

ဒီနေ့ကတော့ K လေးရဲ့ မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါတယ်..။
ချစ်သူငယ်ချင်း Kလေး... လိုအင်ဆန္ဒအားလုံး ပြည့်စုံပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ...။ ပညာရေး၊ စီးပွားရေး၊ လူမူရေးအားလုံး ယခုထက်ပိုပြီး အောင်မြင်ပါစေ..။ ရည်မှန်းချက်တွေ အောင်မြင်ပြီးတော့လည်း ချစ်သူကိုကိုနဲ့ မြန်မြန်အတူတူနေရပါစေ၊ အဲ သားတဖြာ မြေးတဖြာလည်း ရပါစေ \(^^)/ လို့ အမုန်းမရှိတဲ့ကမ္ဘာမှ သူငယ်ချင်းအားလုံးက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးတယ်နော်။

Birthday, Birthday Quotes | Forward this Graphic
အပေါ်က ချောကလက်ကိတ်ကျွေးရတဲ့အတွက်လည်း ဘ၀တိုင်း ယခုလိုပဲ ချောပါစေ.. :D
ကဲ..မွေးနေ့ပွဲကို ကြွရောက်လာတဲ့ သူငယ်ချင်းအားလုံးကို K လေးမှလည်း စားစရာလေးတွေ အများကြီး ဧည့်ခံထားတယ်..။ အားရပါးရ သုံးဆောင်သွားနော်။

ိ


အစာပိတ် ကော်ဖီသောက်သွားနော်။။ ပြီးတော့ မွေးနေ့ဆုတောင်လေး အတူတူဆိုကြတာပေါ့..
Happy Birthday to You! Happy Birthday to You! Happy Birthday, Happy Birthday ! Happy Birthday to You!
(ဗိုက်လေးသံနဲ့ အားရပါးရဆိုသွားသည်း)))
ချစ်တဲ့ အမုန်းမရှိကမ္ဘာမှ သူငယ်ချင်းများ
ချစ်တဲ့ အမုန်းမရှိကမ္ဘာမှ သူငယ်ချင်းများ
7 comments:
Happy Birthday K Lay ...
With Love
Htar
Happy Birthday and
Nice to meet you :D
ဟောဟဲ ဟောဟဲ အောင်မလေး မွေးနေ့ အမှီပြေးလာရတယ် မောလိုက်တာ
အဲ အယ်ချုပ်က မွေးနေ့ ကို အထူးလုပ်ပေးထားတာကိုး
မွေးနေ့ ရှင်က လာနိုင်ရဲ့ လားမသိဘူး
ခိုင်လေးရေ အခုမွေးနေ့ မှ နောင်နှစ်ပေါင်းများစွာတိုင်
ချစ်သောမိသားစုလေးနဲ့  နွေးထွေးလုံခြုံစွာ နဲ့  ဘဝလမ်းကို ဖြတ်သန်းနိုင်ပါစေ
ှဆန္ဒရှိတဲ့ လိုအပ်သော မြတ်သောဆုတွေနဲ့ ပြည့်စုံပါစေ..။
ဂေ့..။ ဆောရီးးးးးး။
ဟဲဟဲ စားတာနည်းနည်းများသွားလို့ ပါ..။
မွေးနေ့ရှင်က လာသွားတယ်။ သူ့မွေးရက်ကို အယ်ချူပ်မေ့ပြီး ပွဲမကျင်းပဖြစ်မှာ စိုးလို့ တဲ့... မွေးနေ့ပွဲလုပ်ဖို့ ညကတဲက ဖုန်းဆက်အော်ဒါမှာသွားတာ.. :D
(ဆောတီး K လေး ဟီး)
ပြီးတော့ ပြောသွားသေးတာ။ လသာည ခေတ်ကုန်သွားပြီတဲ့ အမုန်းမရှိတဲ့ကမ္ဘာခေတ်တဲ့ဗျာ.. အံ့ရောအံရော :D
လသာည
မခိုင်လေး ရေ့ 
အပြင်မှာဒီလောက်စားရရင်တော့ အိစံတော့ ဟောဟဲပဲ
Happy Birthday makahainglay.
with love,
Ei
မွေးနေ့ပွဲအားစည်ကားသိုက်မြိုက်စွာကျင်းကပေးသော အယ်ချုပ်နှင့်ကြွရောက်အားပေးကြသော အမုန်းမရှိကမ္ဘာမှ ချစ်သူငယ်ချင်းများအားကျေးဇူးအထူးတင်ရှိပါကြောင်း။
ုKလေး
ဟေးဟေး။ ကျန်သေးရဲ့လား။ ၀ ဖို့ရော။--- ခုမှ ချူးကန်းပြီးလို့ ။ ချစ်တဲ့ ခိုင်လေး ရဲ့ မွေးနေ့မှ သည် နောင်နှစ်ပေါင်းများစွာ ချစ်သောသူ၊ ချစ်သောသူများနဲ့ ရွှင်ပျော်ချမ်းမြေ့ သော ဘ၀လေးကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။
<3<3<3<3
Post a Comment