Friday, July 9, 2010

Not ready to make it nice.

Ready to make it nice မဖြစ်သေးတဲ့ ဗက်ဆာ။ မှ Three brave ladies who r not ready to make it nice ရဲ့
သီချင်းလေးကို မိတ်ဆက်ပါသည်။ :D :D

အယ်ဒီတာချုပ်က အမုန်းမယူလာရဘူးတဲ့ ။ ဘလော့ဂ်ကို။
ခွင့်မလွှတ်နိုင်သေးခြင်းကိုပဲ ယူလာတယ်။ အမုန်းမဟုတ်ဘူးနော့။
:D :D မကောင်းဘူးဆိုတာ သိသား။ ဒါပေမဲ့လဲ အဆင်သင့် မဖြစ်သေးလို့ပါ။

(ဗက်ဆာကတော့ မဟားဒရား အနက်ရောင် သိုင်းသမားဖြစ်နေပြီ။.. သို့သော်လည်း ဒီနေ့တော့ ဂငယ်မလေးနဲ့ မထင်မှတ်ပဲ ငြိမ်းချမ်းရေး ရသွားခဲ့ပုံပဲ။ မသိသေးဘူး။ ပိတ်ကားပေါ် ဆက်ကြည့်ရမည်။)


----------------
ခွင့်လွှတ်လိုက်ပါ--- တဲ့။
နားထောင်လို့ကောင်းလိုက်တာ။

မေ့ပစ်လိုက်ပါ---တဲ့။
ကျမ လုပ်နိုင်မယ်ဆိုတာ မသေချာသေးပါဘူးရှင်။

အချိန်က အရာရာကို ကုစားသွားပေးပါလိမ့်မယ်--- တဲ့။
ကျမကတော့ စောင့်စားနေရတုန်းပါပဲ။

သံသယတွေကို ဖြတ်သန်းခဲ့ရတယ်။
စဉ်းစားဆင်ခြင်စရာလဲ ဘာမှကိုမကျန်တော့ပါဘူး။

တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရတယ်။
ခုထိလဲ ပေးနေရတုန်းပါပဲ။

အဆင်တပြေဖြစ်ဖို့ အဆင်သင့် မဖြစ်သေးပါဘူးရှင်။
ပြန်ပြီးနေသားတကျမဖြစ်သေးပါဘူးရှင်။
ငရဲမှာလို ရူးသွပ်နေရတုန်းပါပဲ။
--------------------
အဆင်တပြေဖြစ်ဖို့ သိပ်နောက်ကျသွားပါပြီ။
တတ်နိုင်ရင်တော့ ကျမလဲ ဒီလို ဖြစ်မနေချင်ပါဘူး။
ခုတော့ ---- ကျမလဲ ငရဲရောက်နေရသလို ရူးသွပ်နေရတုန်းပါပဲ။
ရှင်တို့ထင်တဲ့ ကိုယ်လုပ်သင့်တာတွေကို လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်လဲ မတတ်နိုင်သေးပါဘူး။

ရှင်တို့ ပြောတာ ကျမသိပါတယ်။
ခုထက်ထိ ဒါကို မင်းမပြီးနိုင် မကျေနိုင်သေးဘူးလားကွယ်... ဆိုတာကို။
..........
ကျွန်မက အဲသလို မျိုးကို--- ရှင်တို့ရယ်။

------------------
အမုန်းမရှိသူများသို့။ စကားချပ်။ ဒီသီချင်းက သမ္မတ ဂျော့ကို ဝေဖန်မိလို့ ပြသာနာရှာခံရတဲ့ အဆိုတော်များက ဆိုခဲ့တာပါ။ ပြန်ချင်သလောက်ပဲ ဘာသာပြန်လိုက်တာ။ အဟီး။ ... အသေးစိတ်က စိတ်ဝင်စားရင် ကိုယ့်ဘာသာကိုယ်သာ ၀ီကီ တက်ကြည့်ကြပေရော့။.....

အမုန်းမျက်နှာကို ကြည့်ချင်သပ ဆိုလဲ HD ဆိုပြီး အော်ရဂျင်နယ် ယူကျူ ဗီဒီယိုကို ရှာလို့ရသား။ အဲဒါကတော့ ကောင်းပါပေတယ်။ ရသ မြောက်ပါပေတယ်။ ...

6 comments:

မိဆိုးလေး said...

ဗက်ဆာရေ..။
ဘယ်အရာမှ အဆိုးကြီးဆက်တိုက်ဖြစ်မနေပါဘူး။
ဘဝဆိုတာ နိမ့်ချီတစ်ခါ မြင့်ချီတစ်လှည့်ပဲ။
အောက်ထိ ဇောက်ထိုးကျမသွားဖို့ ဘဲ ထိမ်းမတ်ပဲ့ကိုင်နေကြရတာပါပဲ။
လူ့ ဘဝဆိုတာ ရလာကတည်းက
ဆန့် ကျင်ဘက်အရာတွေနဲ့ 
အစပြု ဖြစ်တည်လာကြတာမို့ ။
ရဲရဲရင်ဆိုင်ကြမယ်။ (ပို့ စ်နဲ့  ဘာမှဆိုင်ဘူးလား :P)
ရင်ထဲမှာ ရေးချင်နေလို့  ..။

pps said...

အမလတ်ရေ...
တခါတလေတော့လဲ..
ဘာဘာဘာမှမသိတာအကောင်းဆုံးပဲ..း)))

ဗက်ဆာ said...

ဝုတ်ပါ့။ ၀ုတ်ပါ့။ ဘော်ဘော်တို့ရေ။...
ကောင်းသောနေ့ဖြစ်ပါစေ။
:D :D

ထား said...

ရှာကြံပြီး ဗဟုသုတမျှပေးတဲ့ ဗက်ဆာရေ ကျေးဇူးပါနော်......

ချစ်တဲ့

ထား

Anonymous said...

အမုန်းကို ခေါ်မလာနဲ့ လို့ ပြောထားတာကို ဒီကောင်တော့ နာတော့မယ်။ အခုချက်ချင်း အဲဒီ “ယူ”ဆီ အမုန်းတွေ ပြန်ပို့လိုက် ဒါပဲ။ တချက်လွှတ်အမိန့်ဖြစ်သည်..

အယ်ဒီတာစုတ် လာတာညး))

အိစံ said...

မလတ်ရေ

မေ့ နိုင်တယ် မေ့ နိုင်တယ် ဘာမှပူနဲ့ 

အရာရာဟာပြောင်းလဲနေတာပါ။ ကွန်ဖရန့် မှာ အောင်မြင်ပါစေ

(ရှေ့နေချုပ်ရဲ့ တချက်လွှတ်အမိန့် ကို အယူခံပြန်ဝင်ချင်ပါတယ်ရှင်)