010

ဆမူဆာနဲ့ ပလာတာ (ထပ်တရာ)

အစားကောင်းလေး ရှိရင် ချစ်သူများကို သတိရတယ်တဲ့...။ အခု ဆမူဆာနဲ့ ပလာတာ စားနေလို့ ချစ်သောသူ ပူတူးများကို သတိရလို့.. ။ လာစားပါဦး..။


ထုံးစံအတိုင်း အစဉ်အလာ မပျက်အောင် ဆမူဆာက နည်းနည်းတူးသွားတယ်။ ပလာတာ (မန္တလေးကတော့ အဲဒါ ထပ်တရာလို့ ခေါ်တယ်) ကတော့ စားကောင်းရုံပဲ။

ကော်ဖီက နို့မှုန့်နဲ့ အသဲပုံဖော်တာ ဖော်မရပဲ မြင်တဲ့အတိုင်း..းP

ဆမူဆာနဲ့ ထပ်တရာ လုပ်နည်း မပြောရင် ကွန်ပလိန်းတက်မှာစိုးလို့ (အထူးသဖြင့် ဗက်ဆာ) ရေးပေးမယ်နော်။
၁။ တိုကျိုကို အောက်က တံဆိပ်များကို လှမ်းမှာသည်။

(ဆမူဆာ ရယ်ဒီမိတ်အထုတ်ဖြစ်၏....)

(ထပ်တရာ ရယ်ဒီမိတ်အထုတ်ဖြစ်၏...)

၂) အထုပ်ဖောက်ပြီး ဆီအိုးထဲ ထည့်ကြော်လိုက်သည်။ ၁ မိနစ်ခွဲလျှင် ကျက်ပြီး ဖြစ်၏.. ဒန့်တန့်တန့်...

လက်ရာမြောက် တူးတူးလေးများကို စားချင်သည် ဆိုပါက အိုခရာမကို ကြွခဲ့ပါ..။ လက်ရှိအခန်းအနေအထားကတော့ အောက်ကပုံအတိုင်း သန့်ရှင်း သပ်ရပ်စွာ ရှိနေပါတယ်။


စေတနာသာ အဓိကပါ..နော်။ လာမယ်ဆို ကြိုနေတယ်..။
လသာည ဖြစ်ပါတယ်..

9 comments:

Meengelay said...

စမူဆာ၊ ပလာတာ၊ ထပ်တရာ မြည်းကြည့်မယ်၊ မြည်းကြည့်မယ် :D
မစားရတာကြာပြီ
အကုန်စားချင်တယ်.
အိမ်မှာ ပူစီနံပင်လေးရှိတုန်း စမူဆာသုပ်စားချင်နေတာ။
မမလသာည စမူဆာယူပြီး ဆင်ဒိုင်းကိုလာခဲ့နော်လို့..

Meengelay said...

ပလာတာအကြောင်းလဲ ရေးမထားဘူး..
ဘယ်လိုလုပ်?

မိဆိုးလေး said...

ကော်ဖီက နို့မှုန့်နဲ့ အသဲပုံဖော်တာ ဖော်မရပဲ မြင်တဲ့အတိုင်း..းP>>
ဟားဟားဟား ....။ တကယ် အသံထွက်အောင်ရယ်မိပါဒယ် လတာညရယ်။

ဗက်ဆာ said...

ဝလဲ ကျောင်းခန်းထဲမှာ တခွိခွိနဲ့ ရယ်မိသွားတယ်။
ဝ အခန်းတော့ ဆယ်မီနာတွေနဲ့ ဝေးလို့ နဲနဲရှင်းနေပါ၏။
ကိစ္စမရှိပါဘူး လသာညရယ်။ အိုခါးရာမကိုသွားမယ် ဆိုတော့ ၀ရန်တာ ထွက်အိပ်ကြတာပေါ့။နော့။...
ဘာကြောင့် အဲလောက်တောင်မှပဲ တော်နေရတာလဲ လသာညရယ်။
ဒါတောင် စမူဆာက အိမ်ဦးနတ် လှမ်းပို့တာမလား။...
:D
ဒါပေါ့လေ။ အချို့က အပင်ပန်းခံလုပ်စရာမလို ဘူး။ ၀ုတ်တယ်မို့လား။

လသာည said...

မီးငယ်လေး..ဗိုက်တယ်ဆို လာမှာပေါ့လို့...း)
ပလာတာ အထုတ်ပုံ ထပ်တင်ထားတယ်။

မိဆိုးလေး.. ဘာလဲ ငါ့အသည်းပဲ့ပုံလေးကို လှောင်ထားလားကွ အဟွန်း..။ ဟုတ်ပကွာ အသည်းက ပဲ့သွားတယ်း'(

ဗက်ဆာ.. ဟုတ်တယ်ဆို။ ဒါကြောင့် အနီအသင်းက ထွက်ပါလို့ ပြောနေတာ. ခွီးခွိ.. ငါကွးP

Anonymous said...

ဆမူဆာနဲ့ ပလာတာဆိုလို့  မီးငယ်လေးလားလို့  ။ တော်လိုက်တာဆိုပြီး အောက်ကိုဆက်ဖတ်လိုက်တော့  ဘူသူလဲလို့ 


ချစ်ချစ်ကြီးပို့ တဲ့ ရယ်ဒီမိတ်ထုတ်ကို ကျော်စားတဲ့ 

နာမည်မပြောတော့ ဘူး

ပုံထဲကအမျိုးသမီးခပ်ချောချောလေးပဲ

ဟိဟိ

ရွှေအိ

pps said...

လက်ရှိအခန်းအနေအထားကြည့်တာ..ရှေ့ကမင်းသမီးကွယ်
နေလို့မြင်ရဘူး....း()

အဲဒီချက်နည်းလေးက..မယ်ပျင်းကိုယ့်အတွက်..ကြိုက်စ်;p

နမူနာယူသွားပါတယ်ခင်ဗျား...ကော်ဖီပုံဖော်နည်းရော

:စားမယ်

လသာည said...

ရွှေအိ..ကို မုန့်အများကြီးကို ကျွေးဦးမှာ.။ အိုခရာမ အရောက်သာ လာပါ..း))။
ပီပီအက်စ်အတွက် အခန်းအနေအထား ပြင်ရိုက်ပေးမယ်လေ..။ ဒီတခါ မင်းသားလှမ်းခေါ်ရမယ် ဖြစ်တယ်ဟုတ် ;P

ကော်ဖီပုံဖော်နည်းကတော့ကွာ.. ကတောက်..။ အခဲမကျေဘူး နောက်တခါ ထပ်ကို ပုံဖော်ဖျော်ကြည့်ဦးမယ် ဟွန်း။

ထား said...

အောင်မငီး.........ဂယ်ပဲနော်.......လသာည မကောင်းဘူး.........ဟင့်.........ထားအကြိုက်တွေလေ......... ဂလု ........

ချစ်တဲ့

ထား